DDD လိုပြောရင် software architecture တွေ တစ်ခြား technologies တွေနဲ့ ရောကြပါတယ်။ Software တစ်ခုရေးဖို့ လိုအပ်တဲ့ domain တွေ modeling လုပ်တဲ့ methodology တစ်မျိုးပါပဲ။
Domain complexity များတဲ့ software တွေ development လုပ်တဲ့အခါမှာသုံးပါတယ်
ဥပမာ insurance software ရေးဖို့ လိုအပ်တဲ့ domain knowledge ကို programmer တစ်ယောက်အနေနဲ့ လေ့လာနေရင် အနည်း ဆုံး ၆လနဲ့တစ်နှစ်ကြား လောက်ကြာပါလိမ့်မယ် အဲ့ အစား insurance domain ကိုကျွမ်းကျင်တဲ့ domain expert နဲ့တွဲလုပ်ရင်ပိုမြန်နိုင်ပါတယ်
အဲ့တော့ programmer နဲ့ domain expert ကြားအပြန်အလှန်နားလည်နိုင်တဲ့ ဘုံ language (Ubiquitous Language) တစ်ခုကိုသုံးရပါတယ်။ Ubiquitous Language မသုံးရင် programmer နားလည်တဲ့ class diagrams တွေကို domain expert ကနားမလည်။ domain expert ပြောတဲ့ business value တွေကို programmer နားမလည်နဲ့ communication ပြသနာဖြစ်နိုင်ပါတယ်။
ီDDD ကိုလက်တွေ့ apply လုပ်ချင်ရင် programmer ဘက်ကလည်း software design တွေနားလည်ပီး software architecture (clean architecture) ကောင်းကောင်းနဲ့ ကျွမ်းကျွမ်းကျင်ကျင်ရေးနိုင်ဖို့လိုပါတယ် နို့မို့ဆိုရင်တော့ဘာမှအကျိုးမထူးနိုင်ပါ။