MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
vb6 သင်ခြင်လို့ပါ
  • Vote Up0Vote Down sanlinsanlin
    Posts: 4Registered Users
    vb6 ဆိုတာ ဘာလဲ
    ဘယ်လိုရေး၇မှာလဲ ။ အခြေခံ အစ က စပြီး ပညာရှင် အဆင့်ဖြစ်သည်အထိ
    ဖတ်ကြားသင်ယူနိုင်မဲ့ ( မြန်မာလို ရေးထားတဲ့) စာအုပ် ပြည်တွင်းမှာ
    ဘယ်မှာရနီုင်မလဲ ၊ ဘယ်မှာ ၀ယ်ယူရနိုင်ပါ့မလဲ ။
    အင်္ဂလိပ်စာ မဖတ်တတ်ပါ ။ ရှိတဲ့ သူရှိပါရင်လည်း ရှယ်ပေးစေခြင်ပါတယ် ခင်ဗျာ။
  • 18 မှတ်ချက်များ sorted by
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,196Administrators
    ဗမာလိုစာအုပ်ဆိုရင်တော့ ဦးအောင်မြင့်ရေးတဲ့စာအုပ်ပဲရှိမှာပဲ။ ဒါပေမယ့်ခက်တာက အခြေခံကနေ အဆင့်မြင့်အထိလို့ဆိုတော့ သူ့စာအုပ်က နှစ်အုပ်ရှိတယ် ပထမတစ်အုပ်ထွက်ပြီး နောက်တစ်အုပ်ကို နောက်နှစ်ကြာမှ အဆင့်မြင့်ဆိုပြီးတော့ ထုတ်လိုက်တာ။:39: ကျွန်တော့်အမြင်ပြောရရင်တော့ ပထမစာအုပ်က ဖတ်လို့သာကုန်သွားမယ် Button လေးတွေ ဟိုထည့်သည်ထည့်နဲ့ ဘာမှလုပ်တတ်လိုက်မယ်မထင်ဘူး။:D နောက်တစ်အုပ်ကတော့ အဆင့်မြင့်လို့တော့ ပြောတာပဲဗျ ဒါပေမယ့်ဘာမှ သိပ်မထူးလာလောက်ပါဘူး။:D
  • Vote Up0Vote Down geolskygeolsky
    Posts: 306Registered Users
    လူပျိုကြီး said:

    English လိုရေးထားတာလေးတွေရှိရင်လည်းညွှန်းပါဦး..
    ကျွန်တော်တို့က နယ်ကဆိုတော့..အလှမ်းဝေးတယ်ဗျာ..
    လေ့လာပုံလေ့လာနည်းလေးကိုအဆင့်လိုက်ရှင်းပြပေးစေလိုပါတယ်..
    ဘယ်ကဘယ်လိုစလေ့လာရမှန်းမသိလို့ပါ..
    လူပျိုကြီးအတွက်.ဂျီးတော်ကြီးတစ်ယောက်ရှိပါတယ်..ကူညီပြီးသင်ပေးဦးနော်..:D
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,196Administrators
    [quote=geolsky;32851]English လိုရေးထားတာလေးတွေရှိရင်လည်းညွှန်းပါဦး..
    ကျွန်တော်တို့က နယ်ကဆိုတော့..အလှမ်းဝေးတယ်ဗျာ..
    လေ့လာပုံလေ့လာနည်းလေးကိုအဆင့်လိုက်ရှင်းပြပေးစေလိုပါတယ်..
    ဘယ်ကဘယ်လိုစလေ့လာရမှန်းမသိလို့ပါ..
    လူပျိုကြီးအတွက်.ဂျီးတော်ကြီးတစ်ယောက်ရှိပါတယ်..ကူညီပြီးသင်ပေးဦးနော်..:D

    ဒါဆိုရင် ဘာကြောင့် VB6 ကိုသင်ချင်တာလဲ တစ်ချက်ပြောပါလား။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ VB6 ကို Support လုပ်တာ တော်တော်လေးနည်းလာပြီဗျ။ သူကအခုဆိုရင် ခေတ် ၃ ဆက်လောက်ပြတ်သွားပြီ။ ဒါပေမယ့် VB6 ကိုပဲသုံးချင်တာပါဆိုရင်တော့ ကျွန်တော်ဖတ်ခဲ့တဲ့ E-Book တွေတင်ပေးလိုက်ပါ့မယ် ရှိတော့ရှိပါသေးတယ်။ VB6 က ဂျီးတော်ကြီးလိုပဲ ရှေးဟောင်း ပစ္စည်းကြီး ဖြစ်လာပြီဗျ။:D
  • Vote Up0Vote Down geolskygeolsky
    Posts: 306Registered Users
    Programming ကိုစိတ်ဝင်စားလို့ပါ..
    vb ကိုစလေ့လာသင့်တယ်ပြောလို့..vb ကနေစကြိုးစားကြည့်ချင်တာပါ..
    ကျွန်တော်တို့က နယ်မှာနေတော့..programming ကိုသင်ချင်လို့ ဆရာခေါ်ချင်တာတောင်ဆရာကမရှိဘူးဖြစ်နေတယ်လေ..
    vb ပြီးမှ...C++.....Java..တို့ကိုတဆင့်ချင်းသွားမလားလို့..
    on line ကနေလမ်းညွှန်ပေးရင်တော့ကျေးဇူးပဲဗျာ...
    vb က လူပျိုကြီး အတွက် အမ်းဒိတ်ကြီးဖြစ်နေပေမယ်..ကျွန်တော်တို့အတွက်တော့
    ပန်းပန်ပြီးတော့လှနေရဦးမယ်ဗျာ...:D
    ကျေးဇူးပဲဗျာ..knowledge share ပါဦးနော်..ဖတ်သင်တာတွေလည်းလမ်းညွှန်ပေးပါ..:77:
  • Vote Up0Vote Down isteinistein
    Posts: 1,121Registered Users
    လေ့လာမဲ့လေ့လာ VB.Net သာ တမ်းလေ့လာပါလားခင်ဗျာ

    ဒါက VB 6 ebooks ဒေါင်းလို့ရမဲ့ဆိုက်

    http://www.free-ebook-download.net/programing-book/1084-programming-microsoft-visual-basic-6-0-a.html
    http://programmerworld.netfirms.com/techbooks/visual_basic.htm
    ဒါက အွန်လိုင်းကလေ့လာဖို့

    http://visualbasic.freetutes.com/learn-vb6/

    ဒါကတော့ VB နဲ့ပက်သက်ပြီး ဝင်ရောက်ဆွေးနွေးလို့ရတဲ့ ဖိုရမ်ပေါ့

    http://www.vbforums.com/

    စလေ့လာမယ်ဆိုရင် VB က မစပဲ C++ သို့မဟုတ် Java ကနေစပြီးလေ့လာဖို့ အကြံပေးပရစေ

    အချိန်ရရင် အောက်က လင့်မှာ ရှာကြည့်ပါအုံး
    http://www.mysteryzillion.org/forums/showthread.php?t=1444
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,196Administrators
    [quote=geolsky;32873]Programming ကိုစိတ်ဝင်စားလို့ပါ..
    vb ကိုစလေ့လာသင့်တယ်ပြောလို့..vb ကနေစကြိုးစားကြည့်ချင်တာပါ..
    ကျွန်တော်တို့က နယ်မှာနေတော့..programming ကိုသင်ချင်လို့ ဆရာခေါ်ချင်တာတောင်ဆရာကမရှိဘူးဖြစ်နေတယ်လေ..
    vb ပြီးမှ...C++.....Java..တို့ကိုတဆင့်ချင်းသွားမလားလို့..
    on line ကနေလမ်းညွှန်ပေးရင်တော့ကျေးဇူးပဲဗျာ...
    vb က လူပျိုကြီး အတွက် အမ်းဒိတ်ကြီးဖြစ်နေပေမယ်..ကျွန်တော်တို့အတွက်တော့
    ပန်းပန်ပြီးတော့လှနေရဦးမယ်ဗျာ...:D
    ကျေးဇူးပဲဗျာ..knowledge share ပါဦးနော်..ဖတ်သင်တာတွေလည်းလမ်းညွှန်ပေးပါ..:77:

    တစ်မျိုးကြီးများဖြစ်နေသလားလို့ VB သင်ပြီးမှတော့ ကျွန်တော့်အမြင်ပြောရရင် C++ တို့ Java တို့ သင်လို့မရလောက်တော့ဘူးဗျ သင်မယ်ဆိုရင်တောင် သင်ချင်စိတ်ပျောက်သွားတတ်တယ်ဗျ။ ဘာလို့လဲဆိုတော့ မပင်မပန်းရတာတွေ သင်ထားတော့ ပင်ပင်ပန်းပန်း လိုင်းတွေ အများကြီးရေးရတဲ့ သင်ရတဲ့ Language တွေသင်လို့မရတော့တာ များတယ်ဗျ။ တစ်ကယ်ပြောတာ ခက်တာသင်ပြီးမှ လွယ်တာတွေသင်တာက ချက်ချင်းတတ်တယ်။ လွယ်တာသင်ပြီးမှ ခက်တာသင်လို့ကတော့ မတတ်တာများတယ်ဗျ ကိုယ်တွေ့နော်:D ကျွန်တော်က ပရိုဂရမ်ကိုစသင်ခဲ့တာက C နဲ့ပါ C++, Assembly ဒါမျိုးတွေ ကောင်းကောင်းတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ကယ်ရေးစားတော့ VB6 နဲ့ရေးစားပါတယ် နောက်ဗျာ .Net ထွက်လာတော့ VB6 ကသုံးမရတော့ဘူး အကုန်ပြန်ဖတ်ရတယ်။ OOP Feature တွေပြန်ပါလာတယ်။ ကျွန်တော် C++ တတ်ပြီးသားနော် ဒါပေမယ့် လွယ်တာတွေတစ်အားသုံးတော့ ပြန်မဖတ်ချင်တော့ဘူး ဒါကြောင့်ဒါတွေပြန်ထည့်လိုက်လို့ Microsoft ကိုစိတ်ဆိုးတဲ့လူတွေထဲမှာ ကျွန်တော်လည်း ပါတယ်ဗျ:D ဒါပေမယ့်သူက IDE အကူအညီရှိလို့ နည်းနည်းလောက် ပြန်ပြီးဖတ်လိုက်တော့ ပြန်ပြီးဆက်သုံးလို့ရပါတယ်။ နောက်တစ်ခုက Java ဒီကောင်ကိုတော့ ကျွန်တော်သိပ်စိတ်ညစ်တယ် တစ်ကယ်တမ်း Pure Java နဲ့ကိုယ့်ဟာကိုယ်ရေးရင် Event Handaling ကအစ ကိုယ်တိုင်ရေးရတယ် ဒါကြောင့် Java နဲ့ရေးရမယ်ဆိုရင် ကျွန်တော် IDE ကောင်းကောင်းရှာရပါတယ်။ ဒါတောင် IDE ကထုတ်ပေးတဲ့ Code ကိုလည်း နားလည်ဦးမှ နားလည်အောင်တော့ Java ကိုအူလျားဖားလျားပြန်ဖတ်ရတာပဲဗျ။:D တစ်ကယ်ပြောတာပါ လွယ်တာကို အရင်သင်လိုက်ရင် ခက်တာသင်လို့မရတော့ဘူးဗျ။ ကျွန်တော်အကြံပေးချင်တာကတော့ OO Feature ပါတဲ့ Language တစ်ခုကို အရင်အသေအချာ လုပ်လိုက်ပါ နောက်ပိုင်းကျရင် Language ဆိုတာဘာမှအရေးမပါဘူး တစ်ခုတတ်ရင် အကုန်တတ်တယ်လို့ ကျွန်တော်ကတော့့ မှတ်ထားလိုက်တာပဲ။ ဘာမှစွဲလမ်းမနေပါဘူး ကိုယ်နဲ့အမျိုးတော်တဲ့ Language မှမရှိတာကိုး:D ကိုယ့်အတွက်လွယ်တာ ကိုယ်သုံးတာပဲဟာ သင့်တော်ရာသုံးလိုက်တာပဲ။ ဒါပေမယ့် အဲ့သည်လိုပြောင်းချင်ရာ ပြောင်းချင်ရင်တော့ တစ်ခုခုကို အသေအချာလုပ်ခဲ့ဖို့တော့လိုတယ်ဗျ။ လုပ်ချင်ရင်တော့ VB6 နဲ့တော့မစပါနဲ့ဗျာ နောက်ပိုင်းပြဿနာတက်လာမယ်။:106:
  • Vote Up0Vote Down geolskygeolsky
    Posts: 306Registered Users
    :77: အားတက်သရောဝင်ရောက်အကြံပေးတဲ့..ko istein နဲ့ လူပျိုကြီး ကိုအထူးပဲကျေးဇူးတင်ပါတယ်
    programming ကိုစိတ်ဝင်စားနေမိတော့..mz ကလူတွေကိုပဲအားကိုးရမှာပဲဗျာ..
    edu mysteryzillion က သင်ခန်းစာတွေတော့ download ယူယူထားတယ်..
    တစ်ခုတော့စူးစူးစိုက်လေ့လာမယ်လို့စိတ်ကူးထားပါတယ်..vb မလုပ်သင့်ဘူးဆိုရင်လည်း
    c++ နဲ့ java ဘယ်ဟာဖြစ်ဖြစ်ပါ..လေ့လာလို့ရတဲ့ စာအုပ်ရနိုင်မယ့် side လေးညွှန်းပေးပါနော်..
    Ebook လေးတွေရှိရင်လည်း share ကြပါဦးနော်..english လေးမတတ်တခေါက်လေးနဲ့လေ့လာရမှာပါ..
    mz မှသူငယ်ချင်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်..
    programming ကိုစစိတ်ဝင်စားသူတွေအတွက်ဒီ post လေးဟာတန်ဖိုးရှိမှာပါ..
    စလေ့လာသင့်တာလေးတွေလမ်းညွှန်ပေးကြပါ...(ဟီး...ကုသိုလ်ရပါတယ်):D
  • Vote Up0Vote Down willywilly
    Posts: 98Registered Users
    [quote=geolsky;32926]
    c++ နဲ့ java ဘယ်ဟာဖြစ်ဖြစ်ပါ..လေ့လာလို့ရတဲ့ စာအုပ်ရနိုင်မယ့် side လေးညွှန်းပေးပါနော်..
    Ebook လေးတွေရှိရင်လည်း share ကြပါဦးနော်..english လေးမတတ်တခေါက်လေးနဲ့လေ့လာရမှာပါ..
    mz မှသူငယ်ချင်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်..
    programming ကိုစစိတ်ဝင်စားသူတွေအတွက်ဒီ post လေးဟာတန်ဖိုးရှိမှာပါ..
    စလေ့လာသင့်တာလေးတွေလမ်းညွှန်ပေးကြပါ...(ဟီး...ကုသိုလ်ရပါတယ်):D

    C++ ကိုမြန်မာလိုလေ့လာချင်ရင် ..
    ဆရာဦးအောင်မြင့် - Teach Yourself C++ ( 2 အုပ် )
    C++ Complete ( 3 အုပ် )

    Java ကိုမြန်မာလိုလေ့လာချင်ရင် .
    ဆရာ ဆန္ဒအောင် - Core Java

    Visual Basic ကိုလေ့လာချင်ရင် ..
    ဆရာဦးအောင်မြင့် - Visual Basic Complete Vol:( 1 to 4)

    တို့ကို၀ယ်ပြီးလေ့လာနိုင်ပါဧ။် ..
  • Vote Up0Vote Down CalculatorCalculator
    Posts: 11Registered Users
    VB မသင်ခင် အရင်ဆုံး OOP Concept ကို အရင်လေ့လာထားသင့်တယ် လို့ထင်ပါတယ်။ ပြီးရင် Algorithm တို့ Flow Chart တွေကိုလဲ လေ့လာထားသင့်ပါတယ်။ အရင်ဆုံး စပြီး Programming ကို စလေ့လာမယ်ဆိုရင်တော့ C++ ကို လေ့လာထားသင့်ပါတယ်။
  • Vote Up0Vote Down marahthathamarahthatha
    Posts: 236Registered Users
    [quote=geolsky;32873]Programming ကိုစိတ်ဝင်စားလို့ပါ..
    vb ကိုစလေ့လာသင့်တယ်ပြောလို့..vb ကနေစကြိုးစားကြည့်ချင်တာပါ..
    ကျွန်တော်တို့က နယ်မှာနေတော့..programming ကိုသင်ချင်လို့ ဆရာခေါ်ချင်တာတောင်ဆရာကမရှိဘူးဖြစ်နေတယ်လေ..
    vb ပြီးမှ...C++.....Java..တို့ကိုတဆင့်ချင်းသွားမလားလို့..
    on line ကနေလမ်းညွှန်ပေးရင်တော့ကျေးဇူးပဲဗျာ...
    vb က လူပျိုကြီး အတွက် အမ်းဒိတ်ကြီးဖြစ်နေပေမယ်..ကျွန်တော်တို့အတွက်တော့
    ပန်းပန်ပြီးတော့လှနေရဦးမယ်ဗျာ...:D
    ကျေးဇူးပဲဗျာ..knowledge share ပါဦးနော်..ဖတ်သင်တာတွေလည်းလမ်းညွှန်ပေးပါ..:77:
    vb6 ကိုလေ့လာချင်တယ် ဆိုရင် အခြေခံစပြီး သင်ပေးပါ့မယ်။ ဆရာတွေမရှိဘူးဆိုတာတော့ မဟုတ်သေးပါဘူးဗျ။ လိုချင်ရင် ဆရာတွေပေါပါတယ်ခင်ဗျား။ သိသလောက်တော့သင်ပေးလို့ရပါတယ်။
  • Vote Up0Vote Down marahthathamarahthatha
    Posts: 236Registered Users
    [quote=geolsky;32873]Programming ကိုစိတ်ဝင်စားလို့ပါ..
    vb ကိုစလေ့လာသင့်တယ်ပြောလို့..vb ကနေစကြိုးစားကြည့်ချင်တာပါ..
    ကျွန်တော်တို့က နယ်မှာနေတော့..programming ကိုသင်ချင်လို့ ဆရာခေါ်ချင်တာတောင်ဆရာကမရှိဘူးဖြစ်နေတယ်လေ..
    vb ပြီးမှ...C++.....Java..တို့ကိုတဆင့်ချင်းသွားမလားလို့..
    on line ကနေလမ်းညွှန်ပေးရင်တော့ကျေးဇူးပဲဗျာ...
    vb က လူပျိုကြီး အတွက် အမ်းဒိတ်ကြီးဖြစ်နေပေမယ်..ကျွန်တော်တို့အတွက်တော့
    ပန်းပန်ပြီးတော့လှနေရဦးမယ်ဗျာ...:D
    ကျေးဇူးပဲဗျာ..knowledge share ပါဦးနော်..ဖတ်သင်တာတွေလည်းလမ်းညွှန်ပေးပါ..:77:
    vb ကိုလေ့လာချင်တယ််ဆိုရင် သိသလောက်တော့ အခြေခံကစပြီးသင်ပေးလို့ရပါတယ်။ နယ်မှာဆရာတွေ မရှိဘူးဆိုတာကတော့မဟုတ်သေးပါဘူးဗျ။ သိချင်ရင်ဆရာတွေပေါပါတယ်။ အမြဲတန်း welcome ပါပဲ။
  • Vote Up0Vote Down Ye HtetYe Htet
    Posts: 1,063Registered Users
    [quote=geolsky;32873]
    ကျွန်တော်တို့က နယ်မှာနေတော့..programming ကိုသင်ချင်လို့ ဆရာခေါ်ချင်တာတောင်ဆရာကမရှိဘူးဖြစ်နေတယ်လေ..

    ကိုgeolsky သုံးနေတဲ့ Internet က အကောင်းဆုံး ဆရာဖြစ်မှာပါ။ ဆရာ အကောင်လိုက်အထည်လိုက်မှ လိုချင်ရင်တော့ ထန်ထန်လေး တို့ ချစ်လေးတို့ ကိုခေါ်သင်ဗျာ။ ဗမာလိုရေးထားတဲ့ VB စာအုပ်(ကကကွန်ကဟာပါ)
     [FONT=Zawgyi-One][SIZE=2][FONT=&quot]http://ifile.it/4vl95u[/FONT]
    [/SIZE][/FONT]

  • Vote Up0Vote Down geolskygeolsky
    Posts: 306Registered Users
    အခုလိုအဝေးကြီးကနေ..ကူညီဖြေကြားပေးတဲ့ :D
    ကိုရဲထက်နှင့်ထန်ထန်လေးတို့အား အထူးပဲကျေးဇူးတင်ပါကြောင်း..:D
    ကိုထန် post နှစ်ခုကြီးဖြစ်နေတယ်..(တစ်ခုကမီးထွန်းဖို့...တစ်ခုက ကက်ဆက်ဖွင့်ဖို့):D
  • Vote Up0Vote Down geolskygeolsky
    Posts: 306Registered Users
    Ye Htet said:

    ကိုgeolsky သုံးနေတဲ့ Internet က အကောင်းဆုံး ဆရာဖြစ်မှာပါ။ ဆရာ အကောင်လိုက်အထည်လိုက်မှ လိုချင်ရင်တော့ ထန်ထန်လေး တို့ ချစ်လေးတို့ ကိုခေါ်သင်ဗျာ။ ဗမာလိုရေးထားတဲ့ VB စာအုပ်(ကကကွန်ကဟာပါ)
     [FONT=Zawgyi-One][SIZE=2][FONT=&quot]http://ifile.it/4vl95u[/FONT]
    [/SIZE][/FONT]

    ကိုရဲရေ..download ဆွဲမရဘူးဗျို့..
    တခြားနည်းလေးနဲ့ မစပါဦးဗျာ..:D
  • Vote Up0Vote Down selectselect
    Posts: 146Registered Users
    ကိုရဲရေ..download ဆွဲမရဘူးဗျို့..
    တခြားနည်းလေးနဲ့ မစပါဦးဗျာ..image

    ရပ့့ါတယ်ခင်ဗျာ ကျွန်တော်ဆွဲတာ
    မေးနဲ့ပို့ပေး၇မလား မစွဲချင်၇င်လေ
    မေးလိပ်စာထားခဲ့လေ :)

    ဟုတ်ဒါဆို Visual Basic 6.0 ကိုအ၇င့်လေ့လာလိုက်ဉ်းမယ်နော်
    နော်လည်းပြောပြပေးပါဗျာ

    အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ :)

    ဒါနဲ့မသိလို့မေးဦးမယ်နော်ကကကွန်က ၀င်တာ၀င်လို့မ၇ဘူးဗျာဘာဖြစ်တာလဲမသိဘူးနော်
  • Vote Up0Vote Down Ye HtetYe Htet
    Posts: 1,063Registered Users
    စာရိတ္တမောင် said:
    ဒါနဲ့မသိလို့မေးဦးမယ်နော်ကကကွန်က ၀င်တာ၀င်လို့မ၇ဘူးဗျာဘာဖြစ်တာလဲမသိဘူးနော်

    ကကကွန် ကို ဘယ်လို၀င်တာလဲခင်ဗျာ။ ၀င်မရဘူးဆိုလို့ စိတ်၀င်စားလို့မေးကြည့်တာပါ။
  • Vote Up0Vote Down selectselect
    Posts: 146Registered Users
    ကကကွန် ကို ဘယ်လို၀င်တာလဲခင်ဗျာ။ ၀င်မရဘူးဆိုလို့ စိတ်၀င်စားလို့မေးကြည့်တာပါ။

    ဟုတ် ဘယ်ိ လို၀င်တာလဲဆိုတော့က ဒီလိုဗျ ဟီး Google ထဲကနေ ကကကွန်လို့
    ရှာပြီး၀င်တာပဲဗျ မရဘူး ဘန်းထားတယ်ထင်လို့ကျောင်ကြီးသေးတယ် ဟီး မရဘူးဗျာ

  • Vote Up0Vote Down selectselect
    Posts: 146Registered Users
    ကကကွန် ကို ဘယ်လို၀င်တာလဲခင်ဗျာ။ ၀င်မရဘူးဆိုလို့ စိတ်၀င်စားလို့မေးကြည့်တာပါ။

    ဟုတ်ဘယ်လို ၀င်တာလဲဆိုတော့ Google ထဲကနေ ၀င်တာဗျ
    ကကကွန် လိုရိုက်ထဲလိုက်တာပဲ မရတာနဲ့ ဘန်းကျော်ကြည့်သေးတယ်မရဘူး
    ဗျာ :D အဟီး ဘယ်လို၀င်ရတာလဲဟင်

ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion