asoka (23-08-2009), narniafairy (05-05-2010), poepoe47 (27-05-2009), shinthant01 (15-03-2010), superstar (25-02-2009), technoboy707 (25-10-2009)
အခုတလော online ပေါ်မှာကြုံတွေ့နေရတဲ့ပြဿနာကတော့ email အဟက်ခံရခြင်းပါပဲ
internet အသုံးပြုသူတိုင်း ကိုယ်ပိုင် email account တစ်ခုတော့ရှိကြပါတယ်...
PAC များ ,Forumများ, Blogများ ပေါများလာခြင်းနှင့်အတူ email များအဟက်ခံရတာလည်းပိုများလာပါတယ်....
(email များဟက်နည်းတွေရေးလာလို့ပါ)
ဒါကြောင့် MZ ညီအကိုမောင်နှမများ email အဟက်ခံရခြင်းကိုဘယ်လိုထိရောက်စွာကာ
ကွယ်ကြရမလည်းဆိုတာဆွေးနွေးစေလိုပါတယ်....
ထို့အပြင် email လုံခြုံရေးနည်းပညာကို ဘယ်လိုပြန့်ပွားအောင်လုပ်ရမလည်း ဆိုတာကိုပါ ဆွေးနွေးစေလိုပါတယ်....
(အချို့ internet အသုံးပြုသူများက Forum တွေ ,Blog တွေကိုမသိကြလို့ပါ...)![]()
Last edited by Orbs.7; 12-10-2008 at 10:52 PM.
asoka (23-08-2009), narniafairy (05-05-2010), poepoe47 (27-05-2009), shinthant01 (15-03-2010), superstar (25-02-2009), technoboy707 (25-10-2009)
ဒီအဆိုကို ထောက်ခံပါတယ်ခင်ဗျာ။ အဲ့ဒီလိုနည်းလမ်းလေးတွေရှိရင်လည်း အမြန်ဆုံးကွာကွယ်ကြစို့ လားဗျာ။ အီးမေးလ်သုံးတဲ့သူတိုင်း ကာကွယ်နည်းလေးတွေသိအောင်လည်း ဘယ်လို ဖြန့်ဝေကြမလဲ ဆိုတာလည်း အကြံပြုကြပါဦး။
လေးစားစွာဖြင့်
NooR
မသိခြင်းဟာ မရှိခြင်းရဲ့လက္ခဏာမဟုတ်...
Ignorance is not the sign of none existing..
shinthant01 (15-03-2010), superstar (25-02-2009)
တခြားနိုင်ငံမှာတော့ Password ကို Graphic ပုံတွေနဲ့ ပေးလို့ရတဲ့ ၀န်ဆောင်မှုတော့ရှိတယ်....ဒါကြောင့် MZ ညီအကိုမောင်နှမများ email အဟက်ခံရခြင်းကိုဘယ်လိုထိရောက်စွာကာ
ကွယ်ကြရမလည်းဆိုတာဆွေးနွေးစေလိုပါတယ်....
အသေးစိတ်ကိုတော့အနော်လဲ မမှတ်မိတော့ဘူး။အနော်တော့ တကယ်လိုအပ်မယ်ထင်တဲ့/အရေးကြီးတယ်ထင်တဲ့ site ရဲ့ login တွေကို one week,one change လုပ်တယ်...mail လဲဒီလိုလုပ်တယ်.....ပြီးတော့ အခုနောက်ပိုင်း hack တဲ့ software တွေတော်တော်လေးသိလာကြတော့...သတိတော့ထားနေရတယ်....... .
အရေးထဲက Life is beautiful ဆိုတဲ့ Virus Mail က မေးလ် တွေဆီလိုက်ပို့နေသေး။
ဒါက မဖွင့်ရင်တော့ဘာမှမဖြစ်ပါဘူး။ အမှန် Virus မဟုတ်ပါဘူး..Hoax တဲ့။အနော်ပြောတာဟုတ်ဘူးနော်။
[URL="http://en.wikipedia.org/wiki/Life_is_beautiful_virus_hoax"][/URL]အောက်က link မှာဖတ်နိုင်ပါတယ်...
[URL="http://en.wikipedia.org/wiki/Life_is_beautiful_virus_hoax"][/URL][URL="http://en.wikipedia.org/wiki/Life_is_beautiful_virus_hoax"]http://en.wikipedia.org/wiki/Life_is...ful_virus_hoax[/URL]
asoka (23-08-2009), narniafairy (05-05-2010), shinthant01 (15-03-2010), Tun Myat (20-05-2009), zero6 (09-09-2009)
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ကျနော့် လိပ်စာ ဟက်ခံလိုက်ရလို့ ကျနော့်အကောင့်ပါ ဖျက်လိုက်ရတယ်ခင်ဗျ။
သူများရဲ့ အကောင့် ဟက်တယ်(ဝါ)မသိအောင်ဝင်ကြည့်တယ် ဆိုတာ သူခိုး၊အဖျက်သမားတွေရဲ့
လုပ်ရပ်တွေဗျ။တစ်ချို့ချာတိတ်တွေ မိန်းခလေးတွေ ရဲ့ password ကိုဟက်ပြီး ခိုးဝင်ကြည့်တာလဲ ယောက်ျားမဆန်တဲ့၊ သူခိုးစိတ်ဓါတ်ပဲ။ ဂူဂယ်အကောင့်ကို ဟက်ဖို့မေးတဲ့လူဟာလဲ ခိုးဖို့သင်ယူနေတဲ့လူနဲ့အတူတူပဲ။ (အဖြူမပါ။)
ဒီနေ့မှ ကျနော်သိလိုက်တယ် ကျနော့်အကောင့်ကို ဟက်ထားမှန်း။ ငတိသူခိုးက ကျနော့် အကောင့်ကို joint-user တောင်လုပ်ထားသေးတယ်။ ပထမတော့ သတိမထားမိဘူး။ ဘာလို့လဲဆိုတော့ ကျနော့်နာမည်နဲ့ဆင်တူနေလို့။ ငတိက ဝင်ဟက်နေတာတော်တော်ကြာပြီဗျ။ နောက်တစ်ခုဆိုးတာက ကျနော့် contact list ထဲက မိန်းခလေး မိတ်ဆွေအားလုံးကို ပတ်ပြီးရည်းစား စကားပြောသွားသေးတယ်။(ဆရာမတောင် အစစ်ပါသွားသေးသည်။)အဲဒါနဲ့သူတို့က ကျနော့်ကိုတင်းကြတာပေါ့လေ။ အဲဒီပြသနာတွေ လိုက်ရှင်းနေရင် အချိန်ကြာတယ်ဆိုပြီး အကောင့်ကို ဖျက်ပစ်လိုက်ပြီ။ နောက်ဆုံး သိရတာက ဒီကောင်နောက်ဆုံးသုံးသွားတာက ရန်ကုန်က တစ္ဆေ ဆိုတဲ့ cyber cafe မှာတဲ့။ ကျနော်လည်းမရောက်ဘူးပါဘူး အဲဒီဆိုင်ကို။ သူသုံးပြီးထသွားတော့ sign out တောင် မလုပ်သွားဘူးတဲ့။ သူ့နောက်မှ သုံးတဲ့ကောင်မလေးက အကောင့် ကိုဒီအတိုင်းတွေ့တော့ add လိုက်တယ်။ နောက်နေ့ ကျနော် ဒီကနေ အွန်လိုင်းတက်တော့ အဲဒီကောင်မလေးက ကျနော့်ကို စချက်တယ်။ သူကကျနော်မနေ့က ဒီဆိုင်ကနေသုံးပြီး sign out မလုပ်သွားတဲ့အကြောင်းပြောတယ်။ ဒါကြောင့်သူအက်လိုက်တာတဲ့။ အဲဒီမှာသိလိုက်တယ် ဟက်ခံရတယ်ဆိုတာ။
ကျနော်မလိမ်ပါ။ ကိုပီဇီကိုတောင် ပြလိုက်သေးတယ်။ သူတောင်အဲဒီသူရဲ့ ယူဇာနာမည်ကို ကျနော့် အကောင့်ကနေ ဖျက်ဖို့ကူညီသေးတယ်။ ဘယ်လိုမှလုပ်လို့မရပါ။
ဂူဂယ်က အလကားဝန်ဆောင်မှူပေးထာတာဆိုတော့ လုံခြုံမှူအားနည်းတယ်။ အခုက username သိတာနဲ့တင် ဂူဂယ် password-recovery auto reply mail server ကို passwordကိုနောက် အီးမေးတစ်ခုဆီပို့ဖို့command ပါတဲ့ အီမေးပို့ပြီးတော့ဟက်နေတယ်။ ကျနော် အင်တာနက်မှာဖတ်ရတယ်အဲဒီလို။
ဒါကြောင့် သူငယ်ချင်းတွေအချင်းချင်း forward မေးပို့ခြင်းရှောင်ပါ။ တစ်ယောက်ကနေ အများကိုပို့မယ်ဆိုရင် BCC သုံးပြီးပို့ကြပါ။ ဘာမဟုတ်တဲ့ဟာသ ဇာတ်လမ်းတွေကို Forward လုပ်တာကို ရှောင်ကြပါ။
ပြီးတော့ ဂူဂယ်မူလစာမျက်နာကနေ sign in လုပ်ပြီး account ကိုသွားပါ။ အဲဒီမှာ username အပိုရှိမရှိကြည့်ပါ။ နောက်ပြီး အသုံးမလိုတဲ့ ဂူဂယ် applications တွေကို မသုံးပါနဲ့။ ဥပမာ orkut လိုမျိုးဟာတွေ။ သူက အမေရိကန်ပြည်တွင်းကသူတွေအတွက် အဓိက လုပ်ထားတဲ့ socail siteပါ။ social site တွေမှာ မိမိ contact list import မလုပ်ပါနဲ့။ ဖိတ်ချင်တဲ့လူတွေရှိရင်၊ အဲဒီလူတွေရဲ့အီးမေးတွေကို တစ်ခုချင်းစီပဲရိုက်ထည့်ပါ။ ဂူဂယ်အပြင် တစ်ခြား web mail တွေဖြစ်တဲ့ ယာဟူးနဲ့ဟော့မေးပါsign up လုပ်ထားသင့်တယ်။ စာချည်းသီးသန့်ပို့တဲ့နေရာမှာ သုံးဖို့နဲ့ paypal ၊ rapidshare တို့လို လိုအကောင့်တွေမှာ အီးမေးအဖြစ်သုံးဖို့လေ။
နောက်နည်းလမ်းတွေရှာတွေ့ရင်လည်းအချင်းချင်း မျှပေးကြပါ။![]()
myitthathar (29-08-2009), Nyi Nyi Htun (10-04-2009), peterpaing (04-03-2010), satepotegyi (23-08-2009), xinyaw13 (17-12-2008), zero6 (09-09-2009)
အီးမေး(လ်) အဟက်ခံရတယ်ဆိုတာဟာ ... များသောအားဖြင့် ဟောဒီ အချက်တွေကြောင့်ပဲဖြစ်နိုင်ပါတယ်။
၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
၂။ cookies အခိုးခံရတာ
၃။ key logger လိုဟာမျိုးနဲ့ ကိုရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ
ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။
gmail team ကလိုလို၊ တစ်ခြား ယုံကြည်ရတဲ့ ဆိုက်တစ်ခုခုကလိုလိုနဲ့ စာတွေပို့ပြီးအယုံသွင်းတတ်ကြပါတယ်။
များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ ပိုပြီးခံရကြပါတယ်။
ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့စာမျိုးတွေလဲ လာတတ်ပါသေးတယ်။
တစ်ခြားတစ်ယေက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။
လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး
သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။
မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာ.. ညာ.. ပေါ့လေ။
အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့သူ့ဆီ
ရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့က အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။
ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ
သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ ဒီလောက် အ, ရင် ကုန်သွားတာကြာပြီပေါ့။
အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့
ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ်
စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။
ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင်
ခုနက ခင်ဗျား login ၀ငါထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။
အသေးစိပ်ရှင်းရင်တော့ အရှည်ကြီးပေါ့လေ။ အများနားလည်အောင် ရိုးရိုးလေးပဲရှင်းပြတာပါ။
အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
်firefox plugin တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ
background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။
အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။
ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ firefox က addons နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။
grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။
ပြီးတော့က WOT Web of Trust ဆိုတဲ့ firefox plugin တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ဆိုက်အဆင့်အတန်းကို
ဝါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနှရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ
serial တွေပေးတဲ့ ဆိုကတွေ နဲ့ porn ဆိုကတွေဟာ စိတ်မချရပါဘူး။
နောက်ပြီးတော့ BeEF ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။
ဟောဒီ link ကနေ သွားကြည့်ကြပါ။ [URL]http://www.bindshell.net/tools/beef[/URL]
အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း
configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့သဘော
ရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။
ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တစ်ကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။
အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။
အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့က ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။
ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။
စိတ်မချရတဲ့ဆိုင်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက်
back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကို
ကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် အတော်ကြိုးစားရပါလိမ့်မယ်။
များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။
ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။
အကောင်းဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ
password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။
ပြီးတော့ security question တွေကို လေးလေးနက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ
ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကိုသူများမေး(လ်) မထားကြပါနဲ့။
သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။
တစ်ကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊
ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။
အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ မေး(လ်)တွေ ခွဲထားပါ။
ကဲ ... စာလဲအတော်ရှည်သွားပြီ ...။ ခေါင်းထဲ လောလောဆယ်တွေးမိသမျှတော့ ရေးချလိုက်တာပဲ။
လိုတာတွေလဲ ရှိချင်ရှိဦးမှာပါ။ သိချင်သေးတာရှိရင် ထပ်မေးနိုင်ပါတယ်။
ကျွန်တော် ကြုံဖူးသမျှအတွေ့ အကြုံလေးတွေနဲ့၊ သိသမျှလေးတွေကို မှဝေလိုက်တာပါ။ အမှားပါသွားခဲ့ရင် ပြင်ပေးနိုင် ထောက်ပြနိုင်ပါတယ်။
I will never let you go.
http://tweetycoaster.wordpress.com
ajminn207 (09-04-2009), asoka (23-08-2009), chitminkoko (11-04-2009), deamon (04-09-2009), JOE (17-08-2009), khinegood (04-10-2009), mgmgnaingggw (09-05-2009), myitthathar (29-08-2009), Nyi Nyi Htun (10-04-2009), peterpaing (04-03-2010), satepotegyi (23-08-2009), Shane (15-11-2008), shinthant01 (15-03-2010), zero6 (09-09-2009)
peterpaing (04-03-2010), shinthant01 (15-03-2010), superstar (25-02-2009), tmmokpm (31-03-2010), zero6 (09-09-2009)
မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။ free service ဆိုပေမဲ့လည်း ကျွန်တော်တော့ ယုံကြည်ပါတယ်။ စီးပွားရေးဆိုင်ရာတွေ ထည့်လာတာမျိုး လောက်ထိတော့ ဟုတ်ဘူးပေါ့။
1) g-talk, gmail သေခြာ signout လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာ ချပါ။histry, cookeies clear လုပ်ခဲ့ပါ။
2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။
3) g-mail, yahoo, hotmail အစရှိသော password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။
4) ကိုယ့်သုံးတဲ့ စက်မှာ golden eye, keylogger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြသနာ မရှိနိုင် မဖြစ်နိုင်ပါ။
khinegood (04-10-2009), peterpaing (04-03-2010), satepotegyi (23-08-2009), shinthant01 (15-03-2010), tmmokpm (31-03-2010), xinyaw13 (17-12-2008), zero6 (09-09-2009)
Change your password frequently, they said. And you did. Now, of course, you remember the password you had last week, and even last month's. But the current [URL="http://email.about.com/od/"]Gmail[/URL] password? Who knows?
Gmail knows. But it won't tell you.
Going through a validation process, you can set a new Gmail password — say, last week's —, however, and regain access to your account.
Recover a Forgotten Gmail Password
To reset your forgotten Gmail password:
If you have used your Gmail account in the past five days but have not specified a secondary email address, you'll have to wait for these five days to pass.
- Make sure you either
- have a secondary email address specified for your Gmail account or
- you have not logged into your Gmail account for 5 days.
- Follow the I cannot access my account link from the Gmail log-in page.
- Click [URL="https://www.google.com/accounts/ForgotPasswd?service=mail&fpOnly=1&dEM="]I've forgotten my password[/URL].
- Type your Gmail user name (what precedes "@gmail.com" in your Gmail address) under Username:.
- Click Submit.
- Type the letters in the captcha into the field beneath the image.
- Click Submit.
- Depending on whether you have a secondary email address specified or not,
- open the Google Password Assistance message in your secondary email account and follow the password reset link in it or
- type the answer to your security question and click Submit.
- Enter the desired new password under both New password: and Re-enter password.
- Click Reset password.
No Secondary Address and Your Answer to the Security Question Does not Work?
Are you unable to reset your Gmail password, either through a secondary address or by answering your security question?
Somebody Hacked Your Gmail Account?
- Make sure you are trying to access the right account.
- Check the account name for misspellings.
- Does the security question sound familiar?
- [URL="http://www.google.com/support/accounts/bin/request.py?service=mail"]Contact Google[/URL] with as many details that allow them to identify you as the account holder as possible.
- Do not include what you presume to be the password, though.
If you believe somebody has hacked into your Gmail account — because you do not get the password reset email at the secondary address you specified but the five days never pass while you cannot log in to your account, for example —, you can contact Gmail using [URL="https://services.google.com/inquiry/gmail_security1"]this structured form[/URL].
myameeeain (01-09-2009), peterpaing (04-03-2010), satepotegyi (23-08-2009), shinthant01 (15-03-2010), zero6 (09-09-2009)
[url]http://www.reactive-software.com/google-password-recovery.html[/url]
here you can get a software for recovery of pw from gmail
therefore don't think gmails can't hack
shinthant01 (15-03-2010), zero6 (09-09-2009)
ကျွန်တော်လည်း ဒီ Issue ကိုစိတ်ဝင်စားတယ်။ ကျွန်တော်တခုကို သိချင်နေတယ်။ ဘာလဲဆိုတော့ ခူ Hack ခံရတဲ့ သူတော်တော်များဟာ Cyber cafe မာသွား သုံးပြီး Hack ခံလိုက်ရတာများမယ်လို့ထင်ပါတယ်။ ကျွန်တော်ဆိုလိုတာက ကိုယ် computer ကိုကိုယ်တစ်ယောက် ပဲသုံးတဲ့ သူတွေထဲမာ Hack လုပ်ခံခဲ့ သူတွေများ ရှိလာသိချင်ပါတယ်။ Gmail ကို Hack လို့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် မလွယ်ပါဘူး။
Cyber Cafe မာသုံးပြီး Hack လုပ်ခံရသူတွေ ကိုတော့ ဒီဟာလေးကို ဖတ်ကြည့်စေချင်ပါတယ်။
================================================== ==
[URL="http://niknayman-niknayman.blogspot.com/2008/09/pc.html"]ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။[/URL]
တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ။
ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။
အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)။
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ။
ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။ ဒီပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့အားလုံးကို ပို့ရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့တစ်ရက်ကပဲ ကျွန်တော့်ကို ပြည်တွင်းက မိတ်ဆွေတစ်ယောက်က ကျောက်မြောင်းထဲက အိုကေဆိုတဲ့အင်တာနက်ဆိုင်တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှား သူတစ်ယောက် ပြည်ပနဲ့ဆက်သွယ်နေတာတွေ့လို့ဆိုပြီး အဖမ်းခံရတယ်ပြောလို့ ပြည်တွင်းက တတ်ကြွလှုပ်ရှားသူတွေအနေနဲ့ နည်းပညာပိုင်းအရ ရှောင်လို့ရတဲ့အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင်လို့ပါပဲ.. မိတ်ဆွေတို့ရဲ့ ပြည်တွင်းအဆက်အသွယ်တွေကို ဒီပို့စ်လေးကိုဖော်ဝဒ်လုပ်ပြီး ပေးဖတ်ရင်း သူတို့ရဲ့အန္တရာယ်ကင်းရေးအတွက် အထောက်အကူပြုကြပါခင်ဗျာ။
(အထက်ပါ ပို့စ်လေးကို ဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကို ပြန်မှီငြမ်းထားပါတယ်။)
ယခုလိုမျိုး နည်းပညာတွေနဲ့  ၀ိုင်းဝန်းကူညီပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။
================================================== ==
ဒါကတော့ Blog တခုကနေ ဖတ်ခဲ့ရတာပါ။
ကျွန်တော်ကိုယ်တိုင် ဒီနည်းနဲ့ Hack ခံခဲ့ရဘူးပါတယ်။ ဆိုင်က တာမွေဗလီ ကဆိုင်ပါ။ ခုတော့ရှိသေးလားမသိပါဘူး။ ကျွန်တော် ကို Hack လုပ်သွားတဲ့ ကောင် ကမိုက်ရိုင်းပါတယ်။ ကျွန်တော်အကိုတွေ၊ office ကသူတွေ ကိုဆဲသွားတာဗျို့။ တော်တော်လေးလိုက်ရှင်းလိုက်ရတယ်။
နောက်တခုကတော့ ကျွန်တော်ရဲ့ Close Friend တစ်ယောက်၊ သူက စလုံး မာကျောင်းတက်နေတာ သူရဲ့ gmail ကို Hack လုပ်ခံလိုက်ရတာပါ။ သူကတော့ သူ့ laptop ကိုသူတစ် ယောက်ပဲသုံးတာပါ။
တနေ့ သူ gtalk မာ hacker လိုပြောတဲ့ သူတ ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော် သူငယ်ချင်း က မင်း hacker ဆိုရင် ငါ့ gmail ကို ရအောင် hack ဆိုပြီး ပြောလိုက်တယ်။ hacker ကပြောတယ် 24 hr အတွင်း hack ပြမယ်လို့ပြောတယ်။ နောက်နေ့ မနက်မာ hacker ရဲ့ gtalk's status မာ ကျွန်တော် သူငယ်ချင်းရဲ့ password ကိုတင်ထားတာ တွေ့တော့ ကျွန်တော့သူငယ်ချင်း shock ဖြစ်သွားပါတယ်။ ကျွန်တော် သူငယ်ချင်း က hacker ကိုပြောလိုက်တယ် မင်းမာ gmail ကို hack တဲ့ tools ရှိလိုမင်း hack လုပ်လို့ရတာ။ ဒါက ကလေးတောင် လုပ်နိုင်တယ်လို့ ပြောပြီး သူ ကျောင်း email ကိုပေးပြီး hack လုပ်ဖို့ ထပ်ပြောလိုက်တယ်။ အရင်အတိုင်းပါပဲ နောက်တနေ့ မနက်မာ hacker ရဲ့ gtalk's status မာ ကျွန်တော် သူငယ်ချင်းရဲ့ password ထပ်ပြီး တင်ထားလိုက်ပြန်တယ်။
အဲဒီမာ တင် My Friend လည်း hacker ဆိုတဲ့ ကောင်ကို ငါရှုံးတယ်။ မင်း hacker ဆိုတာ အသိအမှတ်ပြုတယ်။ မင်းရဲ့ hack လုပ်တဲ့ နည်းငါ့ကို သင်ပေးပါလို့ ပြောလိုက်တယ်။ hacker ကကျွန်တော် သူငယ်ချင်းကို Block လုပ်ပြစ်လိုက်ပါတယ်။ ကျွန်တော့ သူငယ်ချင်းက တခြား account တွေ လုပ်ပြီး invite လုပ်ပေမယ့် ဘယ်လိုမလုပ်လို့ မရတော့ပါဘူး။ အဲဒါ လွန်ခဲ့ တဲ့ ၂ နှစ် လောက်ကဖြစ် ခဲ့တာပါ။ ခုတော့ ကျွန်တော်တို့ hacker ရဲ့ gmail account ကို မေ့သွားကြပါပြီ။ hacker ကလည်း ကျွန်တော် သူငယ်ချင်း ကို ဘာဒုက္ခမှ မပေးခဲ့ပါဘူး။ ကြည့်ရတာ White Hacker ဖြစ်မယ့် ပုံပါပဲ။
ခု cyber cafe တွေမှာ hack ခံရတာ ဒီလို hacker မျိုး လက်ချက်တော့ မဟုတ်နိုင်ပါဘူး။ keylogger သုံးနေတာ ပဲဖြစ်မယ်ထင်ပါတယ်။ ဆက်ပြီး ဆွေးနွေးကြပါအုံး။
[URL="http://www.thadarphyu.net/joomzack/"]Zack[/URL]
Last edited by TweetyCoaster; 13-10-2008 at 12:35 PM.
ညမင်းသား (09-04-2009), ၀ါသနာရှင် (13-08-2009), ajminn207 (09-04-2009), asoka (23-08-2009), BlackDevil (02-03-2009), daydream (22-10-2009), firstgreen (20-07-2009), JOE (17-08-2009), kolynn (19-03-2009), myitthathar (29-08-2009), peterpaing (04-03-2010), satepotegyi (23-08-2009), superstar (25-02-2009)
There are currently 1 users browsing this thread. (0 members and 1 guests)
Bookmarks