View Full Version : Modem ခဏခဏပိတ်နေရတဲ့ ဒုက္ခ
tech.lover
05-09-2008, 09:43 PM
ကျွန်တော့် Internet Cafe မှာ ADSL 512 (Bagan Net) Connection ယူထားပါတယ်။ Modem က ခဏခဏ Hang ဖြစ်သွားပြီး ပြန်ပိတ်လိုက်ရပါတယ်။ SMC Router လည်း သုံးထားပါတယ်။ Modem ရော၊ Router ရော မီးပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ၃၀ စက္ကန့်လောက်မှ ပြန်တက်ပါတယ်။ Modem က ZTE ပါ။ SMC Router မကောင်းလို့ ဖြစ်တာလား။ ADSL connection အတွက် ဘယ် Router က အကောင်းဆုံးလဲ။
Phone Line မငြိမ်လို့ ဖြစ်တာလား။ Phone Line ကိုတော့ အိမ်က Phone Line ကိုပဲ ဆိုင်မှာ ပွားသုံးထားပါတယ်။ Phone Line ပွားထားလို့ ဖြစ်တာလား။
Modem ကျခါနီးဆိုရင် connection က လေးလာပါတယ်။ Modem ပေါ်က Internet ဆိုတဲ့ မီးက မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ်နေရင် Modem ပြန်ပိတ်လိုက်ရတော့ တာပဲ။ ကျွန်တော့်လို ဖြစ်ဘူးတဲ့ လူတွေရော ရှိလား။
MZ မှ ညီအစ်ကို/မ များ ကူညီကြပါဦးဗျို့။
saturngod
05-09-2008, 10:47 PM
SMC router ကိုက စက်ဖွင်ပြီး စက္ကန့် ၃၀ မှ တက်လာတာ။ သူ့ loading က ကြာတာဗျ။ နောက်ပိုင်းလာတဲ့ ADSL modem တွေက မကောင်းတော့ဘူး။ SMC router က အရမ်းပူလာရင် ပြန်ပိတ်ပြီး ပြန်ဖွင့်ပေးရတာ။ SMC router က ၂၄ နာရီ ပတ်လုံး run လို့မရဘူး။ ၂၃ နာရီလောက်သုံးပြီးရင် ၅ မိနစ် ၁၀ မိနစ်လောက် နားပေးရတယ်။ ကျွန်တော်အခု သုံးနေတာကတော့ SMC ပဲ ၂၄ နာရီသုံးတယ်။ မနက်ပိုင်း ၅ မိနစ်လောက် router ပိတ်ထားတယ်။ နောက်ပြီး ပန်ကာသီးသန့်ပေးထားတယ်။ ဒါပေမယ့် တစ်ခါတစ်လေ router ကို ပိတ်ပြီး ဖွင့်ရတာပဲဗျ။
tech.lover
05-09-2008, 11:17 PM
ကိုစေတန်ရေ
SMC ကြောင့် ဖြစ်တာလား။ Router ရော၊ Modem ရော Fan ပေးထားတယ်။ SMC မကောင်းရင် ဘယ် Router တွေ ကောင်းလဲ။
Router မသုံးဘဲနဲ့ ရိုးရိုး Network Card 2 cards နဲ့ ဆိုရင်ရော။ ဒါမှ မဟုတ် ISA Server ထိုင်ဖို့ လိုလား။ ဘာအကောင်းဆုံးလဲ။
ဖုန်းလိုင်းကြောင့်ရော ဖြစ်နိုင်မလား။ Internet Cafe ဖွင့်ထားသူများလည်း ဝင်ဆွေးနွေးပေးကြပါ ခင်ဗျား။
tech.lover
05-09-2008, 11:23 PM
ပြောဖို့မေ့သွားလို့။
၂၄ နာရီ မဖွင့်ထားပါဘူး။ ညသန်းခေါင် ၁၂:၀၀ က နေ နံနက် ၈:၀၀ လောက်က စက်ပိတ်ထားပါတယ်။ ၈:၃၀ လောက်မှ ဆိုင်က ဖွင့်တာ။
namtustar
05-09-2008, 11:34 PM
Phone Lineကို splitter မခံထားဘူးထင်တယ်...
ကျွန်တော်သိသလောက်တော့ ရန်ကုန်မှာ တချို့ ဖုန်းလိုင်းတွေက တော်တော်လေးဟောင်းနေပါပြီ..
ကျွန်တော်ရဲ့ အတွေ့အကြုံအရတော့ ဒီလိုမျိုးနေရာကADSLမှာ အဲဒါမခံရင် အဆင်မပြေဖြစ်တတ်ပါတယ်....:68::68::D
khunmk
05-09-2008, 11:44 PM
မီးအားကြောင့်လဲ ဆိုင်တယ်.. ဖုန်းလိုင်းကြောင့်လဲ ဆိုင်တယ်.. ထင်တာပဲ နောက်တော့ အဆင်ပြေသွားတာပါပဲ.. ဖုန်းကြိုးရော... မီးအားကိစ္စကော.. အားလုံး ချိန်းလိုက်တော့
မီးအား ကောင်းကောင်းထိန်းပေး နိုင်တဲ့ UPS တစ်လုံးသာ ၀ယ်ထားပေရော့...
vote အား အ၀င်မမှန်ရင်လည်း ဖြစ်တယ်.. connection ကျကျသွားတယ်..
ဖုန်းလိုင်း မကောင်းရင်လည်း connection ကျကျသွားမယ်..
ကြုံခဲ့ဖူးပါတယ်.. :67:
honeybaby
07-09-2008, 05:19 PM
သား ဆိုင်မှာလဲ ဖြစ်တာဘဲဗျ တယောက်ထဲဖြစ်တယ်မှတ်တာ ခုတော့ အားရှိသွားပြီ.....
မီးပျက်ရင်လဲ ဖြစ်တက်တယ် အဲဒိလိုဖြစ်ရင် ပြန်ပိတ်ပြီး ပြန်ဖွင့်လိုက်ရင်တော့ ရသွားတယ်..
googooster
07-09-2008, 05:26 PM
ကျွန်တော်တော့ ဘက်ထရီနဲ့ သုံးလိုက်တာ အဆင်ကိုပြေလို့....
tech.lover
10-09-2008, 12:36 PM
သား ဆိုင်မှာလဲ ဖြစ်တာဘဲဗျ တယောက်ထဲဖြစ်တယ်မှတ်တာ ခုတော့ အားရှိသွားပြီ.....
မီးပျက်ရင်လဲ ဖြစ်တက်တယ် အဲဒိလိုဖြစ်ရင် ပြန်ပိတ်ပြီး ပြန်ဖွင့်လိုက်ရင်တော့ ရသွားတယ်..
သားက ဘယ်ဆိုင်ကလဲ။ ကိုကြီးကိုပြော။ Router ပဲ သုံးထားတာလား။ Server ထိုင်ထားတာလား။ Router ဆိုရင်ရော ဘာသုံးထားလဲ။ အစ်ကိုကတော့ SMC router သုံးရတာ စိတ်ညစ်လာပြီ။ အချိန်ကြာလာတာနဲ့အမျှ connection က ပိုလေးလာတယ်။ Router ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ပြန်ကောင်းသွားတယ်။ Normal အတိုင်းပဲ။ Modem ကြောင့် မဟုတ်ဘူးလို့တော့ ထင်တယ်။ Router အသစ်တစ်လုံး ဝယ်မယ်ဆိုရင်ရော ဘာဝယ်သင့်လဲ။ Linksys နဲ့ DLink ဘာရွေးသင့်လဲ။ ကူညီကြပါဦးဗျာ။
honeybaby
11-09-2008, 04:14 PM
သားက ဘယ်ဆိုင်ကလဲ။ ကိုကြီးကိုပြော။ Router ပဲ သုံးထားတာလား။ Server ထိုင်ထားတာလား။ Router ဆိုရင်ရော ဘာသုံးထားလဲ။ အစ်ကိုကတော့ SMC router သုံးရတာ စိတ်ညစ်လာပြီ။ အချိန်ကြာလာတာနဲ့အမျှ connection က ပိုလေးလာတယ်။ Router ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ပြန်ကောင်းသွားတယ်။ Normal အတိုင်းပဲ။ Modem ကြောင့် မဟုတ်ဘူးလို့တော့ ထင်တယ်။ Router အသစ်တစ်လုံး ဝယ်မယ်ဆိုရင်ရော ဘာဝယ်သင့်လဲ။ Linksys နဲ့ DLink ဘာရွေးသင့်လဲ။ ကူညီကြပါဦးဗျာ။
သားဆိုင်က ISA တော့ထိုင်တာတယ် ကိုကြီးရေ့ Dlink ပဲသုန်းထားပါတယ်..
connection တော့ကောင်းပါတယ် ADSL 256 ပဲယူထားတယ်......အရင် ဟာနဲကဘာမှမဖြစ်ဘူး..
ခုအသစ်လဲလိုက်မှဖြစ်တာခင်ဗျ ခုစိတ်ညစ်နေတာက မိးပျက်ရင် connection ဒေါင်းဒေါင်းနေတာပါဘဲ ခင်ဗျာ....
Powered by vBulletin™ Version 4.0.3 Copyright © 2010 vBulletin Solutions, Inc. All rights reserved.