PDA

View Full Version : Killing Windows Explorer Process



deamon
22-08-2009, 11:38 PM
တစ်ခါတစ်ရံ မှာ ကျွန်တော်တို့ Windows ကိုသုံးနေရင်းနဲ့၊ ဒါမှမဟုတ် Application တစ်ခုခုကို Install လုပ်နေချိန်မှာပဲဖြစ်ဖြစ် Computer က Hang သလိုလို Respond မဖြစ်တော့သလိုမျိုး ကြုံဖူးကြမှာပါ။ ဒါဆိုရင် သာမန်အားဖြင့် ကျွန်တော်တို့ အလွယ်တကူ နဲ့ ကြိုးစားကြည့်ချင်တာက စက်ကို Restart ချဖို့။ Restart ချတဲ့နေရာမှာ Cool Boot လည်းဖြစ်နိုင်သလို၊ Warm Boot လည်းဖြစ်နိုင်ပါတယ်။ Cool Boot ဆိုတာကတော့ Power Button ကို Manually ဖိထားပြီးတော့ Reboot လုပ်ချင်းဖြစ်ပါတယ်။ Warm Boot ဆိုတာကတော့ Windows Level ကနေ Restart လုပ်ချင်းဖြစ်ပါတယ်။ စက်က Hang နေတဲ့ အချိန်မှာ ဖြစ်နိုင်ရင် Warm Boot လုပ်တာ စက်ကို Physically Damage ဖြစ်ဖို့ အလားအလာ (အဓိကအားဖြင့် Hard Drive ပါ) အနည်းဆုံးဖြစ်ပါတယ်။ Cool Boot လုပ်ချင်းအားဖြင့် Hard Drive ရဲ့ Landing Zone ကို Force လုပ်စေတာဖြစ်တဲ့ အတွက်ကြောင့် မို့လို့၊ Data တွေ Corrupt ဖြစ်နိုင်သလို Hard Drive ကိုလည်း Physically Damage ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီတော့ Cool Boot လုပ်ဖို့မကြိုးစားခင်မှာ Warm Boot လုပ်ဖို့ အတွက် Windows Explorer ရဲ့ Process ကို Manually Kill လုပ်ကြည့်ရအောင်။ Windows Explorer ရဲ့ Process ကို Kill လုပ်ဖို့ ထုံးစံအတိုင်း Task Manager ကို ခေါ်မယ်။ Task Manager ကို Ctrl + Alt + Del ပဲဖြစ်ဖြစ်၊ Windows Task Bar ကို Right Click လုပ်ပြီးခေါ်လို့ ရနိုင်သလို Ctrl + Shift + Esc နဲ့လည်း ခေါ်လို့ရပါတယ်။ Task Manager ပေါ်လာရင် Processes ဆိုတဲ့ Tab ရဲ့ Image Name မှာ explorer.exe ဆိုတာကို Right Click ခေါ်ပြီး End Process Tree ဆိုတာကို နှိပ်လိုက်ပါ။ ပြီးရင် Task Manager ရဲ့ Application ဆိုတဲ့ Tab ကို သွားပြီး New Task ဆိုတဲ့ Button ကို နှိပ်ပြီး Create New Task ပေါ်လာရင် Text Box ထဲမှာ Explorer လို့ရိုက်ပြီး OK ကိုနှိပ်ပေးပါ။ Windows Desktop ပြန်ပေါ်လာရင် လွယ်လွယ်ကူကူ Start -> Turn Off Computer -> Restart ကိုရွေးပြီး Computer ကို Warm Boot လုပ်လို့ရပါပြီ။

Hope that Informative for you.

Best & Kindness Wishes,

ဒီးမွန်