မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့် ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်
MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

နေပြည်တော် CDMA နဲ့ ရန်ကုန် CDMA

edited March 2011 in Tech News
ရန်ကုန် ငါးသိန်းတန် CDMA ရဲ့ Ruin ကဒ်ကို နေပြည်တော် CDMA handset ထဲထည့်ရင် တစ်နိုင်လုံးသုံးလို့ရပြီဆိုတာဟုတ်ပါသလားဂျ...သိချင်လို့ ဖြေပေးကြပါဗျာ...

မှတ်ချက်များ

  • edited February 2011 Registered Users
    ဟုတ်ကဲ့သုံးလို့ရပါတယ် ။ cdma 800 Mhz ကို cdma 450 Mhz handset ထည့်သုံးလို့ရပါတယ်။ဒါပေမဲ့ yangon နဲ့ mandalay မှာတော့ 800 handset နဲ့ပဲးသုံးပါ နယ်ဘက်တွေသွားမှသာ 450 handset နဲ့သုံးပေါ့။
  • edited February 2011 Registered Users
    ဟုတ်ကဲ့။ ရတာကြာပါပြီ။
  • edited February 2011 Registered Users
    naylin4u;82914 said:
    ဟုတ်ကဲ့သုံးလို့ရပါတယ် ။ cdma 800 Mhz ကို cdma 450 Mhz handset ထည့်သုံးလို့ရပါတယ်။ဒါပေမဲ့ yangon နဲ့ mandalay မှာတော့ 800 handset နဲ့ပဲးသုံးပါ နယ်ဘက်တွေသွားမှသာ 450 handset နဲ့သုံးပေါ့။

    ကိုနေလင်းဗျာ။
    CDMA 800 and CDMA 450 Mhz နှစ်မျိုးလုံးသုံးနိုင်တဲ့ ဟမ်းဆက်သုံးဘူးလားဗျာ။အားသာချက် အားနည်းချက်လေးသိချင်လို့ပါ။
    ကျွန်တော်၀ယ်မလို့ သုံးဖူးတဲ့သူများဆီက အကြံဉာဏ်လေးအရင်လိုချင်လို့ပါ။
    စောင့်မျှော်နေပါတယ်။
  • edited February 2011 Registered Users
    Paisoe;82926 said:

    ဟုတ်ပ အနော် လည်းသိချင်ပါတယ်ဗျ.......အနော် လည်းစောင့်နေပါတယ်.......ဗျ...........
  • edited February 2011 Registered Users
    GSM နဲ့ CDMA 450 Mhz ၊ GSM နဲ့ CDMA 800Mhz အဲလိုတွဲသုံးတဲ့ handset တွေတော့ကြားဘူးတယ်။
    CDMA 800 နဲ့ 450 တွဲထားတဲ့ Handset တော့ မကြားဘူးသေးဘူး။ သိတဲ့လူများရှိရင်ပြောကြပါ။
  • edited February 2011 Registered Users
    minchit;82981 said:
    GSM နဲ့ CDMA 450 Mhz ၊ GSM နဲ့ CDMA 800Mhz အဲလိုတွဲသုံးတဲ့ handset တွေတော့ကြားဘူးတယ်။
    CDMA 800 နဲ့ 450 တွဲထားတဲ့ Handset တော့ မကြားဘူးသေးဘူး။ သိတဲ့လူများရှိရင်ပြောကြပါ။
    ဟီး..ဟီး...ကျွန်တော်လည်းမကြားဖူးဘူးဗျ....ကျွန်တော် က ကျွန်တော့အမ Phone Handset ဆိုင်မှာ လာလာမေးနေတဲ့ customer တွေများလာလို့ ရှိလားဆိုပြီးမေးကြည်ံတာပါ ဂျ.........သိရင်လည်း ဖြေပေးကြပါ ဂျ..............
  • edited February 2011 Registered Users
    dual sim 450 & 800 mhz သုံးတဲ့ handset တွေတော့ရှိပါတယ်။ တစ်ခါ ဂျာနယ်မှာဖတ်ဖူးပါတယ်။ china phone တွေပါပဲ။ များသောအားဖြင့် အဲဒီဖုန်းတွေက built-in antenna နဲ့ဗျ။ လိုင်းဆွဲအားကတော့ နယ်ရောက်ရင် သိပ်မကောင်းလောက်ဖူးထင်တယ်
  • edited February 2011 Registered Users
    ကျနော်မသုံးဘူးဖူးဗျ သိတဲလူတွေ၀င်ဖြေပေးပါလိမ့်မယ်....
  • edited March 2011 Registered Users
    800 MHz နဲ့ 450MHz တွဲသုံးလို့ ရတဲ့ handset တွေရှိပါတယ်။
    Nokia တံဆိပ်တပ်ထားတဲ့ C 8, 6308,2701 ,2702 ဆိုတဲ့ တရုပ်လုပ်တွေပါပဲ။ Original Brand မရှိပါ။
    အားသာချက်ကတော့ နယ်ထွက်ရင် handset ချိန်းစရာ မလိုတာပါ။ 450 ရဲ့ rooming network ကို setting ထဲမှာ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။
    အားနည်းချက်ကတော့ 800 မှာ လိုင်းဆွဲအားအသင့်အတင့်ရှိပြီး 450 မှာ အားပျော့ပါတယ်။
    စျေးနှုံးကတော့ ၁၂၀,၀၀၀/ိ နဲ့ ၁၄၀,၀၀၀/ိ ၀န်းကျင်မှာ ရှိပါတယ်။
    သုံးထားတဲ့ firmware ကတော့ အဆင့်မမှီပါ။ function ပိုင်းတွေမှာ စုံအောင်လုပ်ထားပေမယ့် လိုအပ်ချက်တွေ များပါတယ်။
    hardware ပိုင်းမှာလဲ ညံ့ပါတယ်။ ခဏ နဲ့ keypad တွေ ကျွံတတ်ပါတယ်။
    အကောင်းဆုံးကတော့ သပ်သပ် တမျိုးဆီ ၀ယ်သုံးဖို့ အကြံပြုပါရစေ။
    တချို့သောဆိုင်တွေက Nokia အစစ်ဖြစ်သယောင်နဲ့ လှည့်ဖျားထားတာတွေ ရှိပါတယ်။
    ဆိုင်တွေရဲ့ ကြော်ငြာကောင်းတိုင်း မယုံကြည်ကြပါနဲ့ ခင်ဗျား--
    :tongue::tongue::tongue:
    လိမ်တဲ့ဆိုင်တွေကတော့ ဒီဟာဖတ်မိရင်တော့ --:mad::mad::mad:
  • edited March 2011 Moderators
    အကြံပြုလိုတာကတော့ တရုတ်ပစ္စည်းချင်းတူတူဖြစ်မှတော့ အင်အစား brand ရှိတဲ့ဟာကို ရွေးချယ်၀ယ်ယူသင့်တယ်လို ့မြင်ပါတယ်။
  • edited March 2011 Registered Users
    Morris;83847 said:
    အကြံပြုလိုတာကတော့ တရုတ်ပစ္စည်းချင်းတူတူဖြစ်မှတော့ အင်အစား brand ရှိတဲ့ဟာကို ရွေးချယ်၀ယ်ယူသင့်တယ်လို ့မြင်ပါတယ်။

    အစ်ကိုရေ တရုတ်ထုတ် brand ရှိတဲ့ handset နာမည်တွေသိရင် တစ်ချက်လောက်ပြောပြပေးပါလားဗျာ။
    ကျွန်တော်ကနယ်ဘက်ရောက်နေလို့ တစ်ချက်လောက်ကူညီလို့အဆင်ပြေရင် ကူညီပေးပါလို့။
  • edited March 2011 Registered Users
    Morris ရေ-
    ကိုယ်စားဖြေပေးလိုက်မယ်။ သိသလောက်ပေါ့-:tongue:

    800 မှာ ရိုးရိုးလေးသုံးမယ်ဆိုရင်တော့
    india ထုတ်က samsung 319 (TATA indicom) /samsung 219 (TATA indicom) အဲဒီနှစ်မျိုးက အကြမ်းခံတယ်။
    china ထုတ် Huawai က ထုတ်တာတွေကလဲ မဆိုးပါဘူး။ eg, (C 5600 , C 5900 , C 8500 , C 8600 )
    ANDROID OS နဲ့ run တာတွေလဲရှိပါတယ်။ 800 အတွက် ရှားရှားပါးပါး OS ဖုန်းတွေပါ။

    450 မှာတော့ တရုတ်ထုတ် ZTE က နာမည်ရပါတယ်။ ရိုးရှင်းလေ လိုင်းဆွဲအား ကောင်းလေပါ။
    Function အများကြီးပါတာလဲ မရှိပါ။ အဆင်ပြေသလိုရွေးချယ်ပါ။
    Hisense လဲ မဆိုးဘူး။ eg, (HS C 1110 )
    Korea ထုတ် General / Ubiquam / Unimile တို့ကတော့ စျေးလဲ မြင့်ပြီး အရည်အသွေးလဲကောင်းပါတယ်။
    function ကတော့ အများကြီး တောင်းဆိုလို့တော့ မရနိုင်ပါ။
    နယ်မှာ သုံးမယ်ဆိုရင်တော့ Antanna တိုင်ပါတာကို ရွေးချယ်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။
    OS ဖုန်း မရှိပါ။( သိသလောက်ပြောတာ) မတွေ့ဖူးသေးလို့။

    စမ်းကြည့်ဖူးတဲ့အထဲက သင့်တော်မယ်လို့ ထင်တာလေးတွေပါ ခင်ဗျား---:biggrin:
    ကျေနပ်လောက်မယ် ထင်ပါရဲ့---:biggrin:
  • edited March 2011 Registered Users
    kominmin;83915 said:

    Hisense အကြောင်းပြောလို့ ၀င်ပွားလိုက်ဦးမယ်
    ကျတော်ဗျာ ဧရာ၀တီတိုင်းက မြို့တွေမှာ ၂၀၁၁ နှစ်ဆန်းပိုင်းလောက်မှာ ချပေတဲ့ ၅သိန်းတန် CDMA ကဒ်တစ်ခု၀ယ်လိုက်ပါတယ် ( အဲဒါ ၄၅၀ လား ၈၀၀ လားဟင် ၊ သိတဲ့သူရှိရင် ရှင်းပြပေးပါဦး အားနည်ချက် အားသာချက် ပါထည့်ရှင်းပေးပါ )
    အဲဒါ ဟန်းဆတ်၀ယ်ရအောင်ကျတော့် နကိုကတည်းက ကိုက ဂျီးများများဗျ နေတဲ့ နယ်မြိုတွေဗျာ ဘိုကလေး၊ မော်ကျွန်း၊ ဖျာပုံ တွေမှာ လိုက်ကြည့်လိုက်တာ :biggrin: အဲဒိ hisense လေးကိုသွားသဘောကျသဗျ
    အဲဒါနဲ့ ရန်ကုန်တက်၀ယ်လိုက်တာ ၁၆၀၀၀၀ ပေးရတယ် ၁ဂစ်ကဒ်၊ ဘလူးတု အီးယားဖုန်း၊ အိတ်စတာ ဘက်ထရီ တစ်ခုအပိုပါတယ်ဗျ
    လိုင်းဆွဲအားလည်းမဆိုးပါဘူး ရန်ကုန်ဆိုနေရာတော်တော်များများမှာ ဆက်လို့ရတယ်
    နယ်တွေလည်းကောင်းတယ်ဗျ ၊ ဒါပေမယ့် သူနယ်က ဖုန်းအလုံးရေနဲ့ ဆားဗစ်တိုင်က အ၀င်အထွက်နဲ့မလောက်တဲ့ မြိုတွေတော့မရဘူး
    ရင်းတုန်း အသံတော့ တခြားတရုတ်ဟန်းဆတ်တွေနဲ့ယှဉ်ရင် နည်းနည်းတိုးတယ်ဗျ
    အဲဒါနဲ့ ၀ယ်လားပြီး ၃ရက်မြောက်တဲ့နေ့လဲကျတော့ screen ပျက်သွားကောဗျ အဆင်းအဆင်းတွေ ပေါ်လိုက် အဖြူသက်သက်ကြီးဘဲပေါ်လိုက်ဖြစ်နေတာ
    ဆိုင် ၃ ရက်အတွင်းဆို ၀ရန်တီ ပေးတယ််ဆိုလို့ ရန်ကုန်ရောက်တုန်းသွားပြလိုက်တာ တော်သေးတယ်ဗျာကျေးဇူးရှင်က အသစ်တစ်လုံးလဲပေးလိုက်လို့။ (တကယ်ပြန်ပေးတာပါ ဆိုင်နာမည်သိချင်ရင်တော့ ပြောပေးပါ့မယ် ကိုယ့်ကိုစိတ်ချမ်းသာအောင်လုပ်ပေးလိုက်လို့ Customer feedback ပြန်လုပ်ပေးရမှာပေါ့ :smile:)။ ၃ ရက်ကျော်ရင်တော့ မရလောက်တော့ဘူးထင်တယ်ဗျ ။ ကုန်ပဏီကတော့ ၃ လပေးတယ်ဆိုဘဲဗျ။
    အခုဆို လတောင်ချီနေပြီ ကောင်းနေတုန်းဘဲ
    ဲခြုံပြောရရင်တော့ သုံးလို့ကောင်းပါတယပ် ၀ရန်တီပေးတဲ့ဆိုင် တကယ်ပြန်လည်းပေးတဲ့ဆိုင်တော့ရွေး၀ယ်ပေါ့
    Camera 1.4 pixel
    Built in memory
    Extra card
    Mp 3, Mp4
    Bluetooth
    Internet တော့သုံးရမရ မသိသေးဘူးဗျ နယ်မှဆိုတော့
    ၄၅၀ ၊ ၈၀၀ နှစ်ခုစလုံးရတယ်
    စတိုင်မိုက်တယ်:biggrin:
    လိုင်းဆွဲအားကလဲ ကျန်းမာရေးနဲ့ညီညွတ်ပါတယ် ( သတ်မှတ်တာထက် တရားလွန်ဆွဲအားကောင်းတဲ့ဖုန်းတွေက ကျန်းမာရေးကိုထိတယ်ဆိုဘဲ )
    ခုထိတော့ နောင်တ မရသေးဘူး :biggrin:
    ဒါပေမယ့်ကို၀ယ်ထားတဲ့ကဒ်က ၄၅၀ လား ၈၀၀ လားမသိတာတော့ဆိုးတယ်ဗျ
    နေပြည်တော်က ပေးတဲ့ ကဒ်တွေက ကျောဘက်က အဖြူရောင်လေးတွေဗျ
    ကျတော်တို့နယ်မြို့က လျှော်က်တဲ့ ကဒ်တွေက ကျောဘက်က အပြာရောင်ရေတံခွန်ပုံလေးတွေဗျ အဲလောက်ပဲကွာတယ်သိရင်ရှင်းပြကျပါဦး
  • edited March 2011 Registered Users
    ဘယ်သူမှလဲ မဆွေးနွေးကြတော့ဘူး
    ကို အလက်ဇန်းဒါး တို့
    လုပ်ကြပါဦး
    ဒါမှမဟုတ် ပို့အသစ်တင်ပေးရမလား
  • edited March 2011 Registered Users
    naungnow;84046 said:

    ဧရာ၀တီတိုင်းမှာ နာဂစ် ပြီးကတည်းက ချထားပေးတဲ့ ဖုန်းတွေဟာ 450 MHz ဖုန်းတွေပါ။
    အားသာချက်ကတော့ မြန်မာပြည် နေရာဒေသ တော်တော်များများ တောင်ပေါ်မြေပြန့်မကျန် သယ်ဆောင်သွားလို့ အဆင်ပြေပါတယ်။
    နောက်တချက်က ဆက်သွယ်ရေး (အစိုးရ) အနေနဲ့ တိုင်နဲနဲ ထောင်ပေးပြီး ဖုန်းအလုံးရေ များများချပေးနိုင်တော့ (လိုင်းကျပ်ကျပ် မကျပ်ကျပ် ) သူတို့ တွက်ချေကိုက်တဲ့အတွက် နောက်ဆိုရင် တပြည်လုံးတောင် သယ်သွားလို့ ရလာနိုင်တဲ့ အခြေအနေ ရှိပါတယ်။

    အားနည်းချက်ကတော့ မြို့ပြအိမ်ယာ ထူထပ်ပြီး အဆောက်အဦး အမြင့်တွေ ကြားမှာတော့ တိုင်သာတက်ပြီး ဖုန်းပြောလို့ မရပါ။
    အိမ်ခြေကျဲမယ်၊ အထပ်နိမ့် တွေများတဲ့ မြို့ပြင် (သို့) နယ်မြို့တော်တော် များများမှာတော့ အဆင်ပြေပါတယ်။
    ဖုန်းပြောတာ ၅ မိနစ် ကျော်လာလို့ ပါးတွေနားတွေ ပူလာရင်လဲ မတတ်နိုင်ပါ။

    Hisense က Nokia E series ဖုန်းတချို့လို QUERTY keyboard ပါလာတော့ 450 ဖုန်းတွေကြားမှာတော့ အမြင်တမျိုးနဲ့ ပေါ်လွင်နေတာပေါ့။ သူ့ရဲ့ Quality လေးလဲ မဆိုးပါဘူး။ Firmware error နဲပါတယ်။ သုံးပျော်ပါတယ်။

    ဆွမ်းဆန်ထဲ ကြွက်ချီးရော ဆိုသလို ကောင်းတဲ့ဆိုင်ရော မကောင်းတဲ့ဆိုင်ရော စုံနေတာပါပဲ။
    နာမည်ကြီးဆိုင်တချို့မှာလဲ Brand တမျိုးထဲကိုမှ Made မျိုးစုံ ရောလွှတ်တာကိုလဲ ကြုံဖူးပါတယ်။

    450 လိုင်းဆွဲအားက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတာ ဘယ်နေရာမှာများ ရှာဖွေတွေ့ရှိခဲ့ပါသလဲ ခင်ဗျာ--imageimage
    တကယ်မသိလို့မေးတာပါ။
    450 MHz ဟာ ကျန်းမာရေးနဲ့ ပါတ်သက်လို့ ဘယ်လို ISO 9001/9002 လက်မှတ်တွေများ ရရှိထားသလဲ ဆိုတာကို မတွေ့မြင်ဘူးလို့
    ဘယ်မှာ တွေ့တယ်ဆိုတာကို ပြန်လည်ဖြေကြားပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ် naungnow ခင်ဗျား imageimageimage
  • edited March 2011 Registered Users
    ko min min ရေ
    ကို naungnow ပြောတာက Hisense ဟမ်းဆက်က လိုင်းဆွဲအားမှာ ကျမ်းမာရေးနဲ့ညီညွတ်တာကိုပြောချင်တာနေမယ်။
    450 Mhz ကိုပြောတာမဟုတ်ဘူးထင်တယ်နော်။
    နှစ်ယောက်သား ဖိုက်နေမှာစိုးလို့။(ဟီး)
  • edited March 2011 Registered Users
    kominmin;84236 said:
    ဧရာ၀တီတိုင်းမှာ နာဂစ် ပြီးကတည်းက ချထားပေးတဲ့ ဖုန်းတွေဟာ 450 MHz ဖုန်းတွေပါ။
    အားသာချက်ကတော့ မြန်မာပြည် နေရာဒေသ တော်တော်များများ တောင်ပေါ်မြေပြန့်မကျန် သယ်ဆောင်သွားလို့ အဆင်ပြေပါတယ်။
    နောက်တချက်က ဆက်သွယ်ရေး (အစိုးရ) အနေနဲ့ တိုင်နဲနဲ ထောင်ပေးပြီး ဖုန်းအလုံးရေ များများချပေးနိုင်တော့ (လိုင်းကျပ်ကျပ် မကျပ်ကျပ် ) သူတို့ တွက်ချေကိုက်တဲ့အတွက် နောက်ဆိုရင် တပြည်လုံးတောင် သယ်သွားလို့ ရလာနိုင်တဲ့ အခြေအနေ ရှိပါတယ်။

    အားနည်းချက်ကတော့ မြို့ပြအိမ်ယာ ထူထပ်ပြီး အဆောက်အဦး အမြင့်တွေ ကြားမှာတော့ တိုင်သာတက်ပြီး ဖုန်းပြောလို့ မရပါ။
    အိမ်ခြေကျဲမယ်၊ အထပ်နိမ့် တွေများတဲ့ မြို့ပြင် (သို့) နယ်မြို့တော်တော် များများမှာတော့ အဆင်ပြေပါတယ်။
    ဖုန်းပြောတာ ၅ မိနစ် ကျော်လာလို့ ပါးတွေနားတွေ ပူလာရင်လဲ မတတ်နိုင်ပါ။

    Hisense က Nokia E series ဖုန်းတချို့လို QUERTY keyboard ပါလာတော့ 450 ဖုန်းတွေကြားမှာတော့ အမြင်တမျိုးနဲ့ ပေါ်လွင်နေတာပေါ့။ သူ့ရဲ့ Quality လေးလဲ မဆိုးပါဘူး။ Firmware error နဲပါတယ်။ သုံးပျော်ပါတယ်။

    ဆွမ်းဆန်ထဲ ကြွက်ချီးရော ဆိုသလို ကောင်းတဲ့ဆိုင်ရော မကောင်းတဲ့ဆိုင်ရော စုံနေတာပါပဲ။
    နာမည်ကြီးဆိုင်တချို့မှာလဲ Brand တမျိုးထဲကိုမှ Made မျိုးစုံ ရောလွှတ်တာကိုလဲ ကြုံဖူးပါတယ်။

    450 လိုင်းဆွဲအားက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတာ ဘယ်နေရာမှာများ ရှာဖွေတွေ့ရှိခဲ့ပါသလဲ ခင်ဗျာ--imageimage
    တကယ်မသိလို့မေးတာပါ။
    450 MHz ဟာ ကျန်းမာရေးနဲ့ ပါတ်သက်လို့ ဘယ်လို ISO 9001/9002 လက်မှတ်တွေများ ရရှိထားသလဲ ဆိုတာကို မတွေ့မြင်ဘူးလို့
    ဘယ်မှာ တွေ့တယ်ဆိုတာကို ပြန်လည်ဖြေကြားပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ် naungnow ခင်ဗျား imageimageimage
    ကျေးဇူးပါ ကို Paisoe ရေ။
    ဖြည့်တွေးပြီးနားလည်ပေးတာကိုကော
    ွှအဲလို Positive thinking လေးကိုကာ တကယ်လေးစားမိပါတယ်။:77:

    ဟုတ်ပါတယ် ကိုမင်းမင်းရယ်
    ကျတော့် presentation skill ည့ံတာကို ကျတော်သတိထားမိသွားပါတယ်
    ကျတော်ဆိုလိုချင်တာက
    Hisense ကတခြား တရုတ်ဟန်းဆက်တချို့နဲ့ ယှဉ်ရင် လိုင်းဆွဲအား နည်းနည်း နဲတယ်လို့ထင်မိလို့ပါ။
    ဆိုတော့ ..... ကျတော်သိသလောက်ဆိုရင်လိုင်းဆွဲအား တရားလွန်ကောင်းတဲ့ဟန်းဆက်တွေက ကျန်းမာရေးကိုထိခိုက်စေတယ်လို့သိရပါတယ်။
    တချို့နိုင်ငံတွေမှာဆိုရင် အဲဒိပြသာနာကိုရှင်းဘို့အတွက် ပင်မတိုင်တွေကိုဘဲ များများတပ်ဆင်ပေးထားတယ်လို့သိရပါတယ်၊ ဆိုလိုတာက ပင်မတိုင်တွေကိုများများတပ်ဆင်ပေးထားတဲ့အခါမှာ လိုင်းဆွဲအားအထူကောငး်ဘို့ မလိုအပ်တော့တဲ့အတွက် တရားလွန်လိုင်းဆွဲအားကောင်းတဲ့ ဟန်းဆက်ကို သုံးစရာမလိုတော့ဘူးပေါ့နော်
    အဲဒိတော့ သူ့ရဲ့ ထုတ်လွှင့်တဲ့ wave တွေကို သိပ်မခံစားရတော့တဲ့အတွက် မလိုလားအပ်တဲ့ ရောဂါတွေမဖြစ်နိုင်ဘူးပေါ့နော်။
    အဲဒါကို ကျတော်က Hisense ကတခြား တရုတ်ဟန်းဆက်တချို့နဲ့ ယှဉ်ရင် လိုင်းဆွဲအား နည်းနည်း နဲတယ်လို့ ထင်မိလို့ တဲ့(ဒဲ့)မပြောဘဲ ရီစရာထည့်ရေးလိုက်တာပါ။
    နားရှုပ် (မျက်စိရှုပ်:O) ပြီး နားမလည်ဖြစ်သွားရတယ်ဆိုရင်လည်း Sorry ပါ။
    ကိုယ်ကိုင်ထားတာကို 450MHz လား 800MHz လားမသိလို့မကျေနပ်နေတာ အခုလိုရှင်းပြပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။

    (again):77:
    ကျေးဇူးပါ ကို Paisoe ရေ။
    ဖြည့်တွေးပြီးနားလည်ပေးတာကိုကော
    ွှအဲလို Positive thinking လေးကိုကာ တကယ်လေးစားမိပါတယ်ဗျာ။ :77:(again)
  • edited March 2011 Registered Users
    naungnow;84291 said:

    naungnow ရေ
    ပြဿနာရှာချင်တဲ့ သဘောနဲ့ ပြန်မေးထားတာ မဟုတ်ပါဘူး။ သဘောရိုးနဲ့ပါ။:redface:

    လေ့လာသူတွေအတွက်တော့ "ကိုယ်မသိတာ သူသိ ၊ သူမသိတာ ကိုယ်သိ" ဆိုတဲ့ သဘောအနေနဲ့ သိထားတဲ့ အချက်လေးများရှိမလားလို့ မေးမိတာပါ။
    သိတဲ့သူတွေကလည်း ၀င်ရောက်ဖြေကြတဲ့ အစဉ်အလာလေးလဲ ရှိတယ်လေ...................

    နာဂစ် ဖြစ်ပြီးစက ဧရာ၀တီတိုင်းမှာ ကူညီရေးသွားခဲ့စဉ်က 450ကို အထိုင်ဖုန်းအနေနဲ့ စသုံးဖူးခဲ့ပြီး တော်တော်လေး သဘောကြခဲ့ပါတယ်။
    ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေရတဲ့အထဲ သဘာ၀ဘေးဒဏ်ထိတော့ အဲဒီနေရာတွေမှာ station တွေ သိပ်မလိုပဲ ဖုန်းကိုသုံးနိုင်ခဲ့လို့
    အလွန် အသုံး၀င်ခဲ့ပါတယ်။ အဲဒီကတည်းက 450 ရဲ့ လိုင်းဆွဲအားကို သံသယ ၀င်ခဲ့ပါတယ်။:confused:
    ဒီကောင့်ကို သုံးရတာတော့ ဟုတ်ပါရဲ့ - ဘာတွေများ side effect တွေ ရှိမလဲလို့ တွေးမိပါတယ်။:confused:
    CDMA ဆိုတဲ့ အမျိုးကလည်း အဖေါ်မရှိရင် မနေတတ်တဲ့ကောင်လေ။
    ဘယ်လို သိခဲ့သလဲဆိုတော့...

    ခေတ်ဦးက 80 နဲ့စတဲ့ CDMA ကို သုံးဖူးခဲ့စဉ်မှာ network တိုင် မတက်တော့ဘူးဆိုတာနဲ့ searching network ဆိုပြီး တိုင် လိုက်ရှာနေပြီးတော့ ဖုန်းက ပူလာပြီး အားက ကုန်ပါလေရော။ ဒီကောင်450လဲ အဲဒီလိုပဲတဲ့ဗျ။

    GSM ကတော့ တိုင်မတက်တော့ရင် ၀တ်ကျေတန်းကျေတောင် network ကို မရှာတော့ပဲ မင်းမရှိလဲ ငါ့ဖာသာနေမယ် ဆိုတဲ့ကောင်ပေါ့။
    နောက်ပြီး CDMA က တိုင်ကလိုင်းကို ဆွဲတာကို အားမရသေးပဲ သူလက်လှမ်းမှီတဲ့ ဧရိယာ အတွင်းမှာရှိတဲ့ တခြားဖုန်းတွေရဲ့ လိုင်းကိုလဲ
    ဆွဲယူပြီး မှီခိုတတ်သေးတယ်လို့ မှတ်သားဖူးပါတယ်။:rolleyes:
    အေ၀းကြီးကို ထုတ်လွှင့်၊ လက်ခံ ဖမ်းယူနိုင်ကတည်းက 450 ရဲ့ ဆွဲအားကို သံသယ ၀င်မိပြီး အတွေးများနေခဲ့ပါတယ်။:confused:

    Handset နဲ့ သုံးပြီ ဆိုကတည်းက ဘယ်လိုင်းကို သုံးသုံး wave ရဲ့ သက်ရောက်မှုကတော့ ရှိစမြဲပါ။ အဲဒီတော့....
    လိုင်းဆွဲအားပြင်းတဲ့ 450 ကို handset နဲ့ သုံးပြီဆိုကတည်းက သက်ရောက်မှု ပိုများမှာပဲ လို့ ထင်မြင်မိပါတယ်။
    အဲဒီအတွက် မျှားတစင်းနဲ့ ငှက်နှစ်ကောင် ပစ်သလိုမျိုး ခင်ဗျားကိုလဲ ဖြေရင်း တခြားသူကိုလဲ မေးရင်း ဆိုတဲ့ သဘောရိုးလေးနဲ့ ပြန်လည်မေးလိုက်မိတာပါ။ အယူအဆ အတွေးအမြင်တွေ လွဲမှားသွားခဲ့ရင် ခွင့်လွှတ်ပါ ခင်ဗျား။
    ဒါကြောင့် တကယ်မသိတဲ့အတွက် ရိုရိုသေသေ မေးထားတာကို တွေ့ရမှာပါ။ ပြန်ဖတ်ကြည့်ပါအုံး
    450 လိုင်းဆွဲအားက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတာ ဘယ်နေရာမှာများ ရှာဖွေတွေ့ရှိခဲ့ပါသလဲ ခင်ဗျာ--
    တကယ်မသိလို့မေးတာပါ။
    450 MHz ဟာ ကျန်းမာရေးနဲ့ ပါတ်သက်လို့ ဘယ်လို ISO 9001/9002 လက်မှတ်တွေများ ရရှိထားသလဲ ဆိုတာကို မတွေ့မြင်ဘူးလို့
    ဘယ်မှာ တွေ့တယ်ဆိုတာကို ပြန်လည်ဖြေကြားပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ် naungnow ခင်ဗျား
    ရိုင်းစိုင်းတဲ့ အပြောအဆို အသုံးအနှုံး မပါပါဘူးခင်ဗျာ။
    မသိတာတွေကို သိတာလေးတွေနဲ့ ဖလှယ်တဲ့ သဘောရိုးနဲ့ပါ ခင်ဗျား........
    သိတဲ့ ပုဂ္ဂိုလ်များကလဲ ဖြေကြားပေးကြပါ ခင်ဗျား............
Sign In or Register to comment.