+ Reply to Thread
Results 1 to 4 of 4

Thread: Windows မှာ Rail သွင်းမယ်ဆိုရင်

  1. #1
    Join Date
    May 2007
    Location
    Olympus
    Posts
    3,562
    Downloads
    42
    Uploads
    15
    Thanks
    490
    Thanked 3,597 Times in 1,195 Posts
    Rep Power
    10

    Default Windows မှာ Rail သွင်းမယ်ဆိုရင်

    [url]http://rubyforge.org/frs/?group_id=904[/url]

    အဲဒီမှာ zip file ကို download ချလိုက်ပါ... ပြီးရင် C:\ အောက်မှာ ဖြည်လိုက်ပေါ့.. InstantRail.exe ကို double click လုပ်ပြီး run ရင်ရပါတယ်..
    PHP 4 နဲ့ MYSQL 4 အပြင် Apache ပါ run လို့ရပါတယ်..
    Size ကတော့ 55 MB လောက်ရှိပါတယ်..
    ဒီနေ့မသေရင် မနက်ဖြန်သေမယ်..
    မသေခင် အကောင်းဆုံးလေး လုပ်သွားမယ်..
    Code:
    www.saturngod.net
    မမေးခင် အရင်ရှာ MZ မှာ။ မေးမယ်ဆို အချက်အလက်ပြည့်စုံစွာပေး။ Thank MZ member, some question I know but already anwser!! MZ members are awesome
    (don't ask me from PM)

  2. #2
    kotharthar's Avatar
    kotharthar is offline Contributor ( MZ Member OF The Year 2008 ) kotharthar is on a distinguished road
    Join Date
    Nov 2007
    Location
    မာလာယု ကျွန်းဆွယ်
    Posts
    618
    Downloads
    9
    Uploads
    1
    Thanks
    256
    Thanked 1,150 Times in 250 Posts
    Rep Power
    6

    Default

    မြန်ပြည်တွင်းမှ ညီနောင်များအဖို့ Instant Rails ဟာအကောင်းဆုံးပါပဲ။
    ဒါပေမယ့် Instant Rails ကိုသုံးရင်၊ IDE ကို ဘယ်လို Configure လုပ်သင့်သလည်းကို
    ရှာဖွေလိုက်ပါဦမယ်။ NetBeans မှာတော့ Options အောက်က Ruby Environment ရဲ့
    Configuration မှာ Ruby Intepreter နဲ့ Gems ကို Instant Rails Folder အောက်က
    Ruby နဲ့ Gems တွေကို Map လုပ်လိုက်ရင် ရမယ်ထင်ပါတယ်။ စမ်းတော့မစမ်းကြည့်ရသေးပါ။
    Knowledge if FREE, but not Intelligence.
    KoTharThar's iDeas in the cloud.

  3. #3
    bhikkhusirin's Avatar
    bhikkhusirin is offline လေးဖက်ထောက်အရွယ် bhikkhusirin is on a distinguished road
    Join Date
    Oct 2007
    Posts
    70
    Downloads
    68
    Uploads
    0
    Thanks
    0
    Thanked 18 Times in 14 Posts
    Rep Power
    6

    Default တခြား os တွေမှာရော

    မမေးတာကြာလှပြီ။
    window အတွက်တခြားသော instant rails ပုံစံမျိုးတွေမရှိဘူးလား။ bitnami ကရော ဘာလုပ်တာလဲ။
    နောက်တစ်ခုသိချင်တာက ubuntu နဲ့ Suse တို့အတွက် ဘယ်လိုများ ror ကိုတင်ရသလဲ။ ubuntu မှာတော့ ror အတွက် package ပါတာမတွေ့ရဘူး။ suse မှာတော့ ပါတာတွေ့ရပါတယ်။ သူတို့ကို သုံးလို့ရအောင် ဘယ်လိုများ ပြင်ဆင်ရပါသေးသလဲ။ package သွင်းတာကိုပြောတာမဟုတ်ပါဘူး။ ပြင်ဆင်တာကို ပြောတာပါ။ suse 11.0 နဲ့ ubuntu မှာ သွင်းတာကို အဓိကသိချင်တာပါ။

  4. #4
    kotharthar's Avatar
    kotharthar is offline Contributor ( MZ Member OF The Year 2008 ) kotharthar is on a distinguished road
    Join Date
    Nov 2007
    Location
    မာလာယု ကျွန်းဆွယ်
    Posts
    618
    Downloads
    9
    Uploads
    1
    Thanks
    256
    Thanked 1,150 Times in 250 Posts
    Rep Power
    6

    Default

    Quote Originally Posted by bhikkhusirin View Post
    မမေးတာကြာလှပြီ။
    window အတွက်တခြားသော instant rails ပုံစံမျိုးတွေမရှိဘူးလား။ bitnami ကရော ဘာလုပ်တာလဲ။
    နောက်တစ်ခုသိချင်တာက ubuntu နဲ့ Suse တို့အတွက် ဘယ်လိုများ ror ကိုတင်ရသလဲ။ ubuntu မှာတော့ ror အတွက် package ပါတာမတွေ့ရဘူး။ suse မှာတော့ ပါတာတွေ့ရပါတယ်။ သူတို့ကို သုံးလို့ရအောင် ဘယ်လိုများ ပြင်ဆင်ရပါသေးသလဲ။ package သွင်းတာကိုပြောတာမဟုတ်ပါဘူး။ ပြင်ဆင်တာကို ပြောတာပါ။ suse 11.0 နဲ့ ubuntu မှာ သွင်းတာကို အဓိကသိချင်တာပါ။
    Windows အတွက် Instant Rails ပုံစံမျိုး နောက်တစ်ခု ကတော့ Bitnami ၏ [URL="http://bitnami.org/stack/rubystack"]RubyStack[/URL]
    ဖြစ်ပါတယ်။

    open source software တစ်ခုကိုအသုံးပြုဖို့ 
    တင်တဲ့အခါ dependency (အမှီခံ software) များကို အရင်တင်ရပါတယ်။
    ဥပမာ PHPBB ကိုသုံးချင်လျှင် Apache Server, PHP, MySQL တို့ ကို အရင်ပြင်ဆင်ရပါတယ်။ ပြီးမှ Web application ဖြစ်တဲ့ PHPBB ကိုတင်ပြီးသုံးရပါတယ်။

    Apache Server download လုပ်ပြီး install လုပ်တယ်။
    PHP ကို Download လုပ်ပြီး Install လုပ်၊ Apache Config ကို ၀င်ပြင်။
    MySQL ကို Download လုပ်ပြီး Install လုပ်၊ Apache Config မှာ Driver ကို enable လုပ်။ DLL ပျောက်နေရင် ရှာ။ PHP ကိုစမ်း။ MySQL server မှာ PHPBB အတွက်
    User Account, Password နဲ့  Database တည်ဆောက်။ ကဲ အားလုံးပြီးပြီဆိုပြီး
    PHPBB လည်း install လုပ်ရော PHP မ run တာ။ Database connect လုပ်လို့ မရတာ
    စသည်ဖြင့်.....များစွာသော ခေါင်းရှုပ်မှုများနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။

    LAMP (Linux Apache MySQL PHP) stack ဆိုတာကတော့
    တစ်ခါတည်း configure လုပ်ပြီးသား Linux ပေါ်မှာ run လို့  ရတဲ့ Apache, MySQL နဲ့  PHP
    setup ဖြစ်ပါတယ်။ အခုန ခေါင်းစားတာမျိုးတွေကနေ ကင်းဝေးတာပေါ့။
    အများအားဖြင့် ရုတ်တရက် OpenSource တစ်ခုကို တင်တော့မယ်ဆိုရင် setup လုပ်ပြီး
    အချိန်ကုန်ခံနေစရာ မလိုတော့ဘူးပေါ့။

    Bitnami ဟာ အဲသလို LAMP stack, WAMP (windows Apache MySQL PHP) stack,
    RubyStack (ruby package and Rails) စသည့် foundation package တွေအပြင်
    ကိုယ် တင်ချင်တဲ့ software PHPBB လား၊ WordPress လား၊ MediaWiki လား
    အားလုံးကို တစ်ခါတည်း စုစည်းပေးထားပြီး Window ပေါ်မှာ Linux ပေါ်မှာ one-click
    installation လုပ်နိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။
    WordPress ကို စမ်းမယ်ဆိုရင် download and one click install နဲ့  ငါးမိနစ်အတွင်း
    သုံးနိုင်ပြီ။ Apache, MySql, PHP configuration တွေဘာတွေ ဘာမှ သိစရာမလို။

    ကဲ uninstall လုပ်ချင်ရင်လည်း တစ်ခါတည်း တစ်နေရာတည်းကနေ ပြန်ဖြုတ်
    တစ်ခုခြင်း ရှင်းစရာမလို။ ကောင်းပါလေ့။

    (End user တွေနဲ့  ၊ အချိန်တိုအတွင်း သုံးချင်တဲ့ developer တွေအတွက် ကောင်းပေမယ့်
    အသေးစိတ် ထဲထဲဝင်ဝင် သုံးတတ်ချင်တဲ့ developer တွေကတော့ ကိုယ်ဖာသာ တစ်ခုခြင်း
    တင်ကြည့်၊ configure လုပ်ကြည့်တာကောင်းပါတယ်။)

    OpenSuse မှာ တော့ Installation CD မှာ Ruby, Rails နဲ့  Gem package တွေ
    ပါပြီးသားပါ။ Installion လုပ်တုန်းက မတင်မိရင် နောက်မှ ပြန်တင်နိုင်ပါတယ်။

    Rails ကိုသုံးဖို့  ရွေးလိုက်တာနဲ့  ruby နဲ့  gem အလိုအလျောက်ပါဝင်လာပါလိမ့်မယ်။
    ဒါပေမယ့် CD ကဟောင်းနေရင် ROR နောက်ဆုံး version ကိုမရဘဲဖြစ်နေနိုင်ပါတယ်။
    ဒါ့ကြောင့် [URL]http://software.opensuse.org/search[/URL] မှာရှာပြီး One-Click install
    လုပ်တာ အကောင်းဆုံးပါပဲ။

    Ruby, Gem နဲ့  Rails တင်ပြီးသွားတာနဲ့  Command Line ကနေ သုံးနိုင်ပါပြီ။

    Ubuntu Package ကိုတော့ မစမ်းဖူးလို့  မသိပါဘူး။ သူ့  မှာလည်း လွယ်ကူတဲ့
    ROR package installation မျိုးရှိမှာပါ။ ဒါမှမဟုတ်လည်း Bitnami ရဲ့  RubyStack
    ကိုသုံးပေါ့။
    Knowledge if FREE, but not Intelligence.
    KoTharThar's iDeas in the cloud.

+ Reply to Thread

Thread Information

Users Browsing this Thread

There are currently 1 users browsing this thread. (0 members and 1 guests)

     

Similar Threads

  1. Replies: 9
    Last Post: 15-12-2009, 08:37 PM
  2. Replies: 38
    Last Post: 26-10-2009, 09:16 PM
  3. Replies: 8
    Last Post: 20-07-2009, 02:18 PM
  4. Replies: 1
    Last Post: 08-08-2008, 07:43 PM

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts