View Full Version : Power Supply အတွက် အကြံဥာဏ်လေးပေးကြပါ..
ZinMoe
23-02-2009, 04:37 AM
ကျွန်တော့် စက်ကို Hardware အသစ်ထည့်ပြီး Vista Ultimate တင်ဖို့ ကြိုးစားနေတာကြာပြီဗျ။Intelနဲ့ AMD ဘယ်ဟာသုံးရင်ကောင်းမလဲဆိုပြီးဒီဖိုရမ်မှာတောင်ပိုစ့် တင်ပြီးအကြံတောင်ခဲ့ပါသေးတယ်။ခုတော့Intel P.Dual Core E5200 (45nm) နဲ့ Asus G31 (P5KPL-AM) motherboard ကိုတွဲမယ်လို့ စဉ်းစားပြီး Motherboard Manual ကို Asus Site ကဒေါင်းပြီးဖတ်လိုက်တော့ PowerSupply မှာပြသနာလာတက်နေတယ်ဗျာ။ ဘုတ်မှာပါတဲ့ Power Connector က 24-pin connector ဖြစ်နေတယ်။ကျွန်တော့် စက်မှာရှိနေတာက ATX 12.v (20 Pin Connector)။ 24-Pin PSU ကိုပါထပ်ဝယ်ရရင် ဘတ်ဂျက်လိုငွေပြတော့မယ်ဂျ။:((ပိုက်ပိုက်ရှိဘူးဂျ:((: ((၀ယ်ဖိုလိုတာက CPU,MB နဲ့  DDR2 800 1G နှစ်ချောင်းပဲလို့ တွေးထားတာ။ PSU နဲ့ ပတ်သက်တာတွေကို google မှာရှာကြည့်တော့ 20 to 24 pin ATX powersupply adapter coverter cable နဲ့ တွဲသုံးလို့ ရတယ်သိရတယ်ဗျာ။ဒါပေမယ့် motherboard manual မှာ "For a fully configured system, we recommend that you use a power supply unit that complies with ATX 12v specification 2.0(or later version) and provides a minimum power of 400 W.Use of a PSU with a higher power output is recommended when configuring a system with more power-consuming devices. The system may become unstable or may not boot up if the power is inadequate. The ATX 12.v Specification 2.0-compliant(400W) PSU has been tested to support the motherboard power requirements." လို့ ရေးထားတယ်ဗျ။ လက်ရှိ ကျွန်တော်သုံးနေတဲ့ PSU က ATX 12v 450w.ဗျာ။အဲဒါကို converter cable နဲ့ တွဲသုံးလိုက်ရင် အခန့် မသင့်လို့ ဘုတ်ဂိန်သွားရင်ကြေကွဲရလိမ့်မယ်ဗျာ။ဒါကြောင့်မို့ မတွဲခင်အရင် MZ မှ Bro; Sist; များ၊ Converter Cable ကို အသုံးပြု့ ဘူးသူများကူညီပြီးပြောပြကြပါဗျို....:):)
Moe Zatt Ko
23-02-2009, 10:16 AM
မိတ်ဆွေကလည်း .. ၀ယ်မယ်လို့စဉ်းစားလိုက်ရုံဘဲရှိသေးတော့ .. သိပ်ပြသနာမရှိသေးဘူးပေါ့ .. Power Supply ဆိုတာက .. Computer တစ်လုံးရဲ့ ပင်မလုပ်ဆောင်နိုင်အောင် ကျားကန်ပေးတဲ့ နေရာဆိုတော့ လျှော့ပြီးတော့ မစဉ်းစားသင့်ပါ ..နောက်ပြီး .. ဘုတ်အသစ်နဲ့ Power Supply အဟောင်းနဲ့တွဲပြီး မသုံးရင်(သုံးလို့တော့ ရပါတယ်) ပိုကောင်းပါတယ် .. ဘာဖြစ်လို့လဲဆိုတော့ Power Supply ဆိုတာ အသစ်ဆိုရင်တော့ Voltage က အမှန်ထွက်ပေမဲ့လည်း .. နည်းနည်းဟောင်းလာလို့ရှိရင် (သုံးလာတာကြာလာရင်).. Voltage ထွက်တာတွေဟာ မမှန်လို့ အဓိ က ထိခိုက်နိုင်တာက တော့ မားသားဘုတ်ပါ .. ပြီးရင် တစ်ခြားဟာတွေကိုလည်း ထိခိုက်လာနိုင်ပါတယ် .. Power Supply မနိုင်တာကို Adpater တွေခံပြီး သုံးလို့ရှိရင် .. သုံးလို့ တော့ ရတာမှန်ပေမဲ့ ရေရှည်သုံးလာရင် နောက်ထပ် Voltage တွေ အမှန်မထွက်နိုင်တဲ့အခါ ကျရင် ခံရမှာပါ .. PSU ကို လျှော့မတွက်ဘဲ ခပ်မြင့်မြင့်ဝယ်တာက ပြသနာသိပ်မရှိလှပါဘူး .. ဘာဖြစ်လို့လဲ ဆိုတော့ နောက်ထပ် .. Upgrade လုပ်တဲ့အခါကျရင် နောက်ပိုင်းထွက်မဲ့ ပစ္စည်းတွေက ပါဝါ ပို စား လာမှာကိုလည်း ထည့်တွက်သင့်ပါတယ် .. တစ်ကယ်လို့ မိတ်ဆွေက PC တစ်လုံးစာလောက်ကို ကျတော့ အရမ်းမြင့်တာတွေသုံးချင်ပြီး ဒီတကယ့် နေရာကိုမှ PSU အဟောင်းနဲ့တွဲပြီးသုံးချင်တယ် ဆိုတာ စဉ်းစားစရာပါဘဲ .. Power Supply ကို လျှော့မယ်လို့စဉ်းစားတာကို မှားတယ်လို့လည်း ပြောခြင်းမဟုတ်ပါ .. ဖြစ်နိုင်ရင် တစ်ခြား .. CPU Speed နည်းနည်းလျှော့တာလောက် .. ဒါပေမဲ့ RAM ဆိုရင် Dual Channel ရမှာလား .. DDR2 667 (ဆိုမရဘူးလား) .. အရင်ရှိပြီးသား CPU , MB , RAM ကိုရောဘာများ လုပ်မှာလဲ ..(ဒီအတိုင်းဘဲထားမှာဘဲလား) .. ဒီ PSU ကို လာပြီး ရစ်နေလို့မေးကြည့်ရတာပါ စိတ်မဆိုးပါနဲ့ .. PSU ဒုက္ခပေးတာက အရမ်းကြောက်ဖို့ကောင်းပါတယ် .. တစ်ခါတည်း မနိုင်လို့ မတက်တာက ပြသနာ မဟုတ်သေးဘူး .. တက်တော့ တက်နေတယ် နောက်မှ တဖြည်းဖြည်း ဖြစ်လာတာတွေက ပိုကြောက်ဖို့ကောင်းတယ် ..အကြမ်းဖျင်းကျွန်တော် ပြောပြမယ် PSU က ပါဝါတွေကို Computer က ဘယ် လောက်ယူလဲဆိုတော့ ..
CPU - Pen D နဲ့အထက် 80-150 Watt အတွင်း
HD (IDE or SATA ) 30-40 Watt အတွင်း .. (တစ်လုံးစာနော်)
MB chipsets and All Controller(included) ..110- 200 Watt (အတွင်း)
(Keyboard , Mouse , Fan , USB , Sound , PSU , Floppy , other chipsets & controller etc ..) (မော်နီတာကတော့ .. ကိုယ့်ဟာနဲ့ကိုပေါ့)
RAM (အမျိုးအစားလိုက် ပါဝါစားသုံးမှုနှုန်း မတူညီ) .. ပျဉ်းမျှ (20 Watt အတွင်း)
VGA Card(စိုက်ထားရင်.. အမျိုးအစားအလိုက်) 80- 110 Watt (တစ်ကဒ်စာ)
Optical Drive( DVD writer) 40 Watt (အတွင်း ) တစ်လုံးစာ
နောက်ပြီး အပို အနေ နဲ့ PSU ရဲ့ power ဟာ 30% လောက်အပိုရှိနေရပါဦးမယ်.. အဲဒီလောက် မှ ပါဝါလုံလုံလောက်လောက်နဲ့ လုပ်နိုင်ပါလိမ့်မယ် ..
ဒါတွေက .. Standard အနေနဲ့ပြောတာပါ .. သုံးတဲ့ပစ္စည်းအပေါ်မှာ မူတယ်ပြီး ပိုတာ။လျှော့တာ တော့ ရှိမှာပါ .. တွက်ကြည့်လိုက်ပါဦး ..
အကောင်းဆုံးကတော့ .. အားလုံးနဲ့ Compatible ဖြစ်တဲ့ ဟာဆိုရင် အကောင်းဆုံးပါဘဲ ဆိုင်တွေကလည်း မညံ့ပါဘူး .. သူတို့ကပိုတောင်သိသေး .. မ၀ယ်ခင် ဆိုင်တွေကို သွားပြီးလေ့လာ ကြည့်လိုက်ပါဦး..
အမှားပါရင်လည်း ခွင့်လွတ်ပေးပါ .. စေတနာအမှားဘဲဖြစ်မှာပါ
ZinMoe
23-02-2009, 10:19 PM
ကျေးဇူးပဲ..ကိုမိုးဇက်ကို..ကျွန်တော်က ခုဝယ်တော့မှာ မိုလို့ လိုအပ်မယ့်ဗဟုသုတကိုစုဆောင်းတာပါ။PSU အသစ်တလုံပဲထပ်ဝယ်လိုက်ပါတော့မယ်။DDR2 800 ကိုသုံးမယ်ဆိုတာကလည်း 667 နဲ 800 ကဈေးသိပ်မကွာလို့ ပါ။PSU ATX 12v 450w(24-PIN)အသစ်တလုံးကအနိမ့်ဆုံးRM.100.ဆိုတော့ဘတ်
ဂျက်လေးများလျော့သုံးလို့ ရမလားလို့ ....:D:D
Powered by vBulletin™ Version 4.0.3 Copyright © 2010 vBulletin Solutions, Inc. All rights reserved.