MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Editor in Mac
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    Windows မှာတုန်းကတော့ ပြတ်တယ်။ ရွေးချယ်စရာ editor က များများစားစားမရှိဘူး။ Notepad++ နဲ့ဆို ပြီးတယ်။ ကျွန်တော်က CI ကို အဓိကသုံးတယ်ဆိုတော့ CI syntax highlighting လေးပါမှ သုံးချင်တာ။ Notepad++ က CI အတွက်မရဘူး။ အခြား IDE တွေတော့ မသုံးဖြစ်ဘူး။ လေးလွန်းလို့။ အခုနောက်ပိုင်း Mac သုံးတော့ ရွေးချယ်စရာ IDE တွေ ရှိလာတယ်။ လက်ရှိ နာမည်ကြီး IDE တွေက TextMate, Coda, Espresso , BBEdit တို့တွေပဲ။


    BBEdit

    မကြိုက်ဆုံး editor လို့ဆိုရလိမ့်မယ် ထင်တယ်။ဖွင့်ကြည့်တယ်။ သုံးကြည့်တယ်။ သဘောမကျတာနဲ့ နောက်ပိုင်း မသုံးဖြစ်တော့ဘူး။


    TextMate

    တကယ်ကောင်းတဲ့ Editor ပါ။ Bundle တွေလည်း အများကြီးရှိတယ်။ သဘောအကျဆုံးအပိုင်းကတော့ snippet ပဲ။ ရေးရတာ သက်သာတာပေါ့။ Code Igniter လည်း support လုပ်တယ်လို့ပြောတယ်။ ဒါပေမယ့် php အတွက် autocomplete မပါတာနဲ့ မသုံးဖြစ်တော့ဘူး။ ကျွန်တော်က mysql လို့ရိုက်လိုက်ရင် အနောက်ကနေ တန်းစီကြလာမှ သဘောကျတာ။


    Coda

    လက်ရှိ secondary အနေနဲ့ သုံးနေတဲ့ Editor ပဲ။ autocomplete ပါတယ်။ နောက်ပြီး CI အတွက်လည်း ရှိတယ်။ သူ့ရဲ့ search က ရေလည်မိုက်တယ်။ folder တွေထဲက file တွေက text တွေကိုပါရှာပေးနိုင်တယ်။ CSS Editor လည်း မဆိုးဘူးဆိုရမယ်။ Open, Close Blanket အတွက် select မှတ်ပေးတယ်။ အဲဒီ effect လေး တော်တော်လှတယ်။ Code Folding မပါတာတော့ တော်တော်ဆိုးတယ်။ FTP support လုပ်တာလည်း မဆိုးဘူး။ Localhost တွေကို project အနေနဲ့ ဆောက်ထားလို့ရတာလည်း သဘောကျတယ်။ jquery နဲ့ CI ကို တွဲသုံးရတာ သိပ်အဆင်မပြေဘူး။ language တွေ ပြန်ပြန်ပြောင်းနေရတာ စိတ်ညစ်ဖို့ကောင်းတယ်။


    Espresso

    သူကတော့ primary editor ပဲ။ autocomplete ပါတယ်။ CI လည်းရတယ်။ Coda လို Open, Close Blanket မသိရဘူး။ အဲဒီ syntax highlighting နောက်ပိုင်း ပါလာမယ်လို့ မျှော်မှန်းရတာပဲ။ Git မပါတာကတော့ သိပ်မမိုက်ဘူး။ FTP support လုပ်တယ်။ Project Create လုပ်လို့ရတယ်။ Coda မှာကတော့ မရဘူး။ တခြားထွေထွေထူးထူးပြောစရာမရှိဘူး။ တော်တော်လေးကိုကောင်းမွန်တဲ့ editor ပါ။ snippet တွေလည်း ထည့်လို့ရတယ်။ jquery , CI စတဲ့ sugar တွေရှိတယ်။ sugar က espresso အတွက် bundle သဘောမျိုးပေါ့။ textmate bundle တွေကိုလည်း espresso မှာ ထည့်လို့ရတာတော့ သဘောကျမိတယ်။ CI မူရင်းက HTML syntax highlighting မပါဘူး။ ဒါနဲ့ကိုယ့်ဘာသာ ကိုယ်ပြင်လိုက်တော့ တော်တော်လေးကို အဆင်ပြေသွားတာပဲ။
    အဓိက Espresso ကိုသုံးတယ်။ code ကို folder တွေ file တွေ အများကြီးထဲကနေရှာဖို့ နဲ့ replace လုပ်ဖို့ coda ကို သုံးတယ်။
  • 3 မှတ်ချက်များ sorted by
  • Vote Up0Vote Down rlayrlay
    Posts: 378Registered Users
    ကိုစေတန်ရယ် ကျွန်တော်တော့ ကိုစေတန်ဘာကိုရှင်းပြတာမှန်းကို မသိဘူး နားကိုမလည်ပါဘူးဗျာ မက်စ် စပါကလင်
    တို ့တော့ သောက်ဖူးတယ် mac တော့မသောက်ဖူးသေးဘူး ဘာတွေပြောနေတာလည်းဗျာ ဘာမှနားလည်ဘူး:P
    ဒါနဲ ့ဘယ်ပျောက်နေတာလည်း ဖိုရမ်မှာမတွေ ့ပါဘူး ဒီရက်ပိုင်း ကျွန်တော်မေးမှာကို ကြောက်ပြီးတော့ မလာတာ
    မလားဗျ မေးစရာတွေအများကြီးကိုရှိတယ်ဗျ ကိုစေတန်
  • NetBean လေးရော ဘယ်လိုနေတုန်းဗျ။ သုံးကြည့်သလောက်တော့ အဆင်ပြေနေပါတယ် ကျွန်တော့်အတွက်။:confused:
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    ကျွန်တော်က IDE မသုံးဘူးဗျ။ လေးလို့။ Text Editor တွေက ဖွင့်ရတာမြန်သလို save လုပ်ရတာလည်း မြန်လို့ပါ။
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion