MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
  • Vote Up0Vote Down anawrahtaanawrahta
    Posts: 149Registered Users
    ဒါလေးတွေဖြေပေးပါ ခင်ဗျာ
    asus eee pc တွေကကောင်းလားမသိဘူး
    ဘက်ထွီ ကရော ဘယ်လောက်ခံသလဲမသိလို့မေးတာပါ
    ကျွန်တော်သုံးတာတွေက VB,JAVA,photoshop တို့သုံးတာပါ
    အဲကောင်နဲ့အဆင်ပြေမလားမသိဘူး
    dialup နဲ့သုံးလဲရလား
    HDD ကကောဘယ်လောက်လောက်ရှိမလဲမသိဘူးခင်ဗျ
    ကျေးဇူးပြုပြိးဖြေပေးကြပါနော်
    :77::77:
  • 11 မှတ်ချက်များ sorted by
  • Vote Up0Vote Down Ko Ko WinKo Ko Win
    Posts: 1,122Registered Users
    ကောင်းမကောင်းသေချာတော့မစမ်းဖူးဘူး..ဒါပေမယ့် ဒီကောင်တွေက netbook တွေဆိုတော့ တန်သင့်ရုံလောက်ပဲရမှာပါ... cpu က dual core ဆယ်လယွန် လောက်ပဲရှိတာဆိုတော့သိပ်မြင့်မြင့် appcs တွေကိုတော့ run ပေးနိုင်မှာမဟုတ်ဘူး..။ ဘက်ထရီကတော့ 6 cells ဆိုရင် ကိုးနာရီလောက်ထိခံပါတယ်.. 3 cells ဆိုရင် လေးနာရီလောက်ခံမယ်ထင်တယ်.... photoshop latest version တင်ရင်တော့ ရမရမသိပေမယ့် ရရင်တောင် တော်တော်လေးသွားမှာ သေချာတယ်...။ dial up နဲ့သုံးလဲရပါတယ်...... HDD အနေနဲ့က asus က SSD နဲ့ပဲထုတ်တယ်ထင်တယ်ဗျ.. 4G SSD နဲ့ထုတ်တယ်လို့တွေ့တာပဲ... HDD နဲ့ထုတ်တယ်လို့တော့ ကြားမိဘူး...။ MSI Wind U100 သုံးကြည့်ပါလား.. asus လိုပဲ သူကတော့ 160G HDD နဲ့ပါခင်ဗျ.. တစ်ခြား specification တွေကတော့ asus နဲ့တော်တော်ဆင်ပါတယ်.....
  • Vote Up0Vote Down mikozanmikozan
    Posts: 140Registered Users
    asus eee မှာ HDD 160 နဲ့ဟာလာပါတယ် eee 1000H ပါ
    1000H, 1002H 2မျိုးရှိပါတယ
    ် MSI ကvista တင်ရင်driver ပြသနာရှိပါတယ် Global site မှာဝင်ကြည့်ပါ
  • Vote Up0Vote Down hteink.minhteink.min
    Posts: 79Registered Users, Banned Users
    [quote=Ko Ko Win;35828]ကောင်းမကောင်းသေချာတော့မစမ်းဖူးဘူး..ဒါပေမယ့် ဒီကောင်တွေက netbook တွေဆိုတော့ တန်သင့်ရုံလောက်ပဲရမှာပါ... cpu က dual core ဆယ်လယွန် လောက်ပဲရှိတာဆိုတော့သိပ်မြင့်မြင့် appcs တွေကိုတော့ run ပေးနိုင်မှာမဟုတ်ဘူး..။ ဘက်ထရီကတော့ 6 cells ဆိုရင် ကိုးနာရီလောက်ထိခံပါတယ်.. 3 cells ဆိုရင် လေးနာရီလောက်ခံမယ်ထင်တယ်.... photoshop latest version တင်ရင်တော့ ရမရမသိပေမယ့် ရရင်တောင် တော်တော်လေးသွားမှာ သေချာတယ်...။ dial up နဲ့သုံးလဲရပါတယ်...... HDD အနေနဲ့က asus က SSD နဲ့ပဲထုတ်တယ်ထင်တယ်ဗျ.. 4G SSD နဲ့ထုတ်တယ်လို့တွေ့တာပဲ... HDD နဲ့ထုတ်တယ်လို့တော့ ကြားမိဘူး...။ MSI Wind U100 သုံးကြည့်ပါလား.. asus လိုပဲ သူကတော့ 160G HDD နဲ့ပါခင်ဗျ.. တစ်ခြား specification တွေကတော့ asus နဲ့တော်တော်ဆင်ပါတယ်.....
    ဒီလပ်တော့လေးတွေက အင်တာနက်ကို ချက်ခြင်း စစ်ချင်တဲ့သူတွေနဲ့ ၊ Voip ဖုန်းတို့၊ Webcam တို့ သုံးချင်တဲ့သူတွေပဲ သုံးကြတာပါ၊ တစ်ချို့စက်တွေက 3G Built In ပါတော့ ကြိုက်တဲ့နေရာကနေ အင်တာနက်သုံးလို့ရပါတယ်။ သူ့ကို Netbook လို့လည်း ခေါ်ကြပါတယ်။ သူလုပ်နိုင်တာက Net ချင်တဲ့သူတွေအတွက် ပါ၊ တခြား ကြီးကြီးမားမား application တွေ သုံးရင် စက်မနိုင်ပါဘူး။ Ram က အများဆုံး ၁ ဂစ် သို့ အများဆုံး ၂ ဂစ်ပဲ နိုင်ပါသေးတယ်၊ ဒီတော့ စက်တော်တော်များများက Xp သို့ ဦးဘွန်တူးကို ထည့်ထားကြပါတယ်။ အီးမေးလ် အချိန်တိုင်းစစ်ချင်တဲ့သူတွေ၊ သို့ အင်တာနက် အမြဲသုံးချင်သူတွေ၊ ဘလော့ကို နေရာတကာကနေ စာရေးပြီးတင်ချင်သူတွေအတွက်တော့ ဒီစက်လေးတွေက ကိုက်ပါတယ်။ ကျွန်တော်တော့ Ram နဲ့ SSD စျေးပေါတဲ့အချိန်ကိုစောင့်နေတာပါ။

    အခု ပါတဲ့ ၁ ဂစ် က နည်းတယ်ထင်ပါတယ်။ SSD ဆိုတော့ ပိုကောင်းမယ်ထင်တာပဲ ၊ ဘာလို့လည်းဆိုတော့ သူက ဘယ်သွားသွား သယ်သွားရမှာလေ၊ ကြမ်းကြမ်းနိုင်တဲ့ ဟာ့ဒစ်မှ အလုပ်ဖြစ်မယ်ထင်တာပဲ။
  • Vote Up0Vote Down kothartharkotharthar
    Posts: 615Registered Users
    ကျွန်တော်ကတော့ MSI Wind ကိုဝယ်လိုက်ပါတယ်။
    ဘာကြောင့်ဆို RAM ရယ် Wireless က N ရယ်ပါတာကြောင့်ပါ။
    EEE ရဲ့ SSD ကိုကြိုက်ပေမယ့် Hardisk 160 ကိုပိုလိုချင်တာကြောင့်ရယ်
    EEE 1000 series က MSI wind နဲ့ သိပ်မကွာတာကြောင့်ပါ။
    SSD လိုရလောက်အောင် ကိုယ်က ကြမ်းမယ်ဆိုရင်တော့ မပြောတတ်ပါ။

    အခုဆို Ebook တွေ၊ သီချင်းတွေ အားလုံးကို အမြဲတမ်းသယ်သွားပါတယ်။
    Work ဖိုင်တွေကိုတော့ Drop Box ကိုသုံးပြီး Sync လုပ်ထားပါတယ်။
    Atom ကို သိပ်အထင်သေးလို့မရပါဘူး။ Multitasking ကို Desktop တွေလောက် မရပေမယ့်
    အချိန်တည်း မှာ အလုပ် တစ်ခုစီပဲလုပ်မယ်ဆိုရင်တော့ မဆိုးပါဘူး။
    ကျွန်တော် gIMP လည်းသုံးပါတယ်။ XAMPP နဲ့ Mysql, Apache တွေလည်း run ပါတယ်။
    Ruby လည်း ရေးပါတယ်။ Rails server တွေလည်း run ပါတယ်။

    Linux ကိုသုံးချင်ရင် VBox နဲ့ run ပါတယ်။ ဒီနေရာမှာ Ram နဲ့ HD space များတာ တော်တော်
    ကောင်းပါတယ်။ ဒါပေမယ့် VBox မှာ ubuntu နဲ့ လုပ်ရတာ နှေးတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့်
    သပ်သပ် partition ခွဲပြီး hardy ကိုသီးသန့်တင်ထားလိုက်ပါတယ်။

    တစ်ခုပဲ ပြောချင်တာကတော့ ကျွန်တော် အနေနဲ့ Netbook ကို မနက်ပိုင်း breakfast စားရင်း surf လုပ်ဖို့ရယ်။
    လမ်းမှာ အရေးပေါ် Email စစ်ဖို့၊ light weight ဖြစ်တဲ့ အလုပ်တွေရယ် လုပ်ရာမှာပဲ သုံးပါတယ်။
    သီချင်းတွေ ebook တွေအောင် သိပ်မကြည့်ဖြစ်ပါဘူး။

    လက်ကွက်က အဆင်ပြေတယ်ဆိုပေမယ့် 10" မှာ တောင် သေးပါသေးတယ်။
    ကျွန်တော့်လို လက်တုတ်တုတ် ကြီးအတွက် သိပ်အဆင်မပြေလှပါ။
    Wind မှာ Track Pad ကို disable လုပ်တဲ့ ခလုတ်ပါပါတယ်။ အသုံးဝင်ပါတယ်။
    မဟုတ်ရင် စာများများရိုက်နေတုန်း သူ့ကိုသွားသွားထိမိလို့ပါ။

    Wind ကိုအဓိက ဝယ်ရတဲ့ အကြောင်းကတော့ သက်တောင့် သက်သာ သယ်သွားနိုင်လို့ပါ။
    ကျောပိုးအိတ်ထဲမှာ စာအုပ်ထူထူ တစ်အုပ်လောက်ပဲ ရှိပြီး၊ မလေးမပင် နေရာတစ်ကာသယ်နိုင်တာကြောင့်
    ကျွန်တော် ဝယ်ဖြစ်တာပါ။ အဲ...အကြမ်းခံသလားဆိုတော့ လွတ်တော့ မကျဖူးပါဘူး ဒါပေမယ့်
    charging သွင်းနေတုန်း ကုတင်ပေါ်မှာ စောင်နဲ့ အုပ်ထားတုန်း မသိဘဲ ၁၀ မိနစ်လောက် ဖိထိုင်ဖူးပါတယ်။
    ပေါင် ၂၀၀ လောက်နဲ့ ၁၀ မိနစ်ထိုင်မိတာ ဘာမှ မဖြစ်ပါဘူး။ (fujitsu တုန်းက တော့ ၄ နှစ်သားလေး တက်ခုန်ဖူးပါတယ်။)

    နောက်ဆုံးတစ်ချက်ကတော့ battery life ပါ။
    ကျွန်တော့် Wind ကတော့ 100% charged လုပ်ထားရင် 5hr အထိ ခံပါတယ်ခင်ဗျား။

    SEA မှာ wind ကို Pico ဆိုတဲ့ brand နဲ့ပဲ ဖြန့်ပါတော့တယ်။ MSI က manufacture လုပ်ပြီး
    region အလိုက် brand မျိုးကွဲတွေနဲ့ဖြန့်ပါတယ်။

    ဒီလောက်ဆိုရင် စုံပြီထင်ပါတယ်။
    အမှန်တော့ fujitsu ရဲ့ ultra portable ကိုလိုချင်တာပါ 12 inch ပေမယ့် EEE တို့ Wind တို့ထက် ပို
    ကောင်းပါတယ်။ ဒါပေမယ့် စျေးက ၅ဆလောက်ကွာသမို့......
    ကျွန်တော် အမှန် လိုချင်တာက
    http://www.fujitsu.com/sg/services/computing/pc/notebooks/sseries/s6520-3.5g/index.html
  • Vote Up0Vote Down anawrahtaanawrahta
    Posts: 149Registered Users
    Msi ကစျေးဘယ်လောက်လဲမသိဘူးခင်ဗျ
    အဲဒိကောင်က dvd-rem ပါလားမသိဘူး
    မန်မိုရီ အများဆုံး ဘယ်လောက်သုံးလို့ရသလဲ
  • Vote Up0Vote Down mikozanmikozan
    Posts: 140Registered Users
    price is 450$~(in korea)
    no odd
    ram is 2G is Max(i think)
  • Vote Up0Vote Down hteink.minhteink.min
    Posts: 79Registered Users, Banned Users
    [quote=kotharthar;35927]

    ဒီလောက်ဆိုရင် စုံပြီထင်ပါတယ်။
    အမှန်တော့ fujitsu ရဲ့ ultra portable ကိုလိုချင်တာပါ 12 inch ပေမယ့် EEE တို့ Wind တို့ထက် ပို
    ကောင်းပါတယ်။ ဒါပေမယ့် စျေးက ၅ဆလောက်ကွာသမို့......
    ကျွန်တော် အမှန် လိုချင်တာက
    http://www.fujitsu.com/sg/services/computing/pc/notebooks/sseries/s6520-3.5g/index.html

    ဒီထက်ကောင်းတာလေးရော ရှိတော့ဘူးလား .. ဟက်ဟက်.. ဖူဂျစ်ဆူကတော့ စျေးကြီးပါပေ့ . ဒါပေမဲ့လည်း သူထည့်ထားတာနဲ့ ..ပေးသလောက် ပစ္စည်းရမှာပေါ့ ပေးနိုင် ကောင်းလေပေါ့ ၊ ပိုက်ဆံမရှိတာကခက်တယ်၊ လိုချင်တာကလည်း အကောင်းတွေကြီးပဲ။ ဒီမှာလည်း Lifebook တွေရောင်းတယ်၊ ဒါပေမဲ့ Fujitsu Siemens ဆိုပြီးရောင်းတယ် .. အကြွေးနဲ့ပဲ ဆွဲရမယ်တူပါတယ်။
  • Vote Up0Vote Down kothartharkotharthar
    Posts: 615Registered Users
    [quote=anawrahta;36001]Msi ကစျေးဘယ်လောက်လဲမသိဘူးခင်ဗျ
    အဲဒိကောင်က dvd-rem ပါလားမသိဘူး
    မန်မိုရီ အများဆုံး ဘယ်လောက်သုံးလို့ရသလဲ
    ကျွန်တော်ဝယ်တုန်းက SGD750 ပါ။
    DVD မပါပါဘူး။ ကျွန်တော့်မှာတော့ external drive ရှိတော့ ပြသနာမရှိပါဘူး။
    Bios ထဲမှာ USB external ကနေ boot လုပ်ဖို့ရွေးလို့ရတယ်။
    Ram ကတော့ Max 2GB ပဲထည့်လို့ရပါတယ်။
  • Vote Up0Vote Down Ko Ko WinKo Ko Win
    Posts: 1,122Registered Users
    HP ကလည်း netbook တွေထုတ်ပါတယ်.. သေချာသိချင်ရင်တော့ ရှာသာကြည့်ပေတော့.. hp ကတော့ fujisu ထက်စျေးပေါမယ်ထင်တယ်.. ပြီးတော့ dell တို့ acer တို့လဲရှိတာပဲ.....:)
  • Vote Up0Vote Down anawrahtaanawrahta
    Posts: 149Registered Users
    ဒီလိုဆို Net book တွေအားလုံးက CD-Dvd တွေမပါဘူးပေါ့နော်
    တစ်ခုလောက်မေးချင်သေးတယ်
    Tablet pc တွေကရောကောင်းလားဗျ
    touch screen ဆိုတော့ကြိုက်လို့
    photoshop သုံးတဲ့ အခါမှာ လွယ်လောက်တယ်နော်
    ဒါပေမဲ့ စျေး သောက်ရမ်းကြီးတယ်
    အင်တာနက် ဂျာနယ်မှာတွေတာတော့ မနှစ်လောက်က ၁၄ လောက်ရှိတယ်
    ခုတော့ ၇ခွဲရောက်သွားပီ toshiba တဲ့
    အဲဒါလေးအကြာင်းလဲပြောပါအုံးဗျာ
  • Vote Up0Vote Down sithu19sithu19
    Posts: 69Registered Users
    ကြည့် ရတာ MSI agent ထင်တယ်.. ဟီးဟီး“
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion