မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

MYSTERY ZILLION 4th ANNIVERSARY

edited February 2011 in Tech News
မင်္ဂလာပါ
လာမယ့် April 1 ရက်နေ့ ဆိုရင် MYSTERY ZILLION လေးနှစ်ပြည့်ပါတော့မယ်။ လေးနှစ်ပြည့် အထိမ်းအမှတ်ကို ပြုလုပ်ကျင်းပရန်အတွက် မမ်ဘာများထံမှ အကြံဉာဏ်တွေ တောင်းခံချင်ပါတယ်။ ပွဲကို ကွန်ပြူတာစာမေးပွဲပြီး သင်္ကြန်ပြီး လုပ်ဖို့စဉ်းစားထားပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး အကြံဉာဏ်များပေးလိုပါက ပေးနိုင်ပါတယ်။ နောက်တစ်ခုက ဘယ်လိုမျိုးလုပ်ချင်ကြလဲမသိဘူး။

ပြီးတော့ မနှစ်က လုပ်တဲ့ Myanmar Egress က အဆင်ပြေလား၊

မှတ်ချက်များ

  • edited February 2011 Registered Users
    Gipsy's အမြင်
    ကျွန်တော်ကတော့ Presentation ပြိုင်ပွဲ လုပ်ချင်ပါတယ်။
    လူအဟောင်းတွေတက်ပြောမယ့် အစား လူအသစ်လေးတွေကို စင်ပေါ်မှာ မြင်ချင်ပါတယ်။ အဲဒီအတွက် ဒီပြိုင်ပွဲလေး လုပ်ချင်တာပါ။

    ကျွန်တော်တို့ နှစ်လ အကြိုလောက် စခေါ်မယ်။ ဘယ် အီမေးကိုပို့ပေါ့။ ပြီးတော့ judge ဖွဲ့မယ်။ သူတို့ စစ်ရမယ်။ စည်းကမ်းချက်တွေကတော့ နောက်မှရေးတော့မယ်။ ပြီးရင် မကြေငြာသေးဘူး Nomination ဖြစ်တဲ့ ငါးယောက်ကိုပဲ ကြေငြာမယ်။ ပွဲရောက်တဲ့နေ့မှ ပထမ ဒုတိယ တတိယ ကြေငြာမယ်။ အဲဒီတော့ သူတို့ကိုတက်ပြောခိုင်းမယ်။ အဲဒီလိုမျိုးစဉ်းစားထားတယ်။ ကျွန်တော့်အမြင်သာ....

    ကျေးဇူးတင်ပါတယ်။
    ဂျစ်ပဆီ(ပြည့်စုံ)
  • edited February 2011 Registered Users
    first apirl က apirl fool ဟုတ်.. စနေတာတော့ဟုတ်ပါဘူဟုတ် :confused::confused::confused::tongue::tongue:
  • KK
    edited February 2011 Moderators
    April 1st က Friday ပါ ... :smile::smile:

    ပွဲကို ကွန်ပျူတာ စာမေးပွဲပြီးတဲ့နေ့လုပ်တာကောင်းပါတယ်။ ကျောင်းက စိတ်၀င်စားတဲ့သူတွေလည်းတတ်လို့ရတာပေ့ါ။ ကွန်ပျူတာက Mid-Term ကို April 1st Week ဖြေရတာများတယ်လေ။ အဆင်ပြေမှာပါ။ ဖြစ်နိုင်ရင်သူတို့ထဲက တစ်ယောက်လောက်ဖြစ်ဖြစ် တတ်ပြောစေချင်တယ်.. :biggrin::biggrin:
  • edited February 2011 Registered Users
    ကွန်ပျူတာစာမေးပွဲတွေ ပြီးရင် လုပ်တာကောင်းပါတယ်.....Gipsy ရဲ့ အမြင်ကိုလည်း ထောက်ခံပါတယ်...လူသစ်တွေ ကို ကြိုဆိုကျတာပေါ့။:cool:
  • edited February 2011 Registered Users
    ဒီနှစ်တော့ networking ပိုင်းလေးတွေ ပြောမယ့်သူတွေရှိရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ မနှစ်က အဲ့ဒီအပိုင်းမှာပြောတဲ့သူ မရှိသလောက်ကို ရှားပါတယ်။ အနော့် ကို ပြောခိုင်းလဲ မပြောတတ်ဘူး :smile:
    ဖြစ်နိုင်ရင်ပြောပါတယ် cloud computing လိုမျိုး (အနော် ဘာမှန်းကိုမသိလို့) ပေါ့

    ဒါလေးတစ်ခုတော့ တောင်းဆိုပါရစေနော်။ ။
  • edited February 2011 Registered Users
    anniversary ကိုဘယ်မှာ လုပ်မှာ ဆိုတာကို သိချင်ပါတယ်။ တက်ရောက်ဖို့ ဘာတွေလို အပ်လဲ ဆိုတာကို ပေ့ါ။ ကျွန်တော် ့ gmail ကို ပို့ပေးစေချင်ပါတယ်
    အဆင်ပြေမယ် ဆိုရင် ကူညီကြပါဗျာ နော့်။
  • edited February 2011 Registered Users
    UCSY ကိုတော်တော်ဦးစားပေးတယ်နော်။ ... ကောင်းပါတယ်။ စာမေးပွဲတွေပြီးမှလုပ်တော့လူပိုများတာပေါ့
  • edited February 2011 Registered Users
    T.K wrote: »
    April 1st က Friday ပါ ... :smile::smile:

    ပွဲကို ကွန်ပျူတာ စာမေးပွဲပြီးတဲ့နေ့လုပ်တာကောင်းပါတယ်။ ကျောင်းက စိတ်၀င်စားတဲ့သူတွေလည်းတတ်လို့ရတာပေ့ါ။ ကွန်ပျူတာက Mid-Term ကို April 1st Week ဖြေရတာများတယ်လေ။ အဆင်ပြေမှာပါ။ ဖြစ်နိုင်ရင်သူတို့ထဲက တစ်ယောက်လောက်ဖြစ်ဖြစ် တတ်ပြောစေချင်တယ်.. :biggrin::biggrin:

    ဒါဆိုရင်တော့ ကိုကြီး T.K တို့ ကိုကြီး Tsuna lade တို့ ပြောကြပေါ့...နော...အကို တို့ က UCSY ဘိုးအေကြီးတွေ ဆိုတော့....နော
  • edited February 2011 Moderators
    UCSY ကိုတော်တော်ဦးစားပေးတယ်နော်။ ... ကောင်းပါတယ်။ စာမေးပွဲတွေပြီးမှလုပ်တော့လူပိုများတာပေါ့

    LTNS bro
    OM Dear Forbidden Blueray :)
  • edited February 2011 Registered Users
    Tsuna lade wrote: »
    LTNS bro
    OM Dear Forbidden Blueray :)

    What do you means မောင်မောင်လိပ် ?
  • edited February 2011 Registered Users
    စာမေးပွဲပြီးမှ လုပ်မယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီမှာကြားနေရတာက စာမေးပွဲက သင်္ကြန်ပြီးမှလို့ကြားနေတယ် ဟုတ်မဟုတ်တော့မသိဘူး ပြီးတော့နောက်တခုက သမီးတို့ကနယ်ကဆိုတော့ တက်ရောက်ဖို့ ခဲယဉ်းလိုက်မယ် ဒါပေမဲ့ အတတ်နိုင်ဆုံးတက်ရောက်နိုင်ဖို့ကြိုးစားပါ့မယ် ဖြစ်နိုင်ရင် မနှစ်က ဘယ်လိုလုပ်ခဲ့လဲ ဘာအစီအစဉ်တွေပါလဲဆိုတာ သေချာသိချင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင့် :redface:
  • edited February 2011 Registered Users
    ဘယ်အချိန်လုပ်လုပ်အဆင်ပြေပါတယ်
    ရောက်အောင်လာချင်တဲ့သူတွေကတော့ ရောက်အောင်လာမှာပါဘဲ :) ဟုတ်တယ်မဟုတ်လား
    အရင်နှစ်က အစီအစဉ်တွေကိုလဲ ကြိုက်ပါတယ် ဒါပေမယ့် MZ Logo တစ်ခုထဲရတာရယ် သေးသေးလေး
    ဖြစ်နေတာရယ်တော့ ဟီး သိပ်မကြိုက်ဘူး
    MZ Logo ကို သော့ချိတ်တို့ဘာတို့လုပ်ပေးပါလား အဆင်ပြေရင်ပေါ့
    မပြေတော့လဲ Logo Sticker ကို အကြီးတစ်ခု အသေးတစ်ခု လိုချင်ပါတယ်
    သြော် ပြပွဲမှာ ဘာမှမကျွေးလဲ ကြေနပ်ပါတယ်၊ အရင်လိုဘဲ စိတ်၀င်စားစရာ စာစောင်ရယ်
    ပေးမယ်နည်းပညာ မှန်မျှ ယူပါမယ်။
    အခုလိုပြောရေးဆိုခွင့်ရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • edited February 2011 Registered Users
    ဘယ်မှာ လုပ်လုပ်အဆင်ပြေမယ်လို့ထင်ပါတယ် လူညီတယ်လို့ထင်လို့ပါ :)
  • edited February 2011 Administrators
    မနှစ်တုန်းကတော့ web အကြောင်းတွေ ပြောတာ များသွားတယ်။ ဖိတ်လို့ရတဲ့ လူတွေကလည်း web သမားတွေ များသွားတာလည်း ပါတာပေါ့။ ဒီနှစ် ဘယ်လို လုပ်ချင်လဲ။ လူ ကတော့ အများကြီး မမှန်းထားပါဘူး။ အများဆုံး ၅၀ ပေါ့။ ဒီနှစ်လဲ egress မှာပဲ လုပ်ဖြစ်လိမ့်မယ် ထင်တယ်။

    အဓိက သိချင်တာက ဘာလုပ်ချင်လဲ ?

    လက်ရှိ Member တွေထဲက ကိုယ်ပိုင် ဖန်တီးထားတဲ့ creation တွေ ရှိလား ?

    ဥပမာ ။။ ကျွန်တော်ဆို ကျွန်တော်လုပ်ထားတဲ့ Nifty framework အကြောင်းပြောချင်တယ်။ ဒါမှမဟုတ် Ornagai အကြောင်းနဲ့ Installation တွေကို ပြောပြချင်တယ်။

    အဲလိုမျိုး member တွေထဲက own creation တွေကို ချပြစရာတွေ ရှိသလား ?
  • edited February 2011 Moderators
    Eaindra wrote: »
    စာမေးပွဲပြီးမှ လုပ်မယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီမှာကြားနေရတာက စာမေးပွဲက သင်္ကြန်ပြီးမှလို့ကြားနေတယ် ဟုတ်မဟုတ်တော့မသိဘူး ပြီးတော့နောက်တခုက သမီးတို့ကနယ်ကဆိုတော့ တက်ရောက်ဖို့ ခဲယဉ်းလိုက်မယ် ဒါပေမဲ့ အတတ်နိုင်ဆုံးတက်ရောက်နိုင်ဖို့ကြိုးစားပါ့မယ် ဖြစ်နိုင်ရင် မနှစ်က ဘယ်လိုလုပ်ခဲ့လဲ ဘာအစီအစဉ်တွေပါလဲဆိုတာ သေချာသိချင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင့် :redface:

    ဒီသတင်းဖြစ်ဖို ့အလားအလာများပါတယ်။

    If we wait , we have to wait till may :D
Sign In or Register to comment.