Algorithms အကြောင်း ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်မယ့် စာအုပ် မျိုးရှိရင် လမ်းညွှန်ပေးကြပါလားခင်ဗျ အွန်းလိုင်းမှာ လိုက်ရှာနေတာ သေချာ ရှာမတွေ့ ဘူးဖြစ်နေလို့ ပါ အွန်လိုင်း မှာ လေ့လာလို့ ရမယ့် ဆိုဒ်တွေ ရှိရင်လည်း သိချင်ပါတယ် ခင်ဗျ
Course ဆိုရင်တော့ Coursera မှာ UC San Diego က Specialization ကို အကြံပေးလို့ရတယ် အတော်လေးတော့ လိုက်လုပ်ရမှာတွေ များလိမ့်မယ်
Data Structures and Algorithms Specialization
စာအုပ်ဆိုရင်တော့ Thomas Cormen ရဲ့ Introduction to Algorithms ကို အကြံပေးလို့ရတယ် အဲဒါတွေက တကယ်ကတော့ ဘယ်စာအုပ်ဖတ်ဖတ် သိပ်မကွာပါဘူး ဖတ်လက်စစာအုပ် ရှိတယ်ဆိုရင်လည်း အဲဒါပဲဆက်ဖတ်ပါ သိပ်ပြီးကောင်းတယ် ဆိုးတယ်လို့လည်း မရှိပါဘူး အသေအချာဖတ်ဖို့ပဲလိုတာပါ
CalmHill ကျေးဇူးတင်ပါတယ် ခုမှ စလေ့ လာနေတာ ဆိုတော့ သေချာ နားလည် ထားချင်လို့ ပါ
http://books.saturngod.net/programming_basic/index.html မှာတော့ Algorithms တော်တော်များများ တော့ ထည့်ပြီး ရှင်းပြထားပါတယ်။ အခုမှ စလေ့လာမယ် ဆိုရင်တော့ အဆင်ပြေလိမ့်မယ်။
ကျွန်တော်တို့ swift သမားတွေကတော့
https://github.com/raywenderlich/swift-algorithm-club
မှာ ဖတ်ဖြစ်တယ်။
Kotlin : https://github.com/bmaslakov/kotlin-algorithm-club javascript: https://github.com/trekhleb/javascript-algorithms
saturngod ကျေးဇူးတင်ပါတယ် ခင်ဗျ သေချာ ဖတ်ကြည့် လိုက်ပါမယ်