PDA

View Full Version : PhP Function and JavaScript Function

saihtet85
04-09-2009, 11:30 PM
PhP Function ရေးတဲ့ အခါမှာ

Function name(){
$ab=1;
return $ab;
}

Return ကို ဘာအတွက်နဲ့ အသုံး ပြုတာလဲ။ ဘယ်လို အခြေနေမှာ သုံးရမှာလဲ။ နောက်ပြီး Return true,Return False ဆိုပြီးတော့ အသုံးပြုတယ်။ ဘယ်အချိန်နဲ့ ဘယ်လို နေရာမှာ အသုံး ပြုသလဲ ဆိုတာ ရှင်းပြပေးပါဦးခင်ဗျာ။

saihtet85
05-09-2009, 07:57 PM

အားလုံး ခင်ဗျာ

Return အကြောင်းများသိရင် ရှင်းပြပါဦနော်။

Zack
05-09-2009, 10:46 PM
အားလုံး ခင်ဗျာ

Return အကြောင်းများသိရင် ရှင်းပြပါဦနော်။

ကျွန်တော် သိသလောက် ပြောပြမယ်ဗျာ။ ကို saihtet
1) ဘာကြောင့် return function ရေးလဲ?
ရှင်းပါတယ်ခင်ဗျာ function ထဲမှာ လိုအပ်တဲ့ processing တွေလုပ်ပြီးရင် ရလာတဲ့ result ကိုပြန်လိုချင်ရင် သုံးပါတယ်ခင်ဗျာ။ ဥပမာ မြင်အောင်ပြောရရင် အကို prj မှာ department code ပေးလိုက်တာနဲ့ department description ကို ပြန်လိုချင်ရင် ဒီလိုမျိုး return ပြန်တဲ့ function မျိုးကိုရေးပါတယ်။

for eg;
<?php
$b=5;$c=3;
$a = add_value($b,$c);
$a ထဲကို add_value ထဲကပြန်လာတဲ့ return value ကို assign လုပ်ပေးမှာ ဖြစ်ပါတယ်။

echo "This is return value from add_value function: " . $a;

function add_value($val1=0,$val2=0){
$val3 = $val1+$val2;
return $val3;
}
?>

2) Boolean type return function
true (OR) false return ပြန်တတ်တဲ့ function မျိုးကိုတော့ boolean type return ပြန်တယ်လို့ပြောနိုင်ပါတယ်။
For eg;

<?php
$b=5;$c=4;

if(check_value($b)){ boolean ပြန်လာလို့ စစ်တာပါ။
echo "Even";
}else{
echo "Odd";
}

function check_value($val){
if($val%2==0){
return true;
}else{
return false;
}
}
?>
ဒီ ဥပမာ ကတော့ အရိုးရှင်းဆုံး တစ်ခုပါ။ function ထဲမှာ စုံလား? မလား? စစ်ပြီး true or false ပြန်ပေးလိုက်တာပါ။ $b ပေးလိုက်ရင် "Odd" ကိုရိုက်ပြမှာ ဖြစ်ပြီး $c ပေးလိုက်ရင်တော့ "Even" ကိုပြပါလိမ့်မယ်။

ကျွန်တော်လည်း တတ်နိုင်သလောက်တော့ ရှင်းအောင်ရေးထားပါတယ် ခင်ဗျာ။ :)
ဒါကတော့ ကျွန်တော့ Site ထဲမှာ function နဲ့ ပက်သက်ပြီး ရေးထားတဲ့ POST နှစ်ခုရဲ့ link လေးတွေပါ။
ဆက်ဖတ်ချင်တယ်ဆိုရင်ပေါ့။
Function in PHP (http://www.thadarphyu.net/joomzack/index.php?option=com_content&task=view&id=22&Itemid=1)
Return type function (http://www.thadarphyu.net/joomzack/index.php?option=com_content&task=view&id=32&Itemid=1)

Zack! (http://www.thadarphyu.net/)

saihtet85
06-09-2009, 07:04 PM

ကို ဇက် ရေ
PhP Thread မှာလဲ ကျတော်က ဒိုင်ခံမေး။ ကိုဇက် နဲ့ ကိုစေတန်က ဒိုင်ခံဖြေ။ ဟုတ်တော့ ဟုတ်နေတာဘဲ။ PhP ကို စိတ်ဝင်စားတဲ့ သူလေးများမရှိတော့ဘူးလား မသိဘူး။ ကျတော် ၁ ယောက်လောက်ဘဲ အသေအလဲ မေးနေတာ။ အားတောင် နာလာပြီ။ ဒါနဲ့ အစ်ကို ဆိုက်ကိုလဲ ရောက်ဖြစ်ပါတယ်။ အစ်ကို ဆိုက်ကနေလဲ ဗဟုသုတ တွေ အများကြီးရပါတယ်။ အမြဲ အားပေးနေပါတယ်။ နောက်မသိတာတွေ ထပ်မေးဦးမယ်ဗျာ။ ထပ်ပြီးလေ့လာလိုက်ဦးမယ်။ ကျတော် ကောင်းကောင်းတော့ နားမလည်သေးဘူး။

ကျေးဇူးတင်လျက် စိုင်းထက်။

saturngod
06-09-2009, 09:33 PM
PHP ကတော့ မေးပါ။ ကျွန်တှောက PHP တစ်ခုပဲ ဖြေနိုင်တာ :D PHP framework ပိုင်းဆို codeIgniter တစ်ခုပဲ ဖြေနိုင်လိမ့်မယ် :P

saihtet85
07-09-2009, 01:58 AM
PHP ကတော့ မေးပါ။ ကျွန်တှောက PHP တစ်ခုပဲ ဖြေနိုင်တာ :D PHP framework ပိုင်းဆို codeIgniter တစ်ခုပဲ ဖြေနိုင်လိမ့်မယ် :P

ကိုစေတန်ရေး

မေးရတာ မောသွားပြီဗျာ။ နောက်ထပ် ဘယ်လို အခက်ခဲတွေ တွေ့ဦးမလဲ မသိသေးဘူး။ တွေ့ရင်တော့ အစ်ကိုတို့ ၀ိုင်းပြီ စဉ်းစား ပေးပါဦးနော်။ ကျတော် Project က နဲနဲကြီးနေတော့ ခေါင်းတွေ ထောင်နေတယ်ဗျာ။ Hospital Management System လုပ်နေရတာ။ နမူနာလေးတွေ လိုက်ရှာပြီ လုပ်နေရတယ်။ အခက်ခဲရှိရင် ကူညီဦးနော်။

ကျေးဇူးတင်လျက် စိုင်းထက်။