MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
PC Emulator with JavaScript by Fabrice Bellard
  • Vote Up2Vote Down CalmHillCalmHill
    Posts: 1,179Administrators
    CNET မှာသတင်းတစ်ခုတွေ့လို့ အသေအချာလိုက်ဖတ်မိတယ် JavaScript နဲ့ Processor တစ်ခုကို Emulate လုပ်ထားပါတယ် ပြီးတော့ အဲဒီ့ Emulated Processor ပေါ်မှာ Linux တစ်ခုတင်ပြီး စမ်းသပ်ပြထားပါတယ်။ Browser ပေါ်မှာ ပထမဆုံး OS တစ်ခုတင်ပြီး သုံးနိုင်ခြင်းဖြစ်ပါတယ်။ တကယ်ကိုပဲ Innovative ဖြစ်ပါတယ် JavaScript ဆိုတာနဲ့ Emulator လုပ်ဖို့ဘယ်သူမှ မစဉ်းစားကြပါဘူး လုပ်မယ်ဆိုလည်း မဖြစ်နိုင်ဘူးရယ်လို့ပဲ သတ်မှတ်ကြမှာပါပဲ။ ဒါပေမယ့် ဖြစ်အောင်လုပ်ထားပါတယ် အောက်မှာပြထားတဲ့ Link မှာစမ်းသပ်ကြည့်နိုင်ပါတယ်။

    http://bellard.org/jslinux/index.html

    လုပ်တဲ့လူကို စိတ်ဝင်စားလို့ နောက်ပြန်ပြန်လိုက်ကြည့်မိတယ် ရေးတဲ့လူက Fabrice Bellard ပြောမယ်ဆိုရင် နာမည်ကြီးတဲ့ လူတစ်ယောက်ပါပဲ။ FFmpeg ဆိုတာ Cross Platform Media Converter တစ်ခုပါ ဒါဟာလည်း Fabrice Bellard လက်ကထွက်တာပါပဲ။ ဒီအချိန်အထိ ဘာမှမသက်ဆိုင်တော့ လက်မခံနိုင်သေးဘူး ဆက်ပြီးရှာကြည့်တယ် သူကိုယ်တိုင်လုပ်ထားတဲ့ Tiny C Compiler ဆိုတာလည်းရှိတယ်။ နည်းနည်းဆက်စပ်လာလို့ သဘောပေါက်စပြုလာတယ် သူဟာ Application Programmer မဟုတ်ဘူး Computer Scientist တစ်ယောက်ဖြစ်နေတယ်။

    သင်္ချာတော်တဲ့ Computer Scientist ဆိုရင်စိတ်ဝင်စားတယ် Fabrice Bellard ကိုယ်ပိုင်တည်ထောင်ခဲ့တဲ့ Pi Calculation Formula တစ်ခုရှိတယ် Bellard's formula လို့ခေါ်ပါတယ်။ သူ့အရင်က နာမည်ကြီးခဲ့တဲ့ Bailey–Borwein–Plouffe formula ထက် ၄၀% ​လောက်မြန်အောင် တွက်ချက်နိုင်တယ်။ ၂၀၀၉ ခုနှစ်အထိတော့ သူ့တွက်ချက်ခဲ့တဲ့ 2.7 trillion decimal places ဟာအမြင့်ဆုံးပဲ။ ၂၀၁၀ မှာတော့ Shigeru Kondo က 5 trillion decimal places နဲ့သူ့စံချိန်ကိုချိုးနိုင်သွားတယ်။ အသေးစိတ်ကတော့ Chronology of Computation of Pi မှာကြည့်လို့ရပါတယ်။

    Fabrice Bellard မှာ Processor Emulation နဲ့သက်ဆိုင်တဲ့ Knowledge အပြည့်အဝရှိပါတယ် QEMU ဟာသူလုပ်ခဲ့တာပါ။ QEMU ဟာ Hardware အမျိုးအစား အတော်များများပေါ်မှာ အလုပ်လုပ်နိုင်ပါတယ်။ QEMU ကိုအခြေခံခဲ့တဲ့ Virtual Bridges ဟာအခုအချိန်မှာ အတော်ကို အောင်မြင်နေပါပြီ။ Virtual Bridges ဟာ Gartner ရဲ့ 2011 Cool Vendor ရတဲ့ကုမ္ပဏီလည်းဖြစ်သလို MIT Sloan CIO Symposium မှာလည်း Innovation Showcase finalist ဝင်ဖူးပါတယ် အဲဒီတော့ Virtual Bridges ရဲ့မူလပထမ QEMU ဟာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

    JavaScript PC Emulator မှာ အောက်မှာပြထားတာတွေပါပါတယ် Technical Hardware တွေဖြစ်လို့ အသေးစိတ်သိချင်ရင်တော့ ရှာဖတ်ပါ။

    -32 bit x86 compatible CPU
    -8259 Programmble Interrupt Controller
    -8254 Programmble Interrupt Timer
    -16450 UART
    -Real Time Clock

    သူ့မှာအဓိကမပါတာက Floating Point Coprocessor တစ်ခုတော့မပါလာပါဘူး ဒါပေမယ့် Browser ပေါ်မှာပဲ Run မှာဖြစ်လို့ ရှုပ်ထွေးတဲ့ တွက်ချက်မှု့တွေမပါတဲ့အတွက် Floating Point Coprocessor မပါလည်းသာမန်တော့ အလုပ်လုပ်ပါတယ်။ ဘာအတွက် သုံးမှာလဲမေးရင်တော့ Fabrice Bellard ကပြောပါတယ် အပျော်ရေးတာပါ သုံးချင်ရင်တော့ JavaScript Engine တွေ Benchmark စမ်းချင်တာတို့ Browser မှာ Linux Command စမ်းချင်ရင်ရနိုင်မယ် နောက်ပြီးတော့ အရင်က Dos Game တွေကို Browser မှာစမ်းချင်ရင် ရနိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။ စိတ်ဝင်စားရင် အောက်မှာပြထားတဲ့ လင့်တွေကနေ စမ်းကြည့်နိုင်ပါတယ် ဖတ်ကြည့်နိုင်ပါတယ်။

    External Links

    http://bellard.org/jslinux/index.html
    http://bellard.org/jslinux/tech.html
    http://bellard.org/jslinux/cpux86.js
    http://www.qemu.org
    http://buildroot.uclibc.org/
    http://www.busybox.net/
    http://en.wikipedia.org/wiki/Bellard's_formula
    http://en.wikipedia.org/wiki/Bailey–Borwein–Plouffe_formula
    http://en.wikipedia.org/wiki/Chronology_of_computation_of_π
    http://us.generation-nt.com/emulator-linux-javascript-bellard-news-2922501.html
    http://news.cnet.com/8301-30685_3-20063563-264.html
    http://www.zdnet.com/news/javascript-emulator-runs-linux-in-a-browser/6235117
    http://vbridges.com/home.php
  • 4 မှတ်ချက်များ sorted by
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    ကျွန်တော်လည်း တွေ့လို့ စမ်းကြည့်သေးတယ်။ တော်တော်မိုက်တယ်ဗျ။ CPU Emulator ဆောက်ထားတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ vi command နဲ့ စမ်းပြီးတောင် စာရိုက်တာ စာတွေ သိမ်းတာတွေတောင် လုပ်ကြည့်သေးတယ်။
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,179Administrators
    ရမှာပေါ့ အပေါ်မှာပြထားတယ် သူက Buildroot သုံးထားတယ် အဲဒါက Embedded Linux တွေအလွယ်တကူ လုပ်ယူလို့ရတယ် သူ့အထဲမှာ Busybox ဆိုတာပါတယ် Busybox မှာ Essential Commands တွေအတော်များများပါတယ် သူ့ထဲက Terminal မှာ busybox လို့ရိုက်ကြည့်လိုက် သုံးလို့ရတဲ့ command စာရင်းပြပေးလိမ့်မယ်။ သူ့ရဲ့ Disk က Ram disk ပါ အဲဒါကြောင့် Browser ကိုမပိတ်လိုက်မချင်း In Memory ဟာ Disk တစ်ခုလို သုံးလို့ရပါတယ်။ ဝါသနာပါရင် ပရိုဂရမ်ပါရေးလို့ရတယ် GCC တော့မရဘူးပေါ့ Fabrice Bellard ကသူ့ရဲ့ Tiny C ကိုထည့်ပေးထားတယ် အဲဒါကြောင့် tcc သုံးလို့ရတယ်။ သူ့ထဲမှာပါတဲ့ hello.c ကို tcc hello.c -o hello လို့လုပ်လိုက် binary file ထွက်တယ် Run ကြည့်လို့လည်းရသဗျာ။
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    အင်း .. ဟုတ်ပါ့.. မိုက်တယ်... browser မလိုပဲ compile လုပ်ဖို့ Google V8 engine နဲ့ ပေါင်းပြီး ထည့်လိုက်ရင် Portable OS တစ်ခုတောင် ဖြစ်သွားနိုင်တယ်။ busybox ကတော့ အခုမှ သိတာ။ တစ်ခုမှ မစမ်းဘူးဖူး။ tcc နဲ့တောင် ရတယ်ဆိုတော့ javascript ရဲ့ လုပ်ဆောင်နိုင်စွမ်းက မသေးဘူး ဆိုရင်မယ်။
  • Vote Up0Vote Down CalmHillCalmHill
    Posts: 1,179Administrators
    vmlinux26.bin (Kernel) = 1.7MB
    root.bin (Root Disk) = 2.0MB
    linuxstart.bin (Start up) = 14.5KB

    စုစုပေါင်းကတော့ Loading လုပ်ယူရတာ Kernel + Utilities တွေက 4MB နီးနီးလောက်ရှိတယ်။ Memory နေရာယူတာကတော့ Typed Arrays နဲ့ယူလိုက်တယ် ကျန်တဲ့ Instruction Set Emulation ကတော့ JavaScripts ကိုလုပ်ခိုင်းတယ် အသေးစိတ်ကတော့ ဖတ်ကြည့်မှသိမယ် Processor ဆိုတာက မှန်တာပြောရရင် အဲဒါတွေမှတ်ကို မမှတ်မိတော့သလောက်ပဲ Instruction Set တွေမေ့ကုန်ပြီ ဖတ်တော့ဖတ်ကြည့်ပါဦးမယ်။ ရယ်တော့ရယ်ရတယ် JavaScripts နဲ့ရေးထားတာလားဆိုရင် ဟုတ်တယ်လို့ပြောရမယ် ဒါပေမယ့် JavaScripts တတ်ရင် နားလည်မလားဆိုတော့ မဟုတ်ပြန်ဘူး Background Knowledge ဟာအင်မတန် အရေးကြီးတယ်။ ဖြစ်သေးပါဘူး အလုပ်ဆက်လုပ်ဦးမယ် ဒါပဲကလိနေရင် အလုပ်ပြီးတော့မယ် မဟုတ်ဘူး။
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion

Tagged