MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
ကျပ်ငါးသိန်းနဲ့ ADSL
  • Vote Up0Vote Down EraseErase
    Posts: 204Registered Users
    မြန်နှုန်းမြင့် အင်တာနက် ADSL သည် နှစ်မကုန်ခင် ကျပ်ငါးသိန်းနဲ့ ရောင်းချဖို့ပြင်နေ

    မြန်မာ့ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနက ADSL အင်တာနက်လိုင်းကို ကျပ်ငါးသိန်းနဲ့သည် နှစ်မကုန်ခင်မှာ ချထားပေးဖို့ စီစဉ်ထားတယ်လို့ MPT မှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူက “ADSL အင်တာနက်လိုင်းကို ငါးသိန်းနဲ့ ချထားပေးနိုင်ဖို့စီစဉ်နေပါတယ်၊ ဒီနှစ် အတွင်းမှာပဲ ချထားပေးမှာပါ၊ လိုင်းကြေးအပြင် လစဉ် ကြေးတွေကိုပါ လျှော့ချထားပေးသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။ ADSL အင်တာနက်လိုင်းကို ၂၀၀၆ မှာ စတင်ချထားပေးခဲ့ပြီး လိုင်းကြေးကျပ် ၁၄ သိန်းပေးသွင်းရတာဖြစ်တယ်လို့ သိရတယ်။ အင်တာနက်ပိုမို အသုံးပြုနိုင်အောင် အင်တာနက်လိုင်းကြေးကို လျှော့ချပေးမှာဖြစ်တယ်လို့ တာဝန်ရှိသူကပဲ ဆက်ပြောပါတယ်။ လက်ရှိမှာတော့ ADSL အင်တာနက်လိုင်းကြေးကို ၁၄ သိန်းနဲ့ ဆက်ချထားပေးနေဆဲဖြစ်ပြီး နှစ်စဉ်ကြေးက ၅၀,၀၀၀၊ မိုဒမ်း အသုံးပြုခ ၁၀၀,၀၀၀နဲ့ လစဉ်ကြေးတွေကတော့ အင်တာနက် မြန်နှုန်းအလိုက် ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၂၀၀,၀၀၀ အထိ အစားစားရှိတယ်လို့ သိရပါတယ်။ လစဉ်ကြေးတွေကိုတော့ ဘယ်လောက်ထိ လျှော့ချပေးမယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။ ADSL အင်တာနက် မြန်နှုန်းကတော့ ၂၅၆ kbps ကနေ ၂၀၄၈ kbps အထိ ငါးမျိုးရှိတယ်လို့ သိရပါတယ်။ သည် ADSL လိုင်း အပြင်တခြားပုဂ္ဂလိက ကချပေးမယ့် အင်တာနက်လိုင်းတွေကို လည်း အရင်ထက်လျှော့ချပြီးရောင်း ချပေးသွားမှာဖြစ်တယ်လို့ တခြား ပုဂ္ဂလိက ကုမ္ပဏီတွေမှ စုံစမ်းသိရှိရကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ (copy from www.khitlunge.net.mm)
    ဒီသတင်းကို ကျွန်တော်ဒီနေ့ ဖတ်၇တာပါ။ အဲ့လိုတာ တကယ်၇ရင် ကျွန်တော်တို့ အင်တာနက် ကိုစျေးသက်သက်သာသာ နဲ့ သုံးနိုင်ပြီပေါ့။ ဒါကော တကယ်ဖြစ်လာ နိုင်ပါ့မလား။ သူ့နောက်မှာ ဘာတွေဝှက်ထားသေးလဲ မသိဘူး။ MZ members တွေကော ဘယ်လိုထင်ပါသလဲ။
  • 6 မှတ်ချက်များ sorted by
  • Vote Up1Vote Down minchitminchit
    Posts: 115Registered Users
    ပြီး​တော့ ဒီ အင်​တာ​နက် စျေး​နှုန်း​နဲ့​စပ်​ဆပ်​ပြီး စဉ်းစား​မိ​လို့။ ဖုန်း​စျေး​တွေ​ဆို​လည်း ဒီ​လို​ပဲ။ ကြိုး​ဖုန်း၊ ဟန်း​ဖုန်း အကုန်​ချ​နေ​တယ်။ GSM အခု ငါး​သိန်း​က နောက် နှစ်​လ သုံး​လ လောက်​ဆို သုံး​သိန်း​ဖြစ်​မယ်။ သုံး​သိန်း​နဲ့ လေး​ငါး​လ ရောင်း​ပြီး​ရင် ထပ်​ချ​မယ်။ နှစ်​သိန်း​တို့ တစ်​သိန်း​တို့။ သူ​တို့ စီမံ​ကိန်း​ဖြစ်​တဲ့ ငါး​နှစ်​အတွင်း GSM သန်း ၃​၀ ဆို​တာ​က စျေး​မ​ချ​ရင် ရောင်း​လို့​မ​ရ​ဘူး​လေ။ စဉ်းစား​ကြည့် တစ်​သိန်း​နဲ့ ရောင်း​ပေး​တောင် မ​ဝယ်​နိုင်​တဲ့ လူ အများ​ကြီး။ ဝယ်​နိုင်​တယ်​ထား​အုံး အမြဲ​အသုံး​မ​လို​တဲ့​လူ​က ဘာ​လုပ်​ဖို့​ဝယ်​မ​လဲ။ ကိုယ်​သုံး​ချင်​မှ အများ​သုံး​ဖုန်း​နဲ့ သုံး​လိုက်​မယ်​လေ။ ဖုန်း​ကတ်​ရောင်း​တာ​က အခု ကုမ္ပဏီ​တွေ​ကို ရောင်း​ခိုင်း​နေ​ပြီ။ နောက်​ဆို​ရင်​လည်း အစိုးရ​က တိုက်ရိုက်​ရောင်း​တော့​မှာ မဟုတ်​ဘူး။ တ​ဖြည်း⁠ဖြည်း​နဲ့ အိမ်နီးချင်း နိုင်ငံ​တွေ​လို ဆင်း​ကတ် အလကား​နီးပါး​ပေး​ပြီး​တော့ ဖုန်း​ပြော​ခ​ကို အဓိက ယူ​တော့​မှာ။
    အဲ​ဒီ​အခါ​ကျ​တော့ လက်​ရှိ ၁​၅ သိန်း​တို့ ၅ သိန်း​တို့​ပေး​ရ​တဲ့​ဖုန်း​တွေ​နဲ့ ဘာ​ကွာ​သွား​မ​လဲ။ ဖုန်း​ပြော​ခ တစ်​မိ​နစ်​နှုန်း ကွာ​နိုင်​တယ်။ဒါ​မှ​မဟုတ် ကြိုတင်​ငွေ​ဖြည့် ကတ်​ရဲ့ သက်​တမ်း​ကွာ​သွား​နိုင်​ပါ​တယ်။ လက်​ရှိ ၁​၅ သိန်း​ဖုန်း​တွေ​က ကြိုတင်​ငွေ​ကို အကန့်​အသတ်​မ​ရှိ​ထား​နိုင်​တယ်။ အသုံး​နည်း​လို့ တစ်​သောင်း​လောက် ထည့်​ထား​ပြီး​နှစ်​ပေါက်​အောင်​ထား​လဲ ကိစ္စ မ​ရှိ​ဘူး။ ငါး​သိန်း​ဖုန်း​ကျ​တော့ သက်​တမ်း ၆ လ ပဲ ထား​လို့​ရ​တယ် ဖြစ်လာ​တယ်၊ ၆ လ​နေ​လို့ ပိုက်ဆံ​မ​ကုန်​ကုန် မ​ကုန်​ကုန် တစ်​သောင်း ထပ်​ထည့်​ရ​မယ့် သဘော။တစ်ခါသုံး​သိန်း​ဖုန်း​ကျ​တော့ သက်​တမ်း ၃ လ လောက်​ပဲ​ပေး​မယ်။ နောက်ဆုံး စျေး​အနည်း​ဆုံး ဖုန်း​ကျ​တော့ သက်​တမ်း ၁ လ​လောက်​ပဲ​ပေး​ပြီး​တော့ တစ်​လ တစ်​ခါ အနည်း​ဆုံး တစ်​သောင်း မ​ထည့် ရင် လိုင်း​ပိတ်​သွား​မယ်​ဆို​တာ​မျိူး​ဖြစ်​နိုင်​ပါ​တယ်။
    အခု မ​လေး​တို့ ထိုင်း​တို့ မှာ​လည်း ဒီ​သဘော​ပါ​ပဲ။ ဆင်း​ကတ် အလကား​နီးပါး စျေး​နဲ့​ပေး​ပြီး​တော့ လ​စဉ် ပိုက်ဆံ​ထည့် ရ​တာ​ပါ။ ထိုင်း​မှာ​ဆို ဘတ် ၃​၀​၀ လောက်။ မ​လေး ဆို ၃​၀ လောက် (အကြမ်း​ဖျင်း​မြန်မာ​ငွေ တစ်​သောင်း​လောက်​တော့ ဖုန်း​အတွက် သုံး​ရ​မယ့်​သဘော​ပေါ့) ဒီ တစ်​သောင်း​လောက်​ကို​ဖုန်း​အတွက် လ​စဉ် မ​သုံး​နိုင်​တဲ့​လူ​တွေ အများ​ကြီး​ပါ။ ဒီ​တော့ ဆင်း​ကတ်​ကို တစ်​သောင်း​နဲ့ ရောင်း​ပေး​တောင် ဒီ GSM သန်း ၃​၀ က မ​ကုန်​နိုင်​ပါ​ဘူး။ ဒါ့​ကြောင့်​မို့
    အင်​တာ​နက်​စျေး​တို့ ဖုန်း စျေး​တို့ အများ​ကြီး​ချ တာ ဖြစ်​နိုင်​ပါ​တယ်။
  • Vote Up0Vote Down SniperSniper
    Posts: 73Registered Users
    ရရင်တော့ ကောင်းတာပေါ့လေ။ တချို့ဂျာနယ်တွေကလည်း ဖြစ်ချင်တာ လျှောက်ရေးနေကြတာပါ။ ကိုးကားတာကလည်း "တာ၀န်ရှိသူတစ်ဦးထံမှ သိရပါတယ်တဲ့။" လက်ရှိကြိုးဖုန်းတွေတောင် ခြောက်သိန်းခွဲရှိနေတာဆိုတော့ သိပ်တော့မဖြစ်နိုင်ဘူးထင်ပါတယ်။
  • Vote Up0Vote Down InlaytharInlaythar
    Posts: 274Registered Users
    Fiber ပေးတော့မလို့ ဈေးချော့တာလားမသိဘူး :| အကောင်းမြင်ပေးကြည့်တာပါ......
  • Vote Up0Vote Down ToPePaRToPePaR
    Posts: 0Registered Users
    may be impossible.
  • Vote Up0Vote Down minchitminchit
    Posts: 115Registered Users
    ဖြစ်​နိုင်​တာ​ပေါ့ အစ်ကို​တို့​ရာ။ အခု က စျေး​တွေ အကုန်​လုံး ဖြည်း⁠ဖြည်း​ချင်း ချ​နေ​တာ။ GSM နဲ့ တောင် သုံး​လို့ ရ​နေ​တာ။ နိုင်ငံ​တကာ​မှာ​လို​ပဲ ဖုန်း​တို့ အင်​တာ​နက်​တို့​ဆို​တာ လူ​တိုင်း​သုံး​နိုင်​အောင် လုပ်​ပေး ရ​မှာ​ပေါ့။
    ပုံ​မှန် ၁​၂ သိန်း​လောက်​ရောင်း​တဲ့ redlink wimax တောင် ပ​ရို​မို​ရှင်း​ဆို​ပြီး ၈ သိန်း​လောက်​နဲ့​ရောင်း​သေး​တာ၊ ဘာ​ကွာ​တော့​လို့​လဲ။ ပြီး​တော ဝိုင်​မက်​က မှ ဒေါ်လာ ၆​၀​၀ လောက်​တန်​တဲ့ Outdoor unit ပေး​ရ​သေး​တယ်။ ADSL ကတော့ အိတ်​ချိန်း​မှာ စက်​ထိုင်​ပြီး​ရင် သုံး​မယ့် လူ​ကို နှစ်​သောင်း​တန်​လောက် မို​ဒမ်​တစ်​ခု ပဲ​ပေး​ရ​မှာ​လေ။သုံး​မယ့်​လူ ဘက်​က​လည်း​ကြိုး​ဖုန်း ခြောက်​သိန်း​ခွဲ ဖိုး​က အရင် ရှိ​ရအုံးမယ်လေ။
  • Vote Up0Vote Down ackack
    Posts: 202Registered Users
    ကျွန်တော်အကောင်းဆုံးအကြံပေးချင်တာကတော့ ...
    ၁၅သိန်းတန် GSM ကိုင်ဆောင်သူတွေနဲ့
    လက်ရှိ အင်တာနက်ဆိုင်တွေကိုတော့
    ထောက်ထားသင့်၊ စာနာသင့်တယ်
    ထင်ပါတယ်။

    ၁၅ သိန်းတန် GSM
    ***
    ၁၅ သိန်းတန် GSM တွေကို ၁မိနစ်၂၅ ကျပ်နှုန်း၊ ၅သိန်းတန်ကို ၁မိနစ်၅၀နှုန်းထားပေးမယ်ဆိုရင်
    ၂ဦး၂ဖက်အဆင်ပြေမယ်ထင်ပါတယ်။
    installation သက်သာရင် Bill စျေးကြီးမယ်။
    installation စျေးကြီးရင် Bill စျေးသက်သာမယ်ဆိုရင်ဖြင့် ...
    ***
    အများလက်ခံနိုင်မယ်ထင်ပါတယ်။


    ၁၅သိန်းတန် ADSL
    ***
    ADSL ကို ၅သိန်းနဲ့ပေးမယ်ဆိုရင်ကောင်းပေမယ့် အိမ်သုံးတွေကတော့သုံးမှာမဟုတ်သေးပါဘူး။
    အဲဒီတော့လက်တွေ့မှာတောင် ဘယ်သူတွေနစ်နာနေလဲဆိုတော့...
    လိုင်စင်ရှိတဲ့အင်တာနက်ဆိုင်တွေပါ။ လိုင်စင်မဲ့ဆိုင်တွေကအောက်ကြေးနဲ့ခွပ်ကြပါတယ်။
    ၅သိန်းနဲ့ချပေးခြင်းအားဖြင့် တရားမဝင်လိုင်စင်မဲ့ဆိုင်များသာတိုးလာနိုင်ပါတယ်။
    ***
    နောက်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ဆိုရင် အိမ်သုံးအင်တာနက်များမြန်နှုန်းမမြင့်သင့်ဘူးထင်ပါတယ်။
    ADSL အနေနဲ့ လိုင်စင်တင်းကြပ်မယ်၊ နည်းပညာဗဟုသုတရစေမဲ့ဆိုက်တွေကို မထိခိုက်ပဲ ...
    18 +ဆိုက်များကို ကာကွယ်နိုင်ရင်တော့ကောင်းမယ်ထင်ပါတယ်။
    ***
    skynet MPS ကတော့ Control ကောင်းတော့ မိသားစုအတွက်သင့်လျှော်ပါတယ်။
    သို့သော်တချို့ နည်းပညာဆိုက်များ၊ E-book ဆိုက်များပိတ်မိနေတာကိုစိစစ်ဖွင့်ပေးရန်လိုနေပါတယ်။
    ***

    ကျွန်တော့်၏ယူဆချက်တာဖြစ်ပါသည်။

    \m/
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion

Tagged