View Full Version : Domain Name????
anawrahta
10-04-2009, 12:20 AM
Domain name ကိုဘယ်ဝက်ဆိုက်မှာ စိတ်စိတ်ချချ ဝယ်လို့ရပါသလဲ
ပြည်ပ ကနေဝယ်မှာပါ
ဘာတွေလိုအပ်သလဲသိချင်ပါတယ်ဗျာ
kotharthar
10-04-2009, 06:58 AM
Domain name ကို ဘယ် hosting provider ဆီကမဆို ဝယ်လို့ရပါတယ်။
အမှန်တော့ hosting provider တစ်ခုဟာ company သေးတယ်ဆိုရင် သူများဆီမှာ သွားပြီး
domain name ကို ခင်ဗျား ကိုယ်စား register လုပ်ပေးတာပါ။
ဥပမာ ကျွန်တော်က hosting reseller ဆိုပါတော့။
ကျွန်တော့်ဆီက hosting ဝယ်ရင် ကျွန်တော်က domain name ကို register လုပ်ပေးတာမျိုးပါ။
ကိုယ်ပိုင် data center ရှိတဲ company ကြီးတွေ GoDaddy, Enom, DynDns တို့လိုမျိုးတွေမှာဆိုရင်
တော့ domain name control panel ကိုပါပေးတဲ့ အတွက် ကိုယ့် domain ရဲ့ MX record တွေ @, www တွေ
ကို ကိုယ်ကြိုက်ရာ ပြုပြင် နိုင်ပါတယ်။
အကြံပြုလိုတာကတော့ domain name ကို GoDaddy လိုမျိုးမှာ သီးသန့်ဝယ်ပြီး hosting provider ကို
ကိုယ်ကြိုက်ရာကို ပြောင်းရွေ့ရ ပိုလွယ်ကူပါတယ်။ GoDaddy ရဲ့ panel ထဲမှာ Nameserver နဲ့ www, @ record တွေ
ဝင်ပြောင်းလိုက်ရုံပါပဲ။
ဒီနည်း နဲ့ ကျွန်တော် hosting ၅ ခုပြောင်းပြီးပြီ။ domain name အပြောင်းအရွှေ့ ပြသနာ တစ်ခါမှ မရှိပါဘူး။
anawrahta
10-04-2009, 11:17 PM
အစ်ကိုပြောတာ Godaddy မှာဝယ်လို့ပြောတာလားခင်ဗျာ
အစ်ကိုရေးတာတွေ တစ်ခုမှနားမလည်တော့မသိဘူးခင်ဗျ
:77:
လူပျိုကြီး
10-04-2009, 11:25 PM
ဟီးဟီး ဖြစ်ရမယ် ကိုသာသာရယ်။ အသေးစိတ်ပြောလိုက်တာ လက်လွန်သွားတာဗျ။ အဲသည်တော့ မေးထားတဲ့မေးခွန်းကို သူမဖြေမိဘူးဖြစ်သွားတာပါ။ godaddy မှာဝယ်လို့သူက ပြောချင်တာဟုတ်မဟုတ်တော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်မြင်တာတော့ godaddy ကဈေးအချိုဆုံးပဲ။ သူထက်နည်းနည်းလေး ဈေးများတာက name.com ပါ။ သူကတော့ godaddy ထက်နည်းနည်းများတယ် ဒါပေမယ့် အလွန်ဆုံးကွာရင် 1$ လောက်ပါပဲ တူတော့အတူတူပါပဲ။ ဈေးတွေကတော့ ဝင်ပြီးသာကြည့်လိုက်တော့ Plan အမျိုးမျိုးရှိတယ် တစ်ခါတည်း နှစ်များများယူမယ်ဆိုရင်လည်း ဈေးတော်တော်ချိုပါတယ်။
HackingNatt
11-04-2009, 03:57 PM
topic တွေ ဖေါင်းပွမှာစိုးလို့ ဒီမှာ ပဲ ၀င်မေးပါရစေ
ကျွန်တော် သိပ်နားမလည်ခင်တုန်းက အသိတယောက်က သူ့ အိမ်မှာ တင် host လုပ်ထားတယ်
သူက အပြင်ကနေ သူ့ IP ကိုခေါ်သုံးတယ်
အဲဒါ ကျွန်တော် အခု အဲဒီလိုလုပ်ချင်ပါတယ်ခင်ဗျ . .
ကျွန်တော် အခု 2003 server မှာ IIS တင်ထားပါတယ်
wimax သုံးပါတယ် router မှာ virtual server ကို ကျွန်တော့် server IP ပေးထားပါတယ်
ဒါပေမယ့် အပြင်ကနေ IP ကိုခေါ်သုံးတာ မရဘူးဗျ . .
ကူညီကြပါဦး . . .
Powered by vBulletin™ Version 4.0.3 Copyright © 2010 vBulletin Solutions, Inc. All rights reserved.