MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Adding Ornagai to Mac's built-in Dictionaries
  • Vote Up0Vote Down KoPaingKoPaing
    Posts: 17Registered Users
    မနေ့ကအားအားရှိတာနဲ့ စာဖတ်ရင်း အဘိဓာန်ကြည့်လိုက်.. မြန်မာလိုသိချင်ရင် ornagai မှာကြည့်လိုက်နဲ့ ပန်းသီးမှာ တခြားအဘိဓာန်တွေများ ထပ်ထည့်လို့ရမလားဆိုပြီး သိချင်လာတယ်..။ ဒါနဲ့ Googling လုပ်ကြည့်လိုက်တော့ David's Logbook ရဲ့ http://davidtse916.wordpress.com/2008/01/24/adding-dictionaries-to-the-built-in-dictionary-application-in-leopard/ ပို့စ်မှာ ရှင်းပြထားတာကို သွားတွေ့တယ်..။ သူကတော့ Oxford dictionary ကိုဖြည့်တာပေါ့..။ ကျနော်တို့ကတော့ ကိုစေတန်ရဲ့ Ornagai (Eng-MM) ကိုထည့်ကြည့်ပါမယ်..။

    လိုအပ်တဲ့ Tools တွေကို အရင်ယူထားပါ..။
    • DictUnifier (http://code.google.com/p/mac-dictionary-kit/) - ဘယ်ဗားရှင်းမဆိုရပါတယ်..။ ကျနော်ကတော့ 1.1 stable version ကိုသုံးထားပါတယ်..။
    • ကိုစေတန်ရဲ့ Ornagai stardict en version - http://github.com/saturngod/ornagai-V2/downloads (ornagai_en.zip)

    အားလုံးစုံပြီဆိုရင်.. DictUnifier ကိုအရင် install လုပ်လိုက်ပါ။ သူက stardict dictionaries တွေကို ပန်းသီးမှာသုံးလို့ရအောင် ပြောင်းပေးနိုင်ပါတယ်..။ ဒါပေမယ့် ပြောင်းမယ့် package ဟာ tar archive ဖြစ်ဖို့လိုပါတယ်..။ ဒီတော့.. ornagai_en.zip ကို တစ်နေရာရာမှာ အရင်ဖြည်ချလိုက်ပါ..။ ပြီးရင် Terminal.app ကိုဖွင့်.. ခုနကဖြည်ထားတဲ့နေရာကို change directory လုပ်ပါ..။ tar command ကိုသုံးပါမယ်..။

    tar czf desired_name.tar.bz2  folder_name
    image

    အိုကေ.. ဒါဆိုရင် DictUnifier မှာသုံးဖို့ ornagai archive ရပါပြီ..။ DictUnifier ကိုဖွင့်ပါ..။ သူ့ UI ကရှင်းပါတယ်..။ Choose ကိုနှိပ်ပြီး ကိုယ်ပြောင်းမယ့်အဘိဓာန်ကိုရွေးပါ..။ ပြီးရင် dictionary name and id မှာ ကြိုက်ရာဖြည့်ပြီး Convert ပြောရုံပါပဲ..။

    image

    ပြောင်းတာအဆင်ပြေတယ်ဆိုရင် Dictionary App တက်လာပါမယ်..။ တကယ်လို့ မမြင်ရသေးဘူးဆိုရင်.. Dictionary -> Preferences မှာ ကျနော်တို့ပြောင်းလိုက်တဲ့ dict name ကိုရှာပြီး ရွေးပေးလိုက်ပါ။ ဒီလောက်ဆို ရလောက်ပါပြီ..။ Dictionary Sources မှာ All ကိုရွေးပြီး ကြိုက်တဲ့စာလုံးရိုက်ကြည့်တော့ဗျာ..။

    img src="http://dl.dropbox.com/u/9580203/Images/dict_preferences.jpg" border="0" />

    img src="http://dl.dropbox.com/u/9580203/Images/dict_ornagai.jpg" border="0" />

    img src="http://dl.dropbox.com/u/9580203/Images/dict_computer.jpg" border="0" />

    ကျနော်တို့ပြောင်းလိုက်တဲ့ Dictionary က Places -> username -> Library -> Dictionaries အောက်မှာရှိပါတယ်..။ တစ်နေရာရာမှာ copy ကူးထားလိုက်ပါ..။ iPhone app iBooks ရဲ့ dictionary မှာသုံးလို့ရပါတယ်..။
  • 3 မှတ်ချက်များ sorted by
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    ကျွန်တော့်မှာတော့ choose dictionary လုပ်လိုက်ရင် dictionary ကို load မလုပ်သွားဘူးဗျ။ version 2 နဲ့မှ ရတယ်။ ဒါပေမယ့် version 2 beta မှာကတော့ en2mm ရပေမယ့် mm2en ကို convert လုပ်လို့မရပြန်ဘူး။ prepare index data ဆိုပြီး ရပ်ရပ်သွားလို့။
  • Vote Up0Vote Down KoPaingKoPaing
    Posts: 17Registered Users
    အင်း.. ဟုတ်တယ်ဗျ..။ ကျနော့်ဆီမှာလည်း mm2en မရဘူး..။ အဲဒါကြောင့်လည်း ထည့်မရေးတော့တာ..။:smile:
  • Vote Up0Vote Down abaddonabaddon
    Posts: 0Registered Users
    အကိုုတိုု့ ရေ ကျွန်တော်စမ်းမလိုု့ ornagaien.dictionary.zip ကိုု download ပြီ လုုပ်ကြည့်တာမရဘူး ဘယ်ဟာကိုု ဆွဲရမှာလဲမသိဘုူး
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion