View Full Version : MatLab
adore
19-02-2009, 04:03 PM
MatLab အကြောင်းလေးသိချင်လို့ပါC++ နဲ့နီးစပ်တယ်ပြောလို့ဒီမှာဝင်ရေးခဲ့တာပါcalcula tion ပိုင်းနဲ့ပတ်သက်ပြီးသုံးပုံလေးတွေသိရင်ပြောပြပါ နော်
kotharthar
19-02-2009, 04:49 PM
MatLab ကို အသုံးပြုပုံတွေက ကိုယ့်ရဲ့ လုပ်ငန်းပေါ်မှာ ပိုမူတည်လိမ့်မယ်။
Signal Processing တွေ၊ Data (Text) Processing တွေ
Electronic Engineering, Bio Informatic တွေ စသည်ဖြင့် အသုံးပြုပုံပေါ်မူတည်ပါတယ်။
MatLab နဲ့ ဘာလုပ်မယ် စိတ်ကူးလဲ။
Ye Htet
19-02-2009, 09:12 PM
MatLab အကြောင်းလေးသိချင်လို့ပါC++ နဲ့နီးစပ်တယ်ပြောလို့ဒီမှာဝင်ရေးခဲ့တာပါcalcula tion ပိုင်းနဲ့ပတ်သက်ပြီးသုံးပုံလေးတွေသိရင်ပြောပြပါ နော်
MatLab ကို Numerical Analysis ဖက်မှာဆိုရင် ပုံဆွဲဖို့သုံးတယ်ဗျ။ Data ထည့်ပေးပြီး ပုံဆွဲတာလေ။ C++ နဲ့ ချိတ်ဆက်သုံးလို့ရတယ်လို့ဆိုတယ်ဗျ။ သူနဲ့ဆွဲတဲ့ပုံကို .eps နဲ့တစ်ခါတည်းသိမ်းနိုင်လို့ Latex သုံးတဲ့သူတွေ ပုံထည့်ချင်ရင်အဆင်ပြေတယ်။ နောက်သင်္ချာ နည်းနည်းတွက်လို့ရတယ်ဗျ။ ဥပမာ Matrix Operation တွေ Differentiation တွေ Finite Integral တွက်လို့ရတယ်လို့ဆိုပါတယ်။
လူပျိုကြီး
19-02-2009, 09:22 PM
သုံးပုံသုံးနည်းကတော့ ကိုယ့်ဘာသာကိုယ်ပဲ စာဖတ်မှရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ MatLab တစ်ခုလုံးသုံးတတ်တဲ့လူမရှိဘူး ထင်တယ်နော် ကိုယ်အသုံးတည့်တဲ့အပိုင်းပဲကိုယ်သုံးတတ်တာ။ အပေါ်မှာ ကိုရဲထက်ပြောသလိုပဲ သူကသင်္ချာသမားဆိုတော့ Numerical Calculation ကိုသုံးနေကျမို့ အဲ့ဒါကိုသူပြောတာ။ Signal Processing သမားကိုသွားမေးရင် သူသိတဲ့ Signal Processing ဘယ်လိုလုပ်တယ်ပြောမှာပဲ။ ကျွန်တော့်ကိုမေးရင်တော့ ကျွန်တော်က Image Processing လုပ်တဲ့နေရာမှာသုံးပါတယ်။ အကြံပေးချင်တာကတော့ ကိုယ်ဘာသုံးမှာလဲစဉ်းစား အသုံးတည့်မှသုံးပါ MatLab ကိုစမ်းပြီးသုံးတတ်ချင်တာပဲဆိုရင်တော့ ဘယ်ကစသုံးရမယ်ဆိုတာ အကြံမပေးတတ်ဘူး။
puluque
20-02-2009, 09:50 PM
အဲ ကျတော့တို ကျောင်းတုန်းကတော့ matlab ကို သင်ခဲ့ရတယ်။ ဒါပေမဲ ကျတော်တို့က ပိန်းလွန်းတော့ သိပ်မရလိုက်ပါဘူး။ ဒါနဲ့ matlab စာအုပ်တွေလိုချင်ရင်တော့ ကျတော့တင်ပေးလို့ရပါတယ်။ မြန်မာပြည်ကဆိုရင်တော့ active မှာသွားဝယ်စေချင်တယ်။ ဟို ၁နှစ်ကျော်လောက်ကတော့ စာအုပ် ၂၀လောက်ပါတဲ့ စီဒီကို ဝယ်ဖူးတယ် ။ ဟိုတလောက တော့ matlab စာအုပ် 150 ကျော်စုထားတဲ့ ကြော်ငြာ ဖတ်လိုက်ရပါတယ်။
CODE]ဒါနဲ့MatLab ကို Numerical Analysis ဖက်မှာဆိုရင် ပုံဆွဲဖို့သုံးတယ်ဗျ။ Data ထည့်ပေးပြီး ပုံဆွဲတာလေ။ C++ နဲ့ ချိတ်ဆက်သုံးလို့ရတယ်လို့ဆိုတယ်ဗျ။ သူနဲ့ဆွဲတဲ့ပုံကို .eps နဲ့တစ်ခါတည်းသိမ်းနိုင်လို့ Latex သုံးတဲ့သူတွေ ပုံထည့်ချင်ရင်အဆင်ပြေတယ်။ နောက်သင်္ချာ နည်းနည်းတွက်လို့ရတယ်ဗျ။ ဥပမာ Matrix Operation တွေ Differentiation တွေ Finite Integral တွက်လို့ရတယ်လို့ဆိုပါတယ်။[/CODE]
brother ရေ matlab နဲ့ သချာင်္တွေ အများကြီးတွက်လို့ရပါတယ်ဗျာ။ matlab ဆိုတာကို က mathematical laboratory/matrix lab: ပါ။ သူနဲ့ သင်္ချာတွေ အများကြီးတွက်လို့ရပါတယ်။ နောက် simulation တွေလုပ်လို့ရပါတယ်။....နောက်ပီး နောက်ပီး အများကြီးပါပဲဗျာ..
အမြဲတမ်း သင်ယူနေသော
ပုလုကွေး
kookgyi.blogspot.com
Ye Htet
20-02-2009, 11:31 PM
brother ရေ matlab နဲ့ သချာင်္တွေ အများကြီးတွက်လို့ရပါတယ်ဗျာ။ matlab ဆိုတာကို က mathematical laboratory/matrix lab: ပါ။ သူနဲ့ သင်္ချာတွေ အများကြီးတွက်လို့ရပါတယ်။ နောက် simulation တွေလုပ်လို့ရပါတယ်။....နောက်ပီး နောက်ပီး အများကြီးပါပဲဗျာ..
ကို ပုလုကွေးရေ
အများကြီးတွက်လို့တယ်၊ နည်းနည်းလေးတွက်လို့ရတယ်ဆိုတာ point of view ကွာလို့ထင်ပါတယ်။ ကိုပုလုကွေးအတွက် အများကြီးရတယ်ဆိုပေမယ့် ကျွန်တော့်အတွက်တော့ နည်းနည်းမှ တကယ့်ကိုနည်းနည်းပါ။ ကျွန်တော်က Theoretical လုပ်တာများလို့ပါ။
လူပျိုကြီး
21-02-2009, 08:36 AM
အဲ ကျတော့တို ကျောင်းတုန်းကတော့ matlab ကို သင်ခဲ့ရတယ်။ ဒါပေမဲ ကျတော်တို့က ပိန်းလွန်းတော့ သိပ်မရလိုက်ပါဘူး။ brother ရေ matlab နဲ့ သချာင်္တွေ အများကြီးတွက်လို့ရပါတယ်ဗျာ။ matlab ဆိုတာကို က mathematical laboratory/matrix lab: ပါ။ သူနဲ့ သင်္ချာတွေ အများကြီးတွက်လို့ရပါတယ်။ နောက် simulation တွေလုပ်လို့ရပါတယ်။
ကို ပုလုကွေးရေ
အများကြီးတွက်လို့တယ်၊ နည်းနည်းလေးတွက်လို့ရတယ်ဆိုတာ point of view ကွာလို့ထင်ပါတယ်။ ကိုပုလုကွေးအတွက် အများကြီးရတယ်ဆိုပေမယ့် ကျွန်တော့်အတွက်တော့ နည်းနည်းမှ တကယ့်ကိုနည်းနည်းပါ။ ကျွန်တော်က Theoretical လုပ်တာများလို့ပါ။
ဒါကြောင့် ကျွန်တော်ပြောပါတယ် တစ်ယောက်တစ်မျိုးသုံးကြတာပါလို့။ သုံးပုံသုံးနည်းချင်းမတူဘူးလို့။ ကိုပုလုကွေးကတော့ ကျောင်းမှာသင်တယ်ဆိုတာ့ Engineering ဘက်တစ်ခုခုကဖြစ်မယ်။ Engineering ဆိုတာ Apply Science တစ်ခုဆိုတော့ တွက်တာသာ များချင်များမယ် အဖြေကတော့ ကိန်းဂဏန်းလိုမျိုး အတိအကျတော့ ထွက်ရမယ်ဗျ။ MatLab ကအများကြီးတွက်လို့ရတယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမယ့် အဖြေအတိအကျထွက်မယ့် ကိစ္စတွေပဲတွက်လို့ရတယ်လေ။
ကိုရဲထက်တို့ကတော့ Pure Mathematics ဘက်ကဆိုတော့ MatLab ကို Supporting အနေနဲ့ပဲသုံးရမှာပေါ့။ MatLab ကတွက်ပဲတွက်ပေးနိုင်တာလေ Solve လုပ်မပေးနိုင်ဘူး Proof လုပ်မပေးနိုင်ဘူး။ ဒီတော့သူ့အတွက်တော့ ပုံဆွဲတာနဲ့ ကိန်းအတိအကျလိုချင်တဲ့တွက်တာမျိုးကလွဲရင် ဘာမှပိုပြီး အသုံးမကျဘူး။ အပေါ်မှာလည်း သူပြောပါတယ် Equation တွေကို Graph ဆွဲတာတို့ Integration လုပ်တာတို့ပါ။ Integration တောင်သူပြောထားတယ် Finite လို့။ Finite မဟုတ်လို့ကတော့ ဘယ်ကွန်ပျူတာမှာမှ တွက်လို့မရဘူး လက်နဲ့ပဲတွက်ရတယ်။
လာပါလိမ့်ဦးမယ် နောက်တစ်ယောက်က တွေ့ရင် ကျွန်တော်ကတော့နောက် တစ်မျိုးသုံးတယ်ဆိုပြီးတော့။ တစ်ယောက်တစ်မျိုးသုံးတဲ့ MatLab ဗျ တော်တော်လေး ဇာတ်လမ်းရှုပ်တယ်။:D
adore
02-03-2009, 07:10 PM
MatLab ကို အသုံးပြုပုံတွေက ကိုယ့်ရဲ့ လုပ်ငန်းပေါ်မှာ ပိုမူတည်လိမ့်မယ်။
Signal Processing တွေ၊ Data (Text) Processing တွေ
Electronic Engineering, Bio Informatic တွေ စသည်ဖြင့် အသုံးပြုပုံပေါ်မူတည်ပါတယ်။
MatLab နဲ့ ဘာလုပ်မယ် စိတ်ကူးလဲ။
signal processing နဲ့လုပ်မှာအစ်ကို ..noise ကို mask လုပ်မှာ.. နည်းနည်းအကြံဥာဏ်လေးပေးကြပါနော်
istein
03-03-2009, 08:48 AM
မြန်မာဘာသာပြန်စာအုပ်တော့ရှိတယ်
စာရေးသူ - ဦးအောင်မြင့်
စာအုပ်အမည် - MatLab 2006
အပိုင်း (1)
http://www.mediafire.com/?gteu8ctujzs
အပိုင်း (2)
http://www.mediafire.com/?1iuwdyjprwbအပိုင်း (3)
http://www.mediafire.com/?dpimlyji2mqအပိုင်း (4)
http://www.mediafire.com/?6y55nuk6ssvအပိုင်း (5)
http://www.mediafire.com/?rhc9buyivvsအပိုင်း (6)
http://www.mediafire.com/?bk7gjbcw2bp
အပိုင်း (7)
http://www.mediafire.com/?e30rnoc0gd6အပိုင်းအားလုံး ဒေါင်းလုတ်ပြီးမှ ဖွင့်လို့ရပါမယ်။
Source:
http://mmtech.isgreat.org/
ဒါက Mediafire ကိုဆွဲလို့မရရင်သုံးဖို့ ကို Exiter ရှာပေးထားတဲ့ RS leech site
http://www.mydlzone.com/good/1.html#
ဘယ်ဟာမှ အဆင်မပြေရင်တော့ ဒီပို့တာ delete လိုက်ပေတော့
antminnyo
05-03-2009, 03:04 AM
ကိုသာသာရေ.. အစ်ကို DSP မှာ matlab သုံးပြီးရေးထားတဲ့စာအုပ်လေးများရှိရင် ဝေမျှပါဦး..။
ကျွန်တော်လည်း လေ့လာနေတဲ့သူတစ်ယောက်မို့ပါ။ ကို adnore ကလိုအပ်ချက်ကိုနည်းနည်းလေး
အသေးစိတ်ပြီးပြောပေးပါလား။ ကူနိုင်တဲ့သူရှိရင်ကူပြောလို့ရအောင်။ matlab မှာ Program ရေးဖို့အရမ်း
ခက်ခဲနေရင် LabView၊ ဒါမှမဟုတ် system view ကိုသုံးကြည့်ဖို့အကြံပေးပါတယ်။
adore
08-03-2009, 09:13 PM
အဲဒါကရောဘာလဲဟင်
လူပျိုကြီး
08-03-2009, 09:38 PM
အဲဒါကရောဘာလဲဟင်
ရှင်းလိုက်တဲ့မေးခွန်းကွယ် ဘယ်ဟာက အဲဒါလဲဟင် အရမ်းခက်တဲ့မေးခွန်းဆိုတော့ ဘာပြောရမှန်းကိုမသိပါဘူး :d
adore
19-03-2009, 06:47 PM
matlab မှာ Program ရေးဖို့အရမ်း
ခက်ခဲနေရင် LabView၊ ဒါမှမဟုတ် system view ကိုသုံးကြည့်ဖို့အကြံပေးပါတယ်။
အဲဒါကိုမေးတာပါ။ပြီးတော့လေ Matlab မှာ .wav ဖတ်လို့မရဘူးဖြစ်နေတယ်..sampling frequency ဘယ်လိုတိုင်းရမှာလဲဟင်
44.1 kHz ကပုံမှန် freq: လား...? 16 kHz ဖြစ်အောင်လုပ်ချင်တယ် ကူညီပါနော်
antminnyo
21-03-2009, 02:14 PM
ကို Adnore ရေ..
အစ်ကိုက signal processing လုပ်နေတယ်ထင်လို့..။ system view ၊ Labview ဆိုတာ
signal processing အတွက်အသုံးတည့်တဲ့ engineering ဆော့ဖ်ဝဲတွေပါဗျ။ ဒါပေမယ့် သိတဲ့ အတိုင်းပဲ.. အဲဒီကောင်တွေက usage ကလွယ်တယ်၊ ဒါပေမယ့် စာမတတ်ရင်မသုံးတတ်တော့ဘူး။
sampling freq ဆိုတာက ပုံမှန်လား၊ ပုံမမှန်လား system ပေါ်မှာကြည့်ပြီးပြောရမှာဗျ။ အစ်ကိုက modulation လုပ်နေတာလား။ parameter တွေကိုကိုက်အောင်လိုက်ချိန်ကြည့်ပါ။ ကျွန်တော်သိ
သလောက်တော့ sampling freq ကိုချချင်ရင် signal freq ကိုချရမယ်ဗျ။ ဘာလို့လဲဆိုတော့
sampling freq က signal freq ရဲ့ 10 ဆအနည်းဆုံးရှိရမယ်ဗျ။
adore
06-04-2009, 08:06 PM
post ပြန်ရေးပြီးတိုင်း ကော်နက်ရှင်ပြန်ကျသွားလို့ ခုမှစာပြန်ဖြစ်တာ တောင်းပန်ပါတယ်
အဒိုးလုပ်ချင်တာက .wav ကိုဖတ်လိုက်မယ် ပြီးရင် အဲဒီ .wav ကို freq: ပြန်ပြင်မယ် 16 kHz ဖြစ်အောင်လုပ်မယ်
320 Hz စီပိုင်းပြီး sorting စီချင်တယ် အဓိက က wave ကို noise စစ်ချင်တာ
thureinminn
07-04-2009, 01:23 PM
MatLab အကြောင်းလေးသိချင်လို့ပါC++ နဲ့နီးစပ်တယ်ပြောလို့ဒီမှာဝင်ရေးခဲ့တာပါcalcula tion ပိုင်းနဲ့ပတ်သက်ပြီးသုံးပုံလေးတွေသိရင်ပြောပြပါ နော်
ကဲ.... အဒိုးရေ....ရှေးလွန်ပညာရှင်တွေ ဖြေသွားတဲ့အတိုင်း လေ့လာပါနော်။ မသိတဲ့သူကို လာပြီးခေါင်းမစားနဲ့တော့ ဟုတ်ပီလား ပိစိကွေး။ :103::103::103::103::103::103::103::103:
:77::77: Nothing is Everything. (http://www.kothurein.co.cc):77::77:
adore
07-04-2009, 08:52 PM
ခင်ဗျားကြီးပြောမှပဲသိတော့တယ် တူတူ ရယ်..
ကိုယ့်ဘာသာလေ့လာတုန်း ကွိုင်တတ်လို့ပေါ့
ဘော်ဒါချင်း အားပေးမယ်မရှိဘူး :sad
antminnyo
08-04-2009, 03:54 AM
" အဒိုးလုပ်ချင်တာက .wav ကိုဖတ်လိုက်မယ် ပြီးရင် အဲဒီ .wav ကို freq: ပြန်ပြင်မယ် 16 kHz ဖြစ်အောင်လုပ်မယ် ။ 320 Hz စီပိုင်းပြီး sorting စီချင်တယ် အဓိက က wave ကို
noise စစ်ချင်တာ "
ကျွန်တော် ၀င်ကူကြည့်မယ်ဗျာ..။
http://www.freeimagehosting.net/uploads/cc5a07e6b6.gif
ဒါက LabView ပေါ်မှာတင်ပြီးစမ်းကြည့်ထားတာပါ။ .wav ဆိုတာ any wave ကိုပြောတာထင်ပါတယ်။ ကျွန်တော် sine wave သွင်းလိုက်တယ်။ Uniform white noise သုံးလိုက်ပါတယ်။ freq ကို 16 kHz ထားပေးလိုက်တယ်။ ဒီအတွက် samping freq က အနည်းဆုံး 32kHz ဖြစ်သွားတယ်။ ပြီးတော့မှ low pass filter ထဲသွင်းပြီး noise ကိုစစ်လိုက် ပါတယ်။ cutoff freq: ကို 100Hz ထားထားပါတယ်။ ရလာတာကတော့ အခုလိုပုံပျက်ပန်းပျက်ကြီးပါပဲ။ ကျွန်တော်နားမလည်တာက 320 Hz စီပိုင်းပြီး sorting စီချင်တယ်ဆိုတာဘာကိုပြောချင်တာလဲ။ ဘာအတွက်လဲ။ ဒီထက်ပိုပြီးရှင်းအောင်ပြောပါဦး။ သဘောတရားမှန်ရင်တော့ ဘာဆော့ဖ်ဝဲနဲ့ပဲတွက်တွက် အဖြေတူရမှာပါ။
adore
08-04-2009, 07:33 PM
sorting ပြန်စီတာက fft ရဲ့ တန်ဖိုးတွေကိုစီတာပါ... .wav ကို window ဖေါက်ပြီး ရလာတာတွေကိုပြန်စီတာပါ..
တန်ဖိုးပေါ်မူတည်ပြီး masking လုပ်ချချင်တာ
အခု အဒိုးဖြစ်နေတာက အိမ်မှာ အသံသွင်းလိုက်တာ .wma နဲ့ပဲသိမ်းပေးတယ် .wav ကိုမရဘူးဖြစ်နေတယ်
white noise ကိုဘယ်လိုထည့်လိုက်လဲဟင်
နည်းနည်းလေးပြန်လင်းပါဦး 16 kHz ပြောင်းတာနဲ့ 32kHz ဖြစ်သွားရောလား
အဒိုးကပြန်ရှင်းပြဖို့တာဝန်ယူထားလို့ MatLab မှဖြစ်မယ်ဆိုပဲ
(အဒိုးကိုကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်)
antminnyo
08-04-2009, 08:24 PM
လမ်းကြောင်းလွဲသွားပြီထင်တယ်။ အဒိုးက ဘာ project လုပ်နေတာလဲမသိ။ Fast Fourier transform ပြောင်းမယ်ဆိုတော့ ကျွန်တော်တို့က frequency domain မှာကြည့်ရမှာပေါ့။
ကျွန်တော်ပြထားတဲ့ပုံက time domain ကြီးဖြစ်နေတယ်။ နောက်ပြီး(.wav ကို window ဖေါက်ပြီး ရလာတာတွေကိုပြန်စီတာပါ.. တန်ဖိုးပေါ်မူတည်ပြီး masking လုပ်ချချင်တာ) ဒါကိုကျွန်တော်နားမလည်ဘူးဗျ။ လမ်းကြောင်းမတူဘူးထင်တယ်။ ဒါမှမဟုတ် ကျွန်တော်မသိတာ ဖြစ်လိမ့်မယ်။ကျွန်တော် Labview ပေါ်တင်နေတာက အဖြေကိုခန့်မှန်းလို့ရအောင်လို့ပါ။ ပြီးမှ matlab program ကိုရေးကြည့်ဖို့ပါပဲ။ Labview ပေါ်မှာ Noise အမျိုးမျိုးပါပါတယ်။ ကျွန်တော်က အလွယ်ပဲ white noise ကိုယူသုံးလိုက်တာ။ ဒါပေမယ့် standard deviation တွေဘာတွေတော့ အဒိုးပြောမထားလို့ ကျွန်တော်မသိဘူးပေါ့။ 16 kHz ပြောင်းတာနဲ့ 32kHz ဖြစ်သွားရောလားဆိုတာက Labview ရဲ့တောင်းဆိုချက်ပါ။ တကယ်က ကျွန်တော်တို့တွက်တဲ့အခါ sampling freq ကို signal freq ရဲ့ 10 ဆထားလေ့ရှိပါတယ်။ optimal value ကတော့ graph ကိုကြည့်ပြီးလိုက်ချိန်တာပေါ့။ ဆိုတော့ ဖြစ်နိုင်ရင် အဒိုးလိုတဲ့အပိုင်းရဲ့ matlab source code ကိုတင်ပေးဗျာ။ ကျွန်တော်မသိရင်တောင် သိတဲ့လူတွေဝင်ကူနိုင်မှာပါ။
laylay
09-04-2009, 08:12 AM
http://www.mysteryzillion.org/forums/picture.php?albumid=135&pictureid=647
ဒီပုံမှာက X ၀င်ရိုး မှာ time ဖြစ်ပါတယ်။ အဲဒီကနေ frequency domain ကိုပြောင်းချင်လို့ပါ။ (X ၀င်ရိုးမှာ frequency နဲ့ ရချင်တာပါ။)matlab နဲ့ပြောင်းလို့ရမလားလို့။ သိသူများရှိရင် ကူညီကြပါ။ ကျေးဇူးအထူးတင်ပါသည်။
မေးထားတာ ရှင်းတယ်ထင်တာပဲ။ :112::112:
antminnyo
09-04-2009, 11:00 PM
မေးထားတာ ရှင်းပါတယ်။ X ၀န်ရိုးမှာ time domain ကနေ frequency domain ပြောင်းလို့လည်း ရပါတယ်။ Fast Fourier transform ပြောင်းဖို့ပဲလိုပါတယ်။ ကျွန်တော် matlab help file က program လေးကူးပြီးတင်ပေးလိုက်ပါတယ်။ freq:တန်ဖိုးနဲ့ sampling freq: တန်ဖိုးတွေ ပြောင်း ပေးလိုက်တဲ့အခါ အစ်ကိုကြည့်ချင်တဲ့ Labview ပေါ်ကပုံကို matlab မှာ frequency domain နဲ့အခုလို မြင်ရမှာပါ။
http://www.freeimagehosting.net/uploads/3d9382a5dd.gif
ပုံမှာ 16 kHz မှာ amplitude တန်ဖိုး 1 ပမာဏရှိတဲ့ ကျွန်တော်တို့သွင်းလိုက်တဲ့ sine wave ကိုမြင်ရမှာပါ။ Noise ကိုတော့ Labview မှာလို Uniform white noise မဟုတ်ပဲ zero-mean random noise (Normal distribution ) ကိုသုံးထားပါတယ်။
y= y = x + 2*randn(size(t)) မှာ x က signal ဖြစ်ပြီး နောက်က Noise ဖြစ်ပါတယ်။ ဒီလောက်ဆို ရလောက်ပြီထင်တယ်။ ကျန်တာကတော့ အစ်ကို နားလည်မှာပါ။
clc
Fs = 1000000; % Sampling frequency
T = 1/Fs; % Sample time
L = 100000; % Length of signal
t = (0:L-1)*T; % Time vector
x = sin(2*pi*16000*t);
y = x + 2*randn(size(t)); % Sinusoids plus noise
figure(1)
subplot(2,1,1)
plot(Fs*t(1:500),y(1:500))
title('Signal Corrupted with Zero-Mean Random Noise')
xlabel('time (milliseconds)');
NFFT = 2^nextpow2(L); % Next power of 2 from length of y
Y = fft(y,NFFT)/L;
f = Fs/2*linspace(0,1,NFFT/2);
subplot(2,1,2)
%single-sided amplitude spectrum.
plot(f,2*abs(Y(1:NFFT/2)))
title('Single-Sided Amplitude Spectrum of y(t)')
xlabel('Frequency (Hz)')
ylabel('|Y(f)|')
grid on
antminnyo
11-04-2009, 03:39 PM
သြော်.. ကိုလေးလေးမဟုတ်ဘဲ မလေးလေးကိုး..။ ဆောရီး..။:d
kyawmin
11-04-2009, 06:28 PM
ဝင်လျှာရှည်လိုက်အုံးမယ် .......:P:D .............သူငယ်ချင်းရေ...........မင်း program မှာကျ subplot(2,1,1) ပါပြီး ပုံမှာကျ subplot(2,1,2) ပဲပါတယ် ။ သူငယ်ချင်းက တမင်ချန်ခဲ့တာဖြစ်ပါလိမ့်မယ် ၊ ဒါပေမဲ့ subplot (၂) ခုလုံးကိုယှဉ်ပြီးပြပေးလိုက်ရင်မကောင်းဘူးလား ။ အဲဒါဆို ပိုပြီးမြင်သာမှာပေါ့ ၊ အခုသူ
ငယ်ချင်းက code ကိုချပြထားပေးထားတယ် ၊ program ထဲမှာလည်း subplot(2,1,1) ကို ထုတ်ပေးထားတယ်။ ပုံကိုတင်ပေးတော့ subplot တစ်ခုတည်းတင်ပေးထားတယ် ။ အဲလိုမလုပ်နဲ့လေ ။
:D ။ ခွဲခြားခွဲခြားမလုပ်ရဘူးနော်........:68:...... .
antminnyo
11-04-2009, 06:46 PM
အကြံပေးလို့ကျေးဇူးပါကိုကျော်မင်းရေ.. subplot(2,1,1) ကိုကျွန်တော်တမင်ချန်ခဲ့တာပါ။ ပုံက signal နဲ့ noise ပေါင်းထားတဲ့ပုံလေးပါပဲ။ ပြီးတော့ မလေးလေးကလည်း time domain ကနေ freq: domain ပြောင်းတာပဲသိချင်မယ်ထင်လို့ လိုတာလေးပဲတင်ပေးလိုက်တာပါ။
adore
11-04-2009, 08:59 PM
matlab code ကိုမစခင်မှာကို ကွိုင်တက်နေလို့
voice record လုပ်လိုက်တိုင်း .wmv နဲ့ပဲစက်ကသိမ်းပေးနေတယ်
နောက်ပြီး တစ်ခြား .wav ကိုစက်ထဲသွင်းပြီး matlab\documents မှာ save လုပ်လိုက်တယ်
ဒါပေမဲ့ wavread နဲ့ပြန်ဖတ်တော့ not found ဆိုဖြစ်နေတယ်
အဲမှာကွိုင်တက်တာ...
အဲဒါကိုရှင်းပြီးရင်တော့ code ကိုအကြမ်းဖျည်းချလို့ရပြီ..
(ကူညီပါဦး...........)
adore
23-05-2009, 03:49 PM
အဒိုး zero-padding လုပ်တာမရဘူးဖြစ်နေလို့.. နည်းနည်းကူညီပါဦးနော်:77::77::77:
အဒိုးဖြစ်နေတာက
y matrix မှာ 1 column နဲ့ 500 rows ဖြစ်နေတယ် length ကို 160 နဲ့စားလိုက်တော့ မပြတ်ဘူး။ပြတ်အောင်လို့ 0 ထပ်ထည့်ချင်တယ် ထည့်လို့မရဘူးဖြစ်နေတယ်.. instruction လေးေ၇းပေးပါဦးနော်..
ပြီးတော့ y ကို reshape လုပ်မယ် reshape ကတော့ရတယ်..
Hammin window လုပ်တဲ့နေရာမှာကြပ်နေပြန်ရော.. အဲဒါကြီးပြီးရင် fft လုပ်ရမယ်တဲ့ ကယ်ပါဦး
ကူပါဦး...ဂျ:((:((:((:((:((
အဒိုး တင်္နလာနေ့ တင်ရမှာ.............ဟီး
ဒီဆိုက် ကိုဖွင့်တိုင်းမ၀င်နိုင်ဘူးဖြစ်နေလို့ပါ..
antminnyo
23-05-2009, 07:28 PM
အဒိုးရေ... တော်တော်ပွဲပျက်နေလားကွ... zero ပေါင်းထည့်ချင်ရင် ဒီလိုလေးရိုက်လိုက်ပေါ့..
a=[1,2,3,zeros(1,3)]
a =
1 2 3 0 0 0အရမ်းလွယ်နေလား..။ အဲလိုမဟုတ်ဘူးလား..။ zero padding အတွက်အသေးစိတ်ကို အောက်ကလင့်ခ်ကြည့်လိုက်ရင်ရှင်းသွားမှာပါ..။
http://blinkdagger.com/matlab/matlab-fft-and-zero-paddingအဒိုးလုပ်နေတာ signal ကို time domain ကနေ freq domain ပြောင်းပြီး spectrum ကိုကြည့်ချင်တာနေတာလို့ထင်ပါတယ်။ ဒါဆိုရင်တော့ အဲဒီလင့်ဖတ်ပြီးရင် နောက်လုပ်ရမယ့် fft အတွက်ပါလေ့လာပြီးသားဖြစ်သွားပါလိမ့်မယ်..။
adore
25-05-2009, 08:41 PM
ဖတ်ဖြစ်တယ် အစ်ကို
ကျေးဇူးပဲ... ခုနောက်တစ်ကွိုင်ကဒီလို..
ynew=[y,zeros(1,zpad)];
ynew=reshape(ynew,160,336);%336 က wave length ကို 160 နဲ့စားပြီး zero-padding လုပ်ထားတဲ့ length
w=hamming(160);
ဒီမှာတစ်နေတယ်..ဟီး..
hamming နဲ့ ynew နဲ့မြှောက်လို့မ၇ဘူး
hamming က (160x1) နဲ့ရတယ် ynew က (160x336)
အဲနှစ်ခုကို မြှောက်လို့မ၇ဘူး must be scalarဖြစ်ရမယ်တဲ့
ဆရာမက .*နဲ့မြှောက်လို့လမ်းညွှန်ပေမဲ့ မရဘူး ဖြစ်နေတယ် ပြန်ပြောလိုက်ရင် ဒီ project မလုပ်နဲ့လို့ ငြင်းမှာ
antminnyo
26-05-2009, 06:04 AM
အဒိုးရေ..
hamming function က scalar ဖြစ်ရမယ်လို့ ဆိုလိုတာထင်တယ်ကွ..။ syntax က ဒီလိုရှိတယ်..။
w = hamming(L)
w = hamming(L,'sflag')w=hamming(160);
လို့ရေးထားတာဆိုရင် ရပါမယ်..။ point ဘယ်လောက်ထားမှာလည်း 64 ,128 စသဖြင့်ပေါ့။
(160x336)= 160by336 matrix ကိုဆိုလိုတာထင်တယ်။ ဒီလို row/ column vector ဆိုရင်တော့ scalar ဖြစ်အောင်လုပ်ရလိမ့်မယ်..။ ဒီလိုလုပ်ကြည့်ပါလား..။ ynew မှာရှိတဲ့
160*336 ကို .* သုံးပြီးတဲ့မြှောက်လိုက်ပါ.။ point အရေအတွက်ထွက်လာလိမ့်မယ်။ အဲဒါကို
hamming(number of points) ဆိုပြီး သုံးကြည့်ရင်ရော...။ ဆိုလိုတာက number of entry in matrix နဲ့စမ်းကြည့်စေချင်တာပါ..။
PS- pm ပို့မှာဆို pm ပဲပို့ပါအဒိုးရာ..။ ဘယ်မှာရေးရမှန်းမသိလို့..။ :O
adore
26-05-2009, 05:53 PM
ဒီလိုတစ်မျိုးပြောင်းလိုက်ရတယ် အစ်ကိုရဲ့
for i=1:nframe
curf=ynew(i,း); %ynew က 160 ရှိတယ်
wcurf=curf.*w'; % w ကို hamming(160) နဲ့ loop အပြင်မှာအရင်ရှာထားတယ်
fwcurf=fft(wcurf); % fft
ဒီထဲမှာပဲ 160 ကို band 8 ခုပြန်ခွဲမယ်
band တွေကို energy ရှာပြီး တစ်ခါတည်း ရှာမယ် ဒါဆို band 8 ကို (1-by-nframe) 8 ခုရလိမ့်မယ်
အဲဒီ energy and band ကိုရှာတာ တိုင်ပတ်နေတယ်
ရလာတဲ့ energy ကို graph ဆွဲပြီး noise or speech ခွဲမယ် ဘယ်လိုခွဲမလဲတော့ မပြောသေးဘူး
အဒိုးက တစ်ခါမှ program ဆိုတာကိုလှည့်တောင်မကြည့်ဖူးဘူး အခုမှရေးဖူးတာမို့
ကူညီကြပါလို့.. သိသိ သမျှ လူအပေါင်းလဲ မျက်နှာမလွဲ ၀ိုင်းကူပါဦး...
ဆရာမကတော့ပြောပါတယ် ငါ့ဘာသာပဲရေးပြီူး တင်ပေးလိုက်ရမလားတဲ့ ဟီး......
PS pmကိုပို့တာ မရောက်ဘူးတင်လို့ပါ သေချာအောင် နှစ်ခုလုံးပို့ထားတာ ပို့စ်ကိုလဲဝင်ဖတ်ဖြစ်ရဲ့လားမသေချာလို့
ချိတ်မချိုးပါနဲ့
adore
28-07-2009, 04:31 PM
အားလုံးအဆင်ပြေသွားပါပြီ ကိုအံ့မင်းညို အကူညီတွေကိုကျေးဇူးတင်ပါတယ်
အခြားအခြားသောကူညီသူများကိုလဲကျေးဇူးတင်ပါတယ် ရှင့်
antminnyo
29-07-2009, 06:27 PM
စာမေးပွဲတွင်းဖြစ်နေလို့ ဘာမှဆက်ကူမပေးနိုင်ခဲ့တာ ဆောရီးပါအဒိုးရေ..။ စာမေးပွဲပြီးသွားတော့
လည်းအဆက်အသွယ်ပြတ်သွားတယ်လေ...။ ဘာပဲဖြစ်ဖြစ် အခုအားလုံးပြီးသွားပြီဆိုတော့ ကျွန်တော်လည်း ၀မ်းသာပါတယ်။
Powered by vBulletin™ Version 4.0.3 Copyright © 2010 vBulletin Solutions, Inc. All rights reserved.