Web development မှာ ၂ ပိုင်း ရှိတယ်။ Front End နဲ့ Backend ပေါ့။ Web Designer တွေက Front End ပိုင်းကို သိရတယ်။
Font End ကော Backend ကော အရင် စရမှာက HTML , CSS , Javascript , Bootstrap, jQuery ။
အဲဒါတွေ ရပြီးမှ Backend ဆိုရင် PHP , ASP.NET စသည့် programming language တစ်ခုကို သုံးရမယ်။
Front End မှာဆိုရင် React JS , Vue JS တစ်ခုခု ကို ဆက်လေ့လာရမယ်။ Design တွေကို ပြန်လေ့လာရမယ်။
Web Designer နဲ့ Front End Developer မတူဘူး။
Backend ကတော့ API တွေ Dashboard တွေ ကို အဓိက ရေးတယ်။ Design ပိုင်း သိပ်မပါဘူး။ သို့ပေမယ် စဉ်းစားရသည့် logic တွေပါတယ်။
ကိုအိမောင် ရဲ့ Web Development စာအုပ်ကို ဝယ်ဖတ်ကြည့်သင့်တယ်။ တော်တော် ပြည့်ပြည့်စုံစုံရေးထားပေးတယ်။