MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
vinyl ထုတ်ချင်လို့
  • Vote Up0Vote Down smilefacesmileface
    Posts: 31Registered Users
    (၄)ပေ၊(၂)ပေ vinyl wallsheet ထုတ်ချင်ရင် photoshop မှာ image size ကိုဘယ်လောက်ထားရပါသလဲ
  • 16 မှတ်ချက်များ sorted by
  • Vote Up0Vote Down creativefox21creativefox21
    Posts: 398Registered Users
    ၄ ပေ၊ ၂ ပေ ထုတ်ချင်ရင် image size ကို ၄ ပေ၊ ၂ပေ ပဲထားပေါ့။ လက်မနဲ့ဆိုရင် ၄၈လက်မ x ၂၄လက်မပေါ့။ Resolution ကို ၃၀၀ ပေါ့။ စက်မနိုင်ဘူးဆိုရင် ၁၀၀၊ ၁၅၀ လောက်ဆိုလည်းရတယ်။ vinyl quality ကိုတော့ ဆိုင်ရောက်မှမေးကြည့်ပေါ့။ idea မှာထုတ်ရင်ပိုကောင်းမယ်ထင်တယ်။ 6color ရတယ်။ :)
  • Vote Up0Vote Down KNaingKNaing
    Posts: 103Registered Users
    ဗီနိုင်းထုတ်ရင် ဒီဇိုင်းပုံမှာ resolution 80 pixel/inch ဆိုရင် လုံလောက်ပါတယ်။ image size 48 in x 24 in x 80 pixel/inch ဆိုရင် အဆင်ပြေသွားမှာပါ။ အများကြီးတင်ထားလည်း ဆိုင်ရောက်ရင် ပြန်လျှော့လိုက်ပါလိမ့်မယ်။ ( စက်ကထွက်လာရင်တော့ သုံးတဲ့ head အပေါ်မှာမူတည်ပြီး 300, 600, 1200dpi စသဖြင့်ထွက်ပါတယ်) ( ဒီဇိုင်းလုပ်တဲ့ resolution နဲ့ စက်ကထုတ်တဲ့ resolution မတူပါ)
    အရောင်ကိုတော့ CMYK ပြောင်းပါ။ တစ်ချို့အရောင်များ ပြောင်းသွားပါလိမ့်မယ်။ ပြန်ချိန်ပါ။
    အမြဲတမ်းထုတ်မယ်ဆိုရင်တော့ ကာလာ chart တစ်ခုလုပ်ပြီး ထုတ်ထားပါ။ အဲဒီကကြည့်ပြီး solid ကာလာများအရောင်ဖြည့်ရင် ပိုကောင်းပါတယ်။

    ဆိုဒ်ကြီးများအတွက် ထုတ်တဲ့ဆိုင်နဲ့တိုင်ပင်ပြီးလုပ်ပါ။ image pixel 300000 ထက်ကျော်တဲ့အရွယ် အစားများအတွက် Photoshop version အဟောင်းများနဲ့အဆင်မပြေပါ။ ပုံထုတ်စက်တွေမှာတော့ အရှည်ကြီးဆက်တိုက်ထုတ်နိုင်တဲ့ Rip software များသုံးကြပါတယ်။
  • Vote Up0Vote Down EveningPrimroseEveningPrimrose
    Posts: 110Registered Users
    [quote=K နိုင်;28225]ဗီနိုင်းထုတ်ရင် ဒီဇိုင်းပုံမှာ resolution 80 pixel/inch ဆိုရင် လုံလောက်ပါတယ်။ image size 48 in x 24 in x 80 pixel/inch ဆိုရင် အဆင်ပြေသွားမှာပါ။ အများကြီးတင်ထားလည်း ဆိုင်ရောက်ရင် ပြန်လျှော့လိုက်ပါလိမ့်မယ်။ ( စက်ကထွက်လာရင်တော့ သုံးတဲ့ head အပေါ်မှာမူတည်ပြီး 300, 600, 1200dpi စသဖြင့်ထွက်ပါတယ်) ( ဒီဇိုင်းလုပ်တဲ့ resolution နဲ့ စက်ကထုတ်တဲ့ resolution မတူပါ)
    အရောင်ကိုတော့ CMYK ပြောင်းပါ။ တစ်ချို့အရောင်များ ပြောင်းသွားပါလိမ့်မယ်။ ပြန်ချိန်ပါ။
    အမြဲတမ်းထုတ်မယ်ဆိုရင်တော့ ကာလာ chart တစ်ခုလုပ်ပြီး ထုတ်ထားပါ။ အဲဒီကကြည့်ပြီး solid ကာလာများအရောင်ဖြည့်ရင် ပိုကောင်းပါတယ်။

    ဆိုဒ်ကြီးများအတွက် ထုတ်တဲ့ဆိုင်နဲ့တိုင်ပင်ပြီးလုပ်ပါ။ image pixel 300000 ထက်ကျော်တဲ့အရွယ် အစားများအတွက် Photoshop version အဟောင်းများနဲ့အဆင်မပြေပါ။ ပုံထုတ်စက်တွေမှာတော့ အရှည်ကြီးဆက်တိုက်ထုတ်နိုင်တဲ့ Rip software များသုံးကြပါတယ်။

    ဟုတ်တယ်ဗျား ကျွန်တော်သိသလောက် Vinyl အတွက်ဆိုရင် resolutation က အများဆုံး ၇၂ က နေ အနည်းဆုံး 25 အတွင်းထားရင်လုံလောက်ပါပြီတဲ့။ ဆရာတစ်ယောက်ပြောပြတာပါ
  • Vote Up0Vote Down creativefox21creativefox21
    Posts: 398Registered Users
    ဟုတ်တယ် .... size ကြီးရင်ကြီးသလို Resolution လျှော့ထုတ်လို့ရတယ်။ အခုက ၄ ပေ၊ ၂ပေ ဆိုလို့ ၁၀၀ နဲ့ ၁၅၀ ကိုညွှန်းလိုက်တာပါ။ ဆိုဒ်ကြီးရင်တော့ Resolution ကိုမကြည့်တော့ဘူး။ Pixel Dimension ပေါ်မူတည်ပြီးတွက်တယ်။ တစ်ခါတစ်လေ Resolution က ၁၀၊ ၁၅ လောက်ပဲ ရှိတတ်တယ်။ ပုံသေမရှိဘူး။ Resolution x Pixel Dimension x Size x Quality ပေါ်မှာ မူတည်ပြီးတွက်တယ်။

    Resolution က 72 dpi ဆိုရင် အဆင်ပြေတယ်ဆိုပေမယ့် ... ဒီနောက်ပိုင်းစက်တွေမှာ ၃၀၀၊ ၆၀၀ တွေရနေပြီပဲ။ Quality အပြည့်ရတော့ ပိုကောင်းတာပေါ့ဗျာ :)
  • Vote Up0Vote Down creativefox21creativefox21
    Posts: 398Registered Users
    တကယ်အလုပ်ဖြစ်တဲ့ အကြံတစ်ခုပေးရမယ်ဆိုရင်တော့ ... ကိုယ် vinyl ထုတ်မယ့်ဆိုင်ကို မေးလိုက်ပါ :D
  • Vote Up0Vote Down Ko Ko WinKo Ko Win
    Posts: 1,122Registered Users
    ဟုတ်ကဲ့ ဒီလိုမျိုးရှင်းလင်းစွာပြောပြပေးတဲ့အတွက် ကျေးဇူးအထူးပါ။ ဆိုင်ကိုပဲ မေးလိုက်တော့မယ်။ ကျွန်တော်က 20' x 4' လောက်ထုတ်မလားလို့။ ဘယ်လောက်ကျမလဲ သိ၀ူး။ သိရင်ပြောကြပါ။ စျေးနှုန်းလေး။
  • Vote Up0Vote Down waiwainwewaiwainwe
    Posts: 9Registered Users
    Vinyle က ကို်ယ်ဘာသာ Photoshop မှာပြင်ရင် ရတယ်ပေါ့ ဟုတ်လား
    ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရေ
  • Vote Up0Vote Down Yaung SeinYaung Sein
    Posts: 548Registered Users
    သရက်အသစ်မဖွင့်တော့ပါဘူးဒီမှာပဲမေးလိုက်တော့မယ်။ ကျွန်တော် system unit တွေမှာကပ်တဲ့ စတေကာလေးတွေကိုလုပ်ချင်ပါတယ်။ Asus, Gigabyte တို့လိုမားသားဘုတ်ဝယ်ရင်ပါလာတဲ့ Logo sticker မျိုးလေးပါ။ ကောင်းကောင်းလေးလုပ်ချင်လို့ဘယ်မှာ လုပ်လို့ရနိုင်မလဲ ဆိုင်ကိုညွှန်းပေးပါခင်ဗျာ။
  • Vote Up0Vote Down royal7royal7
    Posts: 295Registered Users
    Ko Ko Win said:
    ဟုတ်ကဲ့ ဒီလိုမျိုးရှင်းလင်းစွာပြောပြပေးတဲ့အတွက် ကျေးဇူးအထူးပါ။ ဆိုင်ကိုပဲ မေးလိုက်တော့မယ်။ ကျွန်တော်က 20' x 4' လောက်ထုတ်မလားလို့။ ဘယ်လောက်ကျမလဲ သိ၀ူး။ သိရင်ပြောကြပါ။ စျေးနှုန်းလေး။

    တစ်ပေပတ်လည် 350 ကျပ်ပေး၇တယ် ကိုယ်ဟာကိုယ်တွက်လိုက်တော့နော်:D:D ဆိုင်ပါ ညွှန်းလိုက်မယ် ဆူးလေက ေ၇ာင်စုံကမ္ဘာက quality မဆိုးဘူး။ WHO အတွက်ဒီဇိုင်းတွေထုတ်တုန်းက တခြားမှာအဆင်မပြေဘူး အဲဒီဆိုင်မှ ကြိုက်သွားကြတယ်။
  • Vote Up0Vote Down ညမီးအိမ်ညမီးအိမ်
    Posts: 1,075Registered Users, Moderators
    Yaung Sein said:
    သရက်အသစ်မဖွင့်တော့ပါဘူးဒီမှာပဲမေးလိုက်တော့မယ်။ ကျွန်တော် system unit တွေမှာကပ်တဲ့ စတေကာလေးတွေကိုလုပ်ချင်ပါတယ်။ Asus, Gigabyte တို့လိုမားသားဘုတ်ဝယ်ရင်ပါလာတဲ့ Logo sticker မျိုးလေးပါ။ ကောင်းကောင်းလေးလုပ်ချင်လို့ဘယ်မှာ လုပ်လို့ရနိုင်မလဲ ဆိုင်ကိုညွှန်းပေးပါခင်ဗျာ။

    ကိုယောင်ရေ AAA Logo ဆိုတဲ့ ဆော့ဝဲလ်လေးသူံးဖူးလားမသိဘူး logo ဆွဲတဲ့ software ပေါ့။ စမ်းသုံးကြည်ပါလား။

    http://www.mediafire.com/?4mej2ummzxy
  • Vote Up0Vote Down gwasargwasar
    Posts: 44Registered Users
    [quote=k နိုင်;28225]
    အရောင်ကိုတော့ cmyk ပြောင်းပါ။ တစ်ချို့အရောင်များ ပြောင်းသွားပါလိမ့်မယ်။ ပြန်ချိန်ပါ။

    ဒီဟာက ဘာလို့ cmyk ကို ပြောင်းရတာလဲအစ်ကို... တကယ်မသိလို့ပါနောှ.. နောက်စာအုပ်ထဲမှာလည်း ဖတ်ဖူးလို့ပါ.. ဘာလို့ rgb မထားလဲပေါ့.. :d
  • Vote Up0Vote Down VassilihuntVassilihunt
    Posts: 306Registered Users
    CMYK ပြောင်းရတာက printing machine တော်တော်များများက ၄ ရောင်၊ ဒါမှမဟုတ် ၆ ရောင်(C,M,Y,K,LM,LC) သုံးပါတယ်. ကိုယ်လိုချင်တဲ့ အရောင်ကို CMYK chart နဲ့ပေးထားတာ အကောင်းဆုံးပါပဲ RGB ကတော့ ဓါတ်ပုံကူးစက်တော်တော်များများပဲ သုံးပါတယ် RGB ကနေ CMYK ပြောင်းရင် colour down တတ်ပါတယ် CS4 ထဲမှာပြောင်းရင်တော့ သိပ်အပြောင်းကြီးမဟုတ်ပဲ အနီးစပ်ဆုံး colour အမှန်ကို ရနိုင်ပါတယ် အိမ်မှာ ချိန်ထားတဲ့အရောင်ကို ဆိုင်မှာထုတ်ရင် အနီးစပ်ဆုံး ၈၀% -၉၀% ရရင် အဲဒီဆိုင်တော်တော် ကောင်းနေပါပြီ ဘယ် printng ဆိုင်မှ ၁၀၀% မရနိုင်ပါ. ၉၀% ကျော်ရရင် စိတ်ကျေနပ်လိုက်ပါ. ကျွန်တော်ကတော့ ဘယ်ဆိုင်မှ သဘောမတွေ့ပါဘူး
    ဆိုင်တွေက colour ချိန်ရမှာ တော်တော်ကြောက်ကျပါတယ်၊ printing ဆိုင်တွေက colourproof ပေးရင် ရအောင်ချိန်ပေးရမှာ သူတို့တာ၀န်ပါ၊ တစ်ခါ မကြိုက် နှစ်ခါမကြိုက် သုံးခါလောက်ဆိုရင် စိတ်က မကြည်လင်တော့ပါ တစ်ချို့ဆိုင်တွေဆို တော်တော်ဆိုးပါတယ် ၇၀% အောက်ရောက်ပါတယ်
    အဲဒီတော့ ကိုယ့်ဘာကိုယ်၊ လိုချင်သော အရောင်ရအောင် ဆိုင်နဲ့့ ညှိကြပါ :P:P:P
  • Vote Up0Vote Down khinegoodkhinegood
    Posts: 25Registered Users
    ဒီဆိုင်ကို သွားကြည့်ပါလား အဆင်ပြေမှာပါ
    Reallife Advertising
    B(3),North Wing of Aung San Stadium, Mingalar Taungnyunt Tsp
    382 743, 381 702
  • Vote Up0Vote Down Dr.knowDr.know
    Posts: 330Registered Users
    gwasar said:
    ဒီဟာက ဘာလို့ cmyk ကို ပြောင်းရတာလဲအစ်ကို... တကယ်မသိလို့ပါနောှ.. နောက်စာအုပ်ထဲမှာလည်း ဖတ်ဖူးလို့ပါ.. ဘာလို့ rgb မထားလဲပေါ့.. :d


    ဘာကြောင် ့လည်းဆိုတော ့ Vinyl printing machine တွေမှာ CMYK ကာလာ စနစ်ဘဲသုံးလို ့ပါ ။
    1။ကိုယ် ့ဖာသာ Design ဆွဲမယ်ဆိုရင် Colour စနစ်ကို CMYK မှာထားပြီးဆွဲပါ။
    2။Resolution ကိုတော ့ 72 dpi ထားပါ။ ( ဘယ်လောက်ဘဲထားထား ဆိုင်ရောက်ရင် 72 ကိုပြောင်းမှာပါ)
    3။ ဆိုင်တွေကတော ့အများကြီးပါဘဲ ။ Vinyl အထူ /အပါးအပေါ် မူတည်ပြီး စျေးကွာပါတယ် ။
    အပါးဆို တပေ 300 ကျပ်ပါ။ များရင် ထပ်ပြီးစျေးလျော ့ပါတယ် ။ အထူကတော ့တပေ 600 ခန် ့ပါ ။
    34 လမ်းမှာဆိုရင် ( မြို ့တော်ခန်းမ အနောက် ) 3 ဆိုင်လောက်ရှိပါတယ် ။ ဆိပ်ကမ်းသာလမ်းမှာလည်း ရှိပါတယ်။ အခုဆို Vinyl ဆိုင်တွေ တော်တော်များနေပါပြီ ။
  • Vote Up0Vote Down kopaukkopauk
    Posts: 256Registered Users
    vinyl စက်မှာပုံထုတ်ဖို့ဆိုရင် resolution ထက် ဆိုဒ်ကပိုအရေးကြီးမယ်ထင်တယ်
    ဆိုဒ်မှားနေရင် ဥပမာ- လိုချင်တာက ၂ ပေ Г— ၃ ပေ crop လာတာက 24in x 24in ဆို အောက်ပိုင်းပြတ်သွားမှာ။
    crop လုပ်လို့မရနိုင်တဲ့ အချိုးကြီးဖြစ်နေရင်ထုတ်ဖို့အဆင်မပြေနိုင်ပါ
    ဆိုင်ကတော့ tiff ဖိုင်ပြောင်းပြီးဆိုဒ်ရိုက်ထည့်မှာဆိုတော့ resolution မပါတော့ပါ။
    ဒီတော့ ကျွန်တော်တော့ photoshop မှာ 4x6 ဆိုဒ်လောက်ပေါ့ 300dpi လောက်နီးနီးရောက်အောင်
    crop လိုက်ရင်ပိုအဆင်ပြေမယ်လို့ထင်တယ်။ ဥပမာ-၁၀ ပေ ၃ ပေ လိုချင်ရင်
    inch ကို 120in ထိမပြောင်းတော့ဘူး 10 in x 3 in 300dpi ဆိုပိုအဆင်ပြေမယ်ပေါ့။
  • Vote Up0Vote Down hipper88hipper88
    Posts: 22Registered Users
    အနော်က 4x6 ဆိုဒ်ကို scan ဖတ်ပြီး vinly ထုတ်ချင်လို့ပါ။ လုပ်ကြည့်တာ ၀ါးနေလို့၊ ဖြစ်နိုင်ရင် ပြုလုပ်ပုံအဆင့်ဆင့်ကိုပြောပြပေးပါလားနော်။
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion