View Full Version : Ubuntu နဲ့ memory ပြသနာ
megalomanicboy
19-12-2008, 04:31 PM
ကျွန်တော် အရင်က Ubuntu ကို 256MB memory ရှိတဲ့စက်မှာ hard disk တစ်လုံးထဲ
Windows တစ်ခြမ်း Ubuntu တစ်ခြမ်းတင်ထားပါတယ်။အဆင်ပြေပါတယ်။
နောက်ပိုင်း hard disk တစ်လုံးထပ်ထည့်ပြီး ubuntu ကို hard disk အသစ်မှာ install လုပ်ပါတယ်။ memory ကိုလည်း 1GB တစ်ခြောင်းထပ်စိုက်လိုက်ပါတယ်။
ပြသနာက 256MB နဲ့ 1GB memory နှစ်ခြောင်းစိုက်ထားရင် Ubuntu မတက်တော့ပါဘူး။
windows ကတော့ အဆင်ပြေတယ်။
ဒီတော့ ubuntu သုံးချင်ရင် 1GB memory ကိုဖြုတ်ပြီးမှသုံးလို့ရပါတယ်။ဖြုတ်လိုက် တပ်လိုက်နဲ့
အလုပ်ရှုပ်တာပေါ့ဗျာ:D
ခုဖြစ်နေတာက 256 MB memory တစ်ခုတည်းနဲ့သာ Ubuntu တက်ပါတယ်။
အဲဒါဘာဖြစ်တာလဲဟင်
box02
19-12-2008, 05:15 PM

ကျနော် Hardware ပိုင်းကို technically သိပ်မပြောတက်ဘူး။
ကျနော့် အထင်ပြောရရင် compatibility နဲ့ဆိုင်လိမ့်မယ်။ ဘယ်စက်ထဲကိုမဆို (Linux ပဲဖြစ်ဖြစ် Windows ထဲပဲဖြစ်ဖြစ်) RAM နှစ်ချောင်းစိုက်မယ်ဆိုရင် နှစ်ချောင်းလုံးရဲ့ အမျိုးအစားတူသင့်ပါတယ်။ ဥပမာ တစ်ချောင်းက 512 MB DRAM ဖြစ်မယ်ဆိုရင် နောက်တစ်ချောင်းက 512 or 256 MB DRAM ပဲဖြစ်သင့်တယ်။ ဥပမာ တစ်ချောင်းက 256 MB SRAM ဖြစ်နေလျှင် နောက်တစ်ချောင်းက 1 GB DRAM မဖြစ်သင့်ပါဘူး။ ကြာရင် mother-board ပါထိခိုက်နိုပါတယ်။ Recommended က အမျိုးအစာတူ အရွယ်တူ ဥပမာ 512 MB DDRAM + 512 MB DDRAM = 1024 MB DDRAM လိုမျိုးဖြစ်သင့်ပါတယ်။
Linux system က Hardware ကို detect လုပ်တဲ့နေရာမှာ သိပ်ပြီးကောင်းပါတယ်။ Windows က Load မလုပ်နိုင်တဲ့ တစ်ချို့ Hardware တွေကိုတောင် သုံးလို့ရအောင် တင်ပေးပါတယ်။
ဥပမာ ကျနော်စက်မှာ အနောက်ဖက်က usb အပေါက်နှစ်ခုဟာ Windows ပေါ်မှာသုံးလို့မရပါဘူး။ ကျနော် သူ့နဲ့သက်ဆိုင်မယ့် drivers တွေ install လုပ်ပြီးပြီ မရပါ။ နောက်ပြီး Windows ကိုအကြိမ်ကြိမ် အသစ်ပြန်တင်ကြည့်ပြီးပြီး မရပါ။ ဒါပေမယ့် ဘယ် Linux distro တင်တင် အဲဒီ အပေါက်တွေက ကောင်းကောင်းကို အလုပ်လုပ်ပါတယ်။
အဲဒါကြောင့် ကျနော် ခပ်မှန်းတာက Hardware compatible မဖြစ်တာမို့လို့ ubuntu ကမတက်တာထင်ပါတယ်။
တချက်လောက် ပြန်ကြည့်ကြည့်ပါအုံး အဲဒီ memory နှစ်ချောင်းက type တူရဲ့လားလို့။
type လဲတူတယ် ဆိုရင် တခြားဘာ system တစ်ခုခုလွဲနေလဲဆိုတာ ပြန် check ကြည့်ပါအုံး။
ဒါမှမဟုတ် ubuntu ကို ပြန်ပြီး အသစ်ပြန်တင်ကြည့်ပါအုံးလား။
megalomanicboy
22-12-2008, 05:55 PM
ဟုတ်ကဲ့ခင်ဗျာ
သေချာပြန်စစ်ကြည့်လိုက်ပါဦးမယ်။
guengey
22-12-2008, 08:25 PM
ကျွန်တော်စိတ်ထင်တော့ Hardware ပိုင်းနဲ့သက်ဆိုင်ပါတယ် ထင်တယ် ။ 1 g တခုထည်းဆိုရင် မတတ်စရာအကြောင်းမရှိဘူးထင်တယ် ။အကယ်လို့ 1g ကမပျက်ဘူးထင်တယ်။ bio setting ထည်းဝင်ပြီး ram ကို check ကြည့်ပါလား ။ တခုခုလွဲနေမယ် ထင်တယ် ။
wizzard
25-01-2009, 01:46 AM
ကျွန်တော်စိတ်ထင်တော့ Hardware ပိုင်းနဲ့သက်ဆိုင်ပါတယ် ထင်တယ် ။ 1 g တခုထည်းဆိုရင် မတတ်စရာအကြောင်းမရှိဘူးထင်တယ် ။အကယ်လို့ 1g ကမပျက်ဘူးထင်တယ်။ bio setting ထည်းဝင်ပြီး ram ကို check ကြည့်ပါလား ။ တခုခုလွဲနေမယ် ထင်တယ် ။
I think so... u can check your setting.:D:D:D:D
ဟီးဟီး......လျှာဝင်ရှည်ကြည့်တာ.....စိတ်မဆိုးရဘူးနော်.........:D:D:D:D
Blue Sky
25-01-2009, 08:33 AM
ကျွန်တော် အရင်က ubuntu ကို 256mb memory ရှိတဲ့စက်မှာ hard disk တစ်လုံးထဲ
windows တစ်ခြမ်း ubuntu တစ်ခြမ်းတင်ထားပါတယ်။အဆင်ပြေပါတယ်။
နောက်ပိုင်း hard disk တစ်လုံးထပ်ထည့်ပြီး ubuntu ကို hard disk အသစ်မှာ install လုပ်ပါတယ်။ memory ကိုလည်း 1gb တစ်ခြောင်းထပ်စိုက်လိုက်ပါတယ်။
ပြသနာက 256mb နဲ့ 1gb memory နှစ်ခြောင်းစိုက်ထားရင် ubuntu မတက်တော့ပါဘူး။
windows ကတော့ အဆင်ပြေတယ်။
ဒီတော့ ubuntu သုံးချင်ရင် 1gb memory ကိုဖြုတ်ပြီးမှသုံးလို့ရပါတယ်။ဖြုတ်လိုက် တပ်လိုက်နဲ့
အလုပ်ရှုပ်တာပေါ့ဗျာ:d
ခုဖြစ်နေတာက 256 mb memory တစ်ခုတည်းနဲ့သာ ubuntu တက်ပါတယ်။
အဲဒါဘာဖြစ်တာလဲဟင်
1 gb မဖြုတ်ပဲ 256 mb ဖြုတ်ကြည့်ပါလား။ :)
nwaiken
25-01-2009, 02:10 PM
i think... because of difference in speed .. your 256 is 533Mhz and others are 800 Mhz or somethings like that so when you insert the all memory and they are different in speed. they wouldn't work togther.
If u want to use all the memory u have, u should insert the 256 MB with 533MHz in first slot nearest to the cpu and it will be work. But i'm not sure, it is work with me and i already meet that kind of situation.
Thank You
Nwaiken
megalomanicboy
22-02-2009, 10:00 AM
ရပြီဗျို့ ။ နှစ်ချောင်းကို နေရာလဲတပ်လိုက်တာ။ ဘယ်လိုဖြစ်သွားလဲတော့ မသိတော့ဘူး
Powered by vBulletin™ Version 4.0.3 Copyright © 2010 vBulletin Solutions, Inc. All rights reserved.