MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Difference Between Manage and Unmange VPS Server
  • Vote Up0Vote Down zenerzener
    Posts: 45Registered Users
    VPS Server ၀ယ်ရင် manage and unmange ဆိုပြီး ပါပါတယ်။
    အဲ ၂ ခုက ဘာတွေကွာလဲ သိချင်လို့ပါခင်ဗျာ ။
    manage ကတော့ စျေးပိုကြီးပါတယ်။ သူက cpanel ပါတယ်။
    unmanage က cpanel မပါဘူးလားဟင် ။ သေချာမသလို့ ရှင်းပြပေးကြပါဦး ။
  • 5 မှတ်ချက်များ sorted by
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,177Super Moderators
    Unmanage ဆိုရင် ဆိုလိုတာက Setup or Trouble Shooting မှာ Hosting Company ကနေ အကူအညီမရနိုင်ပါ စစချင်းသူတို့ ပေးထားတဲ့ Virtual Private Server တစ်လုံးမှာ အများအားဖြင့် OS ပဲပါမှာပါ လုံးဝ Plain မှ Plain စစ်စစ်ပါ :D VPS တစ်ခုလုံးရဲ့ webserver, database, ftp, firewall, ... စသည်ဖြင့်ပေါ့လေ Install and Configure အကုန်ကိုယ့်တာဝန်ပါ နည်းနည်းသဘော ကောင်းတဲ့ Hosting ဆိုရင်တော့ အချို့သောဆော့ဝဲများတော့ ထည့်ပေးပြီးသားပါပါတယ်။ တကယ်ကတော့ unmanage ဆိုကတည်းက Plain လိုချင်လို့ပါ။ Manage ကတော့ Hosting Company ကနေ အကူအညီရနိုင်ပါတယ် Software အတော်များများက ကိုယ်တိုင်လုပ်စရာမလိုပါ သူတို့ထည့်ပေးထားပါလိမ့်မယ်။ Cpanel ကတော့ hosting အပေါ်မူတည်မယ်ထင်တယ် ပုံမှန်ကတော့ Manage တွေကို Hosting က အလုပ်ရှုပ်သက်သာအောင် Cpanel ပေးတတ်ပါတယ် ခက်တာက Cpanel က ကိုယ့်ဟာကိုယ်သွားဝယ်လို့လည်း မရပါဘူး သူက Hosting တွေလိုဟာတွေကိုပဲ ရောင်းတာဖြစ်သလို စျေးလည်းကြီးပါတယ်။ အဲဒီတော့ ဝယ်မယ့် Hosting ကိုသာမေးပါ။ Linux or Unix Server တွေကို ကိုင်တွယ်နေကျဆိုရင်တော့ Unmanage ယူလည်း ဘာမှမဖြစ်ပါဘူး ခက်ခဲတဲ့အလုပ်တွေတော့ မဟုတ်ပါဘူး ဒါပေမယ့် လုပ်နေကျမဟုတ်ရင်တော့ Manage ပဲယူပေါ့လေ အနည်းဆုံးတော့ ပြသနာဖြစ်လို့မရရင် Hosting ကိုရစ်လို့ရတာပေါ့။
  • Vote Up0Vote Down zenerzener
    Posts: 45Registered Users
    ကျေးဇူးပဲအကိုရေ ..
    အခုမှပဲ သဘောပေါက်တော့တယ်။
    မလုပ်တတ်တော့ manage ပဲ ၀ယ်လိုက်ပါတော့မယ်အကို ။
  • Vote Up0Vote Down zenerzener
    Posts: 45Registered Users
    VPS ထဲမှာ ဘယ် hosting ၀ယ်ရင် ပိုကောင်းမလဲမသိဘူး ။
    သိတဲ့သူများ ကူညီပေးကြပါဦးခင်ဗျာ ။
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,177Super Moderators
    zener said:
    VPS ထဲမှာ ဘယ် hosting ၀ယ်ရင် ပိုကောင်းမလဲမသိဘူး ။
    သိတဲ့သူများ ကူညီပေးကြပါဦးခင်ဗျာ ။


    ဒါကတော့ အကြံမပေးလိုဘူး ကိုယ့်ဟာကိုယ်သာ Hosting Review Site တွေမှာကြည့်ပါ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူဘူး ကိုယ်အဆင်ပြေတဲ့နေရာမှာ သူများအဆင်ပြေချင်မှပြေပါတယ် အဲဒီတော့ကိုယ်က ကောင်းတယ်ပြော သူများသုံးမှမကောင်းရင် စေတနာကဝေဒနာဖြစ်တယ်။ Hosting Review Sites တွေမှာသာကြည့်ပြီးဆုံးဖြတ်ပါ။
  • Vote Up0Vote Down zenerzener
    Posts: 45Registered Users
    ကျေးဇူးပဲ ကိုလူပျိုကြီးခင်ဗျာ ..
    အခု MZ သုံးထားတာ dreamhost လို့ သိရပါတယ် ။ အရင်သုံးတာက mediatemple.net ထင်တယ်။
    အဲဒီ ၂ ခုက ဘယ်ဟာက ပိုကောင်းလဲဆိုတာ ပြောပြေပေးပါဦး ။
    အဲဒီ ၂ ခုထဲက တစ်ခုခုကို ရွေးလိုက်ရင် ကောင်းမလားလို့ပါ။
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion