မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့် ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်
MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

iPhone 3GS

edited March 2011 in Tech News
http://www.apple.com/iphone/iphone-3g-s/maps-compass.html


နည်းပညာအသစ်များစွာ ပါဝင်တဲ့ iPhone 3Gs ထဲမှာ compass လေးကို စိတ်ဝင်စားဖို့အကောင်းဆုံးပဲ။ ဘယ်လို လုပ်ထားလဲဆိုတာ စဉ်းစားလို့မရဘူး။ အရင်က iPhone မှာ ကားမောင်းတဲ့ game ကစားရင် ဘယ်ဘက် ညာဘက် စောင်းပြီး ကားကို ကွေ့ရတယ်။ အဲဒီ technology က wave sensitivity technology ကို အသုံးပြုထားတာပါ လို့ ဖတ်ဘူးတယ်။ wave ကို ဘယ်ဘက် စောင်းလား ဘယ်လောက် degree စောင်းလဲ စတာတွေကို sensor နဲ့ ဖမ်းထားတယ်။ အခု compass ကကော ???? သိတဲ့လူတွေ ရှိရင် တချက်လောက်ပြောပါအုံး စိတ်ဝင်စားလို့ googling လုပ်တာတော့ မတွေ့သေးဘူး။ အဲဒီ technology လေး ကို သဘောကျလွန်းလို့ပါ။

iphone 3Gs ထဲမှာ ပါတာတွေကိုတော့

http://www.apple.com/iphone/iphone-3g-s/


မှာ ဖတ်ရှုနိုင်ပါတယ်။

မှတ်ချက်များ

  • edited June 2009 Registered Users
    damn ! craving for that..... Voice Control is incredible.. like 'play song like this'...
  • edited June 2009 Registered Users
    အိုင်ဖုန်း Firmware အသစ်မှာပါတဲ့ကွန်ပတ်က GPS စနစ်ကိုသုံးပြီး ရှေ့နောက်၊ တောင်မြောက်ပြပါတယ်။ အခု ကွန်ပတ်ကတော့ Apple က ပရိုဂရမ်မှာတွေရေးထားတာပေါ့။ အိုင်ဖုန်းအသစ်မှာပါတဲ့ ကွန်ပတ်အပြင်ကို တခြားကွန်ပတ် App တွေကို Apple Store မှာ၀ယ်လို့ရပါတယ်။ ကနေ့အထိ အိုင်ဖုန်းအတွက်ရေးထားတဲ့ ကွန်ပတ် App ပေါင်း ၂၄ ခု ရှိနေပါပြီ။
  • edited June 2009 Administrators
    rssrdr;43452 said:
    အိုင်ဖုန်း Firmware အသစ်မှာပါတဲ့ကွန်ပတ်က GPS စနစ်ကိုသုံးပြီး ရှေ့နောက်၊ တောင်မြောက်ပြပါတယ်။ အခု ကွန်ပတ်ကတော့ Apple က ပရိုဂရမ်မှာတွေရေးထားတာပေါ့။ အိုင်ဖုန်းအသစ်မှာပါတဲ့ ကွန်ပတ်အပြင်ကို တခြားကွန်ပတ် App တွေကို Apple Store မှာ၀ယ်လို့ရပါတယ်။ ကနေ့အထိ အိုင်ဖုန်းအတွက်ရေးထားတဲ့ ကွန်ပတ် App ပေါင်း ၂၄ ခု ရှိနေပါပြီ။
    ဟုတ်သားပဲ... GPS စနစ်သုံးပြီး compass ရေးလို့ရတာပဲ... အဲဒီ idea ကို မေ့သွားတယ်...
  • edited June 2009 Registered Users
    rssrdr;43452 said:
    အိုင်ဖုန်း Firmware အသစ်မှာပါတဲ့ကွန်ပတ်က GPS စနစ်ကိုသုံးပြီး ရှေ့နောက်၊ တောင်မြောက်ပြပါတယ်။ အခု ကွန်ပတ်ကတော့ Apple က ပရိုဂရမ်မှာတွေရေးထားတာပေါ့။ အိုင်ဖုန်းအသစ်မှာပါတဲ့ ကွန်ပတ်အပြင်ကို တခြားကွန်ပတ် App တွေကို Apple Store မှာ၀ယ်လို့ရပါတယ်။ ကနေ့အထိ အိုင်ဖုန်းအတွက်ရေးထားတဲ့ ကွန်ပတ် App ပေါင်း ၂၄ ခု ရှိနေပါပြီ။
    မသိလို ့မေးပါရစေခင်ဗျာ။ နည်းနည်းရှင်းသွားအောင်လို ့ပါ။ တစ်ချို ့သောဖုန်းများမှာ GPS software တင်ပေမယ့် GPS Receiver မပါလို ့software ကအလုပ်မလုပ်ဘူးလို ့ကြားဖူးပါတယ်။ အဲဒါမှန်ပါသလား? အကယ်၍ အဲဒီကိစ္စသာမှန်မယ်ဆို iphone 3G S မှာ GPS Receiver ပါတယ်လို ့ထင်ပါတယ်။ နောက်ထပ်မရှင်းတာက GPS Receiver ဆိုတာက software လား hardware ပါလားခင်ဗျာ။ တစ်ဆိတ်လောက်ရှင်းပြစေချင်ပါတယ်။
    ကျွန်တော့မှာ iphone 3G ရှိပါတယ်။(ကြွားတယ်မထင်ပါနဲ ့ အဲဒီကောင်နဲ ့ပဲစိတ်ညစ်နေရလို ့ပါ။ အကြောင်းစုံကိုတော့ How to unlock iphone ဆိုတဲ့ Topic တင်မှရေးပေးပါတော့မယ်)
    OS version က 2.1 ပါ။ ခု iphone 3GS က OS Version 3.0 ကိုသုံးထားပါတယ်။
    မေးချင်တာကရှင်းရှင်းလေးပါ။ ကျွန်တော့ဖုန်းကို version 3.0 ကို upgrade လုပ်မယ်။(sim unlock လုပ်လို ့ရရင်ပေါ့) GPS System သုံးလို ့ရနိုင်ပါသလား။
    သိတဲ့လူရှိရင်ဖြေပေးကြပါ။
  • edited June 2009 Registered Users
    နောက်ပိုင်းဖုန်းတွေမယ် GPS Build In ပါပြီးသားပေါ့။ အဲဒီကိုတည်ပြီး GPS Application တွေက အလုပ်လုပ်ပါတယ်။ (တချို့သော) ဘကြီးတော်လက်ထက် လက်ကိုင်ဖုန်းခပ်ဟောင်းဟောင်း တွေမှာတော့ GPS စနစ်မပါ တော့ Applications တွေက အမောင့်ခမျာ တောင်ရောက်မြောက်ရယ်မသိဘဲ အလုပ်မလုပ်နိုင်ပါဘု။
    ၂၀၀၀ ခုနှစ်အစောပိုင်းမှာ FCC Location Tech E911 ကိုအတည်ပြုပြဌာန်းပြီးသကာလမယ် အမေရိကန်က (အထူးသဖြင့်) လက်ကိုင်ဖုန်းတိုင်း GPS Build In မဖြစ်မနေပါသပေါ့။ ဆိုတော့ကာ ... iPhone ကို အမေရိကန်နေ အဘ စတီဂျော့တို့အဖွဲ့က ဒီဇိုင်းလုပ်တော့ FCC မူအလိုအရ GPS Build In က ပါပြီးသားရယ်။ iPhone 1G, 2G နဲ့ 3G အားလုံး အသစ်မွမ်းမံလိုက်ပါတဲ့ Firmware 3.0 နဲ့ သဟဇာတဖြစ်တာပါ့။ GPS ဆိုတဲ့ဟာကြီးလည်း အလုပ်လုပ်နိုင်တာပါ့။ ဒါပေသိ Firmware 3.0 မှာ အသစ်မှာလာတဲ့ Apple ရေး Apps တချို့ကတော့ iPhone 3GS မှာမှ အလုပ်လုပ်နိုင်ပါတယ်။ (ဥပမာ iPhone နဲ့ ဗွီဒီယိုရိုက်တာ၊ ကင်မရာက အော်တိုမုတ်တုတ် အလင်းအမှောင်ချိန်ပေးတာ၊ Thetering ...)

    iPhone Firmware 3.0 Unlock လုပ်တဲ့ Software ကိုတော့ ကနေ့ မနက်ပိုင်း ၁၁း၃၀ နာရီ (ET Time) မှာပဲ Dev-Team က မျှေ၀လိုက်ပါပြီ။

    http://blog.iphone-dev.org/post/126465561/trois-drei-h-rom

    အာအက်အက်
  • edited May 2010 Registered Users
    iPhone 3Gs ကို Jailbreak လုပ်ပြီး တခြား Phone အမျိုးအစားတွေနဲ့ Bluetooth ချိတ်လို့ရမလား? ကျနော် Jailbreak လုပ်ပြီးပြီဗျ။ Bluetooth ချိတ်လို့မရဘူး။ Bluetooth Headset နဲ့တော့ရတယ်. ။ Data Transfer လုပ်ဖို့တော့မရဘူးဖြစ်နေတယ်.။ သီးသန့်ဆော့ဖ်၀ဲလ်မျိုးသုံးရမလား။ အကြံပေးကြပါဦး။
    လေးစားလျက်
    NooR
  • edited May 2010 Registered Users
    iBluetooth နဲ ့ဆိုရပါတယ်။
    Cydia ထဲက repo မှာ cydia.xsellize.com ကို add လိုက်ပါ။
    xsellize ထဲမှာ iBluetooth ကို install လုပ်လိုက်ရင်ရပါပြီ။

    Credited to www.xsellize.com
  • edited May 2010 Registered Users
    rssrdr;43452 said:
    အိုင်ဖုန်း Firmware အသစ်မှာပါတဲ့ကွန်ပတ်က GPS စနစ်ကိုသုံးပြီး ရှေ့နောက်၊ တောင်မြောက်ပြပါတယ်။ အခု ကွန်ပတ်ကတော့ Apple က ပရိုဂရမ်မှာတွေရေးထားတာပေါ့။ အိုင်ဖုန်းအသစ်မှာပါတဲ့ ကွန်ပတ်အပြင်ကို တခြားကွန်ပတ် App တွေကို Apple Store မှာ၀ယ်လို့ရပါတယ်။ ကနေ့အထိ အိုင်ဖုန်းအတွက်ရေးထားတဲ့ ကွန်ပတ် App ပေါင်း ၂၄ ခု ရှိနေပါပြီ။
    အဲဒီကိစ္စကိုနဲနဲ ပြောချင်တယ်ဗျ။ဟိုနေ့က netguide ဂျာနယ်မှာဖတ်လိုက်ရတယ်။iPhone 3Gs ရဲ့ ကွန်ပတ်ကဘယ်လိုအလုပ်လုပ်တာလဲတဲ့။ဖုန်းဆိုင်တဆိုင်ကဖြေပေးထားတယ်။GPS နဲ့အလုပ်လုပ်တာပါတဲ့။မှားတယ် အကြီးကြီးကိုမှားတာ လုံး၀မဟုတ်ဘူး။Magnetometer နဲ့အလုပ်လုပ်တာ။ပီးတော့နောက်မေးခွန်းတခုက 3G နဲ့ 3Gs ဘယ်လိုခွဲလဲတဲ့။ဖြေထားတာက 3Gမှာအဖြူမရှိဘူးတဲ့။3Gs မှာ အဖြူရောအနက်ရောလာတယ်တဲ့။ကဲ ဘယ်လောက်ဆိုးလဲ 3G မှာ အဖြူက 16Gb မှာဘဲရှိတာကိုမသိဘဲဖြေထားတယ်။တကယ်က အပြင်ပန်းအားဖြင့်ကို မခွဲနိုင်ဘူး။
  • edited May 2010 Registered Users
    mingjian;74797 said:
    iBluetooth နဲ ့ဆိုရပါတယ်။
    Cydia ထဲက repo မှာ cydia.xsellize.com ကို add လိုက်ပါ။
    xsellize ထဲမှာ iBluetooth ကို install လုပ်လိုက်ရင်ရပါပြီ။

    Credited to www.xsellize.com

    iBluetooth က 3GS မှာမရဘူး။ibluenova ကတော့ရတယ်။
  • edited May 2010 Registered Users
    ibluenova ကရောဘယ်ကယူရမလဲဗျ...
  • edited May 2010 Registered Users
    mingjian;74812 said:
    ibluenova ကရောဘယ်ကယူရမလဲဗျ...
    xsellize မှာဘဲလေ။
  • edited May 2010 Registered Users
    pyaepxyoaung;74809 said:
    အဲဒီကိစ္စကိုနဲနဲ ပြောချင်တယ်ဗျ။ဟိုနေ့က netguide ဂျာနယ်မှာဖတ်လိုက်ရတယ်။iPhone 3Gs ရဲ့ ကွန်ပတ်ကဘယ်လိုအလုပ်လုပ်တာလဲတဲ့။ဖုန်းဆိုင်တဆိုင်ကဖြေပေးထားတယ်။GPS နဲ့အလုပ်လုပ်တာပါတဲ့။မှားတယ် အကြီးကြီးကိုမှားတာ လုံး၀မဟုတ်ဘူး။Magnetometer နဲ့အလုပ်လုပ်တာ။ပီးတော့နောက်မေးခွန်းတခုက 3G နဲ့ 3Gs ဘယ်လိုခွဲလဲတဲ့။ဖြေထားတာက 3Gမှာအဖြူမရှိဘူးတဲ့။3Gs မှာ အဖြူရောအနက်ရောလာတယ်တဲ့။ကဲ ဘယ်လောက်ဆိုးလဲ 3G မှာ အဖြူက 16Gb မှာဘဲရှိတာကိုမသိဘဲဖြေထားတယ်။တကယ်က အပြင်ပန်းအားဖြင့်ကို မခွဲနိုင်ဘူး။

    ဟုတ်တယ်ဗျ၊ Magnetometer နဲ့အလုပ်လုပ်တာ။ 3G နဲ့ 3Gs ကိုအရောင်နဲ့ ခွဲသတဲ့လားဗျ၊ ကောင်းပါ့ဗျာ၊ ကောင်းပါ့။
  • edited May 2010 Registered Users
    pyaepxyoaung;74817 said:
    xsellize မှာဘဲလေ။
    ibluenova က 15 ရက်ပဲရမယ်ပြောနေတယ်နော်။ Full Version ကို Free ရအောင် ဘယ်လိုလုပ်ရမလဲ:rolleyes: အလကားလိုချင်လို့တော့ဟုတ်ဘူး။ ပိုက်ဆံမရှိလို့။:tongue:
    ကျေးဇူးနော်
  • edited May 2010 Registered Users
    noor;74921 said:
    ibluenova က 15 ရက်ပဲရမယ်ပြောနေတယ်နော်။ Full Version ကို Free ရအောင် ဘယ်လိုလုပ်ရမလဲ:rolleyes: အလကားလိုချင်လို့တော့ဟုတ်ဘူး။ ပိုက်ဆံမရှိလို့။:tongue:
    ကျေးဇူးနော်
    1stly uninstall bluenova.
    add "cydia.xsellize.com at cydia.
    and then install from xsellize.com:cool:
  • edited May 2010 Registered Users
    ကိုဇင်;74924 said:
    1stly uninstall bluenova.
    add "cydia.xsellize.com at cydia.
    and then install from xsellize.com:cool:
    ဟုတ်တယ် xsellize မှာ cracked ၇ိှတယ်။မရရင် cydia.snifuliphonerepo.com ကို add လိုက်။
  • edited May 2010 Registered Users
    pyaepxyoaung;74937 said:
    ဟုတ်တယ် xsellize မှာ cracked ၇ိှတယ်။မရရင် cydia.snifuliphonerepo.com ကို add လိုက်။
    ရသွားပီဗျာ။ ကျေးဇူးတင်ပါတယ်။ နောက်လည်း iPhone App နှင့် နည်းပညာများကို မျှေ၀ပေးပါဦး
    လေးစားစွာဖြင့်
    NooR
  • edited March 2011 Registered Users
    BUY
    现货iphone 3GS兼容4G万能卡sim 全球万能 激活卡 国外SIM卡

    http://auction1.paipai.com/search/0/ECE8574500000000006C3A0A06B81541-B811.html
    [ATTACH=CONFIG]1511[/ATTACH]
Sign In or Register to comment.