MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
How to Sign & install sis file to Nokia Symbian OS v9.4 S60 5th Edition
  • Vote Up0Vote Down rosenet34rosenet34
    Posts: 23Registered Users
    [CENTER][ATTACH=CONFIG]1283[/ATTACH][ATTACH=CONFIG]1285[/ATTACH] [/CENTER]
    [CENTER]How to Sign & install sis file to Nokia Symbian OS v9.4 S60 5th Edition
    [/CENTER]


    Nokia Touch ဖုန်းများ ဆော့၀ဲသွင်းလျင် sis ဖိုင်များကို Sign လုပ်ပြီးမှ ဖုန်းအသွင်း install လုပ်လျင် ဆော့၀ဲများကို အလွယ်တစ်ကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Sign လုပ်ပုံလုပ်နည်းကို အောက်မှာ အဆင့်အလိုက် ဖော်ပြပေးထားပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ကျနော်ရေးထားတဲ့ အချက်လေးတွေကို သတိထားပြီး လုပ်စေချင်ပါတယ်။
    1. ( http://cer.opda.cn/en/ ) ဆိုက်မှာ အရင်ဆုံး register လုပ်ပါ။
    2. register လုပ်ပြီးရင် အဲ့ဒီဆိုက်မှာ ကိုယ်လျောက်ထားတဲ့ user name_ password နဲ့ login ၀င်လိုက်ပါ။
    3. login ၀င်ပြီးရင် ဆိုက်ရဲ့ ညာဘက်ခြမ်းအပေါ်ဘက်( သင့်ရဲ့ account details အောက်) က ''APPLY CER'' ဆိုတဲ့ နေရာလေးကို ကလစ်လိုက်ပါ။

    4. သင့်ရဲ့ အချက်အလက်တွေကိုဖြည့်ပါ မိုဘိုင်း မိုဒယ်နံပတ်နှင့်တစ်ကွ၊ IMEI နံပတ် အပါအ၀င် ပြည့်စုံအောင်ဖြည့်ပါ၊ ( သင့်ဖုန်းရဲ့ IMEI နံပတ်ရှာနည်း- သင့်ဖုန်းရဲ့ ဖုန်းခေါ်တဲ့နေရာမှာ {*#06# } လို့နှိပ်ပြီး ရှာနိုင်ပါသည် )။

    5. Apply လုပ်ထားတဲ့ certificate ကို 1နာရီမှ 10နာရီ အတွင်းမှာ သင်အဲ့ဒီဆိုက်ကနေ ရရှိပါလိမ့်မယ်။ ကံကောင်းရင်တော့ 30-45 မိနစ်အတွင်းမှာရရှိပါလိမ့်မယ်။ ကျနော်က 3နာရီ လောက်စောင့်တော့ ရတယ်။ကျနော့သူငယ်ချင်း တစ်ယောက်ကတော့ 8 နာရီ စောင့်လိုက်ရတယ်။

    6. အချိန်စောင့်ပြီး နောက်မှ အဲ့ဆိုက်မှာ login ပြန်၀င်တဲ့အခါ ''MY CERTIFICATE'' ဆိုတဲ့နေရာအောက်က ဇယားကွက်လေးတွေထဲက ညာဘက်အစွန်ဆုံးက Operate ဆိုတဲ့ ဇယားကွက်ထဲက.cer & .key ဖိုင်2ခုကို တွေ့ရင် ကလစ်ပြီးဒေါင်းယူနိုင်ပါတယ်။

    7. အဲ့ဒီ .cer & .key ဖိုင်2ခုကို ကွန်ပျူတာထဲကနေ သင့်ဖုန်း မန်မိုရီကတ်ထဲကို ဖို်င်တစ်ခုတည်ဆောက်ပြီးပြောင်းထဲ့လိုက်ပါ။

    8. အခုချိန်မှာ သင့်ဖုန်းထဲက Free Signer ဆော့၀ဲကိုစတင် run ပါ။( Free Signer ဆော့၀ဲ ဒေါင်းလုပ်ကို ဒီလင့်လေးကနေ ဒေါင်းလိုက်ပါ { http://www.mediafire.com/?7uweb7crprrvngn } mobile9.com မှတစ်ဆင့်လည်း သင့်စိတ်ကြိုက် ဒေါင်းယူနိုင်ပါတယ်၊ပြီးလျင် သင့်ဖုန်းထဲသို့ install လုပ်ပါ )



    [CENTER][ATTACH=CONFIG]1284[/ATTACH][/CENTER]

    9. သင့်ဖုန်းထဲက Free Signer ဆော့၀ဲကိုစတင် ဖွင့်ပြီးတာနဲ့ option ကိုသွားပါ ပြီးနောက် setting ကိုသွားပါ၊ အဲ့ဒီ setting ထဲက သင်တွေ့ရမဲ့ 4လိုင်းမြှောက်က 'sign cert' ဆိုတဲ့နေရာမှာ ကလစ်ပြီး
    .cer ဖိုင်ကို ဖုန်းမန်မိုရီထဲက သင်သိမ်းထားတဲ့နေရာမှတဆင့် လမ်းကြောင်းပေးပြီး ဖြည့်ပါ။

    10. ပြီးနောက် အဲ့ဒီ setting ထဲမှာပဲ သင်တွေ့ရမဲ့ 5လိုင်းမြှောက်က 'sign Key' ဆိုတဲ့နေရာမှာ ကလစ်ပြီး .key ဖိုင်ကို ဖုန်းမန်မိုရီထဲက သင်သိမ်းထားတဲ့နေရာမှတဆင့် လမ်းကြောင်းပေးပြီး ထပ်ဖြည့်ပါ။

    11.အခုဆိုရင်တော့ သင့်ရဲ့ လုပ်ဆောင်ချက်တွေ ပြီးပြည့်စုံပါပြီး။ အခု သင့်အနေနဲ့ မည်သည့် sis ဆော့ဖ်၀ဲ application ကိုမဆို သင့် Nokia ဖုန်းထဲသို့ ကိုယ်တိုင် Sign လုပ်ပြီး install လုပ်လို့ရပါပြီး။

    12.sis ဖိုင်ကို သင်ကိုယ်တိုင် Sign လုပ်နည်းကတော့ ပထမဦးဆုံး သင့်ဖုန်းထဲက Free Signer ဆော့၀ဲကိုစတင် ဖွင့်ပါ။ ပြီးနောက် Add Task မှတစ်ဆင့် သင့်ဖုန်းထဲရှိ sis ဆော့၀ဲကို လမ်းကြောင်းပေးရှာကာ Sign လုပ်နိုင်ပါပြီး၊ Sign လုပ်တဲ့အခါမှာ ''self sign sis'' ကိုလုံး၀ မကလစ်ပါနဲ့၊ ''sign sis'' ကိုသာ ကလစ်ပြီး လုပ်ဆောင်ပါရန်။ လုပ်ပြီးသား ‘Signed sis’ ကို install လုပ်ပြီး ဆော့၀ဲများကို သင့်အနေနဲ့ ပျော်ရွှင်စွာ အလွယ်တစ်ကူ ကိုယ်တိုင်းသွင်းယူလို့ ရပါပြီး။ ။

    1. now open free signer application
    2. now click "Add task" Then add your file which you want to sign . .

    3. option->GO Now your file will be signed . Go to xplore and search your signed file . .

    ဖုန်းဆော့ဖ်၀ဲ မျိုးစုံကို မိမိစိတ်ကြိုက် မိမိဖုန်းမိုဒယ်အလိုက် ဒီဆိုက်လေးမှာ ( http://gallery.mobile9.com/c/nokia-5800-xpressmusic-software_1954/1/ ) ရှာပြီး မိမိစိတ်ကြိုက် သွင်းယူနိုင်ပါသည်။

    အဆင်ပြေကြပါစေ

    အဆငိပြေမပြေ ကောမန့်များ ပေးခဲ့ပါ။ အကြောင်းပြန်ပေးပါမည်။


    Rosenet34

  • 12 မှတ်ချက်များ sorted by
  • Vote Up0Vote Down abauabau
    Posts: 32Registered Users
    N97 မှာ Falsh player ကော ် ဘယ် လို သွင်းရမလဲ ဆိုတာ ပြောပြ ပေးပါအုံး ခင် ဗျာ ရုပ်ရင် ကြည့်ချင်လို့ပါ
  • Vote Up0Vote Down NanoNano
    Posts: 78Registered Users
    http://cer.opda.cn/en/ အဲဒီ Site မှာ Cert လျှောက်တာ အခုဆို (၇)ရက်လောက်ရှိပြီ.... Applay ဘဲ့ ပြနေတယ်။ ဘယ်မှာ မှားနေလဲဆိုတာမသိတော့ပါ။ ကျတော့် ဖုန်းက NOKIA X6 ပါ... ကူညီဖြေရှင်းပေးပါအုန်း
  • Vote Up0Vote Down abauabau
    Posts: 32Registered Users
    ကျွန်တော်လဲ ဒီအတိုင်းပဲဖြစ်လို့ delete လုပ်ပြီး အသစ် ပြန် လုပ်လိုက်တာနဲ့ ပြန်ရသွားတယ်. စမ်းကြည့်ပါလား
  • Vote Up0Vote Down abauabau
    Posts: 32Registered Users
    cer & key file ကို ဒေါင်းထားပြီးပြီး free sign program ကို သွင်းလို့ မရဘူး expird certifigate ဘဲ ပြနေတယ် ဘယ် လို ဆက်လုပ်ရမလဲ ကူညီကြပါအုံးခင် ဗျာ။
  • Vote Up0Vote Down rosenet34rosenet34
    Posts: 23Registered Users
    cer & key file ကို ဒေါင်းထားပြီးပြီး free sign program ကို သွင်းလို့ မရဘူး expird certifigate ဘဲ ပြနေတယ် ဘယ် လို ဆက်လုပ်ရမလဲ ကူညီကြပါအုံးခင် ဗျာ။

    http://gallery.mobile9.com/c/nokia-5800-xpressmusic-software_1954/1/?kw=free%20signer&ff=on

    mobile9.com က ကျနော်ပေးထားတဲ့လင့်မှာ နောက်ဆုံးထွက်တဲ့ free signer software တွေအများကြီးရှိတယ် အဆင်ပြေတာနဲ့သာ ရွေးဒေါင်းပြီး အဆင့်ဆင့် အပေါ်မှာ ရှင်းပြထားသလို လုပ်လိုက်ပါ အဆင်ပြေသွားမှာပါ ။ အကြောင်းကြောင်း ကြောင့် အကြောင်းပြန်တာ နောက်ကျသွားတာကို နားလည်ပေးပါ။
    http://gallery.mobile9.com/c/nokia-5800-xpressmusic-software_1954/1/?kw=free signer&ff=on
  • Vote Up0Vote Down rosenet34rosenet34
    Posts: 23Registered Users
    N97 မှာ Falsh player ကော ် ဘယ် လို သွင်းရမလဲ ဆိုတာ ပြောပြ ပေးပါအုံး ခင် ဗျာ ရုပ်ရင် ကြည့်ချင်လို့ပါ

    http://gallery.mobile9.com/f/1504875/

    http://gallery.mobile9.com/f/1511375/


    mobile9.com က အခု ကျနော်ပေးထားတဲ့လင့်မှာ smart movie player ကိုဒေါင်းပြီး signed လုပ်ကာ ဖုန်းအတွင်း လွဲကူစွာ ထဲ့သွင်း အသုံးပြုနိုင်ပါတယ်။
    MP4V, FLV and 3GP file formats နဲ့ ရုပ်ရှင်တွေကို ကြည့်လို့ရပါတယ်။
  • Vote Up0Vote Down moonking711moonking711
    Posts: 1Registered Users
    အရမ်းအသုံးဝင်ပါတယ်
    ကျနော် x6 ကိုသုံးနေပါတယ်
    software အသစ်ရှိရင် share လုပ်ပေးဦးဗျာ
    ကျေးဇူးအထူးတင်ပါတယ်
  • Vote Up0Vote Down rosenet34rosenet34
    Posts: 23Registered Users
    [CENTER][ATTACH=CONFIG]1346[/ATTACH]

    Spb Shell က Nokia Symbian OS v9.4 S60 5th Edition ဖုန်းများရဲ့ OS စတိုင်ကို တစ်မူထူးခြားစွာ အသွင်သစ်ပြောင်းလဲပေးထားတဲ့ ဆော့ဖ်၀ဲ ဖြစ်ပါတယ်၊ ကျနော်အောက်မှာ ဖော်ပြပေးထားတဲ့ လင့်ကနေ တစ်ဆင့် ဒေါင်းလုပ် လုပ်ပြီး အပေါ်ဆုံးမှာ ရှင်းပြထားတဲ့အတိုင်း sis ဖိုင်ကို ဦးစွာပထမ signed လုပ်ကာ ဖုန်းအသွင်းသို့ လွယ်ကူစွာ install ပြုလုပ်ပြီး ထဲ့သွင်းကာ မိမိဖုန်းကို အသွင်သစ်ဖြင့် ပျော်ရွင်စွာ ဒီဇိုင်းပြောင်းလဲနိုင်ပါတယ်။

    Spb Shell ကိုအောက်ဖေါ်ပြပါလင့်မှ တစ်ဆင့် ဒေါင်းလုပ် လုပ်နိုင်ပါတယ်။
    [B][COLOR=blue]http://www.4shared.com/file/JKfDOJO0/spbshell_Rosenet34.html[/COLOR][/B]Note: ဒေါင်းလုပ်လုပ်ပြီးသည့် အထက်ပါ sis ဖိုင်ကို အရင်ဦးဆုံး Signed လုပ်ပြီးမှ ဖုန်းအသွင်းသို့ install ပြုလုပ်ပါ။


    [/CENTER]
  • Vote Up0Vote Down abauabau
    Posts: 32Registered Users
    rosenet34 said:
    http://gallery.mobile9.com/f/1504875/

    http://gallery.mobile9.com/f/1511375/


    mobile9.com က အခု ကျနော်ပေးထားတဲ့လင့်မှာ smart movie player ကိုဒေါင်းပြီး signed လုပ်ကာ ဖုန်းအတွင်း လွဲကူစွာ ထဲ့သွင်း အသုံးပြုနိုင်ပါတယ်။
    MP4V, FLV and 3GP file formats နဲ့ ရုပ်ရှင်တွေကို ကြည့်လို့ရပါတယ်။



    အကိုရေ လုပ်ပါအုံး smart movie player က ရတယ် အဲဒါ က ဖုန်းထဲက ရုပ်ရှင် ကြည့်တာ ။ အခုကျွန်တော်ပြောတာက အင်နာနက်စာမျက်နှာ ပေါ်ကနေပြီး ရုပ်ရှင်ကြည့်ရင် flash player တောင်းနေတာ no flash player ပြနေလို့ . ဥပမာ။ shwedream.com , bbc.co.uk/burmese တို့ကိုအင်တာနက်ကနေ ကြည့်ချင် နားထောင်ချင်ရင် ဖွင့်လို့ မရ ဘူး FLASH PLAYER မရှိဘူးလို့ ဒါပဲ ပြနေတယ် ။ အဲဒါ ကူညီပါအုံး အကိုရယ် အားကိုးပါတယ်၊

    ညီလေး အေဘီအေယူ
  • Vote Up0Vote Down rosenet34rosenet34
    Posts: 23Registered Users
    abau said:
    အကိုရေ လုပ်ပါအုံး smart movie player က ရတယ် အဲဒါ က ဖုန်းထဲက ရုပ်ရှင် ကြည့်တာ ။ အခုကျွန်တော်ပြောတာက အင်နာနက်စာမျက်နှာ ပေါ်ကနေပြီး ရုပ်ရှင်ကြည့်ရင် flash player တောင်းနေတာ no flash player ပြနေလို့ . ဥပမာ။ shwedream.com , bbc.co.uk/burmese တို့ကိုအင်တာနက်ကနေ ကြည့်ချင် နားထောင်ချင်ရင် ဖွင့်လို့ မရ ဘူး FLASH PLAYER မရှိဘူးလို့ ဒါပဲ ပြနေတယ် ။ အဲဒါ ကူညီပါအုံး အကိုရယ် အားကိုးပါတယ်၊

    ညီလေး အေဘီအေယူ


    ကျနော်သိထားသလောက်တော့ ဖုန်းထဲမှာ built-in flash player က ပါပြီးသားဗျ ၊ ကွန်နရှင်မကောင်းရင်လည်း Web ပေါ်က ဗီဒီယိူဖိုင်တွေ ကြည့်ရခက်တာလည်း ဖြစ်နိုင်သလို၊ မိမိမိုဘိုင်းဖုန်းမှာ အသုံးပြုထားတဲ့ ဖုန်းbrowser ကြောင့်လည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး မိမိရဲ့ဖုန်းကိုလည်း နောက်ဆုံး firmware Latest Version ကို Up date လုပ်ထားစေချင်တယ်၊ ဖုန်းတွေထဲမှာ အများအားဖြင့် Opera ကို အသုံးပြုကြတာများပါတယ် အခုနောက်ဆုံး Opera 10 ဟာ အရင် ထွက်ခဲ့တဲ့ Opera 5 လောက် stable မဖြစ်လို့ Web ပေါ်က ဗီဒီယိူဖိုင်တွေ ကြည့်ရခက်တာလည်း ဖြစ်နိုင်ပါတယ်။ အခုကျနော်ပေးတဲ့ UC Mobile Web browser ကိုအောက်မှာဒေါင်းပြီး စမ်းသုံးကြည့်ပါ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။
    [CENTER][ATTACH=CONFIG]1349[/ATTACH]
    UC Mobile Web
    http://www.4shared.com/file/M_M5Yu-g/UC_Mobile_Web_rosenet34.html


    ဒေါင်းထားတဲ့ sis ဖိုင်ကို Signed လုပ်ပြီးမှ install ပြုလုပ်ပါရန်။


    [/CENTER]
  • Vote Up0Vote Down Thi HaThi Ha
    Posts: 101Registered Users
    စီဒီဆိုင်တွေကနေ Nokiasymbian applications collection အခွေတွေ ၀ယ်ပြီး install လုပ်ရင် တွေ ့ရလေ့ရှိတာcertificate expired ပြသနာပါ .. လွယ်လွယ်ရှင်းမယ်ဆိုရင်တော့ ဖုန်းရဲ့ dateကိုချိန်းလိုက်တာပါပဲ …. ဒါဆို certificate သက်တမ်းမလွန်တော့ဘူးပေါ့ … ဘယ်ရက်ကိုချိန်းမလဲဆိုတာကကိုယ့်ဘာသာ ကြည့်ဆုံးဖြတ်ရမှာပါ … ဥပမာ …တစ်ချို ့ application တွေကို rar နဲ့ချုံ့ထားတယ် .. ဒါဆို double click ရင် modified column မှာ ရက်တွေ ့ပါမယ် .. ၂၀၀၇လောက်သွားတွေ ့ရင် သေချာပြီ .. အဲ့ဒီရက်ထက် နဲနဲကျော်ပြီး phone ရဲ့ date settingမှာ ရက်စွဲချိန်းပေးလိုက်ရင် ရပြီ ….. ဒါဆို application ကို စသွင်းနိုင်ပြီ …..certificate expire မရှိတော့ပါဘူး …….. ပြီးရင်တော့ ရက်စွဲ setting ကိုပြန်ချိန်ပေးပေါ့ ….
    [ATTACH=CONFIG]1368[/ATTACH]
    ဒီထက် ဆိုးတာတစ်ခုကCertificate error ပါ … ဒါဆို ရက်စွဲနဲ့ ကျော်လို ့မရတော့ဘူးပေါ့ … ဒါဆိုရင်ကော ?…… ဘယ်လိုလုပ်မလဲ ? ဖုန်းရဲ့ App Managerထဲက option > setting ကိုသွားပြီး Software installation option မှာ Allကိုရွေးမယ် (not signed only) … ဒါနဲ့အိုကေရင် ရပြီပေါ့ … မအိုကေသေးရင်တော့application ကို self sign လုပ်ပေါ့ … လုပ်ရမယ့် tools တွေကို internet ကနေရနိုင်ပါတယ် …....
    < http://ifile.it/wd617ef > မှာလည်းဒေါင်းနိုင်ပါတယ် …
    ပြီးရင် ဖြည်ပြီးcommand ထဲကနေ ဖြည်ထားတဲ့ location ကို cd လုပ်ပြီး အောက်က command ကိုရိုက်ထည့်ပါ .
    “makekeys -cert-password 123456 -len 2048 -dname "CN=tasad OU=myEmail OR=myEmail CO=FIEM=[email protected]" mySelfSign.key mySelfSign.cer “ ကိုရိုက်ပါ …. ပေါ်လာတဲ့ instruction အတိုင်းrandom data generate လုပ်ဖို ့ မောက်လေးကို command ၀င်းဒိုးထဲမှာ လျှောက်ရွှေ့ပေးပါ …. Random data collected စာပေါ်ပြီး ခဏစောင့်ရင် certificate နဲ့ key fileကို makekeys ရှိတဲ့ folder ထဲမှာ တွေ ့ ရမှာပါ…..
    [ATTACH=CONFIG]1369[/ATTACH]
    ဒါဆို BiNPDA SIGNSiSကို run ပြီး ကိုယ် sign လုပ်မယ့် application (.sis or .sisx) ကိုရွေးပါ … စောစောကရထားတယ့်certificate file ကိုရွေးပါ … ပြီးရင် key file ကိုရွေးပါ …
    Command ပေးခဲ့တုန်းက 123456နဲ ့ဆိုတော့ Password အတွက် 123456 ကိုရိုက်ပေးပါ … နောက်ဆုံး SignIt ကိုနှိပ်ရင်sign လုပ်ပြီးသား application ကို folder ထဲမှာတွေ ့ရမှာပါ
    [ATTACH=CONFIG]1370[/ATTACH]
    [ATTACH=CONFIG]1371[/ATTACH]
    နောက်ဆုံးအဆင့်အနေနဲ့ဖုန်းရဲ့ရက်စွဲကို ချိန်းပေးပါဦး ဥပမာ - sign လုပ်တာကဒီနေ့ 20/09/2010 ဆိုရင်ဖုန်းမှာ တစ်ရက် ..နှစ်ရက်လောက် ခွာချိန်းပေးပါ ….. 22/09/2010 ဆိုပါတော့ …
    ပြီးရင်တော့ app ကိုဖုန်းထဲထည့်ပြီးသုံးနိုင်ပါပြီ …. image
  • Vote Up0Vote Down koko2208koko2208
    Posts: 0Registered Users
    certificate ကိုစောင့်နေတာ ၁၂ နာရီလောက်ရှိသွားပါပီ ဘာမှပေါ်မလာသေးပါဘူး
    ဘာဆက်လုပ်ရမလဲကူညီပါအုံးအကိုရေ
    ကျွန်တော့်ဖုန်းက nokia 5320 ပါ firmware update လုပ်ချင်လို့ပါ ဘယ်လိုလုပ်ရမလဲကူညီပါအုံးအကိုရေ
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion