PDA

View Full Version : Package များလိုလျှင်

saturngod
17-11-2007, 01:58 PM
Ubuntu အသုံးပြုသူတွေဟာ internet မရှိရင် package ပြသနာအတွက် ခေါင်းစားရပါတယ်... :D
လိုအပ်တဲ့ packages တွေကို http://packages.ubuntu.com မှာ download ချနိုင်ပါတယ်... :39:
OS Version ကိုတော့ ရွေးပေးဖို့လိုပါတယ်... :101:

layong
17-11-2007, 02:04 PM
Ubuntu အသုံးပြုသူတွေဟာ internet မရှိရင် package ပြသနာအတွက် ခေါင်းစားရပါတယ်... :D
လိုအပ်တဲ့ packages တွေကို http://packages.ubuntu.com မှာ download ချနိုင်ပါတယ်... :39:
OS Version ကိုတော့ ရွေးပေးဖို့လိုပါတယ်... :101:

Ubuntu ကို သုံးကြည့်ချင်ပါတယ်..
ပါတီရှင်း နှစ်ပိုင်းခွဲးထားတဲ့ ဆီမှာ တင်လို့ရပါသလား..
ပြီးတော့.. ပါတီးရှင်း magic အသုံးပြုပုံလေး ရှင်းပြပေးပါလား

khunmk
17-11-2007, 08:24 PM
Ubuntu ကို install လုပ်တာ နှစ်ဆင့်များလား။ ဟုတ်လား :D
ပထမတစ်ခေါက် ခဏလေးပဲ ရှိသေးတယ် အဲ့ရသွားပြီတဲ့ Start menu bar တို့ဘာတို့နဲ့ပေါ့။ Start တော့ဟုတ်ဘူးပေါ့နော်။ Desktop ပေါ်မှာ Install ဆိုတာနဲ့ Example ဆိုတာတွေ့ရတယ်။ အဲ့ဒါကို ဒီအတိုင်းပဲ သုံးကြည့်တော့ နှေးနေတယ်။ နောက် DVD ကို ပြန်ထုတ်တာလည်း ထုတ်မရဘူးဆိုတော့ အစမ်းများ သုံးခိုင်းတဲ့သဘောလား ? :106: ကြိုက်ရင် ဆက် Install ပေါ့ အဲ့လိုသဘောလား ?

saturngod
18-11-2007, 06:24 PM

အဲဒါ live CD ပါ.... Ubunut ကို install မသွင်းပဲနဲ့ စမ်းကြည့်နိုင်ပါတယ်။ တကယ်လို့ သွင်းချင်ရင်တော့ Install လုပ်ရမှာပါ။ ဒါမှ နောက်ထပ် လိုအပ်တဲ့ package တွေ ကို သွင်းနိုင်မှာပါ။

Ubuntu ကို သွင်းမယ်ဆိုရင် Live ကနေ Install လုပ်ရင်း next နှိပ်သွား၇င် ဘယ် partition မှာသွင်းမလဲဆိုတာကို မေးပါလိမ့်မယ်။ ကိုယ်သွင်းချင်တဲ့ partition ကိုရွေးပါ။ format ချလိုက်ပါ။ နောက်ပြီး mount point ကို \ လို့ထားခဲ့ရပါမယ်။ patition အမျိုးအစားတော့ မေ့နေပြီ :D
NTFS နဲ့ FAT မဟုတ်တာတော့ သေချာတယ်... :71:

thuyaaung
19-11-2007, 06:57 PM
ကိုစေတန်ရေ ...
ကျွန်တော့်စက်ကို အခုဝင်းဒိုးတင်ထားတယ် ..။ အဲဒီဝင်းဒိုးကိုမဖြုတ်ပဲ လင်းနပ်စ် သုံးချင်တယ် .။ubuntu သုံးကြည့်မလို့
procedure လေးပေးပါဦး ..။ အဲပြီးတော့ ဒေါင်းလုလုပ်ထားတယ်ဆိုတာလေးရောနော် ဟီးဟီး ဖလာကြိတ်တယ်မထင်ပါနဲ့
နော် ..။

saturngod
19-11-2007, 08:20 PM
အားရင် Ubuntu ကိုဘယ်လို သွင်းရမလဲဆိုတာကို...
ရေးပေးပါ့မယ်..
အခုတော့ အင်တာနက် ဖောဖောသီသီ မသုံးနိုင်သေးလို့.. :D

Zulu
21-11-2007, 12:09 PM
မင်္ဂလာပါဗျာ
ကျနော်လည်း အူဘန်တူ သုံးဖူးတယ်ဗျ။ အူဘန်တူ ၆ တုန်းကပေါ့။ နောက်ပြီး ဖီဒိုရာလည်း သုံးကြည့်သေးတယ်။ ကျနော့အတွက် သိပ်အဆင်မပြေတော့ အခုတခါမှဆက်မသုံးဖြစ်တော့ဘူး။ ကျနော်က ပြက္ခဒိန်တို့လို၊ စာအုပ်တွေလိုတွေနဲ့ အလုပ်လုပ်နေတာဆိုတော့ ဖိုတိုရှော့တို့၊ ပေ့ခ်ျမိတ်ကာတို့ လိုတယ်လေ။ အူဘန်တူ အိုးပင်းဆို့စ်ဘက်က ဖိုတိုရှော့အတွက် ဂျီယူအမ်ပီဆိုလား ရှိတယ်။ သုံးကြည့်ဖူးတာတော့ မကွာလှပါဘူး။ ဒါပေမယ့် ပေ့ခ်ျမိတ်ကာအတွက်ကတော့ ဘာရှိလို့ ရှိမှန်းမသိ ... ဆိုတော့ကာ မသုံးဖြစ်တော့ဘူးလေ။
ကျနော့်အတွက် တကယ့်ပြသနာကတော့ ကွန်ပြူတာ စဖွင့်ဖွင့်ချင်းမှာ ... ၀င်းဒိုးစ် နဲ့ အူဘန်တူ ၂ခုထဲက ဘယ်သူ့ကိုဖွင့်မှာလဲပေါ့နော်။ အဲဒီမှာ ကျနော်က defalult အနေနဲ့ ၀င်းဒိုးစ်ကို ပေးထားချင်တာ ... ။ မရဘူးဗျာ။ အဲဒါလဲ ဒုက္ခတခုပေါ့လေ။ ဒါပါဘဲ။ အဲဒါကြောင့် အူဘန်တူ/ဖီဒိုရာ ... လင်းနပ်စ်တွေကို ဘိုင့်ဘိုင် လုပ်လိုက်ရတာပါ။ အဲ ... ဒီမှာ မေးချင်တာက စောစောက ကွန်ပြူတာစဖွင့်ဖွင့်ချင်းမှာ default ပြောင်းလို့ ရနိုင်မယ့်နည်းရှိရင် ပြောပြပေးပါဗျာ။
ကျေးဇူးကမ္ဘာ
ဇူးလူး

saturngod
21-11-2007, 07:25 PM
ကွန်ပြူတာစဖွင့်ဖွင့်ချင်းမှာ default ပြောင်းလို့ ရနိုင်မယ့်နည်းရှိရင် ပြောပြပေးပါဗျာ။
ကျေးဇူးကမ္ဘာ
ဇူးလူး
sudo gedit /boot/grub/menu.lst
လို့ရိုက်လိုက်ပါ...
password တောင်းလျှင် ရိုက်ထည့်လိုက်ပါ...
အဲဒီမှာ

အောက်ဘက်မှာ..
title Windows XP
chainloader (hd0,0) +1

ကို အပေါ်ဆုံး ## ## End Default Options ### ကို ရွေ့လိုက်ရင်..
ရပါတယ်..

burmabookworm
26-11-2007, 10:44 PM
ဗျို့  ကိုစေတန်ရေ packageတွေကို ubuntuမှာဘယ်လိုသုံးလဲဗျ။ pythonကို သွင်းဖို့သွားရှာတော့ version အများကြီးတွေ့ရတယ်။ အခုမှစသုံးတော့လုံးဝကို နားမလည်ဘူးဗျ။ သည်းခံပြီး ရှင်းပြပါဦး။:77:

saturngod
26-11-2007, 11:27 PM
ဗျို့  ကိုစေတန်ရေ packageတွေကို ubuntuမှာဘယ်လိုသုံးလဲဗျ။ pythonကို သွင်းဖို့သွားရှာတော့ version အများကြီးတွေ့ရတယ်။ အခုမှစသုံးတော့လုံးဝကို နားမလည်ဘူးဗျ။ သည်းခံပြီး ရှင်းပြပါဦး။:77:
ubuntu က package တစ်ခုကို သွင်းဖို့အတွက် အခြားလိုအပ်တဲ့ Package တွေကိုပါထပ်သွင်းရတယ်..

http://packages.ubuntu.com/gutsy/python/python
မှာဆိုရင် python ကိုသွင်းဖို့..
depends file တွေဖြစ်တဲ့..
python-minimal (http://packages.ubuntu.com/gutsy/python/python-minimal) နဲ့ python2.5 (http://packages.ubuntu.com/gutsy/python/python2.5) လိုပါတယ်..
အဲဒီ နှစ်ခုကို အရင်သွင်းရပါမယ်....

python-minimal သွင်းမယ်ဆိုရင်တော့

http://packages.ubuntu.com/Pics/dep.gif dpkg (http://packages.ubuntu.com/gutsy/base/dpkg) (>= 1.13.20)package maintenance system for Debian
http://packages.ubuntu.com/Pics/dep.gif python2.5-minimal (http://packages.ubuntu.com/gutsy/python/python2.5-minimal) (>= 2.5)A minimal subset of the Python language (version 2.5)လိုပါတယ်... အဲဒါကို သွင်းပြီးမှ သွင်းလို့ရမှာပါ..
အကောင်းဆုံးက DVD အခွေထွက်ရင် ဝယ်လိုက်တာပဲ..
အဲဒီထဲမှာဆို တော်တော်များများပါပြီးသားပါ...

kotharthar
27-11-2007, 04:41 AM
Windows နဲ့ Linux Dual Boot ဟာ ထင်သလောက် မလွယ်ပါဘူး။
ကျွန်တော်သိတဲ့ ပြသနာကတော့ Windows က Master Boot Record မှာ မနေရရင်
Boot လုပ်လို့မရသလို၊ Linux Boot manager ကလည်း Hard-Disk ရဲ့ ပထမဆုံး
sector (နံပါမမှတ်မိတော့ပါ) သတ်မှတ် တဲ့ပမာဏ ထဲမှာရှိရပါမယ်။

အဲဒီတော့ Hard-Disk တစ်လုံးထဲမှာ Dual တင်မယ်ဆိုရင် Windows System partition
က စုစုပေါင်း 8GB လောက်ပဲ allocate လုပ်လို့ရတော့တယ်။ ပြီးမှ တစ်ခြား partition လေးတွေ
ကို Windows ဖတ်နိုင်အောင်လုပ်ပေးပြီး ဖိုင်တွေကို သပ်သပ်သိမ်းရပါတယ်။

Hard-Disk နှစ်လုံးရှိရင်တော့ အဆင်ပြေနိုင်ပါတယ်။
ကျွန်တော်ကတော့ Virtual Machine (VMWare, InnovexVBox) မှာ Linux ကိုတင်ပြီး
လိုအပ်မှ Windows ထဲမှာ ပြန်ဖွင့်ပါတယ်။အလုပ်သဘာဝက Windows နဲ့ ပိုထိတွေ့ရလို့ပါ။

ရှင်းရှင်းလင်းလင်း ရေးထားတဲ့ Tutorial တစ်ခုရှာတွေ့ရင် Link ပေးပါမယ်။
ဖြစ်နိုင်ရင်တော့ တစ်ယောက်ယောက် ဘာသာပြန်နိုင်ရင်ပိုကောင်းတာ့ပေါ့။

saturngod
27-11-2007, 08:04 AM

How To Install Ubuntu (http://www.mysteryzillion.com/forums/showthread.php?t=293)
အဲဒီမှာ ကျွန်တော် သေသေချာချာ ရှင်းရှင်းလင်းလင်းရေးထားပါတယ်..
Dual Boot လုပ်နည်းပေါ့...
Hard Disk တစ်လုံးတည်းကိုပဲ Ubuntu ကို သွင်းတဲ့အချိန်မှ Partition ခွဲလိုက်တာပါ...
လွယ်ပါတယ်..
မြန်လည်းမြန်ပါတယ်...
သေသေချာချာ ပုံတွေကိုကြည့်ပြီး လုပ်သွားရင် ရပါတယ်..

kotharthar
27-11-2007, 09:34 AM
ကျေးဇူးတင်ပါတယ်ဗျာ။ အားမှ ပြန်လုပ်ကြည့်ရဦးမယ်။
ခုလောလောဆယ်တင်ထားတဲ့ ၀င်းဒိုးဆက်တင်တွေကို Drive Image ယူပြီးမှ
လုပ်ကြည့်ဖို့စိတ်ကူးထားတယ်။ ၀င်းဒိုးတင်ပြီး ဆော့ဖ်ဝဲတင် ရတာ အရမ်းပင်ပန်းလို့။

saturngod
27-11-2007, 09:40 AM
ကျေးဇူးတင်ပါတယ်ဗျာ။ အားမှ ပြန်လုပ်ကြည့်ရဦးမယ်။
ခုလောလောဆယ်တင်ထားတဲ့ ၀င်းဒိုးဆက်တင်တွေကို Drive Image ယူပြီးမှ
လုပ်ကြည့်ဖို့စိတ်ကူးထားတယ်။ ၀င်းဒိုးတင်ပြီး ဆော့ဖ်ဝဲတင် ရတာ အရမ်းပင်ပန်းလို့။
သေချာတာပေါ့ဗျာ..
ကျွန်တော်ဆို ပိုတောင်ကြောက်သေး..
Windows Vista ကိုအမြဲ update လုပ်ထားတော့...
Windows ပျောက်ရင်သေပြီပဲ...
အခု Windows ကြီးက အရမ်းတန်ဖိုးကြီးနေပြီ.. :D
Update အပြည့်နဲ့မို့လို့..
Linux ကိုမရဲတရဲ စမ်းပြီးချလိုက်တာ..
နောက်ဆုံးတော့ OK သွားပါတယ်ဗျာ.. \:D/

burmabookworm
27-11-2007, 06:20 PM
Mozilla မှာ မြန်မာဖောင့် ကောင်းကောင်းပြအောင် edit/preferencesမှာသွားပြင်ထားတယ်။ ဒါပေမယ့် မြန်မာဖောင့်သုံးတဲ့ website တွေမှာ စလုံးတစ်လုံးချင်းရဲ့ spacingက အတော် လေးကျဲနေတယ်။ အဲ့တာဘယ်လိုများ ပြင်လို့ရလဲဗျ။ အောက်မှာဘယ်လိုပြင်လဲဆိုတာ ရေးထားတယ် အမှားများရှိလားမသိဘူး :D
edit/preferences/content/fond & color(advanced)/ change to Zawgyi-One and character encoding(Unicode(UTF-8)
နောက်ပြီး keyboard layoutပြောင်းရင် USAက Mmrကိုပဲပြောင်းလို့ရတယ် Mmrက USAကို ပြောင်းချင်ရင် မောက်စ်နဲ့ Click ပေးရတယ်။ ဘယ်လိုပြင်လို့ရသလဲဗျ။:(( Layout Option/Group Shiftကို Ctl+Shift, Third Levelကို Alt ပေးထားတယ်။

burmabookworm
27-11-2007, 06:27 PM
ကျေးဇူးပဲ ကိုစေတန်ရေ သွားစမ်းကြည့်လိုက်ဦးမယ်။ ကျွန်တော် mmgeeksက စာအုပ်တစ်အုပ်ရထားတယ်။ linux နဲ့ပတ်သက်လိုတော်တော်လေးကောင်းမယ်ထင်တယ်။ linkတင်ပေးရမလားမသိဘူး။ download link တော့ရှိတယ် ဒါပေမယ့် downloadလုပ်ရတာ တော်တော် နှေးတယ်။ ကျွန်တော်မှာ mediafire နဲ့ hostလုပ်ထားတာတော့ရှိ တယ်။ permissionကြောင့်လင့်ပေးလို့ရမရမသိဘူး။

saturngod
27-11-2007, 08:40 PM

Layout Option/Group Shift ကို right alt ပေးလိုက်ပါ..
right alt နဲ့ဆို ရပါတယ်..
Third Level ကိုတော့ right win key ပေးလိုက်ပါ...
ပက်ဆင့်တွေရိုက်ချင်ရင် right win key နဲ့တွဲရိုက်ပေါ့..

saturngod
27-11-2007, 08:43 PM
ကျေးဇူးပဲ ကိုစေတန်ရေ သွားစမ်းကြည့်လိုက်ဦးမယ်။ ကျွန်တော် mmgeeksက စာအုပ်တစ်အုပ်ရထားတယ်။ linux နဲ့ပတ်သက်လိုတော်တော်လေးကောင်းမယ်ထင်တယ်။ linkတင်ပေးရမလားမသိဘူး။ download link တော့ရှိတယ် ဒါပေမယ့် downloadလုပ်ရတာ တော်တော် နှေးတယ်။ ကျွန်တော်မှာ mediafire နဲ့ hostလုပ်ထားတာတော့ရှိ တယ်။ permissionကြောင့်လင့်ပေးလို့ရမရမသိဘူး။
www.mmopenlibrary.com မှာတင်လိုက်ပါလား..
လိုချင်တဲ့လူတွေ အကုန်ဖတ်ရတာပေါ့..

K00L
09-01-2008, 03:23 AM
ဟေး..ကိုဘားမားဘွတ်ခ်ဝမ်း.. အဲဒီစာအုပ်တင်ဖြစ်လားဗျ။ ကျွန်တော်လဲ လိုချင်လို့ လုပ်ပါအုံး။

saturngod
09-01-2008, 09:02 PM
ဟေး..ကိုဘားမားဘွတ်ခ်ဝမ်း.. အဲဒီစာအုပ်တင်ဖြစ်လားဗျ။ ကျွန်တော်လဲ လိုချင်လို့ လုပ်ပါအုံး။
www.mmopenlibrary.com မှာ Ubuntu နဲ့ဆိုင်တာတွေ ရှိပါတယ်.. ရှာကြည့်လိုက်ပါဗျာ.. :D

K00L
10-01-2008, 06:33 AM
အမ်..ကိုစေတန်ဂေါ့.. ဘယ်လ လောက်က တင်တာလဲဗျ။ ကျွန်တော် အဲဒီမှာ မွှေပြီး စာအုပ်တော်တော်များများ ဆွဲထားပြီးပြီ.. :d အူဗန်တူ နဲ့ဆိုင်တာကိုမတွေ့မိသလိုဘဲ.. အိပ်ချင်မူးတူးနဲ့ မျက်စိလျှမ်းသွားလို့လားမသိ.. :(

user=CodeName
16-07-2008, 01:54 PM
MZ အစ်ကိုအစ်မ.ဦးလေးဘထွေးများသို့.

ကျတော့်ဆီ ရောက်နေတာတော့ ကြာပြီဗျ. MZ Members များ အသုံးဝင်မယ်လို့တော့ ထင်ပါတယ်. ကျတော်ဖက်နေတာ ကြာပြီ နားလည်သလိုလို နားမလည်သလိုလိုပါဘဲ..ဒါပေမဲ့ ကြိုးစားပြီးဖတ်နေပါတယ်. မသိတာရှိရင် မေးလိုက်မယ်နော်... ဘယ်သူဘာသာပြန်ပေးထားတာတော့ မမှတ်မိတော့ဘူး..အခု လင့်အသစ်နဲ့ တင်ပေးလိုက်ပါတယ်..
စာအုပ်နာမည်က Linux OS (မြန်မာပြန်ထားတာပါ)..
Link = http://www.divshare.com/download/4950863-74c

ရွှင်လန်းချမ်းမြေ့ကြပါစေ..:D

user=CodeName
06-08-2008, 11:09 PM
plugin များ install လုပ်လျှင် အောက်ပါ massage များ ပေါ်နေပြီး error ပြပါသည်။
မည်သည့်နေရာတွင် ပြင်ရပါသနည်း။
W: Failed to fetch http://us.archive.ubuntu.com/ubuntu/pool/main/t/tzdata/tzdata_2008e-0ubuntu0.7.04_all.deb
407 Proxy Authentication Required
W: Failed to fetch http://us.archive.ubuntu.com/ubuntu/pool/universe/g/gtk+1.2/libgtk1.2-common_1.2.10-18.1build2_all.deb
407 Proxy Authentication Required
W: Failed to fetch http://us.archive.ubuntu.com/ubuntu/pool/universe/r/ripoff/libripoff0_0.8.3-0ubuntu2_i386.deb
407 Proxy Authentication Required
W: Failed to fetch http://us.archive.ubuntu.com/ubuntu/pool/multiverse/r/ripoff-mp3-plugin/ripoff-mp3-plugin_1.1-0ubuntu2_i386.deb
407 Proxy Authentication Required
W: Failed to fetch http://us.archive.ubuntu.com/ubuntu/pool/universe/s/supertux/supertux-data_0.3.1d-0ubuntu1_all.deb
407 Proxy Authentication Required
W: Failed to fetch http://us.archive.ubuntu.com/ubuntu/pool/universe/s/supertux/supertux_0.3.1d-0ubuntu1_i386.deb
407 Proxy Authentication Required
W: Failed to fetch http://us.archive.ubuntu.com/ubuntu/pool/universe/t/totem/totem-xine_2.22.1-0ubuntu2_i386.deb
407 Proxy Authentication Required
W: Failed to fetch http://us.archive.ubuntu.com/ubuntu/pool/main/t/totem/totem-common_2.22.1-0ubuntu2_all.deb
407 Proxy Authentication Required
W: Failed to fetch http://dev.zenoss.org/deb/./dists/main/stable/binary-i386/zenoss-stack_2.2.3_i386.deb
407 Proxy Authentication Required

saturngod
06-08-2008, 11:57 PM
sudo apt-get install လုပ်တာလား ...
ဘယ်လို ရိုက်ထည့်လိုက်တာလဲမသိဘူး..
ဖြစ်နိုင်တာက internet connection ကြောင့်ပါ။
System -> Administration -> Software Sources ကနေ Ubuntu download Server ကို Select Best Server နဲ့ ရွေးပြီး ပြန်စမ်းကြည့်ပါ။

everlearner
10-08-2008, 07:57 AM
MZ အစ်ကိုအစ်မ.ဦးလေးဘထွေးများသို့.

ကျတော့်ဆီ ရောက်နေတာတော့ ကြာပြီဗျ. MZ Members များ အသုံးဝင်မယ်လို့တော့ ထင်ပါတယ်. ကျတော်ဖက်နေတာ ကြာပြီ နားလည်သလိုလို နားမလည်သလိုလိုပါဘဲ..ဒါပေမဲ့ ကြိုးစားပြီးဖတ်နေပါတယ်. မသိတာရှိရင် မေးလိုက်မယ်နော်... ဘယ်သူဘာသာပြန်ပေးထားတာတော့ မမှတ်မိတော့ဘူး..အခု လင့်အသစ်နဲ့ တင်ပေးလိုက်ပါတယ်..
စာအုပ်နာမည်က Linux OS (မြန်မာပြန်ထားတာပါ)..
Link = http://www.divshare.com/download/4950863-74c

ရွှင်လန်းချမ်းမြေ့ကြပါစေ..:D

Divshare လင့်ခ်က အလုပ်မလုပ်ဘူးဗျာ
တခြားဆိုဒ် Fileden (http://www.fileden.com) လိုနေရာမျိုးကနေ ပြန်တင်ပေးလို့ ရနိုင်ရင် ပြန်တင်ပေးပါဦးဗျ...
ကျေးဇူးတင်ပါတယ်..