Introduction To Maya
ခင်ဗျားတို့ စိတ်ကူးပေါက်သမျှ ကို ဘုရားသခင်တစ်ယောက်လို လက်တွေ့ဖန်ဆင်း ချင်ရင်တော့ Maya Unlimited ဆိုတဲ့ Software ကို ရတဲ့နည်းနဲ့ရှာပြီး ခင်ဗျားတို့ရဲ့ Computer မှာ Install လုပ်ထားလိုက် လို့ပြောချင်ပါတယ်။ Hollywood ကဒါရိုတ်တာတွေရဲ့ အိပ်မက်တွေကို ရှင်သန်အောင် အဓိက ဖန်ဆင်းပေးနေတာလဲ Maya ပဲမဟုတ်လားဗျာ.။
Maya ဆိုတာ Highend 3D Software တစ်ခုပါ။ Maya ရယ်လို့ ပေါ်ပေါက်လာချိန်ဟာ Lightwave, 3DMax စတဲ့ အခြားအဆင့်မြင့် 3D Software တွေထက်နောက်ကျပေမဲ့ သူ့ကို ပူးပေါင်းဖန်တီးခဲ့တဲ့ Alias နဲ့ Wavefront ဆိုတဲ့ကုမ္ပဏီတွေဟာ 3D ခေတ်ဦး Wireframe render လေးတွေသာ စတင်ပြုလုပ်နိုင်ခဲ့တဲ ခေတ်ကတည်းက တည်ရှိခဲ့တဲ့ Pioneer တွေပါ။ ဒါကြောင့် သူတို့ Maya ကို ဖန်တီးတဲ့ အခါ မယုံကြည်နိုင်လောက်အောင်ကို စနစ်ကျန ပြည့်စုံစွာ အားလုံးထက်သာလွန်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။
Maya ရဲ့ Tools တွေတစ်ခုချင်းစီဟာလည်း ခပ်ညံ့ညံ့ရယ်လို့တစ်ခုမှမရှိပဲ အားလုံးဟာ အစွမ်း ထက်မြတ်စူးရှကြပါတယ်။ ဒါကြောင့် Maya ရဲ့ရှေးဦးပိုင်း Version တွေကစလို့ ကြီးကြီးမားမား ပြုပြင် ပြောင်းလဲခဲ့ရတဲ့ အစိတ်အပိုင်းရယ်လို့မရှိပဲ အသစ်ထပ်တိုးလာတဲ့ Modules တွေပဲရှိတာပါ။ အခုဆိုရင် Maya Software ကို Autodesk Company ကပိုင်ဆိုင်ပြီး Version အားဖြင့် Maya 8.5 ကိုရောက်ရှိနေပါပြီ။
Modules Of Maya
Maya ကို အဓိက Modules 4ခုကတော့
(1) Animation
(2) Modeling
(3) Dynamic
(4) Rendering
တို့ဖြစ်တယ်။
Cloth, Live, Fur စတာတွေက Plug-in Modules တွေဖြစ်တယ်။
Animation, Modelingလုပ်ငန်းတွေက သင့်ရဲ့ အနုပညာ အရည်အသွေးပေါ်မှာ များစွာမှီတည်ပြီး
Dynamic ကတော့ Programming, သင်္ချာ နဲ့ ရုပဗေဒ အရည်အသွေးပေါ်မှာပိုပြီးမှီတည်ပါတယ်။
Rendering ကတော့ အတွေ့အကြုံနဲ့ လေ့လာသင်ယူနိုင်မှုပေါ် မူတည်ပါတယ်။
ှု(1) Animation ဆိုတာကတော့ အရာဝတ္ဘုတွေကို သက်ဝင်လှုပ်ရှားအောင် လုပ်တာပေါ့ဗျာ။ Maya မှာ အရာဝတ္ဘူတွေ သက်ဝင်လှုပ်ရှားအောင် သင်ကိုယ်တိုင် Manual ထိန်းချူပ် ပြုလုပ်ခြင်းကိုခေါ်ပါတယ်။
(2) Modeling ကွန်ပြုတာနဲ့ ပန်းပုထုတယ်ခေါ်ပါစို့ ။ Maya ထဲမှာ မည်သည့်အရာဝတ္ဘု ကို ဖန်တီးပြုလုပ်ခြင်းကိုမဆို Modeling လုပ်တယ်လို့ပြောတယ်ပေါ့။ Maya မှာ Modeling လုပ်နည်း ၃ -မျိုး ရှိပါတယ်။(a) Polygonal Modeling (b) NURBS Modeling (c) SubDivision Modeling ဆိုတာတွေပါ။
ဒီသုံးခုဟာ တစ်ခုခြင်းစီမှာ အားသာချက်ကိုစီရှိပြီး၊ တစ်ခုချင်းစီအားဖြင့်လည်း ပြီးပြည့်စုံတဲ့ နည်းပညာတွေ ဖြစ်ပါတယ်။
(3) Dynamic တော့ သဘာဝလောကရဲ့ ရုပဗေဒ ရွေ့လျားမှုဆိုင်ရာ သဘောတွေကို တုပပြုလုပ်တဲ့ အပိုင်းပါ။ အရည်၊ အခိုးအငွေ့၊ မီးလျှံ စတာတွေ ပြုလုပ်ရန်လည်း Dynamic ကိုသုံးရပါတယ်။
(4) Rendering ဆိုတာကတော့ 3D ဖြင့် သင်ဖန်တီးထားသမျှကို ပုံအချော Resultant Product တစ်ခုထွက်လာအောင်ပြုလုပ်တာပါ။
Plugin Module ဖြစ်တဲ့ Cloth တော့ အ၀တ်အထည်များရဲ့ လှုပ်ရှားမှုပုံစံကို တုပပြုလုပ်တာဖြစ်ပီး Dynamic Module နဲ့တိုက်ရိုက် ဆက်ဟပ်ပါတယ်။
Live Module က Animation နဲ့ ဆက်စပ်ပီး 3D ဖန်တီးမှုများနဲ့ အစစ်အမှန် ရိုက်ကူးထားတဲ့ ရုပ်ပုံတွေကို သဘာဝကျ ပြေပြစ်စွာ ပေါင်းစပ်နိုင်အောင် ပြုလုပ်တဲ့ ဟာပါ။
=================
Maya ဟာ တကယ်ပဲကျယ်ပြန့်လှတာကြောင့် သူ့ရဲ့ အစိတ်အပိုင်းအားလုံးကို ကျွမ်းကျင်ပိုင်နိုင်သူရယ်လို့ ရှိမယ်မထင်ပါဘူး။ဒီ Maya ကို ကျနော် မဖြစ်စလောက်လေး လေ့လာထားတာရှိပါတယ်။ ခင်ဗျားတို့မှာလဲ ရှိလိမ့်မယ်ပေါ့။ အဲ့ဒါလေးတွေ Share လုပ်ရအောင် ပေါ့ဗျာ
![]()



ဒီ Maya ကို ကျနော် မဖြစ်စလောက်လေး လေ့လာထားတာရှိပါတယ်။ ခင်ဗျားတို့မှာလဲ ရှိလိမ့်မယ်ပေါ့။ အဲ့ဒါလေးတွေ Share လုပ်ရအောင် ပေါ့ဗျာ
Reply With Quote

wheel ကို ဖိလိုက်ရင် ကလစ် လို့မည်လိမ့်မယ် .. အဲ့တာ middle mouse button နဲ့ အတူတူပါပဲ .. ကျွန်တော်လဲ Maya စကိုင်ကတည်းက scroll whee ပါတဲ့ mouse နဲ့ပဲ သုံးခဲ့ရပါတယ်



Bookmarks