ကျနော် user အသစ်ပါခင်ဗျာ။ Android development အကြောင်း စပြီးတော့ လေ့လာချင်ပါတယ်။ Pro တစ်ယောက်အထိ ဖြစ်ချင်ပါတယ်။ Program ရေးတာနဲ့ပတ်သတ်ပြီး ဘာဆိုဘာမှမသိသေးပါ။ ဘယ်နေရာကနေစပြီးတော့ လေ့လာရမလဲ သိချင်ပါတယ်။
မြန်မာက ဆိုရင်တော့ အခြေခံ သင်တန်း တစ်ခု တက်ဖို့လိုမယ်။ programming basic ကို ကိုယ့်ဘာသာကိုယ် လေ့လာချင်ရင်တော့ http://blog.saturngod.net/nothing/programming-basic-pdf မှာ ဖတ်ကြည့်နိုင်ပါတယ်။
Android က kotlin နဲ့ နောက်ပိုင်းရေးကြတယ်။ Java , Kotlin ပဲဖြစ်ဖြစ် python ပဲဖြစ်ဖြစ် basic ကို ပိုင်နိုင်ထားရင် language က ဘာဖြစ်ဖြစ် ပြောင်းပြီးလေ့လာရတာ လွယ်ပါလိမ့်မယ်။