PDA

View Full Version : How to share Files with Samba on Debian Lenny

box02
25-07-2009, 01:52 PM
Debian box မှာ samba ကိုသုံးပြီး windows machine နဲ့ file sharing ဘယ်လိုလုပ်မလဲဆိုတာ အောက်ကလင့်လေးမှာ မြန်မာလိုရှင်းပြထားပါတယ်။ အခြေခံလောက်ပဲဖြစ်တာမို့ ရိုးရိုးရှင်းရှင်းလေးပဲ တင်ပြထားပါတယ်။ စိတ်ဝင်စားပါက သွားရောက်ဖက်ရှုနိုင်ပါတယ်။

http://box02blog.wordpress.com/2009/07/25/how-to-share-files-using-samba-on-debian-5/

ပျော်ရွှင်ပါစေ :)

Yathar
25-07-2009, 10:58 PM

May be i can use this way in Ubantu ? ko box please :D:D:D

saturngod
26-07-2009, 01:38 AM
ကျွန်တော် သိသလောက် Ubutnu မှာတော့ Right Click လေးနှိပ်ပြီး share လုပ်ပါတယ်။ Ubuntu မှာ samba ပါပြီးသားပါ။ ဥပမာ

smb://192.168.0.3/

လို့ခေါ်လိုက်ရင်ရတယ်။ ကိုယ်က share မယ်ဆိုရင် folder လေးကို right click -> properties ကနေ share လိုက်လို့ရတယ်။ ဘာမှလုပ်နေဖို့မလိုဘူးလေ..

box02
26-07-2009, 04:04 AM
May be i can use this way in Ubantu ? ko box please :D:D:D

ဟုတ် .. ကိုစေ ပြောသလိုပဲ Ubuntu မှာ samba ပါပြီးသားပါ .. ကိုယ် Share ချင်တဲ့ Folder ကို right-click နှိပ်ပြီး ပေါ်လာတဲ့ pop-up menu မှာ Share Folder... ကိုနှိပ်လိုက်ရင် root permission တောင်းပါမယ် .. အဲတော့ကျ password လေးရိုက်ထည့်ပေးပြီး ထပ်ပွင့်လာတဲ့ dialog box မှာ comment တို့ read only တို့ အမေးအဖြေလုပ်လိုက်ရင် သူ့ဟာသူ auto configuration လုပ်ပေးပါလိမ့်မယ်၊ GUI နဲ့ဆိုတော့ လုပ်ရတာကောင်းပါတယ်။ ဒါပေမယ့် ကျနော်ထင်တယ် workgroup name ကိုတော့ smb.conf ဖိုင်မှာ ပြောင်းပေးရမယ်ထင်တယ် အကယ်၍ workgroup name က default အတိုင်း ကိုယ့် network အတွင်းမှာ WORKGROUP မဟုတ်ခဲ့ဘူးဆိုရင်ပေါ့..

အဲလိုမှ မဟုတ်ပဲ ကျနော့်blogမှာရေးထားတဲ့ နည်းအတိုင်းလုပ်ရင်လဲရတာပါပဲ.. debian နဲ့ ubuntu ကတော့ အမေနဲ့ သမီးပါပဲ .. :112:

yeman
26-07-2009, 06:28 PM
debian နဲ့ ubuntu ကတော့ အမေနဲ့ သမီးပါပဲ ..
ubuntu ကို အထီးလေး မှတ်တာ... အမလေး ဖြစ်နေပါရောလားးးး :O

box02
26-07-2009, 07:08 PM
ubuntu ကို အထီးလေး မှတ်တာ... အမလေး ဖြစ်နေပါရောလားးးး :O

အဟီးးး :D .. သိဘူးလေ ကျနော်က OS ဆိုရင် အမဖြစ်မယ်လို့ ထင်ထားတာ .. ကိုရဲမာန်က အထီးလို့ အတိအကျသိထားရင် ကျနော် ubuntu ကို အထီးအဖြစ် ပြန်သတ်မှတ်ပါမယ် :112:

လူပျိုကြီး
26-07-2009, 07:27 PM
နှစ်ယောက်လုံးတစ်ဝက်စီမှန်တယ်ဗျ အသေအချာ ဖတ်ကြလေဗျာ ဒေါ်ဘီအမ် က အမျိုးသမီးဗျ ဦးဘွန်တူးက ယောက်ျားဖြစ်မှာပေါ့။ ကြည့်ရတာ သားနဲ့အဖေလည်း မဟုတ်ဘူး မအေနဲ့သမီးလည်း မဟုတ်ဘူး။ သားအမိဖြစ်မယ်ဗျ။:d

အဟီးးး :d .. သိဘူးလေ ကျနော်က os ဆိုရင် အမဖြစ်မယ်လို့ ထင်ထားတာ .. ကိုရဲမာန်က အထီးလို့ အတိအကျသိထားရင် ကျနော် ubuntu ကို အထီးအဖြစ် ပြန်သတ်မှတ်ပါမယ် :112:

box02
26-07-2009, 09:31 PM
နှစ်ယောက်လုံးတစ်ဝက်စီမှန်တယ်ဗျ အသေအချာ ဖတ်ကြလေဗျာ ဒေါ်ဘီအမ် က အမျိုးသမီးဗျ ဦးဘွန်တူးက ယောက်ျားဖြစ်မှာပေါ့။ ကြည့်ရတာ သားနဲ့အဖေလည်း မဟုတ်ဘူး မအေနဲ့သမီးလည်း မဟုတ်ဘူး။ သားအမိဖြစ်မယ်ဗျ။:d

ဟုတ်ပဗျား .. နာမည်အရကြည့်မယ်ဆိုရင် သေချာတယ် သားအမိမှ သားအမိစစ်စစ်ပဲဗျ :112: ..
ဒေါ်ဒယ်ဘီယမ် နဲ့ မောင်ဦးဘွန်းတူ ပေါ့ဗျား :113: