products
မှာ Rows ၃ သောင်းရှိတာ available
မှာ true
က ၃ သောင်းကျော်တယ် branch_id
မှာ 72
နဲ့ကလည်း ၃ သောင်းနီးနီးဆိုတော့ အဲဒီ့ Table မှာတော့ ဘာမှလုပ်လို့မရဘူး Table Scan ပဲသွားမှာပဲ ဒါပေမယ့် နောင်ကို branch_id
တွေ တိုးလာနိုင်ရင်တော့ branch_id
မှာ Index တခု Create လုပ်ထားပါ အခုကတော့ ရှိရှိမရှိရှိ ဘာမှမထူးပါဘူး။
product_category
အတွက်ကတော့ စုစုပေါင်း Rows ၁ သိန်း ၁ သောင်းခွဲမှာ category_id
မှာ 1
ဆိုတာက ၂ သောင်းခွဲလောက်ပဲဆိုတော့ အဲဒါကတော့ နည်းနည်းမြန်အောင်လို့ လုပ်ယူလို့ဖြစ်နိုင်မယ် product_id
နဲ့ category_id
ဆိုတဲ့ column ၂ ခုပေါ်မှာ Index ၁ ခုစီ Create လုပ်ပါ။ product_category
မှာ id
ဆိုပြီး နောက်ထပ်တခုတွေ့တယ် အဲဒါက ဘာအတွက် သုံးပြီးနေမှန်းမသိလို့ အကြံမပေးခဲ့ဘူး တကယ်ကတော့ အဲဒါရှိစရာမလိုဘူး composite key အဖြစ်ဆိုရင် အဆင်ပြေတယ်။
Query ကတော့ Index တွေရှိတယ်ဆိုရင် ပြန်စမ်းကြည့်ပြီးတော့ အခြေအနေပြန်ကြည့်ပါ။ အဲဒါမှ နည်းနည်းနှေးရင်တော့ Analyzer ကို ကိုယ်တိုင်ပဲဆုံးဖြတ်ပြီး အောက်မှာပြထားတဲ့ Query ကို စမ်းကြည့်ပါ။
SELECT * FROM products WHERE branch_id=72 AND available = 1 AND id IN (SELECT product_id FROM product_category WHERE category_id=1)
Total အတွက် က Table ၂ ခုကို Join စရာမလိုဘူး product_category
ထဲမှာ category_id=1
ဆိုတဲ့ အရေအတွက်နဲ့ Data တွေဟာ စနစ်တကျရှိတယ်ဆိုရင် တူရလိမ့်မယ် အဲဒီတော့ product_category
ထဲက category_id=1
ကိုပဲ Count လုပ်ပါ
SELECT count(*) as Total FROM product_category WHERE category_id=1
Query တွေက အနည်းနဲ့အများ မှားရင်တော့ ပြင်ရေးပါ မရေးတာလည်းကြာတော့ စမ်းပေးစရာလည်း စက်ထဲမှာဘာမှမရှိဘူး မှားချင်မှားလိမ့်မယ်