MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
firefox 5 problem (concern with web)
  • Vote Up0Vote Down လူခါးလူခါး
    Posts: 17Registered Users
    ဟိုတစ်နေ့က ဖိုင်းယားဖောက် ၄ တင်ထားရာကနေ၊ update လာလုပ်ခိုင်းတာနဲ့ ယုံယုံကြည်ကြည်နဲ့ လုပ်လိုက်မိပါတယ်၊ တော်တော်ကြာထိကို ပြဿနာဘာမှမရှိသေးပါဘူး၊ ဟိုနေ့ကမှ flash tutorial ရှာရင်းနဲ့ webdesigndev.com ကို ရောက်သွားပါတယ်၊ ပထမဆုံးဝင်တော့ ဆိုက်က ကောင်းကောင်းပေါ်ပါတယ်၊ နောက်ရက်တွေဝင်တော့ ဆိုက်က css ကို loading မလုပ်နိုင်တဲ့ပုံစံနဲ့ပေါ်ပါတယ်၊ ကွန်နက်ရှင်လည်းကောင်းပါတယ်၊ IE နဲ့ Chrome မှာရပါတယ်၊ အဲဒါက အဓိကပြဿနာမဟုတ်ပါဘူး၊ သူများဆိုက်ဖြစ်တာပဲ IE နဲ့ကြည့်လိုက်ရင်ရပါတယ်၊ ဒါပေမယ့် ကျွန်တော်ရေးထားတဲ့ estatemyanmar.com လည်း အဲလိုပဲဖြစ်နေပါတယ်၊ firefox help မှာ သွားရှာကြည့်တော့လည်း flash ပါတဲ့ဆိုက်တွေမရဘူးလို့ပြောပါတယ်၊ ဒါပေမယ့် သူက ဖိုင်းယားဖောက်စ်၄ မှာပါ၊ firebug တို့ဘာတို့နဲ့ inspect လုပ်ကြည့်တော့လည်း တစ်ကယ့် css ဖိုင်ကို မတွေ့ပါဘူး၊ FF ကထည့်ပေးတဲ့ css တွေပဲ ပါပါတယ်၊ ဆိုက်တိုင်းလည်းဖြစ်တာမဟုတ်တော့၊ customer ဘက်က complain တက်လာရင် ရှင်းရခက်မှာမို့လို့ပါ၊ FF 5 တင်ပြီးတဲ့သူများ တစ်ချက်လောက်စစ်ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံပေးကြပါလို့ တောင်းဆိုပါတယ်။

    I wrote this discussion under help desk category, therefore at the same time, may I request to change my name to Unicode လူခါး or please enable changing username by users themselves. I found same problem in a post but the discussion is closed. Thank you.
  • 2 မှတ်ချက်များ sorted by
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,615Administrators
    CSS က valid မဖြစ်လို့ပါ။

    }

    input [type:, textarea {

    က

    input [type:textarea] ဆိုပြီး ဖြစ်ရမှာပါ။
  • Vote Up0Vote Down လူခါးလူခါး
    Posts: 17Registered Users
    အား.........
    ဟုတ်ပါရဲ့ ... အတွေ့အကြုံစကားပြောတယ်ထင်ပါ့ ...
    ကျွန်တော်လည်း အရင် ဗားရှင်းတွေမှာ အေးဆေးဖြစ်နေတော့၊ နောက်ပြီးတော့ ကဂျီကဂျောင်ကျတဲ့အိုင်အီးတောင်အဆင်ပြေတယ်ဆိုတော့၊ ပေါ့ပေါ့ဆဆ တွေးလိုက်မိတယ်၊ ဪ အင်းပေါ့ အိုင်အီးက css3 မှမရသေးတာ၊ ကျေးဇူးအရမ်းတင်ပါတယ်၊ နောက်ဆို သေသေချာချာ စစ်ပါ့မယ်၊ validate ဖြစ်မဖြစ်ပါစစ်ပါ့မယ်။ :-D
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion

Tagged