PDA

View Full Version : Anti-Virus Software တွေကို ဝယ်သုံးသင့် မသုံးသင့်



phpCrazy
02-12-2008, 12:44 PM
ကျွန်တော် ဒီနေ့ မြို့ထဲသွားတော့ Kaspersky ရယ် ပြီးတော့ Bit-defender ရယ် ယူဆာတစ်ယောက်စာ ဝယ်ပြီးသုံးနိုင်တဲ့ Package တွေ တွေ့ခဲ့ပါတယ်။ ဈေးနှုန်းတွေ စုံစမ်းကြည့်တော့လဲ ဝယ်သင့်တဲ့ နှုန်းထားမှာ ရှိနေတာတွေ့ရပါတယ်။ နိုင်ငံတကာပေါက် ဈေးတွေထက် အင်မတန် နိမ့်တဲ့ နှုန်းထားတွေဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဝယ်သုံး သင့်သလား။ မဝယ်သုံးပဲ ဒီအတိုင်း cracked တွေကို သုံးမှာလား။ ဆွေးနွေးပေးကြပါလား။

istein
02-12-2008, 12:49 PM
Bit Defender သုံးတဲ့လူတော့ စိတ်ပျက်သွားဖူးတယ်။ ဆိုင်က ရောင်းပဲရောင်းပေးတာ ကျန်တာဘာမှတာဝင် မယူပေးဘူးလို့ပြောတာပဲ။ ဒီဖိုရမ်မှာပဲ သူ့ ပို့ရှိသေးတယ် ကျနော်ရှာတာရှာမတွေ့တော့လို့။ Kaspersky ကလဲ version 6 ကြီးမဟုတ်လား။ နိုင်ငံတကာမှာ ဘယ်သူမှ မသုံးတော့တဲ့ version ကိုဈေးလျှော့ရောင်းနေကြတာ။

phpCrazy
02-12-2008, 12:54 PM
bit defender သုံးတဲ့လူတော့ စိတ်ပျက်သွားဖူးတယ်။ ဆိုင်က ရောင်းပဲရောင်းပေးတာ ကျန်တာဘာမှတာဝင် မယူပေးဘူးလို့ပြောတာပဲ။ ဒီဖိုရမ်မှာပဲ သူ့ ပို့ရှိသေးတယ် ကျနော်ရှာတာရှာမတွေ့တော့လို့။ kaspersky ကလဲ version 6 ကြီးမဟုတ်လား။ နိုင်ငံတကာမှာ ဘယ်သူမှ မသုံးတော့တဲ့ version ကိုဈေးလျှော့ရောင်းနေကြတာ။

မဟုတ်ဘူးဗျ ... နောက်ဆုံး ဗားရှင်းတွေဗျ ...

Gipsy
02-12-2008, 01:02 PM
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားလိုမျိုးနောက်ဆုံးဗားရှင်းလည်းရ Black List လည်းမဖြစ်ဆိုတော့ ကျွန်တော်ကတော့ ဝယ်သင့်ပါတယ်လို့ ပြောအပ်ပါတယ်ဗျား

istein
02-12-2008, 01:18 PM
မဟုတ်ဘူးဗျ ... နောက်ဆုံး ဗားရှင်းတွေဗျ ...

နောက်ဆုံး version ကို 16000 လား 17000 လား ရမယ်ဆိုရင်တော့ ဝယ်သင့်ပါတယ်။ ဖြစ်နိုင်တာက အရင် Indonesia မှာ Microsoft လုပ်သွားသလို လုပ်တာလားမှမသိတာ။ အဲဒီတုန်းက Window XP ကို $2 နဲ့ ချရောင်းခဲ့သလားလို့။

Blue Sky
02-12-2008, 07:22 PM
နောက်ဆုံး ဗားရှင်းဆိုရင်တော့ ဝယ်သင့်ပါတယ်ဗျာ။ ဈေးလည်းသင့်ရင်ပြောတာပါ။ အမှန်တော့ သူတို့လည်း တပင်တပန်းရေးထားရတာပါ။ :)ဈေးမြောက်လို့သာ ဝယ်မသုံးကြတာပါ။ ကျနော်တို့ ဝယ်နိုင်တဲ့ဈေးဆိုရင်တော့ ဝယ်သုံးသင့်ပါတယ်။:67:

phpCrazy
02-12-2008, 08:17 PM
နောက်ဆုံး ဗားရှင်းဆိုရင်တော့ ဝယ်သင့်ပါတယ်ဗျာ။ ဈေးလည်းသင့်ရင်ပြောတာပါ။ အမှန်တော့ သူတို့လည်း တပင်တပန်းရေးထားရတာပါ။ :)ဈေးမြောက်လို့သာ ဝယ်မသုံးကြတာပါ။ ကျနော်တို့ ဝယ်နိုင်တဲ့ဈေးဆိုရင်တော့ ဝယ်သုံးသင့်ပါတယ်။:67:

ဟုတ်တယ်ဗျ ... ကျွန်တော်လည်း ဒီသဘောပဲ ... Idea ကို လေးစားခြင်း အလေ့အထ လေးဖြစ်လာနိုင်တဲ့ အတွက် ဝယ်သုံးကြတာ ဖြစ်သင့်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဈေးလည်း ဖြစ်တယ်လေ။ ကျွန်တော်တို့ MZ ဆိုရင်လည်း အစက vBulletin ကို cracked သုံးပါတယ် ... ခုတော့ ပိုက်ဆံပေးပြီး သုံးထားပါတယ်။ တတ်နိုင်တဲ့ အခြေအနေမှာရှိတာလည်း ပါတာပေါ့ဗျာ ... မတတ်နိုင်တာတော့ နည်းပညာပြန့်ပွားရေးအတွက် ဆက်သုံးနေရဦးမှာပါပဲဗျာ ...

skyblue.ster
02-12-2008, 08:47 PM
မှန်ပါတယ်ဗျာ .... pirate copy တွေခေတ်စားနေချိန်မှာ အမှန်အကန်တွေကို ဒီလိုအများတကာသုံးနိုင်တဲ့ဈေးချပေးရင်တော့ ၀ယ်သုံးသင့်ပါတယ် ... ဒါပေမယ့် bit defender က live update လုပ်လို့မရဘူးလို့ပြောနေတယ် ..ကျွန်တော်ကိုတိုင်လဲ သုံးတုန်းက update လုပ်လို့မရပါ kasper က ကောင်းကောင်း update လုပ်နိုင်ချိန်မှာ bit defender ကလုပ်လို့မရတာပါ ... ဆွေးနွေးပေးကြပါဦး ။....:103:

guengey
02-12-2008, 09:01 PM
အနော့် အမြင် ကတော့ ကိုက အဲ့ဒီ software နဲ့ ပိုက်ပိုက် ရှာနေ တယ် ။ကိုယ်ကို ပိုက်ပိုက် ပေးနေ တယ် ။ ကိုယ် အသက် မွေးနေ တယ် လို ထင်ရင် ၀ယ် သင့်ပါတယ်:6:။အပျေုာ် တခဏတာ အတွက် ဆိုရင် တော့ :P...................

mmlegend
03-12-2008, 01:34 AM
ဘန်းကျော်ပြင်ပမှာဆိုတော့ ဝယ်သုံးရတယ်ဗျ။ ဘာလို့လဲ ဆိုတော့ သူက အမြဲတမ်း update လုပ်နေရတဲ့ ဆော့ဝဲလ်ဆိုတော့လေ။ အမြဲတမ်းသူ့ဆာဗာနဲ့ အသွားအပြန်လုပ်နေတော့၊ ခိုးထားတဲ့ လိုင်စင်ဆို ကွိုင်မှာဆိုးလို့ ကျနော်တော့ ဝယ်သုံးတယ်ဗျ။ အခုနောက်သုံးတဲ့ဟာကတော့ ကျနော့် ISP ကဝန်ဆောင်မှူပေးထားတဲ့ anti-virus pakage ပါ။ အလကားရတော့ သွားဖြဲကြည့်မနေတော့ဘူး။ အကုန်ကောင်းတယ်ပဲ။ :D:D:D

mmlegend
03-12-2008, 01:35 AM
ဒါနဲ့ နောင်ကြီး ပီဇီက ဒီလို လူထုဆန္ဒ ခံယူပွဲ thread တွေလုပ် ရတာကြိုက်တယ်ထင်တယ်နော်။
ကောင်းတယ်ဗျာ။ လုပ်ဗျာ။ ချဗျာ။ :6:

mmlegend
03-12-2008, 07:15 AM
တစ်ခုသတိပေးမလို့မေ့သွားတယ်။ Microsoft One Care ကိုဈေးလျော့ပေးရင် ယောင်လို့တောင်မဝယ်ကြနဲ့။ သူက ၂၀၀၉ နှစ်လယ်မှာ ဝန်ဆောင်မှူရပ်ဆိုင်း တော့မယ်လို့ တရားဝင်ကြေငြာထားတယ်။ အခုဆိုရောင်းလဲ မရောင်းတော့ဘူး။
အဲနောက်ပိုင်းမှာ ဝင်းဒိုးယူဇာ တွေအတွက် ဖရီးဗားရှင်း တစ်ခု ဝန်ဆောင်မှူပေးမယ် လို့တော့ကြေငြာထားတယ်။
အားလုံးနေမြဲ။ :D

EiEiYgn
03-12-2008, 08:05 AM
If you want to buy... buy. Don't want to buy... don't buy .
because reseller is only responsible for selling not taking care of your virus problem. If your computer was infected by virus and you was using licensed antivirus bought from myanmar reseller what will they do or what is their responsible if you lost your important data?

mmlegend
03-12-2008, 08:31 AM
:65:အမိန့်၊ မလွန်ဆန်ဝံ့ဘူး၊ အာဏာပြင်းလွန်းတဲ့အမိန့်၊ သံမဏိများ
မင်းအတွက်ငါလေ၊ မင်းခိုင်းသမျှသေတွင်းကိုဆင်းဆိုလဲ၊:65:
ငါတော့မဆင်းဘူး။ နင်ဘာနင်ဆင်း။ :d
မအိတစ်ယောက်တော့၊ လိုအပ်သည်များမှာကြားပြီး၊ မွန်းလွှဲပိုင်းမှာ ပြန်လည်ထွက်ခွာသွားပါသည်။

phpCrazy
03-12-2008, 08:37 AM
Hey this is the important factor to buy or not to buy the anti-virus software packages. It is hard to think about that online updating the virus database can available with the package. It is good when reseller can make sure their packages they sold are available to online updating.

mmlegend
03-12-2008, 08:55 AM
ဆော့ဖ်ဝဲလ်အခွေက အလကားပဲဗျ။ အခွေကို ဝယ်တာမဟုတ်ဘူးလေ။ လိုင်စင်ကီးကို ဝယ်ကြတာလေ။ အခွေကို ပက်ကင် အသစ်နဲ့ ထည့်ထားလဲ၊ အထဲက လိုင်စင်ကီးကို တစ်ယောက်ယောက် က activate လုပ်ပြီးသွားရင်အပိုပဲလေ။ အွန်လိုင်းကနေ trial version ဒေါင်း ကြိုက်ရင် paypal ကနေ တစ်ဆင့် လိုင်စင်ကီး ဝယ်၊ activate လုပ်။ ရှင်းရှင်းလေးပဲလေ။ :67:

phpCrazy
03-12-2008, 10:10 AM
ကျွန်တော် အွန်လိုင်းမှာ ဈေးတွေကို ကြည့်တာ kaspersky 2009 အတွက် 1PC ကို ၃၉.၉၅ ဒေါ်လာ ပေးရပါတယ်။ ခု 17000 ကျပ်နဲ့ ယှဉ်လိုက်ရင် ထက်ဝက်မကဘူး သက်သာပါတယ်။ အကယ်၍သာ Virus Definition ကို ကောင်းကောင်းလုပ်နိုင်တယ် ဆိုရင်တော့ အာမခံရင်တော့ ဝယ်သင့်တယ် ထင်ပါတယ်။ ကျန်တဲ့ Support တွေကတော့ အွန်လိုင်းက ရယူနိုင်တာပဲ။

ညမီးအိမ်
03-12-2008, 01:37 PM
အခွေကအမှန်အကန်ယုံကြည်စိတ်ချရတယ်ဆိုရင်တော့ ဝယ်သင့်တယ်လို့ ကျွန်တော်ထင်တာပဲ :)

Alexander
03-12-2008, 02:38 PM
IT ကို လေးစားခြင်း အနေနဲ့ ဝယ်သုံးသင့်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဈေးလည်း ဖြစ်နေလို့။

ပြီးတော့ mm ရဲ. ပထမဆုံး လေ ......

ကျနော်တော့ ၀ယ်သုံးဖို့ကိုထောက်ခံပါတယ်။

mglukyaw
03-12-2008, 03:03 PM
အင်း ဘယ်လိုပြောရမလဲ။ ၀ယ်တော့သုံးသင့်တယ်။ ဒါပေမယ့် ဘယ်လောက်ထိ စိတ်ချရသလဲဆိုတဲ့ အပေါ်မှာ မူတည်နေတယ်။ ဒီမှာက ရောင်းချင်ရင် အခုပဲ ဘယ် virus မှမကိုက်တော့သယောက်၊ သူတို့ကပဲ full support ပေးတော့မလိုလို လုပ်တတ်ကြတယ်။
အဲ့လိုမလုပ်ဘဲနဲ့ တကယ်လည်း support ပေးမယ်။ စိတ်လဲစိတ်ချရတယ်ဆိုရင်တော့ ၀ယ်သုံးသင့်တာ အမှန်ပါပဲ။
ဒါပေမယ့်လည်း ၀ယ်နေကျမဟုတ်တော့ ဟီးဟီး နှမြောသလိုပဲ :D :D :D

creativefox21
03-12-2008, 08:56 PM
မဝယ်သင့်ဘူးထင်တယ် :D ... တခြားဟာတွေ run တာပိုများတော့ စက်လေးမှာပေါ့ ... private ထက်စာရင် backgroud services တွေ run တာပိုများတယ်တဲ့ ... ကျနော့် စက်ဆို antivirus သေးသေးလေးပဲသုံးတယ်။ full version ဝယ်သုံးမယ့်အစား external harddisk ဝယ်ပြီး Backup လုပ်ထားလိုက်မယ် :D အဲ့ဒီ Harddisk ထဲမှာ autorun အတွက် နေရာမရှိအောင်လုပ်ထားမယ် ... ပြီးရော :)

ကျနော့်အထင်ပြောကြည့်တာနော့ :)

အားလုံးကိုလေးစားလျှက်
cfox21

Orbs.7
03-12-2008, 10:02 PM
ဝယ်သင့်တယ် ထင်ရင်တော့ ဝယ်ပေါ့ဗျာ....:39:
ဒါပေမယ့်ဒီမှာက copy နဲ့လည်းအဆင်ပြေနေတာ လိုင်စင်ကီး ဝယ်လည်း ဘာထူးမှာလည်းဗျာ :106:
(ကျွန်တော်ဆိုရင် ဒီဟာဝယ်မယ့်အစား MZ ကိုပဲလှူလိုက်မယ် MZ ကြီးများများအကျိုးပြုနိုင်အောင်:D)
17000 ကြီးများတောင်မှ ဟိုနိုင်ငံကနဲ့စာရင်ဈေးပေါပေမယ့် ဒီမှာကမပေါဘူးဗျာ့
(Connection မကောင်းမှတော့ Auto update လည်းလုပ်လို့ရမှာမဟုတ်ပါဘူး:O)

(ကျွန်တော်အမြင်ကိုပြောခြင်းဖြစ်ပါသည်...အမှားပါကခွင့်လွတ်ပေးပါခင်ဗျာ:67:)

yannaingaung
04-12-2008, 08:40 PM
လိုင်စင်ဗာရှင်းနဲ့ ကစိတ်သက်သာရာရတယ်လို့ ကျွန်တော်ထင်တယ် ခိုးသုံးတဲ့software တွေကအထက်ကကိုmm_legend ပြောတဲ့အတိုင်းသုံးတဲ့သူတွေများပြီuးpdate ကိုinternet နဲ့တိုက်ရိုက်ဆက်သွယ်ပြီuးpdateလုပ်ရင်တနေ့နေ့တော့မိ သွားနိုင်တယ်ဗျ အဲ့ဒီအခါကျရင်တော့စိတ်အနှောင့်အယှက်ဖြစ်ရပြီပေါ့ 
update လည်းဆက်လုပ်လို့မရတော့ဘူး ပြီးတော့ခိုးသုံးတဲ့software တွေထက် လိုင်စင်ဗာရှင်းကပိုပြီးတောပြည့်ပြည့်စုံစုံနဲ့ အကူအညီတွေရနိုင်ပါတယ်ဗျာ လိုရင်လည်းလှမ်းတောင်းဒါမှမဟုတ်မေးလို့ရပါတယ်

thanwinnaing
08-12-2008, 08:09 PM
ဝယ်သင့်ပါတယ်ဗျာ ခဏ ခဏ blacklist ဖြစ်လို့ key ရှာနေရတာထက်စာရင် အများကြီးကောင်းပါတယ်။

Gipsy
09-12-2008, 04:04 PM
ဝယ်သင့်ပါတယ်ဗျာ ခဏ ခဏ blacklist ဖြစ်လို့ key ရှာနေရတာထက်စာရင် အများကြီးကောင်းပါတယ်။
ဒေါင်းပြီး update တွေလုပ်လို့ရပါတယ် ဒါပေမယ့် အလုပ်နည်းနည်းတော့ရှုပ်တာပေါ့ သုံးခုကိုဒေါင်း ပြီးတော့ တစ်ခုချင်းစီ ပြန်လုပ်ဆိုတော့........အဲဒါဆိုရင်တော့ ဘလက်လစ်မဖြစ်တော့ပါဘူး

Ye Htet
09-12-2008, 04:27 PM
မ၀ယ်ခင် ၀ယ်သုံးနေတဲ့သူတွေ အဆင်ပြေသလား၊ မပြေဘူးလားဆိုတာအရင်စုံစမ်းသင့်ပါတယ်ခင်ဗျား။
ငွေပေးဝယ်ရမှာဖြစ်တဲ့အတွက် ၁၀၀% အဆင်ပြေတယ်(online ရော offline ပါ) ဆိုရင်ဝယ်သင့်ပါတယ်
ခင်ဗျား။ ကျွန်တော်ကတော့မ၀ယ်ပါ၊ ကျွန်တော်ကြိုက်တဲ့ Anti Virus မဟုတ်လို့။ NOD ဆိုရင်တော့
စုံစမ်းမယ်၊ ၁၀၀% အဆင်ပြေတယ် ဆိုရင်ဝယ်သုံးမှာပါ။

EiEiYgn
10-12-2008, 08:17 AM
Virus Definition ကို ကောင်းကောင်းလုပ်နိုင်တယ် ဆိုရင်တော့ အာမခံရင်တော့ ဝယ်သင့်တယ် ထင်ပါတယ်။
*******************************************
They sell their virus def update cds to buyers. That's the answer for their intension. They want to sell def cd service to buyers. They will deliver def CD to your office or to your home two times a month. In between 14 days virus will infected till your computer down. :)):)):)):)):)):))

သင်္ကြန်မိုးရည်
18-12-2008, 10:22 PM
On line မှာအမြဲတမ်းတက်နေသူများ ၀ယ်သုံးသင့်ပါတယ်ခင်ဗျာ။
Off line မှာ နေသူဆိုရင်တော့ free ware version နဲ့  တင် အစဉ်ပြေနိုင်ပါတယ်.၊
On line သမားများအတွက်...
ဝယ်ယူသုံးစွဲတဲ့ antivirus ရဲ့ web site မှာ register လုပ်ရင် အဲဒီ web site မှာ services တွေကို ရယူနိုင် ပါလိမ့်မယ်...
free ware version များနဲ့ မတူတာတွေ သိသာပါတယ်...
ကျွန်တော်ကိုယ်တိုင် အရင်က free ware version သုံးခဲ့တာပါ
အခုတော့ ပိုက်ပိုက်ပေးပြီး ၀ယ်သုံးနေတယ်....
အထင်မကြီးနဲ့ နော်...ဟီးဟီး:D:D (ပိုက်ပိုက် ချေးမှာစိုးလို့ ):P
တစ်ယောက်ထဲ မတတ်နိုင်လို့  သူငယ်ချင်းတွေ ၃ ယောက် ရှယ်ယာထည့် သုံးတယ်။
တစ်ယောက်ကို တစ်သောင်းခွဲလောက်ဘဲ ကျတယ်၊ သက်တမ်းက တစ်နှစ်ရတယ်။ တန်ပါတယ်လေ....................:30:

MrDBA
19-12-2008, 06:29 AM
ကွန်နက်ရှင်း အမြဲရနေတဲ့နေရာရယ် အဖွဲ့အစည်း တစ်ခုခုကို ကိုယ်စားပြုပြီး သုံးနေတာဆိုရယ် ဆိုရင်တော့ သောချာပေါက်ဝယ်သုံးရမှာပါ။
ကိုယ်ပိုင်သုံးမယ်ဆိုရင်တော့ ပြည်တွင်းသမားတွေ အတွက်တော့ အများကြီး မပြောချင်ပါဘူုး။ ဝယ်ချင်တောင်မှ ဝယ်မရတာ ဒီတော့ သုံးလက်စအတိုင်းသုံး။
ဒါပေမယ့် ပိုက်ဆံပေးမှရတဲ့ ဝန်ဆောင်မှုတွေကို ကျွန်တော်တို့ မမြင်ဘူး မရဘူးကြတဲ့ အတွက် ဘာတွေပိုကောင်းလဲ မသိကြတာမှာ မျက်စိပိတ်နေတာဘဲ။ ဝယ်သုံးရင်တော့ ကျေနပ်လောက်စရာကောင်းတဲ့ ဝန်ဆောင်မှုတွေရနေမှာပါ။

Ko Ko Win
11-01-2009, 05:33 AM
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားလိုမျိုးနောက်ဆုံးဗားရှင်းလည်းရ Black List လည်းမဖြစ်ဆိုတော့ ကျွန်တော်ကတော့ ဝယ်သင့်ပါတယ်လို့ ပြောအပ်ပါတယ်ဗျား

ကက်စပါကနောက်ဆုံးဗားရှင်းရတာတော့ မှန်တယ်။ ဒါပေမယ့် Black List တော့ ဖြစ်တယ်:13:လို့ MSI service က အစ်ကိုတွေပြောတာကြားဖူးတယ်။ ပြီးတော့ Virus Update လုပ်ဖို့ ကလဲ အွန်လိုင်း update ဆိုတော့ ကျွန်တော်တို့ အိမ်သုံး Access Kit နဲ့ ဆို 15နာရီတစ်ကတ်ကို 2ရက်လောက် နဲ့ ကုန်နိုင်တယ်:((။ ဒီတော့ကာ ကျွန်တော်ကတော့ crack နဲ့ ပဲ သုံးသင့်သေးတယ်လို့ ထင်ပါတယ်။ နိုင်ငံတကာလို ကော်နက်ရှင်မရသရွေ. ဒီလိုပဲ ဖြစ်နေဦးမှာပါ။ ပြီးတော့ ဒီက လိုင်စင်ဗားရှင်းရောင်းသော ပုဂ္ဂိုလ်အပေါင်းကလဲ နိုင်ငံတကာ စံချိန်စံညွှန်းမီ ၀န်ဆောင်မှုတွေပေးနိုင်မယ် :14:မထင်ပါဘူး။ ဒါကြောင့် crack လုပ်ထားသော serial keys တွေနဲ့သာသုံးသင့် ပါကြောင်း။
\:D/

အော်ဒါနဲ့ KAV Keys တွေမရှိရင် အောက်ပါလိပ်စာအတိုင်းသွားပြီး ဒေါင်းနိုင်ပါဂျောင်း။အဲ မေ့လို့ အဲဒီ ထဲ မှာ 2010 ထိ ရတဲ့ serial keys တစ်ခုပါသေးတယ်ဗျ။ Black List ဖြစ်ရင်တော့ တစ်ခုပြီးတစ်ခုပြောင်းသာသုံးပေတော့။

http://www.4shared.com/file/79596560/e68007cc/kva_key.html

TharPhyu
06-02-2009, 06:19 PM
ကျေးဇူးပြု၍ KAV 8 ကို offline update လုပ်လို့ရမလား သိချင်ပါတယ်ခင်ဗျ...။

kavinele
07-02-2009, 08:00 AM
thanks sir

icefirester
07-02-2009, 05:56 PM
ကျွန်တော် ဒီနေ့ မြို့ထဲသွားတော့ Kaspersky ရယ် ပြီးတော့ Bit-defender ရယ် ယူဆာတစ်ယောက်စာ ဝယ်ပြီးသုံးနိုင်တဲ့ Package တွေ တွေ့ခဲ့ပါတယ်။ ဈေးနှုန်းတွေ စုံစမ်းကြည့်တော့လဲ ဝယ်သင့်တဲ့ နှုန်းထားမှာ ရှိနေတာတွေ့ရပါတယ်။ နိုင်ငံတကာပေါက် ဈေးတွေထက် အင်မတန် နိမ့်တဲ့ နှုန်းထားတွေဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဝယ်သုံး သင့်သလား။ မဝယ်သုံးပဲ ဒီအတိုင်း cracked တွေကို သုံးမှာလား။ ဆွေးနွေးပေးကြပါလား။
ဒါမျိုးတွေရှိလာတော့ ၀မ်းသာပါတယ်..
k ကိုသုံးပါတယ်..
online နဲ့ ဆက်သွယ်မှ အဆင်ပြေတယ်..key က online ချိတ်မှပဲ အဆင်ပြေတယ်..
kis ကတော့ ဈေးကြီးတယ်လို့ထင်တယ်...End user တွေအတွက်ပဲ ကောင်းတယ်..
တခြား server တွေအတွက်တော့ မရောင်းသေးဘူး