PDA

View Full Version : ဘယ်လို ၀ယ်သင့်ပါသလဲ



Moe Thauk Yan
21-11-2009, 05:37 PM
Desktop တလုံး ကိုယ့်ဘာသာဆင် ချင်လို့ပါ .. မားသားဘုတ်က စလို့ ဒီဗီဒီ drive အဆုံး ဘယ်လို မျိုး ၀ယ်သင့်သလဲဆိုတာ အကြံပေးကြပါဦးနော် မော်ဒယ် နံပါတ်အလိုက်ပေါ့ ၀ယ်ရလွယ်အောင်ပါ ခင်ဗျာ။ မော်နီတာတော့ မလိုပါဘူး။ ကေ့စင်း မလိုပါဘူး။

အော် ကျနော်က အဓိက Multimedia အတွက်သုံးချင်တာပါ ရုပ်ရှင်ကြည့်မယ်၊ ဂိမ်းဆော့မယ်၊ နောက် ဖိုတိုရှော့၊ coreldraw လို ဆော့ဖ်ဝဲတွေ သုံးချင်ပါတယ်။ သုံးမဲ့ ငွေပမာဏက around USD 700 ပါ ခင်ဗျာ 100 လောက်တိုးလည်း ရပါတယ် ကူညီကြပါနော် .. ။

lwinsu
21-11-2009, 06:06 PM
http://www.tigerdirect.com/applications/Category/category_tlc.asp?CatId=31
Just go ahead and check out this link for all your informations need. I think it may help you out decide a bit.

phoethat
21-11-2009, 10:12 PM
အင်းသုံးမယ့်ငွေက usd 700,800 ဆိုတော့ကာဆင်လို့အဆင်ပြေမယ့်ဟာလေးတွေနည်းနည်းပြောကြည့်
မယ်။
ရုပ်ရှင်ကြည့်မယ်၊photoshopသုံးမယ်၊corel draw ဆွဲမယ်..ဒါတွေကတော့သိပ်ပြသာနာမရှိပါဘူး
ပြသာနာကဂိမ်းဗျ..ဘယ်လိုဂိမ်းဆော့ချင်တာလဲမသိ...ဂိမ်း ဆို hardware requirement အရမ်းများ
တောင်းဆိုတာတွေရှိပါတယ်...small game,တို့ဘာတို့ကတော့ပြသာနာမရှိ.................... ....
အဲ့ action game တွေ၊ 3d game တွေဆိုရင်တော့နည်းနည်းစဥ်းစားရတော့မယ်.............. ...
အခုထွက်သမျှဂိမ်းတွေရဲ့တောင်းဆိုတဲ့ requirement တွေကလည်းအရမ်းကိုကြောက်ဖို့ကောင်းတယ်ဗျ
ကဲ..ကျွန်တော်နည်းနည်းစိတ်ကူးနဲ့ဆင်ကြည့်လိုက်မယ်... ............................................

Motherboard ကို ----------- Asus P31 လောက်သုံးပေါ့
Memory က......................kingston 2 GB လောက်သုံးပေါ့
Hardisk က........................Hitachi 250 လောက် သုံးတာကောင်းလိမ့်မယ်..အခုတလော segate 500GB အထူတွေအတော်လေးပျက်တယ်...return ပြန်ပို့ရတာများတယ်..အပါးတွေက
တော့အတော်လေးကောင်းတယ်
cpu ကိုတော့ ................... core 2duo 2.2GHz လောက်သုံးပေါ့
နောက်တစ်ခုအရေးကြီးတာက
Graphic Card ကို..................9600 GT DDR3 1GB သုံးလိုက်ဗျာ
Optical Drive ကို....................Asus ပဲသုံးရမှာပဲ...return တွေတော့ပြန်ပို့နေရတာပဲ
သုံးမယ့်ငွေနဲ့ကိုက်မယ်လို့တော့ထင်ပါတယ်.....ဒီထက်ကောင်းတာတော့ဆင်လို့ရပေမယ့်
ငွေပမာဏမလောက်မှာဆိုးလို့ပါ..အဆင်ပြေပါစေ:)

yeman
21-11-2009, 11:02 PM
ငွေပမာဏက around USD 700 ပါ ခင်ဗျာ 100 လောက်တိုးလည်း ရပါတယ် ကူညီကြပါနော် .. ။
US 800$ လောက် တတ်နိုင်တယ်လို့ ပြောတာလား။ ဒါဆိုရင် Core2 quad တောင် ကောင်းကောင်းဆင်လို့ ရတယ်နော်။ နောက်ပြီး monitor နဲ့ casing က $800 ထဲမှာ ထည့်တွက်ပြီးသားလား။ :P
နောက်တစ်ခု အရေးကြီးတာက ဘယ်နိုင်ငံမှာလည်း။ ဒေါ်လာနဲ့ ၀ယ်မှာ ဆိုတော့ ပြည်တွင်းကတော့ မဖြစ်လောက်ဘူး ထင်တာပဲ။ တကယ်ဝယ်ဖို့ အားခဲထားတယ်ဆိုရင်တော့ ကျွန်တော်မေးထားတာလေးတွေ နည်းနည်းဖြေပေးပါ။ အကောင်းဆုံး ဖြစ်အောင် ကူညီပေးပါ့မယ်။ ကျွန်တော့ သူငယ်ချင်းတွေနဲ့ ညီလေးတွေကိုတောင် ကျွန်တော် အကိုသုံးချင်တဲ့ ဆော့ဝဲလ်နဲ့ ဂိမ်းတွေ ကစားလို့ ရတဲ့ ကွန်ပျူတာမျိုးကို ကျွန်တော် 500$ လောက်နဲ့ ဆင်ပေးလို့ ရပါတယ်။