Tsuna lade
27-05-2009, 06:17 PM
အခုနောက်ပိုင်းမှာ လူတော်တော်များများဟာ gmail ဒါမှမဟုတ် အလားတူအကောင့်များရဲ့  password တွေအခိုးခံရနေပါတယ် ကျွန်တော်စဉ်းစားမိတယ် ဒီသာမန်လူတွေသာခံရမယ် ဆိုရင်ကျော်ကြားတယ့်သူတွေဆိုရင်ကောဘယ်နှယ်နေမလဲမသိဘူး အိုဘားမား သမတ မဖြစ်ခင်တုံးက ဆာရာပါလင်း ရဲ့  mail password အခိုးခံရတာကိုမှတ်မိကောင်းမှတ်မိမယ်လို့ ထင်ပါတယ် အဲဒါကိုလားမသိဘူး ဦးတွတ်တီကြီးလားမသိ ရေးဘူးပါတယ် security question ကိုသူနဲ့ သူယောင်္ကျားတွေ့ တဲ့နေရာကိုဖြည့်ထားလို့  ဟိုငနဲသားလေးကwiki ထဲကနေရှာဖြည့်လိုက်တယ်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကျော်ကြားသူတွေ ဥပမာ ရုပ်ရှင်မင်းသား မင်းသမီး တွေရဲ့ mail ကို ဖောက်နိုင်တဲ့အလားအလာရှိနိုင်ပါတယ် လူတစ်ယောက်ဟာဒီတိုင်း ကိုယ်နဲ့ မဆိုင်တဲ့ သာမန်လူတစ်ယောက်ရဲ အချက်အလက်ကိုတောင်သိချင်တဲ့လူတွေရှိသေးတာပဲ ကျော်ကြားတဲ့လူတွေဆိုရင်ပြောမနေပါနဲ့ တော့ သိချင်ကြမှာပဲ အဲဒီပစ်မှတ်ကသာ ဆာရာပါလင်းလို လွယ်ကူတဲ့မေးခွန်း
ဥပမာ အဖေနာမည်လိုဟာမျိုးသာဖြည့်လိုက်လို့ ကတော့ သွားပြီပဲ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုကာကွယ်ရမလဲ ဘယ်လိုမျိုးတိုက်ခိုက်နိုင်တာလဲဆိုတာကို ဆက်ဆွေးနွေးစေချင်ပါတယ်