MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Browsers' Comparison
  • Vote Up0Vote Down Ko Ko WinKo Ko Win
    Posts: 1,122Registered Users
    အင်တာနက်သုံးရာမှာ ကြည့်ရှုလို့ရတဲ့ ဘရောက်ဇာတွေ အရမ်းကို များနေပါတယ်။ အားလုံးလိုလိုကတော့ သူတို့ရဲ့ browser အသီးသီးကို အမြန်နှုံးကောင်းတယ်။ လုံခြုံမှုရှိတယ်.။ ယုံကြည်စိတ်ချရတယ်လို့တော့ ကြော်ငြာထားတာပါပဲ..။ အခု ကျွန်တော်တို့ လူသိများတဲ့ Browser ၄ခုနဲ့ စမ်းသပ်မှု ပြုပါမယ်။ အဲ မိုက်ခရိုဆော့ဖ်ရဲ့ IE version ကတော့ 7.0 နောက်ဆုံး patch လုပ်ထားတာနဲ့ အခု နောက်ဆုံးထွက် မိုက်ခရိုဆော့ဖ်ရဲ့ Window 7 မှာ build in ပါတဲ့ နောက်ဆုံးထွက် IE8.0 ဗားရှင်း နှစ်မျိုးပါရှိမယ်ခင်ဗျ..
    အခုစမ်းသပ်မယ့် Browser တွေကတော့..
    1) Internet Explorer 7 (latest patch , fix and update) ,
    2) Mozilla Firefox (3.0.6 latest release) ,
    3) Opera (9.63 latest release) ,
    4) The new promising browser from Google : Chorme (latest available version 1.0154), and
    5) next generation Internet explorer 8.0.
    ဘယ်လိုစမ်းသပ်ခဲ့သလဲ

    ပထမဆုံးအနေနဲ့ browser တွေကို blank page တစ်ခုစီဖွင့်ပြီး စမ်းသပ်ပါတယ်။ Process Timer ကို သုံးပြီး load time ကို မှတ်သားပါတယ်။ Window Task Manager ကိုသုံးပြီး မန်မိုရီ အသုံးပြုမှုကို တိုင်းတာပါတယ်။ ပြီးတော့ ဘရောက်ဇာတိုင်းကို simple HTML page တစ်ခုစီ ဖွင့်ပြီး အထက်ပါအတိုင်း စမ်းသပ်ပါတယ်။ simple page ဆိုတာကတော့ အခြေခံကျတဲ့ html စာမျက်နှာဖြစ်ပြီး သူ့မှာ meta tag ရယ်. စာလုံးပေါင်း ၂၀၀ လောက်ရယ် ပါပါတယ်။ ဂျာဗားကုတ်တွေနဲ့ ပုံတွေတော့ မပါ၀င်ပါဘူး။ အဲ့နောက်မှာတော့ ယေဘုယျ အသုံးပြုနေတဲ့ ၀က်ဘ်စာမျက်နှာ တစ်ခုကို သုံးပြီး စမ်းသပ်ပါတယ်။ ယေဘုယျ စာမျက်နှာဆိုတာကတော့ ပုံတွေ ဂျာဗားကုတ်တွေ စီအက်စ်အက်စ်တွေ ပါတဲ့ စာမျက်နှာတစ်ခုပေါ့။ ဖလက်ရှ်တွေ သုံးထားတဲ့ ကြော်ငြာတွေလည်း ပါတာပေါ့လေ.. နောက်တစ်ဆင့်မှာတော့ ဒီလို စာမျက်နှာတွေကို ၁၀ မျက်နှာ၊ မျက်နှာ ၄၀ စီ ဖွင့်ပြီး စမ်းကြည့်ပါတယ်.။
    စာမျက်နှာတစ်ခုတည်းနဲ့ စမ်းတာကတော့ အင်တာနက်စသုံးတဲ့ သူတွေအတွက် ဖြစ်ပါတယ်။ ၁၀ မျက်နှာကတော့ တော်တော်လေး သုံးတတ်နေသူတွေအတွက် ဖြစ်ပါတယ်။ မျက်နှာ ၄၀ကတော့ ၀က်ဘ်မာစတာ၊ ကျွမ်းကျင်ပညာရှင်တွေ အတွက်ပါပဲ.။
    စမ်းသပ်တဲ့အခါ သုံးသော ကွန်ပျူတာ အစိတ်အပိုင်းများ


    • * Processor : Intel Core 2 Duo E8500 @ 3.6 GHz
      * Motherboard : Asus X38
      * Memory : 2Gb, 2x1 GB Ocz reaper PC 9200
      * HDD : 2 X 500 GB Seagte + Raid 0
      * Video Card : HD 4870 1 GB

    မစမ်းသပ်ခင်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ 48.41% ရှိတဲ့ ယူဇာတွေဟာ firefox , 42.79 တွေဟာ Internet explorer , 5% က Opera နဲ့ 1.28% ကတော့ Google chrome ကို သုံးပါတယ်။
    ဒီစစ်တမ်းကို ကြည့်ခြင်းအားဖြင့် Firefox ဟာ လုံခြုံတဲ့၊ IE ထက်ပိုမြန်တဲ့ အပြင် add-on တွေလည်း ပိုများလို့ အကြိုက်များကြတယ်ဆိုတာကို တွေ့ရပါတယ်။

    Internet Explorer ကိုတော့ window မှာ build in ပါလာတဲ့အတွက် ထပ်သွင်းစရာ မလိုတာတွေ အချိန်မကုန်တာတွေကြောင့် သုံးကြပါတယ်။

    Opera ကိုတော့ အမြန်ဆုံး browser တွေအဖြစ် အားလုံးက လက်ခံကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ add-on သုံးမရမှု၊ လိုက်လျောညီထွေမဖြစ်မှု (imcompatibility) တွေက သူ့ကို သုံးတဲ့ယူဇာဟာ ၅ရာခိုင်နှုန်းပဲ ရှိစေတဲ့အထိ ဖြစ်သွားစေပါတယ်။

    နောက်ဆုံးကတော့ Google.Inc ကနေ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Chrome browser ပဲ ဖြစ်ပါတယ်။ သူဟာ အမြန်ဆုံးဖြစ်ဖို့ ဂူးဂဲလ်က မျှော်မှန်းပြီး ကြော်ငြာအားကောင်းခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ တကယ်မဟုတ်နိုင်ဘူးလို့ အောက်က စမ်းသပ်ချက်ရလဒ်တွေက သက်သေခံနေပါတယ်။

    စမ်းသပ်ချက်ပြုလုပ်ခဲ့သော ပုံများကို www.mmboy.wordpress.com မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။


    ပြုလုပ်ပြီးခဲ့တဲ့ စမ်းသပ်မှုတွေကို ခြုံကြည့်လိုက်မယ်ဆိုရင် firefox ဟာ ကြည့်ရှုတဲ့ Page များလာတာနဲ့ အမျှ ပိုမို ကောင်းမွန်စွာလုပ်ဆောင်လာနိုင်တာကို ထင်ထင်ရှားရှား တွေ့့ရပါလိမ့်မယ်။ ရှုပ်ထွေးတဲ့ pages 40 လောက်နဲ့ စမ်းသပ်တဲ့အခါမှာ firefox က 122.216MB Memory Usage ယူတဲ့အချိန်မှာ Browser အသစ်ဖြစ်တဲ့ Google ရဲ့ Chrome ကတော့ 717.196MB တောင် ယူထားတာကို တွေ့ရပါလိမ့်မယ် :( ။ ဒီလို မန်မိုရီ အသုံးပြုမှု များပြားတဲ့အတွက်ကြောင့် Google ရဲ့ Chrome browser ဟာ ဒီစမ်းသပ်ချက်မှာ ကျရှုံးခဲ့ပါတယ်။
    image
    Browsers' Memory Usage

    image
    Browsers' Load Time


    ကျွန်တော့်အကြိုက်တွေကတော့..

    [LIST=1]
    [*]Firefox
    [*]Opera --> ( or Ie8 )
    [*]IE7 -- > or even better IE8 when it will become officially available .
    [*]Google Chrome (stay away if you open a lot of page and your system is low in memory).
    [/LIST]
  • 4 မှတ်ချက်များ sorted by
  • Vote Up0Vote Down Law ShayLaw Shay
    Posts: 132Registered Users
    အော်ပရာက ဘာ add-on မှ မလိုပါဘူး။ အကုန်ပါနေတာကို။

    လိုချင်ရင် widget လို့ခေါ်တဲ့ application သေးသေးလေးတွေ ထည့်လို့ရတယ်လေ။

    စမ်းသပ်မှုတွေကို ဒီ့ထက်ပိုများများ လုပ်သင့်တယ် ထင်တာပဲ။ script လေး ဘာလေး ရေး။

    ဘာလို့ဆို ကျွန်တော့်စက်မှာ ခရုမ်းက အမြန်ဆုံးလို့ ထင်ရတယ်နော်။ စက် ၂ လုံးလုံးမှာ။
  • Vote Up0Vote Down Zu Zu AungZu Zu Aung
    Posts: 593Registered Users
    [HTML]စမ်းသပ်ချက်ပြုလုပ်ခဲ့သော ပုံများကို www.mmboy.wordpress.com မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။[/HTML]

    ကြေငြာက ထိုးတွားတေးတယ်။အဟိ
    :5::5::5:
  • Vote Up0Vote Down Ko Ko WinKo Ko Win
    Posts: 1,122Registered Users
    Zu Zu Aung said:
    [HTML]စမ်းသပ်ချက်ပြုလုပ်ခဲ့သော ပုံများကို www.mmboy.wordpress.com မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။[/HTML]ကြေငြာက ထိုးတွားတေးတယ်။အဟိ
    :5::5::5:

    တေနာ ပုံတွေက တင်လို့မရလို့ဟ နာ့ဘလော့ခ်မှာက နာ့စိတ်ကြိုက်တင်လို့ရတယ်။ ဒါကြောင့် လာကြည့်လို့ပြောတာ..။ ဒီမှာက ပုံငါးပုံကျော်ရင် ပြဿနာက တက်ပြီ. နင့်လိုများ အောက်မေ့နေလား.. ဟွန်း..

    ကိုလောရှည်ရေ.. အဲဒါက အနော်လုပ်တာ မဟုတ်ရကြောင်းပါ.။ ဘယ်က reference လုပ်တယ်ဆိုတာ ဖော်ပြပြီးသားပါ.။ script တို့ဘာတို့နဲ့ စမ်းသင့်တယ် ဆိုတာကလည်း ပုံတွေမှာ သေချာသွားကြည့်ရင် သိနိုင်ပါတယ်။ ဒီမှာ ပုံတင်လို့မရလို့ပါ.။
  • Vote Up0Vote Down Ye HtetYe Htet
    Posts: 1,063Registered Users
    ကျွန်တော်က Mozilla, Firefox အသုံးများတယ်ဗျ။ နောက် SeaMonkey တို့ CometBird တို့လည်းသုံးဖြစ်တယ်ဗျ။ အသုံးနည်းတာက IE ဗျ။ ကျွန်တော်တင်တဲ့ Chrome က ကျွန်တော်ပဲ တင်တာအဆင်မပြေလို့လားမသိဘူး။ သုံးရတာ နှေးသလိုပဲ။ အဲဒါနဲ့မသုံးဖြစ်တော့ဘူး။ အရင်တစ်ခါ ကိုအလက်ဇန်းဒါး Poll ဆွဲထားတာလည်း မကြာသေးဘူးနော်။
    http://www.mysteryzillion.org/forums/showthread.php?t=5753
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion