MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
nokia s60v3 myanmar font & keyboard installer beta package realeased
  • အချိန်သိပ်မရလို့ အိမ်ကရေးလာတဲ့ tutorial လေးပဲ အမြန်တင်ပေးလိုက်ပါတယ်။

    ဆော့၀ဲထည့်သွင်းဖို့ ဖုန်းသည် hack ပြီးသားဖြစ်ရပါမယ်။ hack နည်းကိုတော့ ဒီမှာ အသေးစိတ်မရှင်းပြတော့ပါ။
    ကဲ.. ဒါဆိုရင် စတင်ပါတော့မယ်။

    Guide 1 - Installation
    ၁။ "SnH - SanPyaFontInstaller.sis" ကို install လုပ်ပါ၊ ဖုန်းကို restart ချပါ။
    ၂။ "SnH - MyanmarMobileSystem.sis" ကို install လုပ်ပါ။
    ၃။ Applications> My own ထဲမှာ "du" ဆိုတဲ့ icon လေးပေါ်နေပါလိမ့်မယ်။ အဲ့ဒီကောင်ကို ဖွင့်ပါ။
    ဖွင့်ဖွင့်ချင်းမှာ AknFEP ဆိုတာရှိပါတယ်။ အဲ့ဒီကောင်ကို select လုပ်လိုက်တဲ့အခါ "AknFEP" နဲ့
    "ဗလာကွက်" ဆိုပြီး Option နှစ်ခု တွေ့ရပါမယ်။ "AknFEP" က ဖုန်းထဲမှာ မူလပါတဲ့ စာရိုက်စနစ်
    ဖြစ်ပြီး "ဗလာကွက်" ကတော့ မြန်မာစာရိုက်စနစ်ဖြစ်ပါတယ်။ ဒီတော့ "ဗလာကွက်" ကို ရွေးပါမယ်။
    ဗလာကြီးတစ်ခုတက်လာတဲ့အခါ "OK" နှိပ်ပါ။ ပြီးရင် Right Menu key နှိပ်ပြီး exit လုပ်နိုင်ပါပြီ။
    ၄။ အိုကေ၊ ဒီလောက်ဆို "SnH - MyanmarMobileSystem" ကို install လုပ်လို့ပြီးပါပြီ။ Message
    ထဲ၀င်၊ key number "1" ကို နှိပ်ကြည့်ပါ။ ဟာဟ.. ကြွေသွားပြီမဟုတ်လား၊ နောက်တစ်ဆင့်မှာ
    စာရိုက်နည်းကို ရှင်းပြပါမယ်။

    Guide 2 - Typing
    - စာရိုက်ဖို့အတွက် ကျတော် Layout နှစ်ခု လုပ်ထားပါတယ်၊ ဒါပေမယ့် မျက်စိ မနောက်အောင်လို့
    ဒီတစ်ခုကိုပဲ အသုံးပြုထားပါတယ်။
    ၁- က
    ၂- ကာ ကာ ကား ကျ ကျာ ကျား ကြ ကြ ကြား
    ၃- ကွ ကွာ ကွာ ကျွ ကျွ ကျွား ကြွ ကြွာ ကြွား
    ၄- ကိ ကီ ကီး ကျိ ကျီ ကျီး ကြိ ကြီ ကြီး
    ၅- ကု ကူ ကူး ကျု ကျူ ကျူး ကြု ကြူ ကြူး
    ၆- ကံ ကံ့ ကျံ ကြံ ကွံ ကွံ့ ကျွံ ကြွံ -
    ၇- ကဲ ကဲ့ ကျဲ ကျဲ့ ကြဲ ကွဲ ကွဲ့ ကျွဲ့ -
    ၈- ကုံ ကုံ့ ကုံး ကျုံ ကျုံ့ ကျုံး ကြုံ ကြုံ့ ကြုံး
    ၉- ကို ကို့ ကိုး ကျို ကျို့ ကျိုး ကြို ကြို့ ကြိုး
    ၁၀- ကေ ကေ့ ကေး ကျေ ကျေ့ ကျေး ကြေ ကြေ့ ကြေး
    ၁၁- ကော ကော့ ကော် ကျေ ကျော့ ကျော် ကြော ကြော့ ကြော်
    ၁၂- ကောင် ကောင့် ကောင်း ကျောင် ကျောင့် ကျောင်း ကြောင် ကြောင့် ကြောင်း
    ၁၃- ပ္ပဆင့် (သေချာပြန်မစီရသေးပါ)
    ၁၄- က်ခ်ဂ် ကဲ့သို့သော အသတ်များကို အလွယ်တကူရိုက်နိုင်အောင်လို့ထည့်သွင်းပေးထားပါတယ်။
    ၁၅- နံပါတ်တွေနဲ့ အသုံးများတဲ့ ယူနစ်တွေပါ။
    ၁၆- extra မှာတော့ "ေ" တို့၊ "ာ" တို့လို ခွဲရိုက်ရတဲ့ ေ၀ါဟာရလေးတွေပါ။
    - ဘယ်၊ ညာ ကိုအသုံးပြုပြီး column အလိုက် ၁ ၂ ၃ ၄... ဆိုပြီး ရွှေ့ကြည့်နိုင်မှာဖြစ်ပါတယ်၊
    - အပေါ်၊ အောက် ကို ရွှေ့ရင်တော့ roll အလိုက် အက္ခရာစဉ် အပြောင်းအလဲတွေပါ။
    - မြန်မာစကားလုံးပေါင်း ထောင်ချီကို အလုံးစေ့ထည့်သွင်းပေးဖို့အတွက်ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒီတော့ လိုသ
    လောက်ကို အဆင်ပြေအောင်ကျွန်တော်လုပ်ပေးထားပါတယ်။
    - စာရိုက်တဲ့အခါ ဉာဏ်ရွှင်ဖို့လိုပါတယ်၊ ဆိုလိုတာက "စိုင်း" လို့ပေါင်းချင်တယ်ဆိုပါစို့၊ "စိုင်း" လို့တိုက်ရိုက်
    ရေးဖို့အတွက် ကျတော် မထည့်ပေးထားပါဘူး၊ အဲ့ဒီတော့ စာရိုက်သူအနေနဲ့
    "စ + - ိ(လုံးကြီးတင်) + -ု (တစ်ချောင်းငင်) + င + -် (ငသတ်) + း (၀စ္စနှစ်လုံးပေါက်)" လို့ပေါင်းမယ်ဆိုရင်
    အချိန်ကြာရုံမကဘူး၊ message ပို့တဲ့အခါမှာ စာလုံးအရေအတွက် ၆ လုံးတိတိ နေရာစားသွားပါမယ်၊ အဲ့ဒီ
    လိုဆို မကိုက်တော့ဘူး၊ ဒီတော့ column ၉ မှာရှိတဲ့ "စို" နဲ့ column ၁၄ မှာရှိတဲ့ "င်း" ကိုပဲ ရိုက်ရင် ၂ လုံးပဲ
    ရိုက်ရမှာဖြစ်သလို နေရာစားတာလဲ အများကြီးသက်သာသွားပါ လိမ့်မယ်။
    - * ကိုနှိပ်ရင်တော့ ဖောင့်ထဲက ပုံအလန်းစား တချို့ကို ရိုက်နိုင်ပါလိမ့်မယ်။
    - # ကတော့ စာရိုက်နည်း အပြောင်းအလဲပါ။
    AB => အင်္ဂလိပ်စာလုံးအကြီး
    ab => အင်္ဂလိပ်စာလုံးအသေး
    12 => အင်္ဂလိပ်နံပါတ်
    => မြန်မာစာရိုက်စနစ် (ရှေ့မှာဘာမှမရေးထားခြင်းက blank ဖြစ်နေတာလို့ ဆိုလိုတာပါ)

    Guide 3 - Change skin
    - Applications> My own ထဲက "du" ထဲကို ၀င်ပါ။
    - ညာဘက်ခလုတ်တစ်ချက်နှိပ်ပါ။ 15 ဆိုတဲ့ နံပါတ်ရဲ့အပေါ်မှာရှိတာ skin တွေပါ၊ အလယ်တစ်ချက်နှိပ်လိုက်
    ရင် ရွေးလို့ရပါပြီ၊ install လုပ်ပြီးပြီးချင်း ဆိုရင်တော့ အပေါ်ဆုံးတစ်ခု ဖြစ်နေမှာပါ၊ ကျတော်ကတော့ ဒုတိယ
    တစ်ခုကိုပဲ သုံးစေချင်ပါတယ်၊ ရိုးရိုးရှင်းရှင်းနဲ့ ကြည့်လို့အဆင်ပြေတဲ့အတွက်ပါ။
    - ရွေးပြီးရင် OK.. ပြီးတဲ့နောက် exit လုပ်ပါ။ ဒါဆိုရင် ပြီးဆုံးပါပြီ။

    Guide 4 - Uninstallation



    Download Link:

    https://sites.google.com/site/sainyiphyo/SnH-SanPyaFontInstaller.sis

    https://sites.google.com/site/sainyiphyo/SnH-MyanmarMobileSystem.sis
  • 4 မှတ်ချက်များ sorted by
  • Vote Up0Vote Down KoZawHtetKoZawHtet
    Posts: 11Registered Users
    Nokia s60v5 အတွက် ကီးဘုတ်ရရင် ကောင်းမယ်ဗျာ။ ကျွန်တော်ဖောင့်ပဲသွင်းလို့ရတော့။ ကီးဘုတ်မရရှိရင် စာရိုက်လို့မရဖြစ်နေတယ်။ ဖုန်းက 5800 Xpress music ပါ။ အဆင်ပြေရင် လုပ်ပါဦး။
  • Vote Up0Vote Down thanzawlwinthanzawlwin
    Posts: 1Registered Users
    ဟုတ်ပါတယ်ဗျ ကျွန်တော်လည်း5800 အတွက်လိုချင်ပါတယ် တစ်ဆက်ထဲပဲမေးလိုက်တော.မယ်ဖုန်းကိုhack တယ်ဆိုတာဘယ်လိုလုပ်ရတာလည်းဗျ hack နည်းလေးပါပြောပြပေးပါနော်
  • Vote Up0Vote Down isterkklisterkkl
    Posts: 1Registered Users
    Nokia X3-02 ko myanmarfont htae. loh ya lar...?
    Please give me LINK
    Kya naw computer mhar myanmar font yite loh ma ya loh par
  • Vote Up0Vote Down phyomaungphyomaung
    Posts: 1Registered Users
    Nokia C7 ko myanmar fonk htae lo ya lar ?
    pls give me link .
    thanks
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion