View Full Version : ဖျက်မိတဲ့ ဖိုင်လေးပြန်လိုချင်
exiter
17-03-2009, 12:31 PM
ကျွန်တော်ဗျာ ... .exe ဖိုင်တစ်ခုကိုဖျက်မိတယ်ဗျာ ... အခုအဲဒါလေးကိုပြန်လိုချင်လို့ recovery လုပ်တဲ့ software တွေလည်းအစုံသုံးပြီးပြီ တစ်ခြား extension တွေပဲပြန်ရတယ် ... .exe ဖိုင်ကိုပြန်မရဘူးဖြစ်နေတယ်... ကူကြပါဦးဗျာ .. ဘာ software သုံးရင်ကောင်းမလဲလို့ ... :77::77::77:
yeman
17-03-2009, 01:04 PM
system restore ပြန်လုပ်ကြည့်လိုက်ပါ....
MrDBA
17-03-2009, 01:13 PM
ကျွန်တော်ဗျာ ... .exe ဖိုင်တစ်ခုကိုဖျက်မိတယ်ဗျာ ... အခုအဲဒါလေးကိုပြန်လိုချင်လို့ recovery လုပ်တဲ့ software တွေလည်းအစုံသုံးပြီးပြီ တစ်ခြား extension တွေပဲပြန်ရတယ် ... .exe ဖိုင်ကိုပြန်မရဘူးဖြစ်နေတယ်... ကူကြပါဦးဗျာ .. ဘာ software သုံးရင်ကောင်းမလဲလို့ ... :77::77::77:
ဘာ exe file လဲဗျ။ တနည်းမဟန် တစ်နည်းကြံလို့ရအောင်။ ဥပမာ ဝင်းဒိုးထဲကဖိုင်ဖျက်မိရင် တခြားစက်ထဲကပြန်ကူးလို့ရသလိုပေါ့။ အဲဒီလို တခြား နေရာကပြန်ကူးတဲ့နည်းသုံးဗျာ။
K နိုင်
17-03-2009, 01:45 PM
ကျနော်ကတော့ ဒါလေးသုံးပါတယ်။ Directory ပြန်ဆောက်ပေးတယ်။ ပြန်ရှာရတာ လွယ်တာပေါ့။ စမ်းကြည့်လိုက်လေ ။
Get Data Back NTFS - FAT (http://ifile.it/jxpemzy):D
Tsuna lade
17-03-2009, 01:57 PM
ဒီမှာ top 10 recovery software တွေပါ
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်
http://www.mysteryzillion.org/forums/showthread.php?t=2637&page=2
mgpyone
17-03-2009, 02:14 PM
Piriform က ထုတ်တဲ့ Recuva ကောင်းတယ်ဗျ
http://www.filehippo.com/download_recuva/ နဲ့ စမ်းကြည့်ပါလား..
exiter
17-03-2009, 02:20 PM
Piriform က ထုတ်တဲ့ Recuva ကောင်းတယ်ဗျ
http://www.filehippo.com/download_recuva/ နဲ့ စမ်းကြည့်ပါလား..
အဲဒါကောင်းဘူးစမ်းပြီးပြီ အခု ကို kနိုင်ပေးထားတဲ့ software နဲ့စမ်းနေတယ်...
Moe Zatt Ko
17-03-2009, 05:37 PM
ကျွန်တော်တစ်ခါဖြစ်ဖူးတာက .. ကျွန်တော် က HD ကို Partition ခွဲပြီးသုံးတယ် .. System နဲ့ Data ဆိုပြီးတော့ပေါ့ .. တစ်ခါက ဘယ်လို ဖြစ်လဲဆိုတော့ .. ကျွန်တော်လည်း ခွင့်ရက်ရှည်ယူပြီးသွားတယ် .. ပြန်ရောက်တော့ အဲဒီ Data ထဲမှာ ရှိတဲ့ ဟာတွေကို ဘယ်သူက များ (တမင်ဖြစ်ချင်လဲဖြစ်မယ်.. မတော်တဆဖြစ်ရင်လည်းဖြစ်မယ်) ဖျက်လိုက်လဲတော့ မသိဘူး .. ရောက်တာနဲ့ ဖွင့်ကြည့်တော့ ရင်ဝကို ဆောင့်ကန်သလိုခံစားလိုက်ရတယ် .. အများကြီးသိမ်းထားခဲ့တာ အနှစ်နှစ်အလလက ဟာတွေပေါ့ .. ပြန်တွေ့ တော့ .. ဖိုင် 100 လောက်ဘဲ ကျန်တော့တယ် (ဘယ်လိုမှကို ရှာမတွေတော့ဘူး Storage Capacity ကြီးကိုက free Space လို့ပြနေတာ) .. အဲဒါနဲ့ .. ကွန်ပျူတာကို ခဏပိတ်ထားလိုက်တယ် .. ဘယ်ဟာကို စလုပ်ရင်ကောင်းမလဲပေါ့ .. နောက်တော့ .. စိတ်ကို နည်းနည်းပြန်ငြိမ်အောင်ထားပြီး .. ပြန်ဖွင့်တာပေါ့ ဗျာ .. ပြီးတော့ နာမည်ကျော်တဲ့ recovery tools တွေ ( ဥပမာ .. Ontrack Easy recovery တို့ .. တခြားဟာတွေတောင် မမှတ်မိတော့ဘူး ) .. သူတို့ ရှာပေးတာတွေကတော့ အများကြီးဘဲ .. ဒါပေမဲ့ ..Directory တွေကအများသား နောက်ဆုံး .. အဆင်မပြေဘူး .. ကိုယ် မရှာတတ်တာလည်း ပါချင်ပါမှာပေါ့ .. အဲဒါနဲ့ တစ်ခုပြီးတစ်ခု ဖြုတ်လိုက် .. တပ်လိုက်နဲ့ . သုံးလာ တာ .. ညနေတောင် စောင်းလာတယ် .. နောက်တော့ .. အရင်ကတစ်ခါတစ်ယောက်ပြောဖူးတဲ့ ဟာလေးကို သတိရလိုက်တယ် .. Pandora တဲ့ ခင်ဗျ .. သူုက Wizard နဲ့ တစ်ဆင့်ချင်း ရှာချင်ရင်လည်းရတယ် .. Custom အနေနဲ့ ရွေးလို့လည်းအများကြီးရတယ် .. လွယ်ပါတယ် .. ဥပမာ- Desktop ပေါ်ကဖျက်မိရင် အရင်ဆုံး Drive ကို C:\ လို့ရွေးပေးရမယ် (Windows တင်တဲ့ အပိုင်း ကို ဆိုလိုတာပါ) .. တကယ်လို့ .. တစ်ခြား partition တစ်ခုကဖျက်မိရင် ဥပမာ-D: , E: တို့ စသည့်ဖြင့် တစ်ခုတစ်ခုရွေးပေးလိုက်ရင်ရပါတယ်..Date အလိုက်ရွေးပေးရင်လည်း ရတယ် ..Next သာ လုပ်သွားလိုက် Install လုပ်ပြီး သုံးကြည့်လိုက်ပါ ကျွန်တော်တင်ပေးထားပါတယ် .. .. exe တွေလည်း ပါလောက်တယ်လို့တော့ ထင်တာဘဲ .. မရရင်တော့ .. Norton goback ကြီးနဲ့ချရတော့မယ်နဲ့တူတယ်..
http://img6.imageshack.us/img6/1609/000rub.jpg
ဒီမှာဒေါင်းပါခင်ဗျား .. (http://www.4shared.com/file/80708245/4d2c6472/PandoraRecovery207Setup.html)
yeman
17-03-2009, 06:21 PM
ကျွန်တော်ဗျာ ... .exe ဖိုင်တစ်ခုကိုဖျက်မိတယ်ဗျာ ... အခုအဲဒါလေးကိုပြန်လိုချင်လို့ recovery လုပ်တဲ့ software တွေလည်းအစုံသုံးပြီးပြီ တစ်ခြား extension တွေပဲပြန်ရတယ် ... .exe ဖိုင်ကိုပြန်မရဘူးဖြစ်နေတယ်... ကူကြပါဦးဗျာ .. ဘာ software သုံးရင်ကောင်းမလဲလို့ ...
System restore လုပ်ရင် ပြန်ရတာပဲ မဟုတ်ဘူးလား။ ဥပမာ ဒီနေ့က 17 ရက်နေ့ဆို ၁၆ ရက်နေ့က ဖျက်ထားခဲ့မိတာဆို 15 ရက်နေ့လောက်ကို ပြန်ပြီး System restore ပြန်လုပ်လိုက်ရင် အရင်အတိုင်း ဖျက်မိတဲ့ ဖိုင်တွေ ပြန်ရတာပဲလေ...
ဟုတ်ဘူးလား။
အဲ တစ်ခုတော့ရှိတယ်.. ၁၅ ရက်နေ့ နောက်ပိုင်း လုပ်ခဲ့သမျှတွေကတော့ လစ်ပေါ့...
မဖြစ်ချင်ရင် စောစောစီးစီး တစ်နေရာ ရွှေထားပေါ့...
Bluer@ys
29-04-2009, 08:14 PM
ကျွန်တော်ဗျာ ... .exe ဖိုင်တစ်ခုကိုဖျက်မိတယ်ဗျာ ... အခုအဲဒါလေးကိုပြန်လိုချင်လို့ recovery လုပ်တဲ့ software တွေလည်းအစုံသုံးပြီးပြီ တစ်ခြား extension တွေပဲပြန်ရတယ် ... .exe ဖိုင်ကိုပြန်မရဘူးဖြစ်နေတယ်... ကူကြပါဦးဗျာ .. ဘာ software သုံးရင်ကောင်းမလဲလို့ ... :77::77::77:
ကိုexiter...ကျွန်တော်လည်းshareလိုက်တယ်နော်... ..
http://www.box.net/shared/7n6ajhyjlo
Powered by vBulletin™ Version 4.0.3 Copyright © 2010 vBulletin Solutions, Inc. All rights reserved.