View Full Version : Ubunut 9.04 + Avg 8.5 free
ကျော်ကိုကိုထက်
29-04-2009, 02:51 PM
Ubunut 9.04 မှာ Avg 8.5 free Install သွင်းနည်းလေး ရမလားခင်ဗျာ။
avg85flx-r287-a2632.i386.deb ကိုတော့ Avg ကနေဒေါင်းထားတယ်ခင်ဗျာ။ :D
box02
29-04-2009, 02:58 PM
Ubunut 9.04 မှာ Avg 8.5 free Install သွင်းနည်းလေး ရမလားခင်ဗျာ။
avg85flx-r287-a2632.i386.deb ကိုတော့ Avg ကနေဒေါင်းထားတယ်ခင်ဗျာ။ :D
သွင်းနည်းကတော့ လွယ်လွယ်လေးပါ ..
အဲဒီ download လုပ်ထားတဲ့ avg*.deb ကို ဘယ်နေရာမှာထားထားလဲပေါ့ .. Desktop ပေါ်မှာ ထားထားရင် .. အဲဒီ desktop path ကို console ကနေသွားပေးရပါမယ် ..
ဥပမာ
cd /home/yourname/Desktop/
ဒါမှမဟုတ်
cd ~/Desktop
အဲဒါပြီးရင် dpkg နဲ့ အဲဒီ .deb ကို install လုပ်တော့မယ်ဆိုရင်
sudo dpkg -i avg85flx-r287-a2632.i386.deb
ဒါမှမဟုတ်
sudo dpkg -i avg*.deb
အဲဒါဆိုရင် dpkg program က အဲဒီ package ကို စနစ်တကျ install လုပ်ပေးသွားမှာပါ .. အဲဒါတွေက Terminal ထဲကနေ Install လုပ်တာနော်
အကယ်လို့ အဲဒီ package ကို double-click နှိပ်လိုက်ရင်လဲ Package Installer က အဲဒီ .deb ကို Install လုပ်သွားပေးမှာပါ ..
အကယ်လို့အဲဒီဟာ Install လုပ်ပြီးရင် အဲဒီ program ကိုဖွင်ချင်တယ်ဆိုရင် Terminal ထဲကနေပြီး အောက်က command နဲ့ဖွင့်ပေးလိုက်လို့ရပါတယ် ..
sudo avggui
အဆင်ပြေပါစေ .. :)
ကျော်ကိုကိုထက်
30-04-2009, 12:22 PM
အစ်ကို box02 ခင်ဗျာ sudo avggui ကိုရိုက်တော့ "sudo: avggui: command not found" ဆိုပြီးပြန်လာနေတယ်ဗျ။
ကျွန်တော် download လုပ်တာက http://free.avg.com/download?prd=afl#tba1 ကပါ။ ကျွန်တော် down တာများမှားနေလားခင်ဗျာ
box02
30-04-2009, 01:50 PM
အစ်ကို box02 ခင်ဗျာ sudo avggui ကိုရိုက်တော့ "sudo: avggui: command not found" ဆိုပြီးပြန်လာနေတယ်ဗျ။
ကျွန်တော် download လုပ်တာက http://free.avg.com/download?prd=afl#tba1 ကပါ။ ကျွန်တော် down တာများမှားနေလားခင်ဗျာ
ကျနော်က အစကတည်းက avg ကို personally မနှစ်သက်ခဲ့ပါဘူး.. အဲဒါကြောင့် install test လဲ မလုပ်ခဲ့ပါဘူး .. ဒါပေမယ့် လွယ်လွယ်ကူကူ ubuntu repo ကနေသွင်းလို့ရတဲ့ clamAV ကိုတော့
sudo apt-get install clamav clamtk
နဲ့သွင်းပါတယ်။
http://www.clamav.net/
Linux မှာ virus ပြသာနာက windows မှာလောက် သိပ် serious ဖြစ်စရာမလိုသေးဘူးထင်ပါတယ် .. စိတ်ကျေနပ်မှုရအောင်လို့ အဲဒီ clamAV ကိုသွင်းထားရင်ရပါတယ် ..
ခု ကိုကျော်ကိုကိုထက်က installation successfully ဖြစ်ရက်နဲ့ avg program ကိုခေါ်လို့မရတာလားမသိဘူးနော် .. installation ရော successful ဖြစ်ရဲ့လား ကိုကျော်ကိုကိုထက် ..
ခုကျနော် အလုပ်ထဲမှာမို့ ညနေအိမ်ရောက်ရင် ကျနော် အဲဒီ avg ကို စမ်းပေးပါ့မယ်နော် ..
ကျော်ကိုကိုထက်
30-04-2009, 05:59 PM
အစ်ကို box02 ခင်ဗျာ။
install က successful လို့တော့ပြပါတယ်။
စမ်းတော့ပေးပါဦး။
ကျွန်တော်က အခုမှ စတင်တာမို့ပါ။
ကျေးဇူးအရမ်းတင်ပါတယ်။:)
box02
01-05-2009, 04:07 AM
အစ်ကို box02 ခင်ဗျာ။
install က successful လို့တော့ပြပါတယ်။
စမ်းတော့ပေးပါဦး။
ကျွန်တော်က အခုမှ စတင်တာမို့ပါ။
ကျေးဇူးအရမ်းတင်ပါတယ်။:)
ဟုတ်ပါတယ် .. ကျနော်လဲ avggui ကို ခေါ်လို့မရဘူး .. သူက system process မှာတော့ run နေပါတယ် .. ဆိုလိုတာက Graphical UI ကိုခေါ်လို့မရတာပါပဲရှိတာ background process အနေနဲ့ run နေတာပါ.. အဲဒီတော့ virus တွေကို scan လေးပေးနေမယ်လို့ မျှော်လင့်ရပါတယ် ..
running avg in process
http://i40.tinypic.com/2ez1q49.jpg
ဒီနောက်ပိုင်း version မှာ avggui ကပါမလာတာထင်ပါတယ်.. အရင် version တွေမှာရှိမယ့် လို့ယူဆရပါတယ်.. Internet ပေါ်မှာကျွန်တော်ရှာကြည့်တော့ အရင် version နဲ့တခြားသူများအဆင်ပြေနေကြတာတွေ့ရပါတယ် ..
http://www.howtoforge.com/avg_antivirus_ubuntu_feisty
https://help.ubuntu.com/community/Antivirus/Avg
ကျနော်လဲ အားရင်ထပ်ပြီး avg ကိုလေ့လာပေးပါတယ် ..
အဆင်ပြေပါစေ .. ကိုကျော်ကိုကိုထက်ရေ .. :)
Powered by vBulletin™ Version 4.0.3 Copyright © 2010 vBulletin Solutions, Inc. All rights reserved.