MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
OS X Lion and MM Unicode
  • Vote Up0Vote Down KoPaingKoPaing
    Posts: 17Registered Users
    ကျနော်.. OS X Lion GM version ကိုသွင်းပြီး built-in ပါလာတဲ့ မြန်မာယူနီကုတ်ကို စမ်းသပ်ထားတဲ့ပုံတွေပါ။ တချို့ပုံတွေကိုတော့ ကိုစေတန်ကသူ့ရဲ့ဆိုဒ်မှာ တင်ထားပါတယ်။

    Lion မှာတစ်ခါတည်းပါလာတဲ့ ယူနီကုတ်လက်ကွက်ပါ၊ ကြည့်လိုက်တာနဲ့ အရင်လက်ကွက်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသူတွေ အတော်ရိုက်ရခက်မယ်မှန်း သိနိုင်ပါတယ်။ ကျနော်ဆို စာတစ်ကြောင်းဆုံးအောင် မနည်းရိုက်ယူရတယ်။

    image

    image

    ကျနော်သတိထားမိသလောက် အခုယူနီကုတ်က searching and sorting လုပ်ပေးပါတယ်။ အောက်မှာ spotlight မှာ ကျနော်စမ်းသပ်ထားတာ တွေ့နိုင်ပါတယ်။ keymagic keyboard နဲ့ ရိုက်ထားရင်လည်း ရှာပေးပါတယ်။ ဒါပေမယ့် spotlight မှာတော့ keymagic kb နဲ့ရိုက်ရှာလို့မရပါဘူး။ ရှာတယ်ဆိုရာမှာ filename and folder တွေပဲရှာပေးတာမဟုတ်ပါဘူး။ Document (pdf, docx, txt, etc..) တွေထဲ ရိုက်ထားသမျှကို ရှာပေးနိုင်ပါတယ်။

    image

    ဒါကတော့ OS X ရဲ့ Dictionary ဆော့ဖ်ဝဲလ်မှာ ရှာကြည့်ထားတာပါ။

    image

    ကဲ.. ကျနော်မနေ့က စမ်းသပ်မိသလောက်ပါ။ ပန်းသီးကတော့ မြန်မာစာအတွက် လိုအပ်တဲ့အုတ်တစ်ချပ်ကို ဖြည့်ပေးလိုက်ပါပြီ။ ကျနော်ကတော့ ကျနော်မှာရှိနေတဲ့ မြန်မာစာနဲ့ပတ်သတ်သမျှအားလုံးကို ယူနီကုတ်ပြောင်းမှ ဖြစ်တော့မယ်လို့ ခုမှပဲဆုံးဖြတ်မိပါတယ်။

    ကိုပိုင်
  • 6 မှတ်ချက်များ sorted by
  • Vote Up1Vote Down LionslayerLionslayer
    Posts: 0Registered Users
    Keymagic can search in spotlight. You just need to press spacebar once after you type the texts. Keyboard layout will not be changed very soon.
  • Vote Up0Vote Down MgHlaMgHla
    Posts: 14Registered Users
    အဲဒီ font ဖိုင်လေးတွေ မျှဝေပေးလို့ ရမလား ခင်ဗျာ...
  • Vote Up0Vote Down pole1star1pole1star1
    Posts: 0Registered Users
    ကိုစေတန် ပြောတာကတော့.. Lion ထွက်ပြီးရင် သူ့တို့နားကို reply ပြန်လုပ်ပြီး.. ပိုကောင်းအောင် တောင်းဆိုမယ်လို့ပြောတယ်.. အခုတော့ မထွက်သေးဘူးဆိုတော့.. ပါလာတဲ့ ကီးဘုတ်ကို ပဲ ကြိုးစားရိုက်ရမယ့်ကိန်းပဲ.. ကီးဘုတ်ကို ကြည့်လိုက်ကတည်းက လန့်စရာကြီး .. မနည်းကို ရှာရိုက်ရမယ့် ကိန်းပဲ..
    ဘာပဲပြောပြော .. ပန်းသီးကို ကျေဇူးတင်ပါတယ်.. ယူနီကုတ်အတွက်ကြိုးစားပေးတဲ့သူတွေကိုလည်း ကျေဇူးတင်ပါတယ်..
  • Vote Up0Vote Down KoPaingKoPaing
    Posts: 17Registered Users
    Download from here. I uploaded fonts only because I don't know where did Mac OS keep it's default input sources.
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    အဲဒါက ဟိုးအရင်တုန်းက mac မှာ သုံးခဲ့တဲ့ မြန်မာ keyboard ပါ။ k က , t တ , m မ ဆိုပြီး လုပ်ထားတဲ့ keyboard ပါ။
  • Vote Up0Vote Down talachantalachan
    Posts: 3Registered Users
    that is almost seem Mon Keyboard
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion

Tagged