View Full Version : ခိုးကြည့်လို.ရမရ။
bagothar
29-12-2009, 11:36 AM
အင်တာနက်ဆိုင်တွေမှာသွားသုံးရင်ကိုယ်ဘာတွေသုံးနေတယ်ဆိုတာကို
ကောင်တာကနေခိုးကြည့်လို.ရတယ်လို.ကြားဖူးပါတယ်။ဘယ်လို ဟာမျိုးနဲ.
ကြည့်တယ်ဆိုတာရယ် ဘယ်လိုကာကွယ်ရင်ရနှိင်မလဲဆိုတာရယ်သိချင်ပါတယ်။
ဟုတ်ရောဟုတ်ပါသလား။:2:
brb_1984
29-12-2009, 12:00 PM
အင်တာနက်ဆိုင်တွေမှာသွားသုံးရင်ကိုယ်ဘာတွေသုံးနေတယ်ဆိုတာကို
ကောင်တာကနေခိုးကြည့်လို.ရတယ်လို.ကြားဖူးပါတယ်။ဘယ်လို ဟာမျိုးနဲ.
ကြည့်တယ်ဆိုတာရယ် ဘယ်လိုကာကွယ်ရင်ရနှိင်မလဲဆိုတာရယ်သိချင်ပါတယ်။
ဟုတ်ရောဟုတ်ပါသလား။:2:
Cyber Cafe တိုင်းမှာ သုံးတဲ့ Cyber Management Software တိုင်းမှာ ၄င်း feature ပါပါတယ်... ကြည့်လို့ရပါတယ်..
မိမိဘာလုပ်နေလဲ.. ဘာလုပ်ချင်လဲဆိုတာက အစလုပ်လို့ရတာပဲ... အကယ်၍ စမ်းသပ်ချင်တယ်ဆိုရင် ကိုယ့်မှာ ကွန်ပျူတာ နှစ်လုံးနဲ့ စမ်းကြည့်လေ... ပိုသိသွားတာပေါ့။
zawtk
29-12-2009, 12:42 PM
ဟုတ်ပါတယ် ခိုးကြည့်လို့ရအောင်လုပ်ထားရင် ကြည့်လို့ရပါတယ်.
ခိုးကြည့်လို့ ရတဲ့ ဆော့ဝဲလ် တွေ ကလည်း အများကြီးရှိပါတယ်..
ဘယ်လိုကာ ကွယ်ရမလဲဆိုတော့..ပထမဆုံး.. ဘာဆော့ဝဲလ်တွေ သုံးထားရင် ခိုးကြည့်လို့ ရတယ် ဆိုတာ..ကို ကိုယ်တိုင် .အရင်.စုံစမ်း..စမ်းသပ်သုံးစွဲ ကြည့်လိုက်ပါ...ပြီးမှ..
ဘယ်လိုကာကွယ် နိုင်မလဲ ဆိုတာ.. အဖြေထွက်လာပါလိမ့်မယ်...:)
Bluer@ys
29-12-2009, 04:03 PM
တစ်ခြားဆော့ဝဲတွေလည်းရှိပါတယ်ခင်ဗျာ..ဥပမာ LANvisor တို့လိုမျိုးပေါ့
dookalay
29-12-2009, 04:29 PM
အင်တာနက်ဆိုင်တွေမှာသွားသုံးရင်ကိုယ်ဘာတွေသုံးနေတယ်ဆိုတာကို
ကောင်တာကနေခိုးကြည့်လို.ရတယ်လို.ကြားဖူးပါတယ်။ဘယ်လို ဟာမျိုးနဲ.
ကြည့်တယ်ဆိုတာရယ် ဘယ်လိုကာကွယ်ရင်ရနှိင်မလဲဆိုတာရယ်သိချင်ပါတယ်။
ဟုတ်ရောဟုတ်ပါသလား။:2:
ဟုတ်တယ်ဗျ။ အခုသုံးနေကြတဲ့ cafezee 4.0 version မှာ ဆို view desktop ပါတယ်ဗျ။ နောက်ပြီး handy cafe ဆိုပိုဆိုးသေး ဒီကောင်က ကိုယ့်စက်ကိုပါ ထိန်းခူပ်လို့ရတယ်ဗျ။ ဆိုးတယ်နော် ။အဲ့ဒီ software သုံးတဲ့ဆိုင်တွေဆို သတိထားပေါ့ ဟီး .................။.......:D:D:D
တလိမ့်ချင်းလိမ့်နေတဲ့ ဒိုးကလေး
trust
29-12-2009, 04:50 PM
ခိုးကြည့်လို့ရတာများ အများကြီးဘဲ သူများဆိုင်သွားသုံးတာများ ဘယ်လိုလုပ်ကာကွယ်မလဲနော် အိမ်မှာသာသုံးတော့
သူ့ server ကို ဟိုအကို ပြောသလို ကိုယ့် စက်ပါ ယူသုံလို့တယ်သိလား ကျွန်တော်တို့ဆိုင်ဆို pfingo ခေါ်မယ်ဆို user က တစ်နေ၇ာဘဲ ကျွန်တော်တို့က server မှာ
ဘာသုံးထားလည်းဆိုရင် handy cafe
challenger220
29-12-2009, 05:51 PM
ဟုတ်ကဲ့ ခိုးကြည့်လို့ရပါတယ်။ Cyber Cafe Software မသုံးဘဲ တစ်ခြား Software တွေသုံးပြီးလဲ ကြည့်လို့ရပါသေးတယ်။ ကျွန်တော် ကတော့ မသင်ကာရင် ကြည့်လိုက်တာပဲ (User တိုင်းကိုမကြည့်ပါ၊ Account သိချင်လို့ကြည့်တာမဟုတ်ပါ)။ Cyber Cafe (Cafezee) အဟပ်ခံရမှာဆိုးလို့၊ ပြီးတော့ IDM တွေဘာတွေ သုံးမှာဆိုးလို့။ ကျွန်တော်အပါအဝင် တစ်ခြား ဆိုင်က အစ်ကို အစ်မတို့လဲ ဒီလိုပဲလို့ထင်ပါတယ်။
ခိုးမကြည့်စေချင်ရင် Internet ဆိုင်မှာ မသုံးနဲ့လို့ပဲပြောရမလားမသိဘူး။ User တွေကတော့ ဘယ်ကြိုက်ပါ့မလဲ၊ ဒါပေမယ့် ဆိုင်ရှင်ကလဲ ကြည့်ချင်လွန်းလို့တော့မဟုတ်ပါ၊ ကိုယ့်ဆိုင် အတွက် ဒုက္ခပေးမယ့်သူဆိုရင်တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ရခြင်းဖြစ်ပါတယ်။
ခိုးမကြည့်စေချင်ရင် နောက်တစ်နည်းက ကိုယ့် Laptop နဲ့ကိုယ်သုံးပေါ့။ User တွေအမျိုးမျိုးရှိတဲ့အတွက် ဒီကိစ္စကိုတော့ နားလည်ပေးစေချင်ပါတယ်။
မိုးနတ်သားလေး
29-12-2009, 07:57 PM

ဟုတ်ပါတယ်... ကျနော် တို့ ဆိုင်လဲ လုပ်ထားပါတယ် ... ကို challenger ပြောသလို မျိုး ဆာဗာကို ဟက်မှာ စိုးတာရယ်.... နောက်တစ်ခုအရေးကြီးတာက က နိုင်ငံရေးကိစ္စ မလုပ်ဖို့ အတွက် ပါ... တစ်ကယ်လို့ နိုင်ငံရေးလုပ်တဲ့ သူတွေ့ ရင် ကျနော် တို့ ဆိုင် သမားတွေ ဆိုင်ကို အပြီးပိတ်ခံ ရမှာ ဖြစ်လို့ပါ... တခြား User Privacy ကို မထိကြပါဘူး။
Colinn
29-12-2009, 08:58 PM
အဲဒီလို software မျိုးသုံးပြီး ကိုယ့် စက်ကိုကြည့်လို့မရအောင် ကာကွယ်လို့ရပါတယ်။ဒါပေမဲ့ မပြောတော့ဘူးနော်။။။။လေ့လာကြည့်ပါ။လေ့လာရင်တွေ့လာပါလိမ့်မယ်လို့ဘဲ ပြောချင်ပါတယ်။
ကျနော်ကိုယ်တိုင် မွှေနောက်ပြီး စမ်းသပ်ကြည့်လို့ သိလာရလို့ပါ။ပြောလိုက်ရင် ဖေါ်ကောင်လုပ်တယ်ဖြစ်မှာစိုး သိချင်ရင်တော့ ကိုယ့်ဟာကိုလေ့လာကြည့်ပါလို့ဘဲပြောချင်ပါတယ်။တွေ့လာမှာပါ။
ဆိုင်သမားတွေဘက်ကကြည့်တော့လဲ မှန်တာပါဘဲ။ user တွေဘက်ကကြည့်တော့လဲ မှန်တာပါဘဲ။ဆရာတော်ကြီးတစ်ပါးပြောသလို ပြောရရင် အင်း ဒါလဲ ဟုတ်သားဘဲ ဆိုသလိုပေါ့။
အားလုံးကတော့ ကိုယ့်ဟာကိုကြည့်ရင်မှန်ကြတာကြီးပါဘဲ။ဟိုတလောက ခဏခဏ ဂျီမေးလ် ဟတ်ခံရပါတယ်ဆိုပြီး လာလာ အော်နေကြတာကိုသတိရမိပါတယ်။ဒါကလဲ ကိုယ် အသုံးမကျလို့ပါတာလဲဖြစ်နိုင်တာဘဲ။
အဲဒီတော့ ဒါဘဲ ဟုတ်သားဘဲ ပေါ့ဗျာ....
မနက်ဖြန်အထိရွေ့လို့ရသောအလုပ်ကို ဒီနေ့အပြီးမလုပ်ပါနဲ့။
အကိုရေ...
ကျွန်တော်ကတော့နယ်စပ်မြို့လေးတစ်မြို့က အင်တာနက်ဆိုင်မှာလုပ်တာပါ...နယ်စပ်မြို့ဆိုတော့ သီတင်းလုံခြုံမှုကိုအဓိကထားကမှာမို့ အကိုတို့ပြောတဲ့ Cafezeeကနေ checkလုပ်တဲ့အကြောင်းကိုသေသေချာချာလေးသိချင်ပါတယ်ခင် ဗျာ...ဒီဖိုရမ်ထဲကိုဝင်ဝင်ဖတ်ပေမယ့် ကိုယ်မေးတဲ့ဟာကိုဘယ်နေရာမှာရေးရမယ်မှန်းမသိလို့ ဒီကနေပဲမေးလိုက်ပါတယ်ခင်ဗျာ...ကျွန်တော်တို့ဆိုင်မှာ သုံးတာ Cyber Cafepro Server 4.5ပါခင်ဗျာ...
အဲ့ဒိကနေ ဘယ်လိုသုံးကမလဲဆိုတာသိချင်ပါတယ်...
jotjitt
23-01-2010, 02:15 PM
cafezee 3.9.9 ကနေ client တွေကိုဘယ်လိုကြည့်လဲဗျာ......... IDM သုံးတာကိုလဲ server ကနေပိတ်ချင်တယ်..နောက် Member အတွက် account ထည်တာလဲသိချင်ပါတယ်..........
nailynn
01-02-2010, 06:38 PM
cafezee တို့ cybercafe pro တို့ handy cafe တို့တော့ ဘယ်လိုသုံးရလည်းကျွန်တော်မသိပါဘူး ကျွန်တော်သုံးနေတဲ့ easycafe လေးကတော့ ဘာသုံးနေလဲ ဆိုတာ screen shot ကအစ သုံးအပြုနေတဲ့ software အကုန် ကြည့်လိုရ့တယ် တကယ်လို့ idm သုံးနေလည်း server ကနေလမ်းပိတ်လိုက်လို့ရတယ် ကိုစေတန် ဆိုဒ်မှာတစ်ခါဖတ်ဖူးတယ် cafezee က ctrl+alt+del နဲ့ ခဏပိတ်ထားလို့ရတယ်ဆိုလေတဲ့။ဖတ်ချင်ရင်တော့ http://www.saturngod.net/?p=241 မှာဝင်ဖတ်ကြည့်လို့ရပါတယ်။
0kophyo0
14-04-2010, 10:04 PM
ဟုတ်တယ်အကိုရေ ကြည်ခြင်လိုတောမဟုတ်ပါဘူး တစ်ခါတစ်လေကျတောလဲ userတွေကဒုက္ခပေးပေးသွားတာ ။ ဒါပေမယ်view desktop ကတစ်ခါပဲကြည်လိုရတယ် နောက်တစ်ခါကြတော မရတောဘူး ။.........
Powered by vBulletin™ Version 4.0.3 Copyright © 2010 vBulletin Solutions, Inc. All rights reserved.