PDA

View Full Version : xp logout immeditely

Zulu
19-09-2008, 02:48 PM
မင်္ဂလာပါ။
ကျနော့်စက်တလုံးဗျာ
login ၀င်လိုက်ပြီးတာနဲ့ ချက်ချင်းဘဲ logout ပြန်ပြန်ဖြစ်သွားတယ်။
ဗိုင်းရပ်စ်ကြောင့်လို့ထင်တာဘဲ။ အရင်က အဲဒါမျိုး MZ မှာ ဖြေရှင်းချက်တွေ့ဖူးတယ်။
ခုက ဘယ်နားရောက်နေမှန်းမသိတော့လို့။ သိတဲ့လူများ ကူညီကြပါဗျာ။ လမ်းမှာကြုံရင် ဘိန်းမုန့်ဝယ်ကျွေးပါမယ်။ ဟီး။
ခုလဲ ရှာတော့ရှာနေတယ်။ တွေ့သေးဘူး။ ဂူးဂဲလ်မှာလည်း ရှာတယ်။ ဘာတွေပြန်ဖြေထားလဲမသိဘူး။ အဆင်မပြေပါခင်ဗျား။
ပီအက်စ်- အက်ဒမင်ဂျီးများခင်ဗျား။ ပို့စ်တူတာတွေ့ရင် ရွှေ့ပေးပါ။ ကျနော်ရှာတာမတွေ့တော့လို့။
ခင်မင်စွာ
ဗိုင်းရပ်စ်ချစ်သူ- ဇူးလူး

TweetyCoaster
19-09-2008, 03:35 PM
တစ်နေရာရာကို login လှမ်းလုပ်နေပြီး မရလို့ logoff ဖြစ်ဖြစ်သွားတာများလား၊ network ကြိုးချိတ်ထားလား။ regedit နဲ့ startup မှာများ auto login တစ်ခုခုဝင်နေလား။ ကြည့်ကြည့်ပါ။ အောင်မယ်လေး...ဒါလေးပြောချင်လို့ နာရီဝက်လောက်ကြိုးစားပြီးဝင်ရတာ...။ ၀ှီး..............

ညမီးအိမ်
19-09-2008, 04:49 PM
ကိုဇူးလူးကြီးပြောတာ welcome screen မှာ login ဝင်တဲ့ အခါ logout ပြန်ပြန်ဖြစ်သွားတာထင်တယ်ဗျ။ ကျွန်တော်တောင်ဟိုတနေ့ကဖြစ်သေးတယ်။ ကျွန်တော်ကတော့ virus ကိုက်လို့ဖြစ်တာဗျ။ killvbs.vbs ဆိုတဲ့ ဗိုင်းရပ်စ်ကိုက်တာဗျ။ အဲဒီဗိုင်းရပ်စ်ကိုက်တုန်းက ကျွန်တော် regedit ထဲမှာ ctrl+f နဲ့ killvbs.vbs ဆိုပြီးရိုက်ရှာ delete လုပ် နောက် F3 နဲ့ ထပ်ရှာတွေ့ရင်ဖျက်အဲလိုကုန်အောင်လုပ်လိုက်တာ အစ်ကိုပြောသလိုဖြစ်သွားတယ် :2: ။ ဒါနဲ့ ကျွန်တော့်မှာရှိတဲ့ ERD Commender ဆိုတဲ့ cd အခွေနဲ့ window တတ်လိုက်တယ်။ ပြီးတော့ system restore ပြန်လုပ်လိုက်တာရသွားတယ်ဗျ။

အပေါ်ကဗိုင်းရပ်စ်ကိုက်တာသေချာရင်တော့ ဘယ်လိုသတ်လဲဆိုတာတစ်ခါတည်းပြောလိုက်မယ်ဗျ။ win+r(run box) ထဲမှာ msconfig ထဲက start up ဆိုတဲ့နေရာမှာ killvbs.vbs run နေတာတွေ့ရမယ်ဗျ ပိတ်လိုက်ပါ။ ပြီးရင် task manager(Ctrl+Alt+del) ထဲမှာ wscript ဆိုတာကို endprocess လုပ်ပါ။ ပြီးရင် win+r(run box) ထဲမှာ regedit ရိုက်ထည့်ပါ။ အပေါ်မှာပြောခဲ့သလို ctrl+f နဲ့ killvbs.vbs ဆိုပြီးရိုက်ရှာပါ။ သူ့ကိုရှာလို့တွေ့တဲ့ result မှာ double click ထောက်ပြီး အဲဒီ killvbs.vbs ပါတဲ့ စာလေးကိုပဲရွေးဖျက်ပေးပါ။ အဲလိုပဲ F3 နဲ့နောက်တစ်ခုရှာပြီး ထိုနည်း၎င်းလိုက်လုပ်ပေးပါ။ အဲဒါဆိုအဆင်ပြေမလားမသိ။

ကျွန်တော်သိသလောက်လေးဝင်ပြောကြည့်တာပါ။ အဆင်ပြေပါစေ။

Zulu
19-09-2008, 04:52 PM
ကျေးဇူးနော ... ဖြေပေးတဲ့အတွက်
ခုဖြစ်နေတာက ဒီလိုလေ ... ၀င်းဒိုးစ်ပွင့်လာပြီးနောက် လော့အင်ဝင်ရတယ်မဟုတ်လား။
အဲဒါကို ကလစ်လိုက်ရင် လော့အင် ဖြစ်သွားရမယ်လေ။
ခုက လော့အင် ခဏလေး (၅စက္ကန့်) လောက်ဘဲ ... ဖတ်ခနဲ့ saving your setting ဆိုပြီး လော့အောက်ဖြစ်သွားတာဗျ။
ဆေ့မု ကနေလဲဝင်ကြည့်သေးတယ်။ အတူတူဘဲ။
၁။ ဘယ်နေရာကို လော့အင်လုပ်လဲတော့မသိဘူး။ ခဏလေးနဲ့ ပြန်အော့ဖ်ဖြစ်သွားတာ။
၂။ နက်ဝါဒ်တော့ချိတ်ထားတယ်။ (အင်တာနက် ရှဲသုံးတယ်။ ဖိုင်တွေ ရှဲသုံးတယ်။)
၃။ ရီဂျစ်စထရီနဲ့ စတတ်အပ်တော့ ၀င်လို့မရဘူးလေ။ ချက်ချင်း လော့အော့ဖ်ဖြစ်ဖြစ်နေတာကိုး။

အဲဒါလေး ကူညီနိုင်မယ်ဆိုရင် ရန်ကုန်မှာဆုံတဲ့အခါ ၃၄လမ်းက ပဲပြုတ်ကြက်ဆီထမင်းကျွေးမယ်။ ထိုင်းမှာဆုံမယ်ဆို ကွေ့တီယိုကျွေးမယ်။ စလုံးမှာဆို ဟိုဥစ္စာကျွေးမယ် အဲလေ ခေါ်မတတ်တော့လို့။ ကိုဒီဘီအေ ဘလော့ထဲက ကြိုက်တဲ့ဟာပြော။ အဲဒါဝယ်ကျွေးမယ်။

ကျေးဇူးအခါတသိန်းဗျာ။ (အိုကေသွားအောင်တော့ ကူပါနော... ဟီး)
ခင်မင်စွာဖြင့်
ဇူးလူး

ညမီးအိမ်
19-09-2008, 05:03 PM
အစ်ကို့ဆီမှာ ကျွန်တော်ပြောတဲ့ erd commender လိုစီဒီမျိုးမရှိဘူးလားဗျာ။ အဲဒါလေးမရှိရင်ပြောပါ ပို့ပေးမယ်လေ။ hiren boot cd နဲ့ ရတယ်လို့သိရပါတယ်ဗျာ။

ကျွန်တော်ပြောတဲ့ erd commender စီဒီ ဆိုတာ သူ့အခွေကိုထည့်ပြီး အခွေကို boot ဆွဲလိုက်ရင် သူ့အခွေထဲက window နဲ့တတ်လာမှာပါ။ အဲဒီမှာတတ်လာရင် system restore ပြန်လုပ်လိုက်ရင်ရပါတယ်ဗျာ

Zulu
19-09-2008, 05:36 PM
မင်္ဂလာပါနော
ERD ရော hiren ရော ရှိတယ်ဗျ။ ဒီနေ့ အဲဒီစက်သွားကြည့်တုန်းက hiren တခွေဘဲ ပါသွားတယ်။
အဲမှာပါတဲ့ antivirus run ပြီး ပြန်ဖွင့်တော့ မအိုကေဘူးဗျ။

နက်ဖြန်မနက်မှ ERD ယူသွားပြီး ရီစတိုးလုပ်ကြည့်မယ်လေ။
ကျေးဇူးနော်။
ခင်မင်စွာဖြင့်
ဇူးလူး

jujuu
20-09-2008, 02:40 AM
မင်္ဂလာပါ (ကို)ဇူးးလူးးရေ
ပြသနာတက်ပုံခြင်းလေးတူလို့ အတွေ့အကြုံလေးကို နဲနဲဝင်ပြောမယ်နော်။
ju juu မှာလဲ အဲ့လိုမျိုးးလေးဖြစ်ခဲ့ဖူးဒယ်
ဘာကြောင့်ဖြစ်လဲတော့မသိဖူး။ but... ကွန်ပျူတာမပိတ်ခင် နောက်ဆုံးးလုပ်ခဲ့တာ မှတ်မိသလောက်ကတော့ Group policy နဲ့ local security setting ကို နဲနဲဝင်ကလိကြည့်မိတယ် :P ။ လုပ်ရင်းတန်းလန်း မီးပျက်သွားလို့ ချက်ခြင်း Turn off လုပ်လိုက်ရဒယ်။ :106:
ညရောက်လို့ဖွင့်တော့ ဇူးးလူးး ပြောသလိုဖြစ်ရော Save mode နဲ့လဲမရ ဘာနဲ့မှကိုမရဖူး။ Window ပြန်တင်ရအောင်ကလည်း Data လေးတွေကျန်ခဲ့သေးတော့ ဒုက္ခရောက်တာပေါ့။ ဒါနဲ့နောက်ဆုံးး Repair လုပ်ကြည့်လိုက်တာ အဆင်ပြေသွားရော။
အဲ (ကို)ညမီးအိမ် ပြောတဲ့ virus လဲကိုက်ဖူးတယ်။ Window Scrip Host ဆိုတဲ့ Box နဲ့တက်လာတာ။ cannot find scrip file "C:\WINDOWS\system32\killVBS.vbs"
အဲ့ဟာကို print screen ဖမ်းထားလို့မှတ်မိတာ:67:။ ကိုဇူးလူးး လို error မဖြစ်ခင် အဲ့ virus ကိုက်တာလား ဖြစ်ပီးမှ ကိုက်တာလားတော့ မှတ်မိတော့ဖူး။ :106:ရှေ့ဆင့်နောက်ဆင့်ဆိုတာဘဲ သတိရတော့တယ် :D။

lonelyman
26-06-2009, 01:05 PM
ကယ်ကြပါအုံး ဗျာ

အနော်လည်း အဲလိုဖြစ်နေလို့ ....
erd commender စီဒီ ဆိုတာ သူ့အခွေကိုထည့်ပြီး အခွေကို boot ဆွဲလိုက်ရင် သူ့အခွေထဲက window နဲ့တတ်လာ တယ်ဆိုတာလေး ကို အသုံးပြုပုံလေး ပြောကြပါအုံး ဗျာ..

Divinity
26-06-2009, 03:41 PM
Repair လုပ်ရင်ရလိမ့်မယ်ဗျ။ userinit.exe corrupted ဖြစ်သွားတာပါ။ userinit.exe ကို recovery console ကနေပြန် copy ကူးထဲ့လိုက်လဲရတယ်။ Repair လုပ်လဲရတယ်ဗျ။ System restore က ကျနော့လို restore point မထားတဲ့သူဆိုရင် စိတ်ညစ်နေရမယ်။ :P:P

Alexander
26-06-2009, 04:04 PM
ကိုဇူးလူးကြီးပြောတာ welcome screen မှာ login ဝင်တဲ့ အခါ logout ပြန်ပြန်ဖြစ်သွားတာထင်တယ်ဗျ။ ကျွန်တော်တောင်ဟိုတနေ့ကဖြစ်သေးတယ်။ ကျွန်တော်ကတော့ virus ကိုက်လို့ဖြစ်တာဗျ။ killvbs.vbs ဆိုတဲ့ ဗိုင်းရပ်စ်ကိုက်တာဗျ။ အဲဒီဗိုင်းရပ်စ်ကိုက်တုန်းက ကျွန်တော် regedit ထဲမှာ ctrl+f နဲ့ killvbs.vbs ဆိုပြီးရိုက်ရှာ delete လုပ် နောက် F3 နဲ့ ထပ်ရှာတွေ့ရင်ဖျက်အဲလိုကုန်အောင်လုပ်လိုက်တာ အစ်ကိုပြောသလိုဖြစ်သွားတယ် :2: ။ ဒါနဲ့ ကျွန်တော့်မှာရှိတဲ့ ERD Commender ဆိုတဲ့ cd အခွေနဲ့ window တတ်လိုက်တယ်။ ပြီးတော့ system restore ပြန်လုပ်လိုက်တာရသွားတယ်ဗျ။

အပေါ်ကဗိုင်းရပ်စ်ကိုက်တာသေချာရင်တော့ ဘယ်လိုသတ်လဲဆိုတာတစ်ခါတည်းပြောလိုက်မယ်ဗျ။ win+r(run box) ထဲမှာ msconfig ထဲက start up ဆိုတဲ့နေရာမှာ killvbs.vbs run နေတာတွေ့ရမယ်ဗျ ပိတ်လိုက်ပါ။ ပြီးရင် task manager(Ctrl+Alt+del) ထဲမှာ wscript ဆိုတာကို endprocess လုပ်ပါ။ ပြီးရင် win+r(run box) ထဲမှာ regedit ရိုက်ထည့်ပါ။ အပေါ်မှာပြောခဲ့သလို ctrl+f နဲ့ killvbs.vbs ဆိုပြီးရိုက်ရှာပါ။ သူ့ကိုရှာလို့တွေ့တဲ့ result မှာ double click ထောက်ပြီး အဲဒီ killvbs.vbs ပါတဲ့ စာလေးကိုပဲရွေးဖျက်ပေးပါ။ အဲလိုပဲ F3 နဲ့နောက်တစ်ခုရှာပြီး ထိုနည်း၎င်းလိုက်လုပ်ပေးပါ။ အဲဒါဆိုအဆင်ပြေမလားမသိ။

ကျွန်တော်သိသလောက်လေးဝင်ပြောကြည့်တာပါ။ အဆင်ပြေပါစေ။

ညမီးအိမ် ပြောတဲ့ အဲဒီနည်းက အကောင်းဆုံးပါ။
Registry မှာဖျက်တာလက်လွန်သွားလို့ပါ။
ကျနော်လဲ မနေ့ကမှ Thread တင်လိုက်သေးတယ်။ အဲလိုပဲဖြစ်လို့ .... ဒါပေမဲ့ ကျနော်က Kill.vbs မဟုတ်ဘူး။ Kill.vbs က အခု Kaspersky နဲ့ဆို သတ်လို့ရသွားပြီ။ ကျနော့်ဖြစ်တာက DCIM.exe Virus. ဒီမှာ (http://www.mysteryzillion.org/forums/showthread.php?t=4520) လဲတင်ထားတယ်။ >>> http://www.mysteryzillion.org/forums/showthread.php?t=4520

Virus သတ်တာ လက်မလွန်သေးရင်တော့ Registry မှာ သတိထားပါလို့ ပြောချင်ပါတယ်။
လက်လွန်သွားပြီ ဆိုရင်တော့လဲ ... Windows Repair သာလုပ်လိုက်ပါလို့။ :106:

Alexander
26-06-2009, 04:19 PM
Registry မှာ Virus က userinit နဲ့သွားရောနေလို့ ဖျက်လိုက်မိတာမှာ Windows မတက်နိုင်ဖြစ်သွားတာပါ။

မဖြစ်သေးသူများ သတိထားနိုင်အောင်ပါ။ ဖြစ်ပြီးသူများကတော့ ....

1. System Restore
2. Windows Repair
3. Copy userinit file from other computer and paste on the directory of System32 ( Need ERD Commender )

ကြိုက်ရာတစ်ခုသာရွေးလုပ်လိုက်ကြပါလို့ ............. :)

lonelyman
26-06-2009, 09:04 PM
ERD Commender တော့ မရှိဘူး ကို Alexander ..Hard Disk ကို တခြား Computer မှာ

သွားချိတ်ပြီး userinit.exe ကို Copy/Paste လုပ်ရင်ရနိုင်မလား ....:106: