PDA

View Full Version : WordPress ပြသနာ

EveningPrimrose
09-09-2009, 08:16 AM
ကျွန်တော့ Wordpress Blog လေးကို wp-pagenavi လို့ခေါ်တဲ့ Plug in ထည့်ပြီးတော့ Template လေးပြောင်းလိုက်မိပါတယ် ။ အခု wordpress က တက်ကိုမလာတော့ဘူး login ကိုဝင်လို့မရတော့တာ။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကူညီကြပါဦး။ ဘလောက်လိပ်စာက www.kyawzinwin.co.cc ပါ။ Wordpress ဘလောက် ကိုပြန်အင်စတောလုပ်ရမှာလား။ Template & Plugin ကိုတိုက်ရိုက်သွားဖျက်ရင်ရော အဆင်ပြေနိုင်မလား ဘာလုပ်ရမလဲ ပြောပေးကျပါဦး post တွေကို backup လဲ မလုပ်ထားမိဘူး.. ကျေးဇူးပြုပြီး ဖြေပေးကြပါဦး

Yathar
09-09-2009, 08:26 AM
ကျွန်တော့ Wordpress Blog လေးကို wp-pagenavi လို့ခေါ်တဲ့ Plug in ထည့်ပြီးတော့ Template လေးပြောင်းလိုက်မိပါတယ် ။ အခု wordpress က တက်ကိုမလာတော့ဘူး login ကိုဝင်လို့မရတော့တာ။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကူညီကြပါဦး။ ဘလောက်လိပ်စာက www.kyawzinwin.co.cc (http://www.kyawzinwin.co.cc) ပါ။ Wordpress ဘလောက် ကိုပြန်အင်စတောလုပ်ရမှာလား။ Template & Plugin ကိုတိုက်ရိုက်သွားဖျက်ရင်ရော အဆင်ပြေနိုင်မလား ဘာလုပ်ရမလဲ ပြောပေးကျပါဦး post တွေကို backup လဲ မလုပ်ထားမိဘူး.. ကျေးဇူးပြုပြီး ဖြေပေးကြပါဦး
အကောင်းဆုံးက MySQL db ကိုသွားပြီး export လုပ်ထားလိုက်ပါခင်ဗျာ... plugin ထဲ့ပီးမပေါ်တော့တာတော့ တိဝူးဗျ... သိတဲ့လူတွေဆက်ပြောပေးပါလိမ့်မယ်ဗျာနော်... လောလော ဆယ် host ထဲက MySQL db ကို export လုပ်ထားလိုက်ပါနော်... တစ်ခုခုဆိုကျန်တေးတာပေါ့ :D:D:D:D

EveningPrimrose
09-09-2009, 10:22 AM
ကျေးဇူး Yathar ရေ ကျွန်တော် Backup တော့လုပ်ထားလိုက်ပြီ
ဒါပေမယ့် ကူညီကြပါဦး ကျွန်တော် ဘာဆက်လုပ်ရမလဲဆိုတာလေး...

Yathar
09-09-2009, 10:45 AM
ကျေးဇူး Yathar ရေ ကျွန်တော် Backup တော့လုပ်ထားလိုက်ပြီ
ဒါပေမယ့် ကူညီကြပါဦး ကျွန်တော် ဘာဆက်လုပ်ရမလဲဆိုတာလေး...
အစ်ကိုအသစ်တစ်ခုထပ်ဆောက်ပြီးတော့ အရင် template ကိုအရင်ထဲ့လိုက်ပါခင်ဗျာ ... ပြီးတော့ မီဒီယာပလေယာတို့ဘာတို့ အရင်က အစ်ကိုထဲ့ထားတဲ့ plugin တွေဘာတွေ ကို အကုန်ပြန်ထဲ့လိုက်ပါ နောက်အသစ်မှာအားလုံးပြီးသွားရင် အရင် db နဲ့ပြန်ချိတ် နောက်ဆုံးမှာ co.cc နဲ့ပြန်ချိတ်ကြည့်ပါလားဗျာ..... ကျတော်တော်မဖြေရှင်းတတ်ရင် db ထုတ် အသစ်လုပ်ပီး db အဟောင်းနဲ့ပြန်ချိတ်ပေးလိုက်တာပဲ... အယ် free host မှာတင်ထားပြီး db တစ်ခုပဲရတယ်ဆိုရင် အသစ်ဆောက်ပြီး db ကို အင်ပို့လုပ်လိုက်ရုံပါပဲခင်ဗျာ.... :D:D:D နဲနဲတော့အလုပ်ရှုပ်ပီ ကျတော့်ကြောင့် ဒါပေမဲ့ သူများတွေဖြေရှင်းပေးမဲ့နည်းကို အရင်စောင့်ကြည့်ပေးစေချင်ပါတယ်ခင်ဗျာ... ကျတော့်နည်းကနောက်ဆုံးအဆင့်နည်းပါ :D:D:D

Brain Hacker
09-09-2009, 12:28 PM
ကျိန်းသေပါတယ်..
Hosting ထဲဝင်ပြီး အကိုပြသနာတက်နေတဲ့ plugin ကိုဖျက်ကြည့်လိုက်ပါ..
ပြီးရင် ပြန်ဝင်ကြည့်လိုက်ပါ...
အဆင်ပြေသွားမှာပါ.. မပြေလို့ ကတော့ အထက်က ကိုရသာပြောသလိုသာလုပ်ပေတော့ 

မနောသား
09-09-2009, 01:00 PM
ကို greyfindor ပြောသလိုပဲ လက်ရှိ Error တက်နေတဲ့ Plug In ကို Host ထဲဝင်ပြီး ဖျက်လိုက်ပါ.။ ပြီးရင် ပြောင်းချင်တဲ့ Template ကို အရင်ပြောင်းလိုက်ပါ .. ။ Template ပြောင်းပြီးမှ WP-PageNavi ကို သွင်း..ပြီးရင် Activate လုပ်..ဒါဆို အဆင်ပြေမယ်လို့ ထင်ပါတယ်..။ ကျွန်တော် တစ်ခေါက်ဖြစ်ဘူးတုန်းကတော့ အဲဒီလို လုပ်လိုက်တာ အဆင်ပြေသွားတယ်ဗျ..။ နောက်ပြီး တစ်ချို့ Template တွေဆို footer.php မှာ -

<?php if(function_exists(’wp_pagenavi’)) { wp_pagenavi(); } ?>

ကို ထည့်ပေးရတယ်..။ တချို့ Template တွေလဲ မလိုဘူး ..စမ်းကြည့်ပါဦး ..:)

Ref : http://mmwordpress.com/useful-wordpress-plugins-2/

အဆင်ပြေပါစေ

မနောသား

EveningPrimrose
09-09-2009, 01:47 PM
ကို greyfindor ပြောသလိုပဲ လက်ရှိ Error တက်နေတဲ့ Plug In ကို Host ထဲဝင်ပြီး ဖျက်လိုက်ပါ.။ ပြီးရင် ပြောင်းချင်တဲ့ Template ကို အရင်ပြောင်းလိုက်ပါ .. ။ Template ပြောင်းပြီးမှ WP-PageNavi ကို သွင်း..ပြီးရင် Activate လုပ်..ဒါဆို အဆင်ပြေမယ်လို့ ထင်ပါတယ်..။ ကျွန်တော် တစ်ခေါက်ဖြစ်ဘူးတုန်းကတော့ အဲဒီလို လုပ်လိုက်တာ အဆင်ပြေသွားတယ်ဗျ..။ နောက်ပြီး တစ်ချို့ Template တွေဆို footer.php မှာ -

<?php if(function_exists(’wp_pagenavi’)) { wp_pagenavi(); } ?>ကို ထည့်ပေးရတယ်..။ တချို့ Template တွေလဲ မလိုဘူး ..စမ်းကြည့်ပါဦး ..:)

Ref : http://mmwordpress.com/useful-wordpress-plugins-2/

အဆင်ပြေပါစေ

မနောသား

ကိုမနောသား ကျွန်တော် host ထဲက template ကိုဖျက်ပြီးသွားပြီး မရဘူး
ခက်နေတာက ကျွန်တော့် blog ရဲ့ admin panel ကို တောင်ဝင်မ၇တာ
ကြံကြံ ဖန်ဖန် အဲလောက်ထိဖြစ်တတ်တယ်.
mmwordpress က အတိုင်းလုပ်လိုက်တာဘဲ..
နောက်ဆုံးတော့ Yathar ပြောတဲ့နည်းဘဲ သုံးရမယ်ထင်တယ်.
တော်တော်လက်ဝင်မှာဗျား
စိတ်ညစ်တယ် :(

EveningPrimrose
09-09-2009, 02:09 PM
အဆင်ပြေသွားပြီဗျို့
ပြေတော့လဲ ကျွန်တော်ထွေထူး ဘာမှမလုပ်လိုက်ရဘူးသူ့ဟာသူရသွားတာ
ကျွန်တော်ထင်တာက hosting က php configuration တခုခုကြောင့် ဖြစ်မယ်ထင်တယ်နော်..
ဘာမှန်းမသိဘဲ ပြန်အိုကေသွား.ဆိုတော့ အဲဒါကိုထင်စရာရှိတော့တယ်
ဘာဘဲဖြစ်ဖြစ် အခုလိုဖြေပေးကြတာ ကျေးဇူးပါ..

EveningPrimrose
09-09-2009, 02:30 PM
တစ်ခုလောက် ထပ်ကူညီကြပါဦးဗျား
ကျွန်တော့ blog မှာ Sidebar က အောက်ဆုံးမှာဘဲ ပေါ်တယ်ဗျား။ ကျွန်တော် Template တွေကြောင့်လား ပြောင်းကြည့်တယ် မရဘူး။ ဘာကြောင့်ဖြစ်နိုင်မလဲ။ sidebar & Main ရဲံ Size တွေကျုယ်နေလို့လား? ကျွန်တော် blogspot မှာ အဲဒါတွေညှိဖူးတယ် wordpress ကျတော့ အဲလောက် မလုပ်ဖူးလို့ ..ဘယ်လိုလုပ်ရမလဲ ကူညီကြပါဦး www.kyawzinwin.co.cc ပါ

emoracket
09-09-2009, 08:40 PM
ကျွန်တော့ Wordpress Blog လေးကို wp-pagenavi လို့ခေါ်တဲ့ Plug in ထည့်ပြီးတော့ Template လေးပြောင်းလိုက်မိပါတယ် ။ အခု wordpress က တက်ကိုမလာတော့ဘူး login ကိုဝင်လို့မရတော့တာ။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကူညီကြပါဦး။ ဘလောက်လိပ်စာက www.kyawzinwin.co.cc (http://www.kyawzinwin.co.cc) ပါ။ Wordpress ဘလောက် ကိုပြန်အင်စတောလုပ်ရမှာလား။ Template & Plugin ကိုတိုက်ရိုက်သွားဖျက်ရင်ရော အဆင်ပြေနိုင်မလား ဘာလုပ်ရမလဲ ပြောပေးကျပါဦး post တွေကို backup လဲ မလုပ်ထားမိဘူး.. ကျေးဇူးပြုပြီး ဖြေပေးကြပါဦး
အကိုကလည်း Blog လိပ်စာကြွားပြန်ပြီ =P(နောက်တာနော်စိတ်မဆိုးကျေး)

EveningPrimrose
10-09-2009, 09:02 AM
အကိုကလည်း Blog လိပ်စာကြွားပြန်ပြီ =P(နောက်တာနော်စိတ်မဆိုးကျေး)

အား.
blog လိပ်စာ ရေးတယ်ဆိုတာ ဖြစ်နေတာကို မြင်အောင်ပြောတာပါ။
အဲဒါကြီးကြွားပြီးဘာလုပ်ရမှလဲဗျား...
မကူညီတဲ့အပြင် နောက်သေးတယ်.

kaungkimpyar123
10-09-2009, 10:18 AM
ဘယ်မှာ host ထားတာလဲ..အစ်ကို့ ဘလောဂ့်ကို...။

ကျွန်တော်ထင်တာက အစ်ကို plug in ကို install လုပ်တဲ့အချိန်နဲ့ hosting ဒေါင်းတဲ့အချိန်နဲ့ ကိုက်ပြီး အစ်ကို့ဆိုဒ်မတက်တော့တာများလား..။

free web host တွေလား...။

ခုတလော byethost.com မှာ host ထားတဲ့ iblogger.org တို့... အခြား blog တွေဒေါင်းနေတယ်နော်ဗျ.။။ ကျွန်တော်တောင် ကလိရုံပဲကလိတယ် byethost.com မှာ...။ ဒါပေမယ့် ကလိရင်းနဲ့ကို ဒေါင်းသွားတာ...။ byethost.com က disk space, bandwidth traffic ပေးထားတာကတော့ မိုက်တယ်..။ ဒါပေမယ့် free host ဆိုတော့ ခဏခဏဒေါင်းလေရဲ့..။

20x.cc ကိုသုံးကြည့်ပါ...။ byethost.com ရဲ့ အောက်ကပါပဲ..။ ဒါပေမယ့် byethost.com ဒေါင်းတဲ့အချိန်မှာ အဲ့ကောင်ကမဒေါင်းဘူးဗျ..။
စမ်းကြည့်ပေါ့ဗျာ..။

EveningPrimrose
10-09-2009, 10:29 AM
000webhost မှာတင်ထားတာပါ။
ဖြစ်နိုင်ရင်ဘာမှမပြောင်းချင်ဘူး.. ဒီ host ကိုမှီပြီးတော့ လုပ်ထားတာလေးတွေ တော်တော်များနေလို့