MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
We are not ebook or software sharing website
  • Vote Up32Vote Down saturngodsaturngod
    Posts: 4,595Administrators
    အခု တလော forum မှာ ebook share တာတွေ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ Ebook , Software sharing ထက် မသိတာကို မေးမြန်းခြင်း ၊ နည်းပညာ ၊ programming များကို ဆွေးနွေးခြင်းကို ပိုမိုကြိုဆိုပါတယ်။ ထို့အပြင် MZ သည် Ebook, Software Sharing forum မဟုတ်ပါ။ Warez forum လည်း မဟုတ်ပါ။ ထို့အတွက်ကြောင့် member များမှ မတောင်းဆိုထားတော့ ebook များ software များကို sharing ခြင်းကို တားမြစ်ပါသည်။ Ebook website ကို



    တွင် သွားရောက်ကြည့်ရှုနိုင်ပါတယ်။

    Software များကိုလည်း warez site များတွင် သွားရောက် ရှာဖွေနိုင်ပါသည်။


    MYSTERY ZILLION သည် warez site မဟုတ်ပါ။ နည်းပညာအခက်အခဲများကို ကူညီဖြေရှင်းခြင်းနှင့် နောက်ဆုံး နည်းပညာများ Programming များကို ဆွေးနွေးရန်အတွက် ရည်ရွယ်တည်ထောင်ထားခြင်းဖြစ်ပါသည်။


    အားလုံးကို ကျေးဇူးတင်ပါတယ်။
  • 29 မှတ်ချက်များ sorted by
  • Vote Up5Vote Down KK
    Posts: 1,006Moderators
    အမှန်ပြောရရင် Ebook တွေက ရှာရခက်တာလဲမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ကျတော့ Download ကိုမလုပ်တက်တာထက်စာရင် မရှာတတ်ကြတာကများပါတယ်။

    ကျွန်တော်ဆိုရင် အမြဲလိုလို " mediafire" ဆိုပြီးရိုက်ထည့်လေ့ရှိတယ်။ ရှာရတာလဲလွယ်တာကိုး။ ကိုယ် Download လုပ်လို့အဆင်ပြေမယ့် FileSharingSize တစ်ခုခုကို အရင်ရှာ။ မတွေ့မှ Ebook Site တွေမှာလိုက်ရှာ။ နောက်ဆုံး မရမှ Request လုပ်။

    Ebook တင်မဟုတ်ပါဘူး။ တကယ်ဆိုရင် FWD Mail ကိုပဲဖြစ်ဖြစ် တခြား နည်းပညာ Site ကပဲဖြစ်ဖြစ် ကူယူပြီးတော့ Technology ကို New Post တင်တာမျိုးမလုပ်သင့်ပါဘူး။ Request လုပ်မဖြေရှင်းတတ်မှ Link-Back ပေးပြီး ညွှန်းတာဖြစ်ဖြစ် ပြန်တင်ပြတာမျိုးဆိုပိုကောင်းတာပေါ့။

    Blog ပုံစံမျိုးမဟုတ်ပဲ ကိုစေတန်ပြောသလို Discussion ပုံစံမျိုးလေးသွားတာပဲကောင်းပါတယ်။ MZ ကလဲ အဲ့ဒါကြောင့်ပဲ Mysteryzillion လို့လူသိနေကြတာလို့လဲ ထင်တယ်။ ??
  • Vote Up5Vote Down MorrisMorris
    Posts: 1,740Moderators
    ရှာချင်ရင် ကိုလူပျိုရေးထားတာရှိပါတယ်။ ဖတ်ပြီး စမ်းကြည့်ရင် ရှာကိုရှာတက်ပါတယ်ဗျာ
    http://www.mysteryzillion.org/discussion/comment/62601
  • Vote Up2Vote Down LinngeLinnge
    Posts: 16Registered Users
    ကျွန်တော်​က စာအုပ်​တွေ​ကို ဝေမျှ​တာ​က သဘောကျ​စရာ ကောင်း​တယ်​လို့ ထင်​ပါ​တယ်။ ဘာ​ကြောင့်​လဲဆို​တော့ ကျွန်တော်​တို့ တစ်​တွေ​က အင်​တာ​နက်​ကို အမြဲ​တမ်း မ​သုံး​နိုင်​ပါ​ဘူး။ ဒါ​ကြောင့် သုံး​တဲ့ အချိန်​လေး​မှာ ကိုယ်​အတွက် အကျိုး​ရှိ​မယ့် စာအုပ်​ကလေး​တွေ​ကို ဒေါင်း လုပ် လုပ်​ဖြစ်​လေ့ ရှိ​ပါ​တယ်။ ပြီး​ရင် အဆောင်​ရောက်​တဲ့ အချိန်​မှ ဒီ​စာအုပ်​လေး​တွေ​ကို သေသေချာချာ ဖတ်​ဖြစ်​တယ်​လေ။ အင်​တာ​နက် ဆို​တာ​က တစ်​ပတ်​မှ သုံး​ရက်​တောင် ထိုင်​နိုင်​တာ မဟုတ်​တော့ ဒီ​စာအုပ်​တွေ​က ဝမ်းစာ​လို​ပါ​ပဲ။ တစ်​ခါ​တစ်​လေ ကို​စေ​တန်​ရဲ့ ဝက်ဘ် စာ​မျက်နှာ​တွေ​တောင် အင်​တာ​နက် သုံး​ရင် မ​ဖတ်​ဖြစ်​ပါ​ဘူး။ Save as လုပ်​ပြီး အဆောင်​ကျ​မှ ဖတ်​ရ​တယ်​လေ။ ဒါ​ကြောင့် ကိုယ်​လို လူ​တွေ​အတွက် ကိုယ်​ချင်း​စာ​လို့ လင့်ခ်​ပေး​တာ​ပါ။ Copyright ဆို​တာ​က ကျွန်တော်​တို့​အတွက် မ​သင့်တော်​ပါ​ဘူး။ ဆက်​သွယ်​ရေး မ​ကောင်း​တော့ စာအုပ် တစ်​အုပ်​ကို ဝယ်​ဖို့ ဆို​တာ​က​လည်း မ​ဖြစ်​နိုင်​ဘူး​လေ။
  • Vote Up2Vote Down KK
    Posts: 1,006Moderators
    @Linnge

    အဲ့လိုမဟုတ်ဘူးအစ်ကို။ ကျွန်တော်တို့ပြောချင်တာ Ebook Link မတင်ရဘူးလို့မပြောပါဘူး။ အစ်ကိုတို့သိချင်တဲ့စာအုပ် ဖတ်ချင်တဲ့ စာအုပ်ကိုပြော ကျွန်တော်တို့က Link ပြန်ရှာပေးမယ်။ Share ပေးမယ်။ အဲ့လိုအဓိပ္ပာယ်မျိုးပါ။

    saturngod said:

    MZ သည် Ebook, Software Sharing forum မဟုတ်ပါ။ Warez forum လည်း မဟုတ်ပါ။ ထို့အတွက်ကြောင့် member များမှ မတောင်းဆိုထားတော့ ebook များ software များကို sharing ခြင်းကို တားမြစ်ပါသည်။



    တောင်းဆိုလာတဲ့ Ebook တွေကိုတော့ ပြန် Share ပေးခွင့်ရှိပါတယ်။
  • Vote Up2Vote Down saturngodsaturngod
    Posts: 4,595Administrators
    StoneAge said:

    Android Market မှာ 4.99 USဒေါ်လာနဲ့ ရောင်းနေတဲ့ Repligo Reader .apk မျိုးကို။ အင်တာနက်ပေါ်က ဝယ်ယူလို့မရတဲ့ ကိုယ့်နိုင်ငံက လူတွေအတွက် အခမဲ့ Share ချင်တယ်ဆိုရင်ရော??? အခြားတစ်နေရာမှာ လိုမှန်းမသိ မလိုမှန်းမသိ သွား Share နေတာထက် ဒီလို အခက်အခဲရှိလို့ အကူအညီလိုအပ်လို့ ရောက်လာတဲ့ သူအပေါ်ကူညီလိုက်တာ မကောင်းဘူးလား??? ဒါက ကျွန်တော့်အမြင် သက်သက်ပါခင်ဗျာ။



    you can search apk priate easily on google and ask help you http://mmdroid.com/

  • Vote Up2Vote Down jazz5jazz5
    Posts: 18Registered Users
    ;) ပြောလေ ကဲလေ၊ မန်းလေ ပြဲလေ တဲ့ း)
    MZ new အောက်မှာ Question ထုတ်တာကလဲရှိသေး။ း)

    j@22
  • Vote Up1Vote Down yarzar_dot_meyarzar_dot_me
    Posts: 127Registered Users
    I suggest to send file links by pm upon request .. rather than public unless those good are your own work ..
  • Vote Up1Vote Down DragonVirusDragonVirus
    Posts: 146Registered Users
    အဲ​ဒါ​ကို​သတိထား​မိ​တာတော်တော်​ကြာ​ပြီ .. ဒါ​ပေ​မယ့် ကိုယ်​က moderator လည်း​မဟုတ် admin လည်း​မဟုတ်​တော့ ပြော​လိုက်​ရင် တခြား​သူ​တွေ​က​ဘယ်​လို​မြင်​လည်း​မ​သိ​တော့ မ​ပြော​တာ ..
    ကို​စေ​တန် ခု​လို announce လုပ်​လိုက်​တာ​ကောင်း​ပါ​တယ် ...

    @K .. အဲ​ဒါ​မ​ရှာ​တတ်​တာ​မဟုတ်​ဘူး ပြင်း​တာ .. ကိုယ်တိုင်​မ​ရှာ​ကြည့်​ဘဲ မ​တွေ့​ဘူး မ​လုပ်​တတ်​ဘူး​လို့​ပြော​တာ​လောက်​မုန်း​တာ​မ​ရှိ​ဘူး .. ဘယ်​သူ​မှ​မွေး​တည်း​က​လုပ်​တတ်​တာ​မ​ရှိ​ဘူး ..
  • Vote Up1Vote Down MorrisMorris
    Posts: 1,740Moderators
    Linnge said:

    ကျွန်တော်​က စာအုပ်​တွေ​ကို ဝေမျှ​တာ​က သဘောကျ​စရာ ကောင်း​တယ်​လို့ ထင်​ပါ​တယ်။ ဘာ​ကြောင့်​လဲဆို​တော့ ကျွန်တော်​တို့ တစ်​တွေ​က အင်​တာ​နက်​ကို အမြဲ​တမ်း မ​သုံး​နိုင်​ပါ​ဘူး။ ဒါ​ကြောင့် သုံး​တဲ့ အချိန်​လေး​မှာ ကိုယ်​အတွက် အကျိုး​ရှိ​မယ့် စာအုပ်​ကလေး​တွေ​ကို ဒေါင်း လုပ် လုပ်​ဖြစ်​လေ့ ရှိ​ပါ​တယ်။ ပြီး​ရင် အဆောင်​ရောက်​တဲ့ အချိန်​မှ ဒီ​စာအုပ်​လေး​တွေ​ကို သေသေချာချာ ဖတ်​ဖြစ်​တယ်​လေ။ အင်​တာ​နက် ဆို​တာ​က တစ်​ပတ်​မှ သုံး​ရက်​တောင် ထိုင်​နိုင်​တာ မဟုတ်​တော့ ဒီ​စာအုပ်​တွေ​က ဝမ်းစာ​လို​ပါ​ပဲ။ တစ်​ခါ​တစ်​လေ ကို​စေ​တန်​ရဲ့ ဝက်ဘ် စာ​မျက်နှာ​တွေ​တောင် အင်​တာ​နက် သုံး​ရင် မ​ဖတ်​ဖြစ်​ပါ​ဘူး။ Save as လုပ်​ပြီး အဆောင်​ကျ​မှ ဖတ်​ရ​တယ်​လေ။ ဒါ​ကြောင့် ကိုယ်​လို လူ​တွေ​အတွက် ကိုယ်​ချင်း​စာ​လို့ လင့်ခ်​ပေး​တာ​ပါ။ Copyright ဆို​တာ​က ကျွန်တော်​တို့​အတွက် မ​သင့်တော်​ပါ​ဘူး။ ဆက်​သွယ်​ရေး မ​ကောင်း​တော့ စာအုပ် တစ်​အုပ်​ကို ဝယ်​ဖို့ ဆို​တာ​က​လည်း မ​ဖြစ်​နိုင်​ဘူး​လေ။



    ကိုစေတန်ပြောတာရှင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ PM ကနေ share လို့ရပါတယ်။ publicly share တာဟာ copyright ကိစ္စပြဿနာရှိပါတယ်။ တစ်ချို့ hosting တွေဟာ priated warez တွေ share တာခွင့်မပြုထားပါဘူးဗျာ။ နောက်တစ်ချက်အနေနဲ့ ရှာမယ်ဆိုရင်လည်း ရှာကြည့်ပါ။ ရှာတာဟာသေချာပါတယ်။ ဆယ်မိနစ်ထက်ပိုမကြာပါဘူး။ နောက်တစ်ချက် အနေနဲ့ ebook တစ်ခုတိုင်းသာ post တစ်ခု share မယ်ဆိုရင်အဆင်မပြေပါဘူး။ ကျွန်တော်ဆီမှာ ခိုးထားတဲ့ ebook စာအုပ် 8000 ကျော် 50GB စာရှိပါတယ်။ အဲဒါတွေသာ တစ်ခုတစ်ပိုစ်နှုန်းနဲ့ share လိုက်ရင် post ဖောင်းပွပါတယ်။ အကျိုးရှိချင်မှလည်းရှိကောင်းရှိမှာပါ။ တခြားတန်ဖိုးရှိတဲ့ ဆွေးနွေးချက်တွေကို ဖုံးလွမ်းသွားမယ်ဆိုရင်မဖြစ်သင့်ပါဘူး။ လူတစ်ယောက်အတွက်လိုတဲ့ ebook ဟာနောက်တစ်ယောက်အတွက်လိုချင်မှလည်းလိုမှာလေ။ ဒီအတွက်စဉ်းစားပေးဖို့လိုပါတယ်။

  • Vote Up1Vote Down CalmHillCalmHill
    Posts: 1,177Super Moderators

    I can not understand about MZ because I ask two title for discussion but no one response
    What the hell!!! Many people say MZ is discussion site, discussion site . But I think very slow
    response. I want to know how many members in MZ. I hope MZ will be the best discussion site in Myanmar.



    ခေါင်းစဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာကို ဒီအောက်မှာမရေးပါနဲ့ တစ်ခြားတစ်နေရာမှာရေးပါ။ မေးထားတာ မဖြေကြဘူးဆိုတာကတော့ သိတဲ့လူမရှိလို့လည်းဖြစ်နိုင်ပါတယ် သိတဲ့လူတွေရှိရင် မဖြေမှာမပူပါနဲ့ ဖြေကြပါလိမ့်မယ်။ ဖြေတာမြန်တယ်မမြန်ဘူးကတော့ သိတဲ့လူတွေမအားကြလို့ မဝင်ဖြစ်လို့လည်းဖြစ်နိုင်တာပေါ့ Superuser, Stackoverflow လိုတော့ အခုမေးခဏနေဖြေပြီးသလိုတော့ မဖြစ်နိုင်သေးဘူးပေါ့ဗျာ ပုံမှန်ဖြေတဲ့လူတွေရှိပေမယ့် သူတို့လည်း အလုပ်ကိုယ်စီနဲ့ဆိုတော့ ဒီအပေါ်မှာ အမြဲမရှိကြပါဘူး။

  • Vote Up0Vote Down balabala
    Posts: 86Registered Users
    ကိုစေတန်ဒီလိုပြုလုပ်လိုက်တာ ကောင်းပါတယ်။ copyright ကိုလည်း အားပေးရာ ရောက်ပါတယ်။ :)
  • Vote Up0Vote Down KK
    Posts: 1,006Moderators
    @DragonVirus

    Even we found what we search, most are on Ban-sites. ^^
  • Vote Up0Vote Down kopaukkopauk
    Posts: 256Registered Users
    saturngod said:

    ထို့အတွက်ကြောင့် member များမှ မတောင်းဆိုထားတော့ ebook များ software များကို sharing ခြင်းကို တားမြစ်ပါသည်။



    မသိတဲ့လူကိုဝေမျှခြင်းက စေတနာတပါးပါပဲ တောင်းတော့မှတင်ပေးခြင်း links ပေးခြင်း msg ပို့ခြင်းကပိုကောင်းမယ်ထင်ပါတယ်။ မတောင်းဆိုပဲတင်ပေးခြင်းသာရှောင်ကြည်ရင်ပိုကောင်းတာပေါ့။
    မသိတဲ့လူကသိကိုမသိတာ။ အစမို့လို့ပါနောက်တော့ပြောပါများရင်သိသွားမှာပါ။

  • Vote Up0Vote Down masoyeinmasoyein
    Posts: 8Registered Users
    သိပ်ကောင်းတဲ့ အစီစဉ်ပေါ့ဗျာ။
  • Vote Up0Vote Down kontwinskontwins
    Posts: 39Registered Users
    No NO
    But Newest Softwares Must Be Share ~
    So We Can Find , easily ~
    Such As Internet download manager patch , Neo 11 , PowerDVD20
    Version upgrade and window 8 etc

    Peace ~~
    This is my advice ~ bro
    Anyway Thank U For share info

    mgkontwins@
    mg7twins@
    https://facebook.com/kontwins
  • Vote Up0Vote Down dayday
    Posts: 151Registered Users
    သိပ်ကောင်းတဲ့ အစီစဉ်ပေါ့ဗျာ။ good idea :)
  • Vote Up0Vote Down MorrisMorris
    Posts: 1,740Moderators
    naing42 . Out of topic . You better ask in another related discussion or open a new one
  • Vote Up0Vote Down MorrisMorris
    Posts: 1,740Moderators
    superior . Out of topic . You better ask in another related discussion or open a new one
  • Vote Up0Vote Down StoneAgeStoneAge
    Posts: 30Registered Users
    Android Market မှာ 4.99 USဒေါ်လာနဲ့ ရောင်းနေတဲ့ Repligo Reader .apk မျိုးကို။ အင်တာနက်ပေါ်က ဝယ်ယူလို့မရတဲ့ ကိုယ့်နိုင်ငံက လူတွေအတွက် အခမဲ့ Share ချင်တယ်ဆိုရင်ရော??? အခြားတစ်နေရာမှာ လိုမှန်းမသိ မလိုမှန်းမသိ သွား Share နေတာထက် ဒီလို အခက်အခဲရှိလို့ အကူအညီလိုအပ်လို့ ရောက်လာတဲ့ သူအပေါ်ကူညီလိုက်တာ မကောင်းဘူးလား??? ဒါက ကျွန်တော့်အမြင် သက်သက်ပါခင်ဗျာ။
  • Vote Up0Vote Down StoneAgeStoneAge
    Posts: 30Registered Users
    bala said:

    ကိုစေတန်ဒီလိုပြုလုပ်လိုက်တာ ကောင်းပါတယ်။ copyright ကိုလည်း အားပေးရာ ရောက်ပါတယ်။ :)



    အဲဒီ ကော်ပီရိုက်လို့ Window 8 သုံးနိုင်ကြပြီလေ
  • Vote Up0Vote Down KK
    Posts: 1,006Moderators

    I can not understand about MZ because I ask two title for discussion but no one response
    What the hell!!! Many people say MZ is discussion site, discussion site . But I think very slow
    response. I want to know how many members in MZ. I hope MZ will be the best discussion site in Myanmar.



    Sorry for late reply, and I have no idea for no response. The Answer is if your topic is still no reply, means they don't know an answer for your questions.

    May be there are too many members in MZ, but it means we must know everything. We just know what we know. That's all.
  • Vote Up-1Vote Down AungKyawSannAungKyawSann
    Posts: 22Registered Users
    I can not understand about MZ because I ask two title for discussion but no one response
    What the hell!!! Many people say MZ is discussion site, discussion site . But I think very slow
    response. I want to know how many members in MZ. I hope MZ will be the best discussion site in Myanmar.
  • Vote Up-1Vote Down polodohorsepolodohorse
    Posts: 3Registered Users
    I'm so sorry for this problem
  • Vote Up-1Vote Down Tint KhineTint Khine
    Posts: 2Registered Users
    http://wntbookshelf.com/
    အဲမှာအများကြီးရှိတယ်ဗျ
  • Vote Up-2Vote Down tysonliontysonlion
    Posts: 0Registered Users
    အင်း မဆိုးပါဘူး :-P
  • Vote Up-2Vote Down hteink.minhteink.min
    Posts: 79Registered Users, Banned Users
    I dont know what you guys are having problem here, but i already having problem with Sharing The Lady HD video with Burmese sub in here. The admin deleted it saying it has nothing to do with Tech, well just by watching HD movie, HD has something to do with Tech! How do they define Tech! Tech is everywhere.
  • Vote Up-4Vote Down superiorsuperior
    Posts: 61Registered Users
    ERD Commander ကို USB ထဲထည့်သုံးချင်လို့ ကူညီပါ
  • Vote Up-5Vote Down naing42naing42
    i can not visit www.yatanarpon.com.mm, how i do it?
  • Vote Up-7Vote Down darkness0zackdarkness0zack
    Posts: 25Registered Users
    ကျွန်တော်က မြန်မာ၀တ္ထုတွေ(pdf)ကိုဖတ်ချင်လို့၊ မြန်မာ၀တ္ထုတွေ စုံလင်တဲ့ website တွေပြောပြပေးကြပါ။
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion

Tagged