I would like to learn installation line for satellite!
is there anyone can help me to teach about how to install line at satellite?
thanks for interesting my post. it's 8ft brother!
ကျွန်တော့ အတွေ့အကြုံလေးကို share ပါမယ်၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ စလောင်းဆင်တဲ့အလုပ်ကို သူငယ်ချင်းတွေနဲ့ပေါင်းပြီး လုပ်ဖူးပါတယ်
၈ ပေ စဆင်မယ်ဆိုရင် အိမ် အနေအထားကို အရင်ကြည့်ပါ base ကိုခိုင်မယ့်နေရာမှာရွေးပြီးဆင်ပါ၊ တခါတနေ မရှိ ရှိတဲ့နေရာမှာ ဆင်ရပါတယ်၊ မှတ်လားဖို့က ၈ပေ စလောင်းဆိုရင် တိုင်မှ ပတ်ခြာလည် ၅ ပေ
(အချင်း Dia ၁၀ ပေ အနီးဆုံး) နေရာထားပြီး တိုင်ထူပါ ငွေကုန်ချင်ကုန်ပါစေ အောက်ခြေတိုင်ခိုင်အောင်လုပ်ပါ ပြီးတော့ တိုင်ကို x,y ထောင့်မှန်ကျပါစေ အရေးကြီးပါတယ် ထောင့်မှန်မကျလို့မရဘူးထားလို့မေးရင်
အနည်းငယ်လွဲလို့ ရပါတယ် ၊ ဒါပေမယ့် ချိန်တဲ့အခါမှာ အချိန်ပိုကြာတတ်ပါတယ်၊ တိုင်ထူပြီး ထောင့်မှန်ကျတယ်ဆို ဇက်နှင့်စလောင်းကိုတတ်ပါ earth က 23ိ စောင်းနေသောကြောင့် 66ိ လောက်မှန်းထားပါ (ပုံကို ကြည့်ပါ)
ပြီးတော့ LNB ကို တတ်ပါ LNB ကိုတော့ အဲဒီမှာပါတဲ့အတိုင်း ၃၆-၃၇ လောက်ထားပါ 34လောက်ဆို အမိနည်းပါတယ်၊ ပြီးရင်အားလုံး ကြိုးတွေဆက်ပါ. လိုင်းစဖမ်းတော့မယ်ဆိုရင် အရင်ဆုံး analog စက်တစ်လုံးလိုပါ
လိမ့်မယ်၊ analog နဲ့ဖမ်းရင် မြန်မြန်မိပါတယ် အရှေ့ဘက်က satellite တစ်လုံး(sat 4 ) အလယ်က(ှsat2 ) satellite တစ်လုံးကို အရင် စမ်းဖမ်းကြည့်ပါ၊ sorry satellite တွေက အရှေ့ နဲ့ အနောက်နဲ့ တန်းလျက်ရှိပါတယ်၊ တောင် မြောက်ဘက်မှာ မရှိပါ. အရင် အကြမ်းလောက် guide လမ်းကြောင်းလေးရပြီ ဆိုရင် အကြည်ဆုံးဖြစ်အောင် analog ဖမ်းပြီး အစနဲ့အဆုံးနီးပါးရအောင် စစ်ပါ. digital စက်ပြောင်းပြီး
ကိုယ်သိတဲ့ လိုင်းရဲ့ frequency ထည့် symbel rate ထည့် polarization ထည့်ပြီး မော်တာနဲ့ ဖြေးဖြေးချင်းရွှေ့ ပြီး ဖမ်းသွားပါ. လိုင်းသွင်းတယ်ဆိုတာ အဲဒါကို ခေါ်တာပါ. အခုနောက်ပိုင်း စက်တွေမှာ scan တွေပါလာလားတော့ မသိဘူး အရင် innovia 3880 နဲ့ဆို မိုက်တယ် satellite တစ်လုံးမိ scan ဖတ်လိုက်ရင် ရိုက်စရာမလို သူ့ဘာသာ scan ဖတ်သွားတယ်. ဖြေးဖြေးချင်းလုပ်သွားပါ ရသွားလိမ့်မယ်
ဒီ webကို သွားပြီးလေ့လာကြည့်ပါ
[url]http://www.lyngsat.com[/url]
Last edited by Vassilihunt; 13-01-2010 at 08:37 AM.
:)ဘယ်နေရာမှာမဆို အမြင့်ဆုံးကို တစ်ခါလောက်တော့ ရောက်ကြည့်ချင်တယ်:)
ကိုဇင် (13-01-2010)
Alexander
FRC - French Red Cross
Now in ... " ရေကြည် - ကျုံပျော် - ငါးသိုင်းချောင်း (ဧရာဝတီ) "
--------
နိုင်ငံတော်ကလွဲရင် ချစ်သူကို သစ္စာအရှိဆုံးပါ။
ဘုရားသခင်ကလွဲရင် မိဘကို အရိုသေဆုံးပါ။
ICT ကလွဲရင် အပျင်းထူဖို့ စိတ်အ၀င်စားဆုံးပါ။
![]()
thanks a lot fri. i got how to place the satellite. but the other things u instruct me are not in touch with me. so let me test frist. coz i don't have any satellit now. one of my fri ask me can i do the installation for satellite. i said him no but let me give some time to learn it. he said it's ok and he's now going trip. so i'll test that after he come back. if i face some problem with that i let u know.
ok, if you want to know something, you can ask me anything ,,,
:)ဘယ်နေရာမှာမဆို အမြင့်ဆုံးကို တစ်ခါလောက်တော့ ရောက်ကြည့်ချင်တယ်:)
ကိုဇင် (13-01-2010)
ကျေးဇူးပဲဗျာ .. မျှဝေတဲ့ အတွက်
ဘ၀က တိုတိုလေး ဒါပေမယ့် ငါဟာမင်းနဲ့ ခဏခဏရန်ဖြစ်နေမြဲ ..
မနေ့က အချိန်မရလို့ စိတ်ထဲပေါ်လာတုန်း အမြန်ေ၇းတင်လိုက်တယ် လိုတာတွေရှိနေလို့ ဒီနေ့ ထပ်ပြီးတော့ေ၇းလိုက်ပါတယ်၊ ကျွန်တော် စာအေ၇းတော့ မကောင်းတော့ သည်းခံပြီး ဖတ်ပေးကြပေါ့
မနေ့က တိုင်နဲ့ စလောင်းတပ်တာကို ရေးပေးထားပြီးပြီ ဒီနေ့  ဘယ်စလောင်းအမျိုးအစားကို ၀ယ်သင့်တယ် ဘယ် LNBကို ၀ယ်သင့်တယ်ဆိုတာ သိသလောက်ေ၇းပါမယ်
၈ ပေ စလောင်းဆိုရင် ၀ယ်ရင် အပိတ် နှင့် စကာအဖွင့် (၂)မျိုးရှိပါတယ် အခုတော့ ဈေးကွက်ထဲမှာ အပိတ်ဗန်းတွေ မတွေ့ရတော့ပါဘူး၊ တကယ်တမ်းကောင်းတာက အပိတ်က ပိုကောင်းပါတယ်၊
စကာထက် လိုင်းပိုမိတယ် အမြင့်မှာတပ်ရင် လေတိုးလို့ အနတရာယ်ရှိတယ်၊ ခိုင်အောင်တော်တော်လုပ်ရတယ် ၊ စကာကတော့ အဲဒီလောက် လေတိုးတာကို ခံနိုင်ပါတယ်၊
ပြည်တွင်းဖြစ် ဗန်းနဲ့၊ ပြည်ပ ဗန်း ဘယ်ဟာကောင်းလဲဆိုရင် ပိုက်ပိုက်တတ်နိုင်ရင်တော့ ပြည်ပဗန်းပဲဆင်ပါ ပြည်တွင်းဖြစ်တော်တော်များများက လက်ရိုက်ပါ၊ ပြည်ပက စက်ရိုက်ပါ၊ Focus ကွာပါတယ်
ပြည်တွင်းဗန်းထဲမှာ ကောင်းတာက Johnson ရယ် မန်းတလေး ဗန်းရယ်ပဲ ကြိုက်တယ် ဆင်ရလွဲတယ် ခိုင်တယ်၊ ပြည်ပဗန်းဆိုရင် Dynasat ယိုးဒယားဗန်းကြိုက်တယ် တောင့်တယ် ၊
ပြီးတော့ LNB ၊ အဲဒီအချိန်က ကောင်းတာ YURI အခုတော့ ဘာတွေ ဈေးကွက်ထဲ ရှိလဲ မသိဘူး၊ ၈ ပေက အများအားဖြင့် C band ကိုပဲ ဖမ်းတာများလို့ C band LNB ကိုပဲ Range များတာဝယ်ပါ။
၈ ပေ နဲ့ Ku band လဲ ဖမ်းလို့ရပါတယ် ဟိုဘက်ကဖွင့်တဲ့အချိန်နဲ့ တိုက်ဆိုင်ရင် ဒါပေမယ့် LNB နဲ့ တပ်ဆင်ပုံလိုပါတယ် Focus မှန်မှ မိပါတယ်
ဗန်း နဲ့ LNB အကြောင်းပြီးတော့ စက်အကြောင်းပေါ့ ၊ စက်ကတော့ အားလုံးနီးပါးအတူတူလောက်ပါပဲ ဒါပေမယ့် blind search ပါတာ ရှာဝယ်ပါ ပိုအဆင်ပြေပါတယ်
သုံးဖူးတဲ့ထဲမှာ ကြိုက်တာကတော့ innovia 3880C , dyansat ပါ၊ metabox တော့ သိပ်မကြိုက်ဘူး
လိုင်း- ရန်ကုန်မှာဆိုရင် အရှေ့ intelsat 169ိ ကနေ အနောက်ဘက် Apstar 2R 76.5ိလောက်ထိကိုမိပါတယ် အခု satellite တွေပိုများလာသလိုပါပဲ
ဗန်းကောင်းကောင်း ကြိုးကောင်းကောင်း စက်ကောင်းကောင်း LNB ကောင်းကောင်း Space လွတ်လွတ်ကင်းကင်း Guide line ချတာ ကောင်းရင် အာမခံတယ် ရှိသမျှလိုင်းမိရမယ်
တချို့ စလောင်းသမားများက ပြောတယ် internet နဲ့ ညှိလို့မမိတာတို့ပါတို့ ဆိုတာ မဟုတ်ပါဘူး bandwidth ချင်းမတူပါဘူး တစ်ခြားစီပါ၊ မိပါတယ်
စလောင်းသမားတစ်ချို့ လုပ်တတ်တာရှိတယ် ဆိုင်နဲ့ပေါင်းရိုက်တတ်ပါတယ် သတိထားပါ၊
ကိုယ့်အိမ်မှာကိုယ် လွယ်တဲ့နေရာမှာဆင်ရင် ကိုယ့်ဘာသာကိုယ်စမ်းကြည့်ပါ နောက်ဆုံးမရတော့မှ လူခေါ်ပါ.. self study လုပ်ပါ
လိုင်းစာရွက်က မောင်ခိုင်လမ်းဘက်မှာ တစ်ရွက်မှ တစ်ရာလားမသိဘူး ရှိတယ် ၀ယ်လို့ရတယ်
web နေ down ချင်ရင် ဒီက down ပါ
မြန်မာပြည်မှာ အရှေ့ 169ိ E ကနေ အနောက်ဘက် 76.5ိ E ထိမိပါတယ်
[URL="http://www.lyngsat.com/"] http://www.lyngsat.com[/URL]
:)ဘယ်နေရာမှာမဆို အမြင့်ဆုံးကို တစ်ခါလောက်တော့ ရောက်ကြည့်ချင်တယ်:)
ကိုဇင် (15-01-2010)
ဟေ.အကိုတို.ရေ 2 ပေ3ပေစလောင်း ဆင်ပုံဆင်နည်းကိုလည်းပြောပြပေပါအုံး
There are currently 1 users browsing this thread. (0 members and 1 guests)
Bookmarks