khay ဒါဆိုရင်လည်း ဇော်ဂျီကီးဘုတ် ပြန်သွင်းထားရတော့မှာပေါ့။ Flarum ကို မိုဘိုင်းကနေကြည့်ကြည့်တာ UI ကတော်တော်လေး အဆင်ပြေတယ်။ တော်တော်များများ ပြန်သုံးဖြစ်ကြမှာပါ။ ?
Mad_Computerist CalmHill @saturngod I got an 500 error when I tried to use space in my username. It didn't show a friendly error message though. Just the error message to DEBUG and I figured out based on this comment.
myatminsoe Font embed မလုပ်ပါနဲ့လား Tahoma ကမလှလို့ပါ ? အခု device တော်တော်များများ Zawgyi အဆင်ပြေတာပဲကို
khay myatminsoe အင်္ဂလိပ်ဖောင့်ပြောင်းမယ်ဆိုရင် ဇော်ဂျီနဲ့အတူတူ ဒီလိုမျိုးထားလို့ရပါတယ်။ Font embed လေးတော့ လုပ်ပါ။ ဖုန်းမှာ ဘာမှ ဖတ်မရဖြစ်နေလိမ့်မယ်။ ? font-family: some-cool-eng-font-name-that-kosaturn-will-use, ZawgyiX1,"Zawgyi-One" !important;
saturngod khay တချို့ browser တွေက မြန်မာစာ ကောင်းကောင်းမမြင်ရတော့ဘူး။ အဲဒီလို လုပ်လိုက်ရင်။ အရင်က ဖြစ်ဖူးတယ်။ အခု နောက်ပိုင်း browser တွေက support လုပ်နေပြီလို့ မျှော်လင့်ရတာပဲ။ ထည့်ကြည့်လိုက်မယ်။
khay saturngod အရင်တုန်းကတော့ ဖြစ်ဖူးတယ်။ Windows Chrome မှာ အဲ့ဒီလိုထည့်လိုက်ရင် rendering တွေက ပုံမှမဟုတ်တော့ဘူး။ အဲ့ဒါကလည်း လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကပါ။ အခုကျွန်တော် အသုံးပြုနေတာတော့ အဆင်ပြေနေတာပဲ။ Karla ဆိုတဲ့ font လေးကိုတော့ သဘောကျမိတယ်။ ?
saturngod khay အခု open sans ကို သုံးထားတယ်။ cache ရှိရင်တော့ သိသာမှာ မဟုတ်သေးဘူး။ cloudflare cache ကိုတော့ ရှင်းထားပြီးပြီ။ local browser cache ကို ရှင်းမှ effect ဖြစ်လိမ့်မယ်။
khay saturngod Browser မှာ Ctrl + Shift + F5 (macOS: cmd + shift + R) ဆိုရင် ချက်ခြင်းပြောင်းတယ်အစ်ကို။ ?