PDA

View Full Version : python ဆိုဘာ ဘာလဲ...



minlwin121
21-03-2009, 03:33 PM
python ဆိုဘာ ဘာလဲ... ဘယ်လို အသုံးဝင်လဲ ခင်ဗျာ..

ကူညီကျပါအုံး.. မြန်မာ လို ရှင်းပြထားတဲ့ စာအုပ်စာတမ်းများ ရှိပါလားခင်ဗျာ.

ရန်ကုန် မှာ ရော.. python အကြောင်း သင်တန်းတွေ ရှိပါ လားခင်ဗျာ..:77:

mgpyone
21-03-2009, 04:09 PM
python ဆိုတာ programming language တစ်မျိုးပါပဲ..

www.python.org မှာ ကြည့်ကြည့်ပါ..
အဲမှာ documentation တွေလည်းရှိပါတယ်..
installer တွေလည်းရှိပါတယ်..အခုဆို python က 3.1 အထိရောက်သွားပြီ...
(ကျနော်သိတုန်းက 2.5 ပဲရှိသေးတယ် :) )
သင်တန်းတွေကတော့ မရှိလောက်ဘူးထင်တယ်ဗျ.. Self-study ပဲ လုပ်မှရမယ်ထင်တယ်..
Personal computer မဂ္ဂဇင်းမှာတော့ အပါတ်စဉ်ဖော်ပြပေးနေတဲ့ ဆောင်းပါးရှိပါတယ်...
ကွန်ပျူတာကို ခို်င်းစားမယ့်လူသားဆိုပြီးတော့ ခေါင်းစဉ်နဲ့ထင်ပါတယ်.. (မသေချာပါ.)
သူက Programming concept ပိုင်ရင်.. လွယ်မယ်ထင်ပါတယ်.. ( ကျနော်လည်း မလေ့လာဘူးပါ.. :) )
ပြီးတော့ BC မှာလည်း စာအုပ်တွေ ရှိပါတယ်.. Jython တဲ့.. Java ကနေ Python ကို develop လုပ်ထားတယ်ထင်တယ်..

Python ကတော့ နောက်ပိုင်းမှာ နာမည်ကြီးစာရင်းဝင်ပါတယ်..
Google မှာ Python ကိုသုံးထားတာ အများကြီးပါပါတယ်..
သူ့ ဆိုက်ဒ်မှာ ကြွားထားတာတော့ Google ရယ် Nasa ရယ်က သူ့ language ကိုသုံးထားတာတဲ့..

ကျန်တဲ့ Python Guru များ ဆက်လက် ဆွေးနွေးပေးကြပါခင်ဗျာ.. :)

လူပျိုကြီး
21-03-2009, 08:01 PM
Python ကိုတော့ နေရာအစုံမှာသုံးလို့ရပါတယ်။ သူက Perl နဲ့လည်း တစ်ချို့နေရာတွေမှာ တော်တော်ဆင်ပါတယ် နောက်ပြီးတော့ သူကလည်း Perl လို Script Language တစ်ခုပါပဲ။ Web အတွက်ကတော့ CGI Language တစ်ခုအနေနဲ့သုံးလို့ရပါတယ်။ သူကဘာတွေလုပ်လို့ရသလဲဆိုရင် File I/O ကနေ နောက်ဆုံး Internet Service တွေအထိ Access လုပ်လို့ရပါတယ်။ နောက်ပြီးတော့ ရှည်ရှည်လျားလျားသိပ်မရေးရဘူး။ သူ့မှာက ဘာအကောင်းဆုံးလဲဆိုတော့ Markup Language Parser တွေပဲ။ နောက်ပြီးတော့ String Processing လည်းတော်တော်ကောင်းတယ်။ ဒါတွေကောင်းလို့လည်း HTML တွေကို Parse လုပ်ဖို့ ရလာတဲ့ Text တွေကို Process လုပ်ဖို့အဓိကလိုတဲ့ Search Engine တွေမှာနောက်ပိုင်းသုံးပါတယ်။ Google ယူသုံးလိုက်တော့ ပိုပြီး ကြေငြာလိုက်သလို ဖြစ်သွားတာပေါ့။

Python စာအုပ်နာမည်ကြီးကတော့ Dive Into Python (http://diveintopython.org/index.html) ပဲဗျ။ သူကအလကားပေးတာ။ Programming လုပ်မယ်လို့ရည်ရွယ်လို့ကတော့ မြန်မာလိုဆိုတာကို မေ့သာထားလိုက်ပါ။ မြန်မာလိုဖတ်ဖို့ ကြိုးစားနေသမျတော့ ဗမာလိုစာအုပ်ရှာတာနဲ့ အဲ့သည့်စာအုပ်တွေက မကောင်းတာနဲ့ပဲ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ စာအုပ်ရေးစားတဲ့လူတွေ မေတ္တာပို့လည်း ပို့ပစေတော့ ပြောရမှာပဲ။:D ဗမာလိုရေးထားတဲ့ Programming စာအုပ်ကိုဖတ်ပြီး Programming အခြေခံတတ်သွားပါတယ်ဆိုတဲ့လူ ကျွန်တော်တော့မမြင်ဘူးသေးဘူး။ ကျွန်တော်အကြံပေးချင်တာကတော့ အခုရှုပ်မှနောင်ရှင်းပဲ။ အစကတော့လွယ်အောင် ဗမာလိုဖတ်ပြီး နောက်မှ အင်္ဂလိပ်လိုဖတ်ကြည့်တော့ မဖတ်ချင်တာထက်စာရင် အစကတည်းက အင်္ဂလိပ်လိုဒုက္ခခံဖတ်ပြီး နောက်ပိုင်းစာဖတ်အရှိန်ရသွားတာက ပိုကောင်းပါတယ်။

minlwin121
22-03-2009, 03:20 PM
ကျေးဇူး ပါဘဲ ..ခင်ဗျာ..အခု လို ပြည့်ပြည့်စုံစုံ သိရ တာကို ကျေးဇူးတင်လှဘီ..

မသိရင် လဲ မေးမယ်နော်.. ကိုကြီး လူပျိုကြီး နဲ့  ကို ပြုံး

akhtet
22-03-2009, 08:10 PM
ကြုံတုန်းလေး ၀င်ကြွားလိုက်ဦးမယ်။ :D

အခုလူ ၁၆၀၀၀ ကျော်သုံးနေတဲ့ en2mm GTalk dictionary ဆိုတာ 100 % python နဲ့ရေးထားခြင်းဖြစ်ပါတယ်ခင်ဗျား။

kotharthar
22-03-2009, 09:38 PM
ကြုံတုန်းလေး ၀င်ကြွားလိုက်ဦးမယ်။ :D

အခုလူ ၁၆၀၀၀ ကျော်သုံးနေတဲ့ en2mm GTalk dictionary ဆိုတာ 100 % python နဲ့ရေးထားခြင်းဖြစ်ပါတယ်ခင်ဗျား။

ဟုတ်ပါ့ဗျာ။
Scripting language ပေမယ့် Stability ကအလွန်ကောင်းပါတယ်။
တစ်ခြား language တွေနဲ့ ယှဉ်ရင် Python ရဲ့ထူးခြားချက်က indentation တွေရဲ့
အရေးပါမှုပါပဲ။ Python သမားတွေက အဲဒီ အချက် (python ရဲ့ beauty) ပေါ်မှာ
အတော်ဂုဏ်ယူလေ့တယ်ဗျို့။

လူပျိုကြီး
23-03-2009, 12:19 AM
ဟုတ်ပါ့ဗျာ။
Scripting language ပေမယ့် Stability ကအလွန်ကောင်းပါတယ်။
တစ်ခြား language တွေနဲ့ ယှဉ်ရင် Python ရဲ့ထူးခြားချက်က indentation တွေရဲ့
အရေးပါမှုပါပဲ။ Python သမားတွေက အဲဒီ အချက် (python ရဲ့ beauty) ပေါ်မှာ
အတော်ဂုဏ်ယူလေ့တယ်ဗျို့။

ဟုတ်ပါ့ဗျာ Text Processing လုပ်တဲ့ Language တွေထဲမှာတော့ Perl ရယ် Python ရယ်က အကောင်းဆုံးပါပဲ။ ဒါပေမယ့် Perl ရဲ့အားနည်းချက်က Operator တွေက ရှုပ်လွန်းတာပါပဲ။ ဒါပေမယ့် Operator တွေကို ကောင်းကောင်းသုံးတတ်မယ်ဆိုရင်တော့ အင်မတန်ကို ရေးရတာ သက်သာပါတယ်။ Python မှာကတော့ သူ့ Operator Usage က Perl လောက်မရှုပ်ပါဘူး ရှင်းရှင်းလင်းလင်းရှိပါတယ်။ သူလည်း Text Processing အင်မတန် ကောင်းတာပါပဲ။ သူကတော့ Operator အားကိုးမဟုတ်ဘူး Library အားကိုးနဲ့လုပ်ပါတယ်။ Python မှာပါတဲ့ Library တွေက အပ်ကစပြီး ဒုံးပျံကြီးအထိလို့ ပြောရမလိုပါပဲ အားလုံးပါပါတယ်။ ကိုယ့်ဟာကိုယ်လုပ်ဖို့ထက် သူ့ဟာသာယူသုံး ဘာမှကိုလုပ်စရာမလိုတာ။ ဒါကြောင့် Perl ရဲ့ ပါဝါက Operator တဲ့ Python နဲ့ Power က Library လို့ Perl & Python ဂုရုကြီးတစ်ယောက်က ပြောတယ်ဗျ။ နာမည်တော့မမေးနဲ့နော် ကျွန်တော်လည်း ဘယ်သူမှန်းမမှတ်မိတော့ဘူး ဖတ်ထားတာ မှတ်မိတာပြန်ပြောတာ ဟီးဟီး..။:D C, C++ လိုဟာတွေနဲ့ String Process လုပ်ရင် အကြောင်း ၃၀-၄၀ လောက်ရေးရမယ့် ဟာတွေကို Perl တို့ Python တို့နဲ့ရေး အလွန်ဆုံး ၄-၅ ကြောင်းပေါ့။ အဲသည်လောက်ကိုကွာတယ်။ ဒါကြောင့်ပြောတာ သင့်လျော်တာယူသုံးဆိုတာ။ တစ်ခုတည်း ဖက်တွယ်ပြီးတော့ ဒါငါ့ဟာ ဒါငါ့ဟာလုပ်နေလို့ကတော့ နောက်ကနေကျန်နေခဲ့မယ်။ ကျန်တာမကြည့်ပါနဲ့ Python ပေါ်တာ နှစ်တော်တော်ကြာနေပါပြီ။ အခုမှ Python အကြောင်းကို ဒီအပေါ်မှာ ဒါပထမဆုံးပြောတာပဲ။

(မှတ်ချက်။ အသေးစိတ်ကိုတော့ ကိုသာသာဆက်ပြောပါလိမ့်မယ် ဟီးဟီး...ချွန်ခဲ့ဦးမယ်...:D)

minlwin121
24-03-2009, 02:56 PM
ကြုံတုန်းလေး ၀င်ကြွားလိုက်ဦးမယ်။ :d

အခုလူ ၁၆၀၀၀ ကျော်သုံးနေတဲ့ en2mm gtalk dictionary ဆိုတာ 100 % python နဲ့ရေးထားခြင်းဖြစ်ပါတယ်ခင်ဗျား။ ဒါ ဆိုလဲ .. သင်ပေးနော်.. အခု ဘယ်ကနေ စ ဘာ လုပ်ရမှလဲ ..ရှင်းပြတော်မူကျပါဗျာ... တစ်ကယ် သိချင်လို့ ပါ.. ကိုကြီး တို့ လူပျို ဘ၀ က မြန်မြန် လွတ်ပါစေ... :)

bhikkhusirin
02-09-2009, 10:05 PM
ဒါ ဆိုလဲ .. သင်ပေးနော်.. အခု ဘယ်ကနေ စ ဘာ လုပ်ရမှလဲ ..ရှင်းပြတော်မူကျပါဗျာ... တစ်ကယ် သိချင်လို့ ပါ.. ကိုကြီး တို့ လူပျို ဘ၀ က မြန်မြန် လွတ်ပါစေ... :)

ဟုတ်ကဲ့။
သင်ပေးမယ့်သူရှိရင်တော့ အကောင်းဆုံးပေါ့:P။
ဒါပေမယ့် Python ကိုသင်မယ်ဆိုရင် သိပ်အခြေခံအများကြီး မလိုလောက်ဘူးလို့ထင်ပါတယ်။
တစ်ခုတော့ရှိတယ် (တစ်ဝက်စီစားမယ်:D)။
Programming Primary Knowledge ရှိမယ်ဆိုရင်တော့ အဆင်ပြေမယ်။
မရှိရင်တော့ နည်းနည်းခက်မယ်။
ကိုယ့်ဘာသာကြိုးစားရင်တော့ ကြာတော့ကြာမယ်။
ဒါပေမယ့် သေသေချာချာ နားလည်သွားတဲ့အခါ တခြား language တွေကိုလဲ ကိုင်နိုင်သွားမယ်။ နောက်ပြီး self-confidence လဲ ရသွားမယ်။
သူက Ruby နဲ့ခက်ဆင်ဆင်ပါ။ (Ruby ဟာ Perl နဲ့ Python တို့ရဲ့ စွမ်းရည်တွေကို ယူထားတာမို့ပါ။)
Ruby, Python တို့ကို သင်ယူရတာ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။
ကိုယ်လုပ်ချင်တာတွေကို လွယ်လွယ်ကူကူစဉ်းစားလို့ရပါတယ်။
ဒါတောင် ကျွန်ုပ်ဟာ အခြေခံလေ့လာနေဆဲပါ။ သင်ယူနေဆဲပါ။
ီdeveloper, professional တွေဆိုရင်တော့ သိပ်ကို ကျေနပ်မှာပါ။ (ကိုယ်သိထားတဲ့ language တစ်ခုထဲကိုပဲ ဖက်တွယ်မထားတတ်တဲ့သူဆိုရင်ပေါ့)
နောက်ပြောစရာရှိတာက language တစ်ခုထဲ သိတာထက် နှစ်ခု၊ သုံးခု သိထားတာက ပိုကောင်းပါတယ်။ အကျွမ်းကျင်ကြီးမဟုတ်တောင် အခြေခံလောက်သိထားရင် ကိုယ်သိထားတာတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
အင်း ပြောတာတွေဘယ်ရောက်သွားလဲမသိဘူး။
ကိုယ်တိုင်ဖတ်ကြည့်ပါ။ English ကလဲ နည်းပညာစာအုပ်တွေဆိုတော့ ခက်အောင်မရေးပါဘူး။
တတ်နိုင်သလောက် လွယ်အောင်ရေးကြတာပါ။
(ခေတ်ကိုက မြန်မြန်ခေတ်လေ)
ဒီတော့ ကိုယ်တိုင်လဲ တခြားဟာတွေကို သိပ်မျှော်မနေနဲ့။
မြန်မြန်ပဲလိုက်ပါ။
မြင့်မြင့်ကြံ၊ မြန်မြန်လှမ်း-လိုက်ပါ။
နောက်ဆုံးစကားလေးတစ်ခွန်းပြောပါရစေ။ အဲဒါကတော့--
အသံကောင်းပြီးသား အဆိုကျေညက်ပြီးသား ငှက်တွေချည်းတေးဆိုရမယ်ဆိုရင် တစ်တောလုံးတိတ်ဆိတ်နေမှာပေါ့။

blueviruz5
03-09-2009, 12:02 AM
phyton ကို install လုပ်လိုက်တာနဲ့ အဲဒီမှာ tutorial ebook ပါလာပါတယ်။ ရေးထားတာ လွယ်ပြီးရှင်းပါတယ်။ အဲဒီက စလေ့လာ ကြည့်ပါလား။

Zu Zu Aung
03-09-2009, 11:16 AM
python ကိုတော့ နေရာအစုံမှာသုံးလို့ရပါတယ်။ သူက perl နဲ့လည်း တစ်ချို့နေရာတွေမှာ တော်တော်ဆင်ပါတယ် နောက်ပြီးတော့ သူကလည်း perl လို script language တစ်ခုပါပဲ။ web အတွက်ကတော့ cgi language တစ်ခုအနေနဲ့သုံးလို့ရပါတယ်။ သူကဘာတွေလုပ်လို့ရသလဲဆိုရင် file i/o ကနေ နောက်ဆုံး internet service တွေအထိ access လုပ်လို့ရပါတယ်။ နောက်ပြီးတော့ ရှည်ရှည်လျားလျားသိပ်မရေးရဘူး။ သူ့မှာက ဘာအကောင်းဆုံးလဲဆိုတော့ markup language parser တွေပဲ။ နောက်ပြီးတော့ string processing လည်းတော်တော်ကောင်းတယ်။ ဒါတွေကောင်းလို့လည်း html တွေကို parse လုပ်ဖို့ ရလာတဲ့ text တွေကို process လုပ်ဖို့အဓိကလိုတဲ့ search engine တွေမှာနောက်ပိုင်းသုံးပါတယ်။ google ယူသုံးလိုက်တော့ ပိုပြီး ကြေငြာလိုက်သလို ဖြစ်သွားတာပေါ့။

python စာအုပ်နာမည်ကြီးကတော့ dive into python (http://diveintopython.org/index.html) ပဲဗျ။ သူကအလကားပေးတာ။ programming လုပ်မယ်လို့ရည်ရွယ်လို့ကတော့ မြန်မာလိုဆိုတာကို မေ့သာထားလိုက်ပါ။ မြန်မာလိုဖတ်ဖို့ ကြိုးစားနေသမျတော့ ဗမာလိုစာအုပ်ရှာတာနဲ့ အဲ့သည့်စာအုပ်တွေက မကောင်းတာနဲ့ပဲ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ စာအုပ်ရေးစားတဲ့လူတွေ မေတ္တာပို့လည်း ပို့ပစေတော့ ပြောရမှာပဲ။:d ဗမာလိုရေးထားတဲ့ programming စာအုပ်ကိုဖတ်ပြီး programming အခြေခံတတ်သွားပါတယ်ဆိုတဲ့လူ ကျွန်တော်တော့မမြင်ဘူးသေးဘူး။ ကျွန်တော်အကြံပေးချင်တာကတော့ အခုရှုပ်မှနောင်ရှင်းပဲ။ အစကတော့လွယ်အောင် ဗမာလိုဖတ်ပြီး နောက်မှ အင်္ဂလိပ်လိုဖတ်ကြည့်တော့ မဖတ်ချင်တာထက်စာရင် အစကတည်းက အင်္ဂလိပ်လိုဒုက္ခခံဖတ်ပြီး နောက်ပိုင်းစာဖတ်အရှိန်ရသွားတာက ပိုကောင်းပါတယ်။
အလဲ့ ..ဆရာသမား..ပြောနေပြီ...အဟီး
ဇူး မပါတော့ ဖူးနော်...အဟီး :p

winlwin
03-09-2009, 06:41 PM
အခုလူ ၁၆၀၀၀ ကျော်သုံးနေတဲ့ en2mm GTalk dictionary ဆိုတာ 100 % python နဲ့ရေးထားခြင်းဖြစ်ပါတယ်ခင်ဗျား။

ကျွန်တော်လည်း ကြုံလို့ ပြောလိုက်ဦးမယ်။

ဒီနေရာက စက်ရုပ်လေးတွေကလည်း python နဲ့ C++ သုံးထားတယ်လို့ပြောတယ်ဗျ။


http://www.unleashed.it.uts.edu.au/index.html

ကို Mark အားရင် သင်ပေးနိုင်မယ်ထင်တယ်။ :D (ထပ်မလိုက်ပြီ)။

aTxIvG4001
03-09-2009, 06:49 PM
ကျွန်တော်လည်း ကြုံလို့ ပြောလိုက်ဦးမယ်။

ဒီနေရာက စက်ရုပ်လေးတွေကလည်း python နဲ့ C++ သုံးထားတယ်လို့ပြောတယ်ဗျ။


http://www.unleashed.it.uts.edu.au/index.htmlကို Mark အားရင် သင်ပေးနိုင်မယ်ထင်တယ်။ :D (ထပ်မလိုက်ပြီ)။

:D ကျနှော ပိုင်သွန်မှာပါတဲ့ help ဖိုင်နဲ့ ပိုင်သွန်ရဲ့ src code ပဲဖတ်တယ်။ အကုန်လုပ်လို့ရပါတယ်။ စမ်းလုပ်ကြည့်ကြပါ။

မာ့ခ်

bhikkhusirin
03-09-2009, 07:56 PM
Python လေ့လာရန်နေရာများ
Practical ILU with Python: A Tutorial (ftp://ftp.unicamp.br/pub/network/ORB/ilu/misc/tutpython.html)Learning to Program (http://members.xoom.com/alan_gauld/tutor/tutindex.htm)Numeric Python Tutorial (http://starship.python.net/crew/d/anumtut/)Cheat Sheet: A Quick Reference Document for Newcomers (http://www-4.ibm.com/software/developer/library/cheatsheet3.html?dwzone=linux)Text Processing in Python: Tips for Beginners (http://www-4.ibm.com/software/developer/library/l-python5.html?dwzone=linux)Using State Machines: Algorithms and Programming Approaches in Python (http://www-4.ibm.com/software/developer/library/python-state.html?dwzone=linux)Tinkering with XML and Python: An Introduction to XML Tools for Python (http://www-4.ibm.com/software/developer/library/python1/?dwzone=linux)The Other Scripting Language that Starts with a "P" (http://www-4.ibm.com/software/developer/library/python101.html?dwzone=linux)The Dynamics of DOM: A Closer Look at Python's xml.dom Module (http://www-4.ibm.com/software/developer/library/python2/index.html?dwzone=linux)My First Web-Based Filtering Proxy: Converting Text to HTML Using Txt2Html (http://www-4.ibm.com/software/developer/library/python3.html?dwzone=linux)Instant Python (http://www.idi.ntnu.no/~mlh/python/instant.html)Instant Hacking: Learn How to Program With Python (http://www.idi.ntnu.no/~mlh/python/programming.html)The Whole Python FAQ (http://www.keylabs.com/calder/apython.html)The What, Why, Who, and Where of Python (http://www.nwc.com/unixworld/tutorial/005/005.html)
Extending and Embedding the Python Interpreter (http://www.python.org/doc/current/ext/ext.html)Python Library Reference (http://www.python.org/doc/current/lib/lib.html)Python Reference Manual (http://www.python.org/doc/current/ref/ref.html)An Introduction to Python (http://www.python.org/doc/lj21.html)Python Tutorial (http://www.python.org/doc/tut/tut.html)Getting Started With Python (http://www.sunworld.com/sunworldonline/swol-02-1998/swol-02-python.html)

ကျွန်ုပ်ကိုယ်တိုင်တော့ သွားမကြည့်ရသေးပါဘူး။
မနေ့က programming language site တွေတွေ့တာနဲ့ အဲဒီအထဲကနေ copy လုပ်ပေးလိုက်တာပါ။ python ကို download, install လုပ်ရင်လဲ အဲဒီအထဲမှာပါတဲ့ chm file ထဲကနေ လေ့လာလို့လည်းဖြစ်ပါတယ်။ Dive into Python ကိုတော့ သိပ်မကြိုက်လှပါဘူး။ သူကနည်းနည်း အဆင့်မြင့်သလားလို့ပါ။
Beginner, non-programmer တွေအတွက် ရေးထားတာတွေရှိပါတယ်။ (ရှာဖတ်ပါ။:D) အဲဒါတွေနဲ့မှ ပိုအဆင်ပြေပါလိမ့်မယ်။ အခက်ကြီးထင်ပြီး ကြောက်မနေပါနဲ့။ တကယ်ခက်တဲ့အပိုင်းက မလာသေးဘူး။
တကယ်ခက်ပါတယ်ဆိုတဲ့ အပိုင်းကိုရောက်မှ language တစ်ခုကိုပိုင်နိုင်ပြီလို့ပြောနိုင်မှာပါ။
အဲဒီအပိုင်းဆိုတာ - လက်တွေ့ပိုင်းပါ။ တကယ့် pro app တွေရေးတဲ့အပိုင်းပါ။
အဲဒီအပိုင်းရောက်မှ ဘယ်လောက်ကိုယ်သိထားတယ်ဆိုတာပေါ်လာတာ။
ဒါကြောင့် programming လုပ်မယ်ဆိုရင် လက်တွေ့လုပ်တဲ့ အသိုင်းအ၀ိုင်းထဲကို ရောက်မှ အဆင်ပြေပါတယ်။ (ဒီနယ်ပယ်မှ မဟုတ်ပါဘူး။ တခြားနယ်ပယ်တွေလဲ တိုးကြည့်မှ တကယ့်လက်တွေ့ ဘ၀ထဲကိုရောက်တာပါ။)
နောက်တစ်ခုလိုအပ်တာက Team အသင်းအဖွဲ့တွေနဲ့မှ ပိုအဆင်ပြေပါတယ်။
ကျွန်ုပ်အထင် သိပ်မတိုးတက်တာက တစ်ယောက်တည်းပဲ လုပ်နေရလို့လို့ ထင်တာပဲ။ (ကိုယ်နဲ့ နှိုင်းကြည့်ရတာပဲလေ။ :)ဟုတ်မဟုတ်တော့ မသိဘူး)
ဒါကြောင့် language တစ်ခုကို လေ့လာမယ်ဆိုရင် အသင်းအဖွဲ့ကို ပထမဆုံးရှာသင့်ပါတယ်။ (အဲဒီလိုမျိုး အသင်းအဖွဲ့တွေ ပေါ်လာရင်ပိုအဆင်ပြေမယ်။ ဒီလိုပါ။ python ကိုလေ့လာတယ်ဆိုပါစို့။ တစ်ဦးက operator, တစ်ဦးက string စတဲ့အကြောင်းအရာတွေကို ဘာသာပြန်လို့ပဲဖြစ်ဖြစ်၊ သိထားတဲ့အတိုင်း ပြန်ပြောပြလို့ပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး Knowledge share တဲ့အခါ ပိုလွယ်မယ်၊ ပိုခရီးရောက်မယ်လို့ထင်ပါတယ်။)
နောက်တစ်ဆင့်ကတော့ လက်တွေ့ Project တွေလုပ်ဖို့ပဲ။ တကယ့်အလုပ်ဖြစ်တဲ့ဟာမျိုးပေါ့။ ဒီနှစ်ချက်ရှိရင် အတော်လေးအဆင်ပြေပြီလို့ ထင်ပါတယ်။ ၀င်ပြီး ဆွေးနွေးကြပါဦး။
ကျွန်ုပ်အယူအဆမှာ လိုအပ်တာတွေလဲ ရှိနေနိုင်ပါသေးတယ်။
တာ့တာ (စာမေးပွဲကြီးက မျှော်နေပါပြီ။:68:)

MgGyi
19-11-2009, 01:49 PM
အမြည်းလောက်ဖြစ်ဖြစ် သင်ပေးကြပါဗျို့......:d

သင်တို့၏ခင်မင်လှစွာသော
မောင်ကြီး

လူပျိုကြီး
19-11-2009, 02:07 PM
အမြည်းလောက်တော့ ဖြစ်ပါတယ် ကျန်တာတော့ ကိုယ့်ဟာကိုယ်ဝယ်သောက်နော် :D


http://www.python.org/
http://www.activestate.com/activepython/အဲဒါတွေကနေ Python Interpretor ကို Download လုပ်ပြီး Install လုပ်လိုက်ဗျာ။
ပြီးရင် Python Interactive Shell ထဲကိုဝင်

print "Hello! This is my first python program" လို့ရေး Enter နှိပ်လိုက် Hello! This is my first python program လို့ပေါ်လိမ့်မယ်။ အဲဒါဆို အမြည်းအဆင်ပြေကရောဗျာ ဟိဟိ။

ကျန်တာကတော့ ကိုမာ့ခ် ပြောသလိုပဲ Help ဖိုင်သာဖွင့်ကြည့် အကုန်ပါတယ် ကျူတိုရီရယ်တောင် ပါသေးတယ်။ ကျူတိုရီရယ်အရင်ဖတ် ပြီးရင်တော့ ကျန်တာလျောက်သာစမ်းကြည့် မတတ်မှာမပူပါနဲ့။ :D

dR@goN
26-11-2009, 02:55 PM
ဲPython ကို တစ်ခါမှ မသုံးဘူးသေးရင် ဒီစာအုပ်ကိုစဖတ်ကြည့်
It is easy to learn and I think this is the best book for the very first beginner.:6::6:
:))
download (http://uploading.com/files/5mbd963a/ebook.Python_Programming_for_the_Absolute_Beginner ._Absolute_Beginner.1592000738.zip/)
စိတ်ဝင်စားရင်တော့ သိသလောက်ကလေးတော့ သင်ပေးနိုင်ပါတယ်

tee tee
05-01-2010, 09:28 PM
MZ မှ ညီ အစ်ကိုများ ခင် ဗျာ
ကို Dragon ညွန်းတဲ. e book ကို ဖတ် ပြီး(intro and chapter 1) Python ကိုလေ.လာရန် င်္ဆုး ဖြတ် ခဲ့ ပါ တယ်။
သို. ပေမယ့် Win 7 ကို တင် ထားသဖြင့် python site တွင် Win 7 64 bit အတွက် သင့်လျှော် သော Version မ တွေ.ပါ။

ထို.ကြောင်. Python ကို Win 7 ဖြင်. Run နေ သူ များ ရှိ ပါ ကကျေးဇူး ပြု ပြီး How to install ? ပြောပြ ပါ ခင်ဗျား။

(ကျောင်းတော်ကြီး တွင် program ကို လက် ဖြင်.သာ Run ခဲ.ပါ သည်။
မသေခင် Program လေး တစ်ခုလောက် ရေးတတ်ချင် ပါတယ်။)

La Goon
21-01-2010, 06:45 PM
Python အကြောင်းကို သိချင်တယ် ဆိုရင်တော့ သူရဲ့ မူရင်းဆိုဒ်ဖြစ်တဲ့
http://www.python.org/ ဒီနေရာမှာ သွားလေ့လာလို့ ရပါတယ်..။

stam
17-05-2010, 10:35 PM
Python i one of the programming language that is well use in hacking which is best used in Linux environment, most use for Apache & MySQL attacks.
It is most similar to Perl but also to Ruby. In most countries it is one of the well know and used program beside C#. If you want to became hacker learn that.
Also do assembly which will helps alot and try to write shell, Coz.. Linux can hack Window Platform. If you master Linux Platform you can hack any Window base PCs.
Best of all, you can google it and learn it.. want to know more.. I would be willing to help u with tips.:cool:

Cheers,:tongue:
St@M

stam
17-05-2010, 10:39 PM
to run Win 7 try to download the latest release and set the property to run as window XP, if not try to run in VMware installed under Win Xp or Linux.
I suppose you will already know what VMware is; if not google it.. :)



Cheers,:tongue:
St@M

myatthawpan
23-07-2010, 03:32 PM
သိပ်ကို ကျေးဇူးတင်ပါတယ်
Python ဆိုတာ ဘယ်လိုမျိုးလဲ သိချင်နေတာ ကြာပါပြီ