MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
ဓာတ်ပုံလေးတွေ ပြင်ကြည့်မယ်
  • Vote Up0Vote Down designcrazydesigncrazy
    Posts: 28Registered Users
    (၁) အနည်းငယ်မှိန်နေတဲ့ ဓာတ်ပုံတစ်ပုံကိုဖွင့်ပါ။ အင်တာနက်မှာ ဓာတ်ပုံတွေကို Download လုပ်တဲ့အခါ Resolution က 72 ပဲရှိတဲ့အတွက် သာမာန်ထက်မှိန်နေတတ်ပါတယ်။ ဒီလိုမှိန်နေတဲ့ ပုံတွေကို အရောင်တောက်လာစေဖို့ ဓာတ်ပုံပြင်နည်းအမျိုးမျိုးရှိတဲ့အထဲက High Pass ကို သုံးပြီး ပြင်ကြရအောင်ပေါ့။
    http://api.ning.com/files/EVgqGR8*DB...cRBZW-f/01.jpg
    (၂) ပုံ Layer ကို Layer Copy လုပ်ပါ။ (Ctrl + J)
    http://api.ning.com/files/EVgqGR8*DB...b9Z9t6C/02.jpg
    (၃)နောက်ပြီး Filter အောက်က Other ထဲက High Pass ကို ရွေးလိုက်ပါ။ Radius- 10.0 ထားပါ။
    http://api.ning.com/files/EVgqGR8*DB...H90ovbN/03.jpg
    (၄)နောက်ပြီးတော့ Layer Pallet ထဲမှာ ရှိတဲ့ Normal ဆိုတဲ့နေရာလေးအစား Hard Light ကို ရွေးလိုက်ပါ။
    http://api.ning.com/files/EVgqGR8*DB...F-3N5of/04.jpg
    (၅) ဒါဆိုရင် နဂိုရှိရင်းစွဲပုံထက် ပိုပြီး အရောင်တောက်လာပါလိမ့်မယ်။ အရမ်းဗြုတ်တွေ ထနေရင်တော့ Opacity ကို အလျှော့အတင်း လုပ်ကြည့်ပါ။
    http://api.ning.com/files/EVgqGR8*DB...DA1SPP8/05.jpg
  • 15 မှတ်ချက်များ sorted by
  • Vote Up0Vote Down Pyae SonePyae Sone
    Posts: 7Registered Users
    ကိုယ်ဟာကိုယ်လဲ သေချာပြန်စမ်းကြည့်ဦး ... ဘာပုံမှမရှိဘူးနော် :14::14::14::14:
  • Vote Up0Vote Down designcrazydesigncrazy
    Posts: 28Registered Users
    အဲဒါက ကိုပြည့်စုံကြည့်ချင်တဲ့ ပုံတွေပါပဲ။ တစ်ချက်လောက်နှိပ်ကြည့်လိုက်ပါ။ Tutorial ကဏ္ဍထဲမှာ ထည့်ထားတဲ့အတွက် တကယ်လက်တွေ့လုပ်ပြီးမှ Reply ပြန်ပေးစေချင်ပါတယ်။
  • Vote Up0Vote Down designcrazydesigncrazy
    Posts: 28Registered Users
    အဲဒါက ကိုပြည့်စုံကြည့်ချင်တဲ့ ပုံတွေပါပဲ။ တစ်ချက်လောက်နှိပ်ကြည့်လိုက်ပါ။ Tutorial ကဏ္ဍထဲမှာ ထည့်ထားတဲ့အတွက် တကယ်လက်တွေ့လုပ်ကြည့်ပါဦးလို့ မေတ္တရပ်ခံချင်ပါတယ်။
  • Vote Up0Vote Down googoostergoogooster
    Posts: 186Registered Users
    အစ်ကို ဒီဇိုင်ခရေဇီကြီးရေ... (mz မှာ ခရေဇီတွေ တော်တော်များတယ်.. အမျိုးတွေလားဟင် :39:)

    ကျေးဇူးပြုပြီး ပုံလေးတွေကို ဒီထဲမှာပဲ ပေါ်အောင် တင်ပေးပါလားဗျာ... လိုက်လုပ်ရတာ ဟိုကြည့်လိုက်ရ၊ ဒီကြည့်လိုက်ရနဲ့ အလုပ်မတွင်လို့ပါ.... :77::77::77:
  • Vote Up0Vote Down designcrazydesigncrazy
    Posts: 28Registered Users
    ကော်နက်ရှင်က သိပ်မကောင်းတော့ ပုံတင်ရတာ တော်တော်ခက်နေတယ်ဗျာ။ ကျွန်တော့်ရဲ့ လုပ်ပြီးသား Blog ကနေ ပုံတွေကို Link တွေယူပြီး တင်ထားတာပါ။ ကျွန်တော့်ရဲ့ Blog ကတော့ http://designcrazy.wordpress.com/ ပါ။ အားတဲ့အခါ ၀င်ကြည့်နိုင်ပါတယ်။ သိပ်တော့မစုံသေးပါဘူး။ ဒီမှာလည်း ပုံတွေပေါ်အောင် ကြိုးစားပြီး တင်ပေးပါ့မယ်ဗျာ။
  • Vote Up0Vote Down H3liBurtonH3liBurton
    Posts: 26Registered Users
    :14:ခင်ဗျားဘလော့က နည်းပညာမျှေ၀ချင်တာထက် ဆရာလုပ်ချင်တာက ပိုများနေသလားလို့ထင်မိသည်။
  • Vote Up0Vote Down designcrazydesigncrazy
    Posts: 28Registered Users
    ဒါကတော့ သူငယ်ချင်းတို့ ထင်ချင်သလို ထင်နိုင်ပါတယ်။ သူငယ်ချင်းမှာလည်း ဒီဇိုင်းနဲ့ ပတ်သက်ပြီး နည်းပညာအသစ်လေးတွေရှိမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ပညာယူချင်လို့ တင်ပြပေးပါဦးလို့ ပြောချင်ပါတယ်။
  • Vote Up0Vote Down creativefox21creativefox21
    Posts: 398Registered Users
    မိုက်တယ်ဗျ ... နောက်လဲဆက်ပြီးဝေမျှပါအုံးဗျာ ... :) ကျနော်လည်း design ကိုစိတ်ဝင်စားပါတယ် ... ဝါသနာတူချင်းတွေ့ရတာ ဝမ်းသာပါတယ်ဗျာ :)
  • Vote Up0Vote Down crosser7crosser7
    Posts: 0Registered Users
    လှသွားပြီ ဗျ..........:d
    ဘာမှန်း မသိအောင်ကို လှသွားတာပါ...........
  • Vote Up0Vote Down ညမီးအိမ်ညမီးအိမ်
    Posts: 1,075Registered Users, Moderators
    ကျေးဇူးပါကို designcrazy ရေ မီးတောက်နေတဲ့ စာလုံးဒီဇိုင်းလေး အဲဒါလေးကိုသဘောကျတယ်ဗျ။ ကျွန်တော်လုပ်တာမလှဘူးဗျ။ ကျွန်တော်နာမည်လေးနဲ့တစ်ခုလောက်လုပ်ပေးပါလားဗျာ။
  • Vote Up0Vote Down clearclear
    Posts: 69Registered Users
    ကျွန်တော်က ပိုက်ပိုက် မတတ်နိုင်လို့ အလကားသင်ပေးမယ့်ဆရာရှာနေတာ။ အခုလိုပဲ ကဏ္ဍတစ်ခုချင်းကို သင်ပေးရင်သိပ်ကောင်းမှာပဲ။ အစကနေပေါ့ ဆရာတင်ပါ့မယ်။


    တပည့်သစ်လေး
    Clear
  • Vote Up0Vote Down yelinooyelinoo
    Posts: 8Registered Users
    လုပ်လို ့ရတာမရတာထက် အခုလို ေ၀မျှတာကိုပဲ ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ထိုင်ပြီး ေ၀ဖန်နေမဲ့အစား ကြိုးစားပြီးလုပ်ကြည့်လို ့တော့ရပါတယ်။ ကျေးဇူးပဲ designcrazy
  • Vote Up0Vote Down easylove1easylove1
    Posts: 5Registered Users
    ကျွန်တော်ကိုလဲကူညီပေးကြပါကျွန်တော် CS3 မှာအရင်ကမြန်မာလိုရေးလို့ရတယ်ယခုရေးမရတော့ဘူးစာရေးမဲ့နေရာမှာချထားတဲ့အချောင်းလေးကမခုံနေတော့ဘူးမနေ့က CS4 ကိုစမ်းသုံးတယ်ထည့်2ခြင်းစာရေးလိုရတယ်ယနေရေးမရတော့ဘူးCS3 လိုဘဲဖြစ်နေတယ်ကူညီပေးကြပါ
  • Vote Up0Vote Down Ba NyarBa Nyar
    Posts: 49Registered Users
    ကျေးဇူးဗျ.......အကိုရေ
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion