PDA

View Full Version : Removeable Disk တွေ အလုပ်မလုပ်တော့ပါ



ToSeWa
04-09-2009, 08:14 PM
ကျွန်တော့်စက် က Black XP တင်ထားပါတယ်.. တင်တင်ပြီးခြင်းတစ်ခါပဲ Memory Stickတပ်လို့ရပါတယ်... နောက်ပိုင်း တပ်လို့မရတော့ပါဘူး... Safety Remove ဆိုတာပဲပေါ်ပြီး ... My Computer ထဲမှာ Removable Disk ဆိုတာမပေါ်ပါဘူး ... ဘယ်လိုဖြစ်တာလဲမသိပါဘူးဗျာ ... ကူညီကြပါ ... ပြီးတော့ ... ကျွန်တော်စက်က Bluetooth ပါပါတယ် .. Driver လဲ install လုပ်ပြီးပါပြီ.. ဒါပေမဲ့ .. My Blutooth Place ဆိုတာလဲမပေါ်ဘူးဗျ.. ပြီးတော့ Send to မှာလဲ .. Bluetooth ဆိုပြီးမပေါ်ဘူး .... Software ထက်သွင်းစရာလိုသေးလို့လားဗျာ ... နှစ်ခုလုံးဖြေပေးပါဗျာ .... :77::77::77::77:

Tsuna lade
04-09-2009, 08:37 PM
black xp က cracked version ဖြစ်နေလို့ လားတော့မပြောတက်ဘူး

sai kyaw swar wai
05-09-2009, 08:31 AM
Device Manager ထဲမှာသွားပြီးတော့ Unknown Hardware ရှိမရှိတစ်ချက်စစ်ကြည့်ပါ။ တစ်ခါတစ်လေမှာ ကိုတင်လိုက်တဲ့ Driver နဲ့ Match မဖြစ်လို့ Driver ကိုသာသိပြီး Hardware က အလုပ်မလုပ်တာတွေရှိပါတယ်။ ဒါကြောင့် Device အမျိုးအစားနဲ့ တိတိကျကျ Internet ထဲမှာ Driver ကို တစ်ချက်ပြန်ရှာကြည့်ပါ။
တတ်နိုင်ရင်တော့ Editional Version တွေဖြစ်တဲ့ Black တို့ Red တို့သိပ်မသုံးစေချင်ဘူးဗျ... သူ့မှာ Driver တော်တော်များများကိုသိတဲ့အချက်၊ Color and Themes တွေလှတဲ့ အချက်အပြင် ဘာမှ မကောင်းဘူးခင်ဗျ။ Error များတယ်၊ Windows Repair လုပ်ဖို့ အဆင်မပြေဘူး။ ဥပမာ- Black XP မှာ Adobe Pagemaker 7.0 တင်မယ်ဆိုရင် Fonts နဲ့ပါတ်သက်တဲ့ Error တွေဖြစ်လာတယ်။ ဒီတော့ Fonts တွေထဲက Fonts Shortcuts တွေကိုလိုက်ဖျက်ရနဲ့ အလုပ်များပါတယ်။
USB ကတော့ တခြားစက်မှာ စိုက်ကြည့်ပါဦး။ USB က လည်းဖြစ်တတ်ပါတယ်။

Moe Zatt Ko
05-09-2009, 10:13 AM
ကျွန်တော့် အတွေ့အကြုံအရ Black XP ဟာ တော်တော်များများ bug မကင်းတဲ့ version တစ်မျိုးလို့ .. ထင်ပါတယ် .. (သူ့မှာလည်း Edition မူကွဲတွေလည်းရှိသေးတယ်) Netwrok မသိတဲ့ ပြသနာ .. (ဒါပေမဲ့ သူကသူ့ဟာသူ အင်တာနက်တော့ သုံးလို့ရတယ်) .. တစ်ခြား အသေးအမွား ပြသနာလေးတွေလည်း အများကြီးပါဘဲ .. ဥပမာ-PM 7 install version ဆိုရင် အလုပ်မလုပ်တာ .. တစ်ချို့ application program တွေကို install လုပ်ရင် merge မဖြစ်တာ စသည့်ဖြင့်ပါ .. USB device အလုပ်မလုပ်တာဟာ အကြောင်းအများကြီးရှိနိုင်ပါတယ် .. windows မှာလည်း အပြစ်ရှိနိုင်သလို .. Devices ကိုယ်တိုင်မှာလည်း အပြစ်ရှိနိုင်ပါတယ် .. port တွေကို လည်း တစ်ချက်ပြောင်းပြီး စမ်းကြည့်စေချင်တယ် .. Driver ဖိုင်တွေ corrupt ဖြစ်တာလည်း ဖြစ်နိုင်တယ်.. နောက်ပြီး My Computer properties ကို သွားပြီး hardware Tab ကို သွားပြီး Devices Manager မှာ USB hub Controller တက်နေရဲ့လား..(သို့)..လုံးဝမတက်ဘူးလားဆိုတာစစ်ပေးပါ. .မတက်ဘူးဆိုရင်.. BIOS ထဲမှာ USB controller ကို Disable လုပ်မိသွားတာလည်းဖြစ်နိုင်တယ် ပြီးတော့ ကွန်ပျူတာကို ကိုယ်တစ်ယောက်တည်းသုံးတာမဟုတ်ဘူးဆိုရင် registry ထဲမှာ တစ်ယောက်ယောက်က ကလိ သွားလို့လည်း ဖြစ်နိုင်ပါတယ်.. အဲဒါဆိုရင် system restore တစ်ချက်ပြန်လုပ်ကြည့်ဖို့လိုမယ်.. အလားတူဘဲ .. Bluetooth Devies ကို အခုနက Devices Manager ထဲမှာ တစ်ချက်ပြန်စစ်ဆေးကြည့်ပေးပါ .. Hardware က တပ်ထားပြီး .. Driver support မလုပ်ဘူး ဆိုရင် .. အ၀ါရောင် သင်္ကေတလေးပေါ်နေလိမ့်မယ် .. အဲဒါဆိုရင် support လုပ်တဲ့ Driver ကို ပြန်တင်ပေးရမှာပါ .. အလွယ်ဆုံး နည်းကတော့ .. safe mode ထဲကို သွားပြီး restore point တွေကို မဖျက်သေးဘူးဆိုရင် .. အစောဆုံး point တစ်ခုကို ရွေးပြီး restore လုပ်ကြည့်ပါ .. လုံးဝ အဆင်ပြေမယ်လို့ အာမ..မခံနိုင်ပေမဲ့ .. တစ်ချို့အသေးအဖွဲ့လေးတွေ အဆင်ပြေသွားလိမ့်မယ် ..ထင်ပါတယ်